ဆိုင္ကယ္ေမာင္းလာတဲ့ရဟန္းတစ္ပါး ဆိုင္ကယ္ေမွာက္ၿပီး ပ်ံလြန္ေတာ္မူ

(Zawgyi)⤵⤵⤵
မင္းတုန္း၊ ဒီဇင္ဘာ၃၁-၂၀၁၉

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္၊ ပုသိမ္-မုံ႐ြာလမ္းမက မင္းတုန္းေခ်ာင္းတံတားေပၚမွာ ဒီကေန႔မနက္ပိုင္းက ဆိုင္ကယ္ေမာင္းလာတဲ့ ရဟန္းတစ္ပါး ဆိုင္ကယ္အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ကာသတိလစ္ေနလို႔ ေဆး႐ုံပို႔ေဆာင္စဥ္ ေသဆုံးသြားတယ္လို႔ မင္းတုန္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ပ်ံလြန္ေတာ္မူသြားတဲ့ ရဟန္းဟာ ဦးေကာဝိဒ ၊ ဝါေတာ္၃ဝါ၊ သက္ေတာ္၅၈ႏွစ္ျဖစ္ၿပီး သူ႔ ဆရာျဖစ္တဲ့ လယ္ရဲဆရာေတာ္ဆီကိုသြားရင္း အခုလိုျဖစ္တာလို႔ သိရပါတယ္။

”ကံလည္နားက မင္းတုန္းတံတားေပၚမွာျဖစ္တာ၊ ေျမနီကုန္းေက်ာင္းတိုက္က ခန္းေနတပါးျဖစ္တယ္ေပါ့၊ ေျပာမယ္ဆိုရင္ ဘုန္းႀကီးရဟန္းေတာ္ေတြကို ဆိုင္ကယ္၊ ကားကိုယ္တိုင္မေမာင္းဖို႔ သံဃာ့အဖြဲ႕အစည္းကတားျမစ္ထားပါတယ္။ ဘုန္းႀကီးျဖစ္ေတာ့ ဦးထုတ္မပါ၊ လူလိုင္စင္မရွိေပါ့။ ဆိုင္ကယ္ကေတာ့လိုင္စင္ရွိတယ္။ အဲဒီမွာရရွိတဲ့ဒဏ္ရာနဲ႔ ေဆး႐ုံပို႔ကုသစဥ္ပ်ံလြန္ပါတယ္”လို႔ မင္းတုန္းၿမိဳ႕မရဲစခန္းမွ စခန္းမႉးဒုရဲမႉးစိန္ေသာင္းကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မင္းတုန္းၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၁၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ၃၀၄ (က) နဲ႔ အမႈ႕ဖြင့္ေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

ဂ်န္ကိုးလ္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဆိုင်ကယ်မောင်းလာတဲ့ရဟန်းတစ်ပါး ဆိုင်ကယ်မှောက်ပြီး ပျံလွန်တော်မူ

မင်းတုန်း၊ ဒီဇင်ဘာ၃၁-၂၀၁၉

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမက မင်းတုန်းချောင်းတံတားပေါ်မှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်မောင်းလာတဲ့ ရဟန်းတစ်ပါး ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာသတိလစ်နေလို့ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ မင်းတုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

ပျံလွန်တော်မူသွားတဲ့ ရဟန်းဟာ ဦးကောဝိဒ ၊ ဝါတော်၃ဝါ၊ သက်တော်၅၈နှစ်ဖြစ်ပြီး သူ့ ဆရာဖြစ်တဲ့ လယ်ရဲဆရာတော်ဆီကိုသွားရင်း အခုလိုဖြစ်တာလို့ သိရပါတယ်။

”ကံလည်နားက မင်းတုန်းတံတားပေါ်မှာဖြစ်တာ၊ မြေနီကုန်းကျောင်းတိုက်က ခန်းနေတပါးဖြစ်တယ်ပေါ့၊ ပြောမယ်ဆိုရင် ဘုန်းကြီးရဟန်းတော်တွေကို ဆိုင်ကယ်၊ ကားကိုယ်တိုင်မမောင်းဖို့ သံဃာ့အဖွဲ့အစည်းကတားမြစ်ထားပါတယ်။ ဘုန်းကြီးဖြစ်တော့ ဦးထုတ်မပါ၊ လူလိုင်စင်မရှိပေါ့။ ဆိုင်ကယ်ကတော့လိုင်စင်ရှိတယ်။ အဲဒီမှာရရှိတဲ့ဒဏ်ရာနဲ့ ဆေးရုံပို့ကုသစဉ်ပျံလွန်ပါတယ်”လို့ မင်းတုန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးစိန်သောင်းကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတုန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၀၄ (က) နဲ့ အမှု့ဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဂျန်ကိုးလ်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဆိုင္ကယ္ေမာင္းလာတဲ့ရဟန္းတစ္ပါး ဆိုင္ကယ္ေမွာက္ၿပီး ပ်ံလြန္ေတာ္မူ ဆိုင္ကယ္ေမာင္းလာတဲ့ရဟန္းတစ္ပါး ဆိုင္ကယ္ေမွာက္ၿပီး ပ်ံလြန္ေတာ္မူ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.