ထုိင္းမွာ အလုပ္ရွင္က ေသနတ္နဲ႔ပစ္လုိ႔ ျမန္မာတဦးေသ

ထုိင္းႏုိင္ငံတြင္ အလုပ္သြားလုပ္ရန္ မဲေဆာက္ လူဝင္မႈႀကီးၾကပ္ေရး႐ုံးတြင္ ေစာင့္ဆုိင္းေနၾကသည့္ ျမန္မာလုပ္သားမ်ား။ (ဇူလုိင္ ၃၊ ၂၀၁၇)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ ဖန္းငခ႐ုိင္ ရာဘာၿခံမွာ လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သားေတြကို အလုပ္ရွင္ရဲ႕ ေျမးျဖစ္သူက အေၾကာင္းျပခ်က္မရိွဘဲ ဒီဇင္ဘာလ ၁၀ ရက္ေန႔က ေသနတ္နဲ႔ လိုက္လံပစ္ခတ္ၿပီး ဓားနဲ႔ထုိးခဲ့တာေၾကာင့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား ၃ ဦး ဒဏ္ရာရၿပီး ဖန္းငေဆး႐ုံႀကီးနဲ႔ ဖူးခက္ေဆး႐ုံႀကီးကို ပုိ႔ထားရၿပီး မ်က္ႏွာကို ေသနတ္နဲ႔ပစ္ခတ္ခံရသူ ျမန္မာအလုပ္သမားတဦးကေတာ့ ဒီဇင္ဘာလ ၁၄ ရက္ေန႔က ဖန္းငေဆး႐ုံမွာ ေသဆံုးသြားၿပီျဖစ္ပါတယ္။ အျပည့္အစုံကို ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏုိင္ငံ ဖန္းငခ႐ုိင္ ကုန္စီရီေက်းရြာ အမွတ္ ၇ က ရာဘာၿခံမွာ အလုပ္လုပ္ေနၾကတဲ့ အလုပ္သမားေတြဟာ အေဆာင္မွာ အိပ္ေနၾကတဲ့အခ်ိန္ အလုပ္ရွင္ရဲ႕ ေျမးျဖစ္သူက ျမန္မာႏုိင္ငံသား ရာဘာလုပ္သားေတြကို ေသနတ္နဲ႔ ၀င္ေရာက္ပစ္္ခတ္ခဲ့ၿပီး ဓားနဲ႔လည္း လိုက္ထိုးခဲ့တာေၾကာင့္ ျမန္မာႏုိင္ငံသားသံုးဦး ျပင္းထန္တဲ့ဒဏ္ရာေတြ ရသြားခဲ့ပါတယ္။ အဲဒီထဲက မ်က္ႏွာကို ေသနတ္နဲ႔ပစ္ခတ္ခံရတဲ့ ျမန္မာအလုပ္သမားတဦး ေသဆံုးသြားေၾကာင္း ဖန္းငအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာ တာ၀န္ခံ ဦးမင္းဦးက ေျပာပါတယ္။

“ေသတာကေတာ့ ဖန္းငေဆး႐ုံမွာပဲေသတာ။ စတက္ကတည္းက ဖန္းငမွာ တက္တာေလ။ ေသသြားတဲ့သူေတြက ကုိေရႊသန္းတဲ့၊ ကုိငယ္လို႔ပဲေခၚၾကတယ္။ ေသသြားတဲ့သူက သူတို႔လိုပဲ ၿခံလုပ္သားေတြပဲ။”

ေသနတ္နဲ႔အပစ္ခံရတဲ့ အလုပ္သမားေတြ ေနထိုင္ရာ ေနရာေတြမွာ ရာဘာၿခံ ၆ ခုရွိၿပီး အဲဒီထဲက ျမန္မာအလုပ္သမား ၁၄ ဦးဟာ ေသနတ္နဲ႔ ပစ္ခတ္သြားတဲ့သူကို ဖမ္းမမိေသးတာေၾကာင့္ စိုးရိမ္မႈနဲ႔ ၿခံေတြထဲမွာ မေနရဲဘဲ တိမ္းေရွာင္ေနရတယ္လို႔ ဆုိပါတယ္။

“ၿခံေတြက ကပ္ေနၾကတာ။ ၿခံ၀န္း ၆ ခုမွာ ၿခံလုပ္သား ၁၄ ေယာက္ရွိတယ္။ အခုေတာ့ ထြက္ေျပးေနၾကတယ္၊ ျပန္မလာရဲၾကဘူး။ အထူးသျဖင့္ တရားခံက မမိေသးဘူး ဆုိေတာ့ေလ၊ ေလာေလာဆယ္ေတာ့ ဖမ္းမမိေသးဘူး။ ပတ္၀န္းက်င္မွာရွိတဲ့ ျမန္မာေတြ တေယာက္မွ မေနရဲဘူး။ အလုပ္ရွင္ေတြကလည္း မေနခိုင္းဘူး။ အေျခအေနက အဲဒီလိုျဖစ္ေနတာေပါ့။”

အသက္ ၅၀ အရြယ္ ဦးလႈိင္၀င္းကေတာ့ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ ေဆး႐ုံက ဆင္းလာခဲ့ၿပီး ဒဏ္ရာက သက္သာလာတဲ့ ျမန္မာအလုပ္သမားေတြကေတာ့ ဒီရာဘာေတာမွာပဲ ဆက္ၿပီး အလုပ္လုပ္ရဦးမွာမို႔ အမႈဖြင့္ရင္ သူတုိ႔ကုိ ရန္ၿငိဳးထားမွာကုိလည္း စုိးရိမ္ေၾကာင္း ေျပာျပခဲ့တယ္လို႔ ဆုိပါတယ္။

အခု ေသနတ္နဲ႔ ပစ္ခတ္ခံရတ့ဲ အလုပ္သမားေတြဟာ တရား၀င္ အေထာက္အထား စာရြက္စာတမ္းရွိတဲ့ အလုပ္သမားေတြ ျဖစ္ၾကပါတယ္။

-------------------------------------

(Unicode)

ထိုင်းမှာ အလုပ်ရှင်က သေနတ်နဲ့ပစ်လို့ မြန်မာတဦးသေ

ထိုင်းနိုင်ငံ ဖန်းငခရိုင် ရာဘာခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သားတွေကို အလုပ်ရှင်ရဲ့ မြေးဖြစ်သူက အကြောင်းပြချက်မရှိဘဲ ဒီဇင်ဘာလ ၁၀ ရက်နေ့က သေနတ်နဲ့ လိုက်လံပစ်ခတ်ပြီး ဓားနဲ့ထိုးခဲ့တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦး ဒဏ်ရာရပြီး ဖန်းငဆေးရုံကြီးနဲ့ ဖူးခက်ဆေးရုံကြီးကို ပို့ထားရပြီး မျက်နှာကို သေနတ်နဲ့ပစ်ခတ်ခံရသူ မြန်မာအလုပ်သမားတဦးကတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖန်းငဆေးရုံမှာ သေဆုံးသွားပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဖန်းငခရိုင် ကုန်စီရီကျေးရွာ အမှတ် ၇ က ရာဘာခြံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ အဆောင်မှာ အိပ်နေကြတဲ့အချိန် အလုပ်ရှင်ရဲ့ မြေးဖြစ်သူက မြန်မာနိုင်ငံသား ရာဘာလုပ်သားတွေကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဓားနဲ့လည်း လိုက်ထိုးခဲ့တာကြောင့် မြန်မာနိုင်ငံသားသုံးဦး ပြင်းထန်တဲ့ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ အဲဒီထဲက မျက်နှာကို သေနတ်နဲ့ပစ်ခတ်ခံရတဲ့မြန်မာအလုပ်သမားတဦး သေဆုံးသွားကြောင်း ဖန်းငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“သေတာကတော့ ဖန်းငဆေးရုံမှာပဲသေတာ။ စတက်ကတည်းက ဖန်းငမှာ တက်တာလေ။ သေသွားတဲ့သူတွေက ကိုရွှေသန်းတဲ့၊ ကိုငယ်လို့ပဲခေါ်ကြတယ်။ သေသွားတဲ့သူက သူတို့လိုပဲ ခြံလုပ်သားတွေပဲ။”

သေနတ်နဲ့အပစ်ခံရတဲ့ အလုပ်သမားတွေ နေထိုင်ရာ နေရာတွေမှာ ရာဘာခြံ ၆ ခုရှိပြီး အဲဒီထဲက မြန်မာအလုပ်သမား ၁၄ ဦးဟာ သေနတ်နဲ့ ပစ်ခတ်သွားတဲ့သူကို ဖမ်းမမိသေးတာကြောင့် စိုးရိမ်မှုနဲ့ ခြံတွေထဲမှာ မနေရဲဘဲ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ခြံတွေက ကပ်နေကြတာ။ ခြံဝန်း ၆ ခုမှာ ခြံလုပ်သား ၁၄ ယောက်ရှိတယ်။ အခုတော့ ထွက်ပြေးနေကြတယ်၊ ပြန်မလာရဲကြဘူး။ အထူးသဖြင့် တရားခံက မမိသေးဘူး ဆိုတော့လေ၊ လောလောဆယ်တော့ ဖမ်းမမိသေးဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့ မြန်မာတွေ တယောက်မှ မနေရဲဘူး။ အလုပ်ရှင်တွေကလည်း မနေခိုင်းဘူး။ အခြေအနေက အဲဒီလိုဖြစ်နေတာပေါ့။”

အသက် ၅၀ အရွယ် ဦးလှိုင်ဝင်းကတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဆေးရုံက ဆင်းလာခဲ့ပြီး ဒဏ်ရာက သက်သာလာတဲ့ မြန်မာအလုပ်သမားတွေကတော့ဒီရာဘာတောမှာပဲ ဆက်ပြီး အလုပ်လုပ်ရဦးမှာမို့ အမှုဖွင့်ရင် သူတို့ကို ရန်ငြိုးထားမှာကိုလည်း စိုးရိမ်ကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အခု သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အလုပ်သမားတွေဟာတရားဝင် အထောက်အထား စာရွက်စာတမ်းရှိတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

မေအးေအးမာ/VOA Burmese
https://burmese.voanews.com
ထုိင္းမွာ အလုပ္ရွင္က ေသနတ္နဲ႔ပစ္လုိ႔ ျမန္မာတဦးေသ ထုိင္းမွာ အလုပ္ရွင္က ေသနတ္နဲ႔ပစ္လုိ႔ ျမန္မာတဦးေသ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.