သံပုရာရည္က သင့္ကို ႏုပ်ိဳေစပါတယ္

(Zawgyi)⤵⤵⤵
မနက္တိုင္း သံပုရာရည္ေသာက္ျခင္းက သင့္ကိုႏုပ်ိဳေစပါတယ္။ သင့္မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ၊ ဝက္ၿခံေတြ၊ ေခြၽးေပါက္က်ယ္ေနတာေတြကို သက္သာဖို႔အတြက္ သင့္မနက္တိုင္း ဘာေသာက္ေလ့ရွိသလဲ စဥ္းစားၾကည့္ပါ။ လက္ဖက္ရည္ပူပူ၊ ေကာ္ဖီ၊ ဒါမွမဟုတ္လည္း ေရတစ္ခြက္ေသာက္တဲ့လူ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ သံပုရာရည္ေသာက္ဖို႔ေတာ့ စဥ္းစားသင့္ပါတယ္။

ဖန္ခြက္ထဲမွာ ေရေႏြးပူပူေလးနဲ႔ သံပုရာသီးတစ္ျခမ္း ထည့္ေသာက္မယ္ဆိုရင္ ေကာင္းက်ိဳးက ႏွစ္ဆေတာင္ ရႏိုင္ပါေသးတယ္။ ဒါေၾကာင့္ မနက္တိုင္း သံပုရာရည္ေသာက္ၿပီး အသစ္ျပန္လည္ ေမြးဖြားလိုက္ပါ။

သံပုရာရည္က သင့္က်န္းမာေရး၊ အထူးသျဖင့္ သင့္အေရျပားကို လွပေစပါတယ္။ ေဈးလည္းမႀကီးဘဲနဲ႔ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးႏိုင္တဲ့ သဘာဝနည္းတစ္ခု ျဖစ္ပါတယ္။

တျခားေသာ မယုံႏိုင္စရာေကာင္းတဲ့ အက်ိဳးေက်းဇူးေတြလည္း ရွိပါေသးတယ္။ တင္းတိပ္နဲ႔ ဝက္ၿခံေတြကို သက္သာေစတာမို႔ အေရျပားဆရာဝန္ေတြကလည္း ၫႊန္းတတ္ၾကပါတယ္။ ဒါေၾကာင့္ အလွကုန္ပစၥည္းအမ်ားစုမွာ သံပုရာပါေနတာပါ။ အဲဒီအျပင္ သံပုရာသီးမွာပါတဲ့ ဗီတာမင္စီက ေရာဂါပိုးေတြ မဝင္ေအာင္လည္း ကာကြယ္ေပးပါတယ္။ မီးအပူေလာင္မိရင္လည္း သံပုရာသီးနဲ႔ ပ်ားရည္ကိုေရာၿပီး လိမ္းေပးရင္သက္သာပါတယ္။

သံပုရာသီးဟာ ဗီတာမင္စီ ရေစႏိုင္ပါတယ္။ အဲဒါက အေရးအေၾကာင္းေတြကို ေလ်ာ့ပါးေစသလို ပ်က္စီးသြားတဲ့ အေရျပားကိုလည္း ျပန္လည္ျပဳျပင္ေပးပါတယ္။ အေရျပားရဲ႕ က်ဳံ႕က်ယ္ႏိုင္စြမ္းဟာ အသက္(၄၀)ေရာက္ရင္ ရပ္တန္႔သြားပါတယ္။ ဒါေၾကာင့္မို႔ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ့္အေရျပားကို ဂ႐ုစိုက္ဖို႔လိုၿပီး မနက္တိုင္း သံပုရာရည္ေသာက္တဲ့ အေလ့အက်င့္ေကာင္းကို ေမြးထားသင့္ပါတယ္။

ေနာက္ၿပီး သံပုရာမွာ အဆိပ္အေတာက္ေတြကို ေျပေစတဲ့ ဓာတ္ေတြပါဝင္တာမို႔ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးပါတယ္။ သင့္အေရျပားကို ၁၀ ႏွစ္ေလာက္ ႏုပ်ိဳေစမယ့္အျပင္ အစာေခ်စနစ္၊ ဆံပင္ကို အက်ိဳးျပဳေပးသလို၊ ဆီးခ်ိဳ၊ အဖ်ား၊ ေသြးတိုးနဲ႔ တျခားက်န္းမာေရးျပႆနာ ေတာ္ေတာ္မ်ားမ်ား ကိုလည္း ကာကြယ္ေပးပါတယ္။

သံပုရာမွာ ပါဝင္တဲ့ ဗီတာမင္စီက သင့္ရဲ႕ ကိုယ္ခံအားကို ပိုမိုေကာင္းမြန္ေစၿပီး ပိုးဝင္ျခင္းကို ကာကြယ္ေပးပါတယ္။ အယ္ကာလီဓာတ္နဲ႔ ပိုတက္ဆီယမ္ကလည္း သင့္ကို စြမ္းအင္ေတြ ရေစပါလိမ့္မယ္။

သင့္အစာအိမ္ထဲ ဘာမွမရွိေသးခင္မွာ သံပုရာရည္ေသာက္ျခင္းက အဆိပ္အေတာက္ေတြကို ရွင္းလင္းေပးပါတယ္။ ဆီးခဏခဏသြားျခင္းအားျဖင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ေလ်ာ့နည္းေစပါတယ္။ အစာအိမ္ေအာင့္တာ၊ နာတာေတြကိုလည္း သက္သာေစပါတယ္။

သင္က အဝလြန္ေနမယ္၊ ဝိတ္ေလွ်ာ့ခ်င္ေနမယ္ဆိုလည္း ဒါက နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ သံပုရာသီးမွာပါတဲ့ စီထရစ္အက္ဆစ္က ကဆီဓါတ္စုပ္ယူမႈကို ေႏွးေစၿပီး အဆီေခ်ဖ်က္မႈကို ျမန္ဆန္ေစပါတယ္။ ပိုၿပီး ထိေရာက္မႈရွိဖို႔အတြက္ ေရေအးအစား ေရေႏြးနဲ႔ေသာက္တာကေတာ့ ပိုေကာင္းပါတယ္။

ေနာက္ၿပီး သင့္ဆံပင္ေတြကိုလည္း သန္စြမ္းေစတာမို႔ ထိပ္ေျပာင္ျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ ေဗာက္ထျခင္းတို႔ကို သက္သာေစသလို သင့္ဆံပင္ကိုလည္း လွပေစပါတယ္။

သံပုရာသီးမွာ သဘာဝအာနိသင္ေတြ ေျမာက္မ်ားစြာရွိတာ ျငင္းလို႔မရပါဘူး။ ဒါေၾကာင့္ ေန႔စဥ္ သံပုရာရည္ကို ေသာက္ျခင္းျဖင့္ မ်ားျပားလွတဲ့ အက်ိဳးေက်းဇူးေတြနဲ႔အတူ မယုံၾကည္ေလာက္ေအာင္ ေျပာင္းလဲသြားတာကို သတိထားမိပါလိမ့္မယ္။

ေရးသားသူ Dr. Phio Thia
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. K Zin Thwe
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
သံပုရာရည်က သင့်ကို နုပျိုစေပါတယ်

မနက်တိုင်း သံပုရာရည်သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။ သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင့်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပုရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။

ဖန်ခွက်ထဲမှာ ရေနွေးပူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်ပြီး အသစ်ပြန်လည် မွေးဖွားလိုက်ပါ။

သံပုရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။

တခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ဝက်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပုရာပါနေတာပါ။ အဲဒီအပြင် သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက ရောဂါပိုးတွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ မီးအပူလောင်မိရင်လည်း သံပုရာသီးနဲ့ ပျားရည်ကိုရောပြီး လိမ်းပေးရင်သက်သာပါတယ်။

သံပုရာသီးဟာ ဗီတာမင်စီ ရစေနိုင်ပါတယ်။ အဲဒါက အရေးအကြောင်းတွေကို လျော့ပါးစေသလို ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အရေပြားရဲ့ ကျုံ့ကျယ်နိုင်စွမ်းဟာ အသက်(၄၀)ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်အရေပြားကို ဂရုစိုက်ဖို့လိုပြီး မနက်တိုင်း သံပုရာရည်သောက်တဲ့ အလေ့အကျင့်ကောင်းကို မွေးထားသင့်ပါတယ်။

နောက်ပြီး သံပုရာမှာ အဆိပ်အတောက်တွေကို ပြေစေတဲ့ ဓာတ်တွေပါဝင်တာမို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ သင့်အရေပြားကို ၁၀ နှစ်လောက် နုပျိုစေမယ့်အပြင် အစာချေစနစ်၊ ဆံပင်ကို အကျိုးပြုပေးသလို၊ ဆီးချို၊ အဖျား၊ သွေးတိုးနဲ့ တခြားကျန်းမာရေးပြဿနာ တော်တော်များများ ကိုလည်း ကာကွယ်ပေးပါတယ်။

သံပုရာမှာ ပါဝင်တဲ့ ဗီတာမင်စီက သင့်ရဲ့ ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အယ်ကာလီဓာတ်နဲ့ ပိုတက်ဆီယမ်ကလည်း သင့်ကို စွမ်းအင်တွေ ရစေပါလိမ့်မယ်။

သင့်အစာအိမ်ထဲ ဘာမှမရှိသေးခင်မှာ သံပုရာရည်သောက်ခြင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးပါတယ်။ ဆီးခဏခဏသွားခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။ အစာအိမ်အောင့်တာ၊ နာတာတွေကိုလည်း သက်သာစေပါတယ်။

သင်က အဝလွန်နေမယ်၊ ဝိတ်လျှော့ချင်နေမယ်ဆိုလည်း ဒါက နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သံပုရာသီးမှာပါတဲ့ စီထရစ်အက်ဆစ်က ကဆီဓါတ်စုပ်ယူမှုကို နှေးစေပြီး အဆီချေဖျက်မှုကို မြန်ဆန်စေပါတယ်။ ပိုပြီး ထိရောက်မှုရှိဖို့အတွက် ရေအေးအစား ရေနွေးနဲ့သောက်တာကတော့ ပိုကောင်းပါတယ်။

နောက်ပြီး သင့်ဆံပင်တွေကိုလည်း သန်စွမ်းစေတာမို့ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်းတို့ကို သက်သာစေသလို သင့်ဆံပင်ကိုလည်း လှပစေပါတယ်။

သံပုရာသီးမှာ သဘာဝအာနိသင်တွေ မြောက်များစွာရှိတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် နေ့စဉ် သံပုရာရည်ကို သောက်ခြင်းဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးတွေနဲ့အတူ မယုံကြည်လောက်အောင် ပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။

ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သံပုရာရည္က သင့္ကို ႏုပ်ိဳေစပါတယ္ သံပုရာရည္က သင့္ကို ႏုပ်ိဳေစပါတယ္ Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.