ျမစ္ႀကီးနား-တႏိုင္း ကားလမ္းရွိ ရွဒူးဇြတ္ေက်း႐ြာ ကိုယ္ထူကိုယ္ထေဈး မီးေလာင္၊ ဆိုင္ခန္းေပါင္း ၁၄၀ ခန္႔ႏွင့္ ေနအိမ္ ၁၁ လုံး မီးေလာင္ဆုံးရႈံး

(Zawgyi)⤵⤵⤵
ဖားကန္႔ ၃၁ ဒီဇင္ဘာ

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ျမစ္ႀကီးနား-တႏိုင္း ကားလမ္းရွိ ရွဒူးဇြတ္ေက်း႐ြာ၌ ဒီဇင္ဘာ ၃၀ ရက္ ညပိုင္းက ကိုယ္ထူကိုယ္ထေက်း႐ြာဖြံ႕ၿဖိဳးေရးေဈး မီးေလာင္မႈျဖစ္ပြားခဲ့၍ ဆိုင္ခန္းေပါင္း ၁၄၀ ခန္႔ႏွင့္ လူေနအိမ္ ၁၁ အိမ္ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၃၀ ရက္ ည ၁၁ နာရီ မိနစ္ ၂၀ ခန္႔က ေဈးအတြင္းရွိ ဆိုင္ခန္းတစ္ခန္းမွ မီးႂကြင္းမီးက်န္မွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး နယ္ေျမမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္တစ္စီး၊ ေက်း႐ြာအနီးရွိ ယုဇနကုမၸဏီမွ ေရသယ္ယာဥ္တစ္စီးႏွင့္ ေဒသခံျပည္သူမ်ား ဝိုင္းဝန္းျငႇိမ္းမႈေၾကာင့္ ယေန႔နံနက္ ၁ နာရီခြဲတြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့သည္။


မီးေလာင္ကြၽမ္းမႈေၾကာင့္ ေဈးဆိုင္အခန္းေပါင္း(၁၄၀)ခန္႔၊ သြပ္မိုး၊ ပ်ဥ္ခင္း၊ အုတ္ကာ ႏွစ္ထပ္ ေနအိမ္ေလးလုံး၊ သြပ္မိုး၊ ထရံကာ တစ္ထပ္ေနအိမ္ခုနစ္လုံး မီးေလာင္ကြၽမ္းခဲ့ကာ လူႏွင့္တိရစာၦန္ထိခိုက္မႈမရွိေၾကာင္း သိရသည္။


မီးေလာင္ကြၽမ္းရာေနရာသို႔ ကာမိုင္းၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးသန္းထိုက္၊ ကာမိုင္းနယ္ေျမရဲစခန္းမွ ရဲအုပ္သိန္းျမင့္ႏွင့္ တာဝန္ရွိသူမ်ားမွ သြားေရာက္ၾကည့္ရႈစစ္ေဆးကာ လိုအပ္သည္မ်ား စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


မီးေလာင္ကြၽမ္းမႈႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးကို ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့ "ဒီဇင္ဘာ ၃၀ ရက္ ည ၁၁ နာရီ ၂၀ မိနစ္ ပတ္ဝန္းက်င္ေလာက္က စေလာင္ခဲ့တာျဖစ္ၿပီး ဒီေန႔မနက္ ၁ နာရီေက်ာ္ေလာက္မွာ မီးၿငိမ္းသြားခဲ့တာပါ၊ မီးေလာင္တဲ့အခ်ိန္မွာ ေလကလည္းအရမ္းတိုက္ေနတယ္၊ ႐ြာက မီးသတ္ကားတစ္စီး၊ ႐ြာအနီးမွာရွိတဲ့ ယုဇနကုမၸဏီက ေရသယ္ယာဥ္တစ္စီးနဲ႔ ေဒသခံေတြ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့တာ ၁ နာရီေက်ာ္ေလာက္ၾကာေအာင္ ျငႇိမ္းသတ္ခဲ့ရပါတယ္၊ မီးေလာင္ကြၽမ္းမႈ ရပ္တန္႔သြားတာကေတာ့ မီးေလာင္ေနတဲ့ပတ္ဝန္းက်င္က မီးကူးႏိုင္တဲ့ေနရာေတြကို ဘူဒိုဇာယာဥ္နဲ႔ဖ်က္ၿပီး မီးတားႏိုင္ခဲ့တာေၾကာင့္လို႔" မ်က္ျမင္ေတြ႕ရွိခဲ့သူက ဖုန္းနဲ႔ေျဖၾကားခဲ့ပါတယ္။

ဝင္းႏိုင္(ကခ်င္ေျမ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ ရှဒူးဇွတ်ကျေးရွာ ကိုယ်ထူကိုယ်ထဈေး မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၄၀ ခန့်နှင့် နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံး

ဖားကန့် ၃၁ ဒီဇင်ဘာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ ရှဒူးဇွတ်ကျေးရွာ၌ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက ကိုယ်ထူကိုယ်ထကျေးရွာဖွံ့ဖြိုးရေးဈေး မီးလောင်မှုဖြစ်ပွားခဲ့၍ ဆိုင်ခန်းပေါင်း ၁၄၀ ခန့်နှင့် လူနေအိမ် ၁၁ အိမ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က ဈေးအတွင်းရှိ ဆိုင်ခန်းတစ်ခန်းမှ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီမှ ရေသယ်ယာဉ်တစ်စီးနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းမှုကြောင့် ယနေ့နံနက် ၁ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်အခန်းပေါင်း(၁၄၀)ခန့်၊ သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ကာ နှစ်ထပ် နေအိမ်လေးလုံး၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းရာနေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ ကာမိုင်းနယ်မြေရဲစခန်းမှ ရဲအုပ်သိန်းမြင့်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ "ဒီဇင်ဘာ ၃၀ ရက် ည ၁၁ နာရီ ၂၀ မိနစ် ပတ်ဝန်းကျင်လောက်က စလောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၁ နာရီကျော်လောက်မှာ မီးငြိမ်းသွားခဲ့တာပါ၊ မီးလောင်တဲ့အချိန်မှာ လေကလည်းအရမ်းတိုက်နေတယ်၊ ရွာက မီးသတ်ကားတစ်စီး၊ ရွာအနီးမှာရှိတဲ့ ယုဇနကုမ္ပဏီက ရေသယ်ယာဉ်တစ်စီးနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာ ၁ နာရီကျော်လောက်ကြာအောင် ငြှိမ်းသတ်ခဲ့ရပါတယ်၊ မီးလောင်ကျွမ်းမှု ရပ်တန့်သွားတာကတော့ မီးလောင်နေတဲ့ပတ်ဝန်းကျင်က မီးကူးနိုင်တဲ့နေရာတွေကို ဘူဒိုဇာယာဉ်နဲ့ဖျက်ပြီး မီးတားနိုင်ခဲ့တာကြောင့်လို့" မျက်မြင်တွေ့ရှိခဲ့သူက ဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။

ဝင်းနိုင်(ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ျမစ္ႀကီးနား-တႏိုင္း ကားလမ္းရွိ ရွဒူးဇြတ္ေက်း႐ြာ ကိုယ္ထူကိုယ္ထေဈး မီးေလာင္၊ ဆိုင္ခန္းေပါင္း ၁၄၀ ခန္႔ႏွင့္ ေနအိမ္ ၁၁ လုံး မီးေလာင္ဆုံးရႈံး ျမစ္ႀကီးနား-တႏိုင္း ကားလမ္းရွိ ရွဒူးဇြတ္ေက်း႐ြာ ကိုယ္ထူကိုယ္ထေဈး မီးေလာင္၊ ဆိုင္ခန္းေပါင္း ၁၄၀ ခန္႔ႏွင့္ ေနအိမ္ ၁၁ လုံး မီးေလာင္ဆုံးရႈံး Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.