ညမထြက္ရအမိန႔္ေၾကာင့္ ပလက္ဝ ခရစၥမတ္ အခက္ႀကဳံႏိုင္

စိန္႔ေမရီ ဘုရားေက်ာင္းက ခရစ္စမတ္ ၀တ္ျပဳပြဲ။
(Zawgyi)⤵⤵⤵
ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကားျဖစ္ပြါးေနတဲ့ စစ္ေရးတင္းမာမႈေၾကာင့္ ခ်င္းျပည္နယ္ ပလက္၀ ၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္တခ်ိဳ႕မွာ လုံၿခဳံေရး တင္းၾကပ္လာေနပါတယ္။ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွာ လုံၿခဳံေရးကို ပိုၿပီး တင္းတင္းၾကပ္ၾကပ္ လုပ္ေဆာင္လာသလို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕မွာေတာ့ လုံၿခဳံေရးအတြက္ ညမထြက္ရ အမိန႔္ ထုတ္ျပန္ထားတာ ျဖစ္ၿပီး ေဒသခံ ခရစ္ယန္ေတြ အတြက္ေတာ့ ခရစၥမတ္ပြဲ က်င္းပဖို႔ပါ အခက္အခဲေတြ ျဖစ္ေန တာပါ။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ ထားပါတယ္။

ယခင္က ခရစ္စမတ္ပြဲ က်င္းပေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕အတြင္း ဒီႏွစ္မွာေတာ့ လုံံၿခဳံေရးအေျခအေနေၾကာင့္ ညဖက္က်င္းပခြင့္ မရေတာ့ဘူးလို႔ ပလက္ဝၿမိဳ႕က ခရစ္ယာန္ ဘာသာေရးဓမၼဆရာ ေမာဆက္ကေျပာပါတယ္။

“ခရစ္စမတ္ပြဲကိုေတာ့ ညေရာေန႔ေရာ တရက္တာက်င္းပမွ စည္စည္ကားကား က်င္းပေနၾကတာျဖစ္ပါတယ္။ ညဖက္မွာ လုပ္ခြင့္မရွိေတာ့ အဆင္မေျပေတာ့ဘူး။ အခုက ဒီလိုမ်ိဳး ကန႔္သတ္ထားလိုက္ေတာ့ သိပ္ၿပီးေတာ့ အဆင္မေျပ ေတာ့ဘူး ေပါ့။ ပုံမွန္အားျဖင့္ေတာ့ Carol ထြက္တာေပါ့ေနာ္ အိမ္တိုင္ယာေရာက္ သီခ်င္းေတြ လိုက္ဆိုေပးတယ္။ ကြၽန္ေတာ္တို႔ ဒီႏွစ္ က်ေတာ့ ညမထြက္ရအမိန႔္ထြက္ေတာ့ အသင္းေတာ္ အသီးသီးက ကြၽန္ေတာ္တို႔ မသြားႏိုင္ဘူး။ ပလက္ဝၿမိဳ႕ေပၚမွာ ဆိုရင္ အသင္းေတာ္(၂) ပါးဘဲ သြားႏိုင္တယ္။ အဲတာေတာင္မွ ညမွာမဟုတ္ဘူး။ ေန႔လယ္မွာဘဲ သြားရတယ္။ လုံၿခဳံေရးအေျခ အေန အရေတာ့ ကြၽန္ေတာ္တို႔ကေတာ့ မလုံၿခဳံဘူးလို႔ေျပာရမယ္။”

ပလက္ဝၿမိဳ႕နယ္ ေဒသခံ ခ်င္းလူမ်ိဳးအမ်ားစုဟာ ခရစ္ယာန္ဘာသာဝင္ေတြ ျဖစ္ၾကၿပီး အသင္းေတာ္ေပါင္း (၁၅) ခုေက်ာ္ ရွိတဲ့အနက္က (၂) သင္းသာ ေန႔ခင္းပိုင္းမွာ သီခ်င္း လိုက္လံဆိုေနတာ ရွိတယ္လို႔ သူကဆိုပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ ည (၆) နာရီကေန မနက္ (၆) နာရီအထိ အျပင္မထြက္ရနဲ႔ လူ(၅) ဦးထက္ပိုၿပီး စုမေနရဆိုတဲ့ ပုဒ္မ (၁၄၄) အမိန႔္ ထုတ္ျပန္ထားေၾကာင့္ ဒီႏွစ္ခရစၥမတ္ပြဲ က်င္းပဖို႔ အခက္ေတြ႕ေနတယ္လို႔ သူကဆိုပါတယ္။

ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေပါင္လြန္မင္းထန္ ကေတာ့ ေဒသအတြင္း လုံၿခဳံေရးအေျခအေနေၾကာင့္ ညမ ထြက္ရအမိန႔္ ထုတ္ျပန္ထားတာလို႔ ဆိုပါတယ္။

“ပလက္ဝကိစၥက် သူကလုံၿခဳံေရး အေျခခံျဖစ္ေနေတာ့ေလ လက္ရွိ အေျခအေနရဲ႕လုံၿခဳံေရးအေပၚမွာ သူတို႔ေတာင္းဆိုခ ်က္အရေပါ့။ ကာျဖဴး (Curfew) ေၾကညာလိုက္တာ ေပါ့ေနာ္။ ခုေတာ့ ဒီခရစၥမတ္ ရာသီမွာလည္းဘဲ သူ႔နယ္ေျမရဲ႕အေျခအေနအရ သူက နည္းနည္း ေလွ်ာ့ေပါ့တာတို႔ လုပ္လို႔ရတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနေတာ့ ဘယ္ေလာက္အထိ လုပ္တာဆိုတာေတာ့ ကြၽန္ေတာ္အေနနဲ႔ မသိဘူး။”

အလားတူ ရခိုင္ျပည္နယ္ အတြင္းမွာလည္း ျမန္မာစစ္တပ္နဲ႔ AAအဖြဲ႕တို႔ အၾကား တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြါးေနသလို လုံၿခဳံေရး တင္းၾကပ္လာေနတာပါ။

အထူးသျဖင့္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တည္ရွိရာ အမ္းၿမိဳ႕နယ္အတြင္း လုံၿခဳံေရး တင္းၾကပ္ထားတယ္လို႔ ၿမိဳ႕ခံ ကိုစိုးေအာင္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ (၆) နာရီေက်ာ္ရင္ အျပင္မထြက္ၾကေတာ့ဘူး။ သူတို႔ လုံၿခဳံေရး အင္အားခ်ထားတယ္။ ကြၽန္ေတာ္တို႔ေတာ့ ခါတိုင္း အေနအထားနဲ႔ေတာ့ သြားရလာရတာေတာ့ အဆင္မေျပဘူးေပါ့။ တခ်ိဳ႕ေနရာမွာလည္း စစ္တာေဆးတာ ရွိတယ္ ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း မသြားရဲမလာရဲၾကဘူးေပါ့။ ညမထြက္ရ အမိန႔္ထုတ္ျပန္ထားတာေတာ့ မရွိဘူး။”

ဒီဇင္ဘာ (၁၇) ရက္ေန႔ညေနက အမ္းၿမိဳ႕နယ္ ကံ့ေကာ္ၿမိဳင္ ေက်း႐ြာအနီး လုံၿခဳံေရး ေဆာင္႐ြက္ေနတဲ့ ျမန္မာစစ္တပ္ ကေန မိုင္းေဖါက္ခြဲ ဖို႔လုပ္ေဆာင္ေနဆဲ AA အဖြဲ႕ဝင္ ၂ဦးကို ရီမုမိုင္းေလးလုံးႏွင့္အတူ အေသဖမ္းဆီး ရမိခဲ့တယ္လို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ထားပါတယ္။

အမ္းနဲ႔ စစ္ေတြသြားတဲ့ ကားလမ္းေပၚ မသကၤာဖြယ္ လူ ၂ ဦး ေတြ႕ရွိရလို႔ ေခၚယူစဥ္မွာထြက္ေျပးသြားလို႔ ပစ္ခတ္မႈ ေၾကာင့္ ေသဆုံးသြားၿပီး ၎ဝန္းက်င္တစ္ဝိုက္ကို စစ္ေဆးရွာေဖြရာ ခ်ဳံပုတ္အတြင္း ဝွက္ထားတဲ့ ဆိုင္ကယ္တစီးကို ေတြ႕ရွိရာကေန စစ္ေဆးရာမွာ ကြန္ၾကဴပိုက္နဲ႔ ျပဳလုပ္ထားတဲ့ ရီမုမိုင္းႏွစ္လုံးအျပင္ ကားလမ္း ဝဲ/ယာဘက္မွာ အသင့္ေထာင္ထားတဲ့ ရီမုမိုင္းႏွစ္လုံးကို ထပ္မံေဖာ္ထုတ္ ေတြ႕ရွိခဲ့တယ္လို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး ကေန သတင္းထုတ္ျပန္ထားပါတယ္။ ျဖစ္စဥ္ အေျခအေနကို အေသးစိတ္ သိရွိဖို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ ရခိုင္လက္နက္ကိုင္ AAေျပာခြင့္ရ ခိုင္သုခကေတာ့ ေသဆုံးသူ ၂ ္ဦးဟာ AA အဖြဲ႕ဝင္မဟုတ္ဘဲ အရပ္သားေတြျဖစ္ႏိုင္ ေၾကာင္းေျပာပါတယ္။

“ျဖစ္ႏိုင္ေခ် ရွိတာကေတာ့ ဗမာစစ္တပ္ဖက္က သူတို႔ဒီ အရပ္သားေတြကို မတရားပစ္သတ္ၿပီ ဆိုလို႔ရွိရင္ အဲဒီလို အေၾကာင္း ျပခ်က္ေပးတဲ့ ဟာေတြ အမ်ားႀကီးရွိတယ္။ အခု ပစ္သတ္ခံရတာ လည္းဘဲ အရပ္သားေတြျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ကေတာ့ အဲဒီလိုသုံးသပ္တယ္။”

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ႏုံးဘူးေက်း႐ြာနဲ႔ ရခိုင္ျပည္နယ္ မင္းျပား၊ ေျမာက္ဦး၊ ရေသ့ေတာင္ၿမိဳ႕နယ္ဖက္မွာ ဒီဇင္ဘာ (၉) ရက္ေန႔ကေန (၁၄) ရက္ေန႔အထိ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြါးေနခဲ့ပါတယ္။ ဒီျဖစ္ပြါးေနတဲ့ တိုက္ပြဲနဲ႔ ပစ္ခတ္မႈအတြင္း အရပ္သားေတြလည္း ထိခိုက္ေသဆုံးမႈေတြ ရွိေနပါတယ္။


(Unicode)

ညမထွက်ရအမိန့်ကြောင့် ပလက်ဝ ခရစ္စမတ် အခက်ကြုံနိုင်

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြားဖြစ်ပွါးနေတဲ့ စစ်ရေးတင်းမာမှုကြောင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်နဲ့ ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ လုံခြုံရေး တင်းကြပ်လာနေပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လုံခြုံရေးကို ပိုပြီး တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာသလို ချင်းပြည်နယ် ပလက်ဝမြို့မှာတော့ လုံခြုံရေးအတွက် ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒေသခံ ခရစ်ယန်တွေ အတွက်တော့ ခရစ္စမတ်ပွဲ ကျင်းပဖို့ပါ အခက်အခဲတွေ ဖြစ်နေ တာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ယခင်က ခရစ်စမတ်ပွဲ ကျင်းပနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့အတွင်း ဒီနှစ်မှာတော့ လုံံခြုံရေးအခြေအနေကြောင့် ညဖက်ကျင်းပခွင့် မရတော့ဘူးလို့ ပလက်ဝမြို့က ခရစ်ယာန် ဘာသာရေးဓမ္မဆရာ မောဆက်ကပြောပါတယ်။

“ခရစ်စမတ်ပွဲကိုတော့ ညရောနေ့ရော တရက်တာကျင်းပမှ စည်စည်ကားကား ကျင်းပနေကြတာဖြစ်ပါတယ်။ ညဖက်မှာ လုပ်ခွင့်မရှိတော့ အဆင်မပြေတော့ဘူး။ အခုက ဒီလိုမျိုး ကန့်သတ်ထားလိုက်တော့ သိပ်ပြီးတော့ အဆင်မပြေ တော့ဘူး ပေါ့။ ပုံမှန်အားဖြင့်တော့ Carol ထွက်တာပေါ့နော် အိမ်တိုင်ယာရောက် သီချင်းတွေ လိုက်ဆိုပေးတယ်။ ကျွန်တော်တို့ ဒီနှစ် ကျတော့ ညမထွက်ရအမိန့်ထွက်တော့ အသင်းတော် အသီးသီးက ကျွန်တော်တို့ မသွားနိုင်ဘူး။ ပလက်ဝမြို့ပေါ်မှာ ဆိုရင် အသင်းတော်(၂) ပါးဘဲ သွားနိုင်တယ်။ အဲတာတောင်မှ ညမှာမဟုတ်ဘူး။ နေ့လယ်မှာဘဲ သွားရတယ်။ လုံခြုံရေးအခြေ အနေ အရတော့ ကျွန်တော်တို့ကတော့ မလုံခြုံဘူးလို့ပြောရမယ်။”

ပလက်ဝမြို့နယ် ဒေသခံ ချင်းလူမျိုးအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပြီး အသင်းတော်ပေါင်း (၁၅) ခုကျော် ရှိတဲ့အနက်က (၂) သင်းသာ နေ့ခင်းပိုင်းမှာ သီချင်း လိုက်လံဆိုနေတာ ရှိတယ်လို့ သူကဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ ည (၆) နာရီကနေ မနက် (၆) နာရီအထိ အပြင်မထွက်ရနဲ့ လူ(၅) ဦးထက်ပိုပြီး စုမနေရဆိုတဲ့ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ထားကြောင့် ဒီနှစ်ခရစ္စမတ်ပွဲ ကျင်းပဖို့ အခက်တွေ့နေတယ်လို့ သူကဆိုပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန် ကတော့ ဒေသအတွင်း လုံခြုံရေးအခြေအနေကြောင့် ညမ ထွက်ရအမိန့် ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။

“ပလက်ဝကိစ္စကျ သူကလုံခြုံရေး အခြေခံဖြစ်နေတော့လေ လက်ရှိ အခြေအနေရဲ့လုံခြုံရေးအပေါ်မှာ သူတို့တောင်းဆိုခ ျက်အရပေါ့။ ကာဖြူး (Curfew) ကြေညာလိုက်တာ ပေါ့နော်။ ခုတော့ ဒီခရစ္စမတ် ရာသီမှာလည်းဘဲ သူ့နယ်မြေရဲ့အခြေအနေအရ သူက နည်းနည်း လျှော့ပေါ့တာတို့ လုပ်လို့ရတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတော့ ဘယ်လောက်အထိ လုပ်တာဆိုတာတော့ ကျွန်တော်အနေနဲ့ မသိဘူး။”

အလားတူ ရခိုင်ပြည်နယ် အတွင်းမှာလည်း မြန်မာစစ်တပ်နဲ့ AAအဖွဲ့တို့ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွါးနေသလို လုံခြုံရေး တင်းကြပ်လာနေတာပါ။

အထူးသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်အတွင်း လုံခြုံရေး တင်းကြပ်ထားတယ်လို့ မြို့ခံ ကိုစိုးအောင်က ပြောပါတယ်။

“ကျွန်တော်တို့ (၆) နာရီကျော်ရင် အပြင်မထွက်ကြတော့ဘူး။ သူတို့ လုံခြုံရေး အင်အားချထားတယ်။ ကျွန်တော်တို့တော့ ခါတိုင်း အနေအထားနဲ့တော့ သွားရလာရတာတော့ အဆင်မပြေဘူးပေါ့။ တချို့နေရာမှာလည်း စစ်တာဆေးတာ ရှိတယ် ဆိုတော့ ကျွန်တော်တို့လည်း မသွားရဲမလာရဲကြဘူးပေါ့။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာတော့ မရှိဘူး။”

ဒီဇင်ဘာ (၁၇) ရက်နေ့ညနေက အမ်းမြို့နယ် ကံ့ကော်မြိုင် ကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့ မြန်မာစစ်တပ် ကနေ မိုင်းဖေါက်ခွဲ ဖို့လုပ်ဆောင်နေဆဲ AA အဖွဲ့ဝင် ၂ဦးကို ရီမုမိုင်းလေးလုံးနှင့်အတူ အသေဖမ်းဆီး ရမိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

အမ်းနဲ့ စစ်တွေသွားတဲ့ ကားလမ်းပေါ် မသင်္ကာဖွယ် လူ ၂ ဦး တွေ့ရှိရလို့ ခေါ်ယူစဉ်မှာထွက်ပြေးသွားလို့ ပစ်ခတ်မှု ကြောင့် သေဆုံးသွားပြီး ၎င်းဝန်းကျင်တစ်ဝိုက်ကို စစ်ဆေးရှာဖွေရာ ချုံပုတ်အတွင်း ဝှက်ထားတဲ့ ဆိုင်ကယ်တစီးကို တွေ့ရှိရာကနေ စစ်ဆေးရာမှာ ကွန်ကြူပိုက်နဲ့ ပြုလုပ်ထားတဲ့ ရီမုမိုင်းနှစ်လုံးအပြင် ကားလမ်း ဝဲ/ယာဘက်မှာ အသင့်ထောင်ထားတဲ့ ရီမုမိုင်းနှစ်လုံးကို ထပ်မံဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ် အခြေအနေကို အသေးစိတ် သိရှိဖို့ တပ်မတော် ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရခိုင်လက်နက်ကိုင် AAပြောခွင့်ရ ခိုင်သုခကတော့ သေဆုံးသူ ၂ ်ဦးဟာ AA အဖွဲ့ဝင်မဟုတ်ဘဲ အရပ်သားတွေဖြစ်နိုင် ကြောင်းပြောပါတယ်။

“ဖြစ်နိုင်ချေ ရှိတာကတော့ ဗမာစစ်တပ်ဖက်က သူတို့ဒီ အရပ်သားတွေကို မတရားပစ်သတ်ပြီ ဆိုလို့ရှိရင် အဲဒီလို အကြောင်း ပြချက်ပေးတဲ့ ဟာတွေ အများကြီးရှိတယ်။ အခု ပစ်သတ်ခံရတာ လည်းဘဲ အရပ်သားတွေဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ အဲဒီလိုသုံးသပ်တယ်။”

ချင်းပြည်နယ် ပလက်ဝမြို့နယ် နုံးဘူးကျေးရွာနဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်ဖက်မှာ ဒီဇင်ဘာ (၉) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေခဲ့ပါတယ်။ ဒီဖြစ်ပွါးနေတဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုအတွင်း အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
ညမထြက္ရအမိန႔္ေၾကာင့္ ပလက္ဝ ခရစၥမတ္ အခက္ႀကဳံႏိုင္ ညမထြက္ရအမိန႔္ေၾကာင့္ ပလက္ဝ ခရစၥမတ္ အခက္ႀကဳံႏိုင္ Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.