ေျမာက္ဦးမွာ လူငယ္ ၂၀ ေက်ာ္ ေပ်ာက္ဆုံးေန

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ထဲမွာ ကပ္ထားတဲ့ သတိေပးစာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင့္တပ္ေတာ္ AA က ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ထဲကို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၅ ရက္ညပိုင္းက ဝင္ေရာက္ၿပီး မူးယစ္ေဆးဝါးသုံးစြဲ ေရာင္းခ်ေနတဲ့ လူငယ္ ၂၀ ေက်ာ္ကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ေျမာက္ဦးၿမိဳ႕ခံေတြက ေျပာပါတယ္။

မူးယစ္ေဆးဝါးသုံးစြဲ ေရာင္းခ်ေနတဲ့ လူငယ္ေတြကို AA က ဖမ္းဆီးသြားတဲ့ထဲမွာ ရပ္ကြက္ထဲက လူငယ္ေျခာက္ဦး ပါဝင္သလို မူးယစ္ေဆးသုံးစြဲတာေၾကာင့္ ဖမ္းဆီးသြားတယ္ဆိုတာ မိဘအုပ္ထိန္းသူေတြက သိတယ္လို႔ အမည္မေဖာ္လိုတဲ့ ေျမာက္ဦးၿမိဳ႕ခံတစ္ဦးက RFA ကို ေျပာပါတယ္။

“ေျမာက္ဦးၿမိဳ႕ထဲက ဖမ္းသြားတာေတာ့ ဟုတ္ပါတယ္။ သူတို႔က ULA ကလို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔ရပ္ကြက္ က ဖမ္းသြားတာ အကုန္လုံး ေျခာက္ေယာက္ပါသြားပါတယ္။ ေနာက္ ကြၽန္ေတာ္ေလ့လာၾကည့္လိုက္ေတာ့ စုစုေပါင္း ၂၄ ေယာက္ပါ။ အစိရွည္(ေဒသအေခၚ)နဲ႔ ဖမ္းသြားတယ္ဆိုတာကို မိဘေတြကလည္း အကုန္လုံး သိပါတယ္။”

AA က ဖမ္းဆီးေခၚေဆာင္သြားတဲ့ လူငယ္ေတြဟာ ေျမာက္ဦးၿမိဳ႕ ေအာင္မဂၤလာ၊ ဗႏၶဳလ၊ ေတာင္ရပ္၊ ဆင္ခ်ဆပ္နဲ႔ ဘာဘူးေတာင္ စတဲ့ရပ္ကြက္ေတြက ျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင့္တပ္ေတာ္ AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ ကေတာ့ လူငယ္ေတြ ဖမ္းဆီးခံရတဲ့ကိစၥကို မသိေသးေၾကာင္းနဲ႔ စုံစမ္းေနဆဲျဖစ္ေၾကာင္း RFA ကို ဒီေန႔ညေနမွာေျပာပါတယ္။

“မူးယစ္ေဆးဝါးသုံးစြဲၿပီးေတာ့ အက်င့္ပ်က္ေနတဲ့လူငယ္ေတြကိုေတာ့ ကြၽန္ေတာ္တို႔ ဒီအက်င့္စာရိတၱေကာင္းမြန္ လာေအာင္ေပါ့ေနာ္ အေကာင္းဆုံး ျပဳျပင္ထိန္းသိမ္းေပးသြားဖို႔အတြက္ ဒါအမ်ိဳးသားေရးတာဝန္တစ္ရပ္အေနနဲ႔ လုပ္ေဆာင္သြားဖို႔ ၫႊန္ၾကားခ်က္ေပးထားတာေတာ့ရွိပါတယ္။ အခု ေျမာက္ဦးက လူငယ္ေတြကိစၥကေတာ့ ကြၽန္ေတာ္တို႔ ေအာက္ေျခကို ျပန္ေမးၿပီးေတာ့မွပဲ အတည္ျပဳေျပာလို႔ရမွာေပါ့”

ေျမာက္ဦးၿမိဳ႕က လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကေတာ့ သူ႔ရပ္ကြက္ထဲက လူငယ္ ႏွစ္ဦး ဖမ္းဆီးခံသြားတယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ့္ရပ္ကြက္က ႏွစ္ေယာက္ေလာက္ေတာ့ ပါတယ္။ ခ်ဳံပုတ္ေတြၾကားထဲမွာ ဝင္ၿပီးေတာ့ ေဆးသုံးေနတဲ့ အခ်ိန္မွာ ဝင္ဖမ္းတယ္လို႔ ေျပာတာပဲ။ မိဘေတြက ေဆးသုံးေနတဲ့ သားသမီးေတြကို မထိန္းႏိုင္ၾကေတာ့ဘူး။ မထိန္းႏိုင္ေတာ့ အဲလို ရခိုင့္တပ္ေတာ္ AA က ေခၚသြားတယ္ဆိုေတာ့ သူတို႔လည္း တအားဝမ္းသာတာပဲ”

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္က မူးယစ္ေဆးသုံးစြဲမႈ၊ ေရာင္းဝယ္ေဖာက္ကားမႈကို တားျမစ္သတိေပးတဲ့စာ ဓာတ္တိုင္ေတြမွာ ကပ္ထားတာေတြ႕ရၿပီးေနာက္ပိုင္း ဖမ္းဆီးမႈေတြျဖစ္လာတာလို႔ ေနာက္ထပ္ အမည္မေဖာ္လိုတဲ့ ေျမာက္ဦးၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ သိသေလာက္ကေတာ့ သုံးစြဲေနတဲ့သူေတြေရာ၊ ေရာင္းေနတဲ့ဒိုင္ေတြေရာ ပါသြားတယ္လို႔ၾကား တယ္။ ဒီဟာမတိုင္ခင္ မူးယစ္ေဆးဝါးသုံးစြဲတာေတြကို ဓာတ္မီးတိုင္ေတြနဲ႔ လူျမင္ကြင္းေတြမွာ စာ႐ြက္ေတြကပ္ၿပီး သတိေပးတာေတာ့ ေတြ႕တယ္။ ဒါေပမဲ့ ဆက္ၿပီးေတာ့ ဆက္ၿပီးေတာ့ သုံးစြဲၿပီးေတာ့ ေရာင္းခ်ေနၾကတာေတြ႕လို႔ သူတို႔က အဲလို ဖမ္းဆီးသြားတာပါခင္ဗ်။ အခုကြၽန္ေတာ္တို႔ၿမိဳ႕မွာ ၾကားသေလာက္ကေတာ့ မိသားစုေတြ၊ ၿမိဳ႕ခံ ေတြကအစ ဒါလုပ္သင့္တယ္၊ လုပ္ထိုက္တယ္ဆိုၿပီးေတာ့ ေျပာေနၾကပါတယ္။ မိသားစုေတြကလည္း အဲဒီကို ေရာက္သြားတာေကာင္းတယ္ မိဘေတြ ေျပာမရဆိုမရလို႔ အဲဒီက ထိန္းတာဆိုၿပီးေတာ့ ေျပာေနၾကပါတယ္။”

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေတာ့ ေပ်ာက္ေနတဲ့ လူအေရအတြက္ကို မသိေသးေၾကာင္း၊ သူတို႔ရဲ႕ အုပ္ထိန္းသူေတြကလည္း အေၾကာင္းၾကားမလာေသးေၾကာင္း  ေျပာပါတယ္။

“ကြၽန္ေတာ္ကေတာ့ ဒီေန႔ပဲ သတင္းရခဲ့တယ္။ ဒါေပမဲ့ လူအေရအတြက္ကိုလည္း ကြၽန္ေတာ္မသိဘူး။ သူတို႔ရဲ႕ မိဘေတြက ဘယ္သူေတြလဲဆိုတာလည္း ကြၽန္ေတာ္မသိဘူး။ သူတို႔ရဲ႕ မိဘေတြကလည္း ကြၽန္ေတာ့္ကို အေၾကာင္းၾကားလာတာမရွိဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာမရွိခဲ့ပါဘူး။

အလားတူ မူးယစ္ေဆးကိစၥ တားျမစ္တဲ့ စာေတြကပ္ၿပီး သတိေပးမႈကို ေျမာက္ဦးၿမိဳ႕မွာ မကပ္ခင္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ စာကပ္သတိေပးတာေတြလည္း ရွိခဲ့ပါတယ္။

အဲဒီသတိေပးစာလႈပ္ရွားမႈေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မူးယစ္ေဆးသုံးစြဲသူ သိသိသာသာေလ်ာ့က် လာတာေတြ႕ရၿပီး ေျမာက္ဦးမွာလည္း ေလ်ာ့က်လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျမာက္ဦးေဒသခံတခ်ိဳ႕က ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
မြောက်ဦးမှာ လူငယ် ၂၀ ကျော် ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ထဲမှာ ကပ်ထားတဲ့ သတိပေးစာကို တွေ့ရစဉ်
Photo: Than Tun - facebook

ရခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက ဝင်ရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချနေတဲ့ လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချနေတဲ့ လူငယ်တွေကို AA က ဖမ်းဆီးသွားတဲ့ထဲမှာ ရပ်ကွက်ထဲက လူငယ်ခြောက်ဦး ပါဝင်သလို မူးယစ်ဆေးသုံးစွဲတာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မိဘအုပ်ထိန်းသူတွေက သိတယ်လို့ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြောက်ဦးမြို့ထဲက ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ သူတို့က ULA ကလို့ ပြောတယ်။ ကျွန်တော်တို့ရပ်ကွက် က ဖမ်းသွားတာ အကုန်လုံး ခြောက်ယောက်ပါသွားပါတယ်။ နောက် ကျွန်တော်လေ့လာကြည့်လိုက်တော့ စုစုပေါင်း ၂၄ ယောက်ပါ။ အစိရှည်(ဒေသအခေါ်)နဲ့ ဖမ်းသွားတယ်ဆိုတာကို မိဘတွေကလည်း အကုန်လုံး သိပါတယ်။”

AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေဟာ မြောက်ဦးမြို့ အောင်မင်္ဂလာ၊ ဗန္ဓုလ၊ တောင်ရပ်၊ ဆင်ချဆပ်နဲ့ ဘာဘူးတောင် စတဲ့ရပ်ကွက်တွေက ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကတော့ လူငယ်တွေ ဖမ်းဆီးခံရတဲ့ကိစ္စကို မသိသေးကြောင်းနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း RFA ကို ဒီနေ့ညနေမှာပြောပါတယ်။

“မူးယစ်ဆေးဝါးသုံးစွဲပြီးတော့ အကျင့်ပျက်နေတဲ့လူငယ်တွေကိုတော့ ကျွန်တော်တို့ ဒီအကျင့်စာရိတ္တကောင်းမွန် လာအောင်ပေါ့နော် အကောင်းဆုံး ပြုပြင်ထိန်းသိမ်းပေးသွားဖို့အတွက် ဒါအမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်သွားဖို့ ညွှန်ကြားချက်ပေးထားတာတော့ရှိပါတယ်။ အခု မြောက်ဦးက လူငယ်တွေကိစ္စကတော့ ကျွန်တော်တို့ အောက်ခြေကို ပြန်မေးပြီးတော့မှပဲ အတည်ပြုပြောလို့ရမှာပေါ့”

မြောက်ဦးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ သူ့ရပ်ကွက်ထဲက လူငယ် နှစ်ဦး ဖမ်းဆီးခံသွားတယ်လို့ ပြောပါတယ်။

“ကျွန်တော့်ရပ်ကွက်က နှစ်ယောက်လောက်တော့ ပါတယ်။ ချုံပုတ်တွေကြားထဲမှာ ဝင်ပြီးတော့ ဆေးသုံးနေတဲ့ အချိန်မှာ ဝင်ဖမ်းတယ်လို့ ပြောတာပဲ။ မိဘတွေက ဆေးသုံးနေတဲ့ သားသမီးတွေကို မထိန်းနိုင်ကြတော့ဘူး။ မထိန်းနိုင်တော့ အဲလို ရခိုင့်တပ်တော် AA က ခေါ်သွားတယ်ဆိုတော့ သူတို့လည်း တအားဝမ်းသာတာပဲ”

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်က မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သတိပေးတဲ့စာ ဓာတ်တိုင်တွေမှာ ကပ်ထားတာတွေ့ရပြီးနောက်ပိုင်း ဖမ်းဆီးမှုတွေဖြစ်လာတာလို့ နောက်ထပ် အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ သိသလောက်ကတော့ သုံးစွဲနေတဲ့သူတွေရော၊ ရောင်းနေတဲ့ဒိုင်တွေရော ပါသွားတယ်လို့ကြား တယ်။ ဒီဟာမတိုင်ခင် မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ဓာတ်မီးတိုင်တွေနဲ့ လူမြင်ကွင်းတွေမှာ စာရွက်တွေကပ်ပြီး သတိပေးတာတော့ တွေ့တယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ဆက်ပြီးတော့ သုံးစွဲပြီးတော့ ရောင်းချနေကြတာတွေ့လို့ သူတို့က အဲလို ဖမ်းဆီးသွားတာပါခင်ဗျ။ အခုကျွန်တော်တို့မြို့မှာ ကြားသလောက်ကတော့ မိသားစုတွေ၊ မြို့ခံ တွေကအစ ဒါလုပ်သင့်တယ်၊ လုပ်ထိုက်တယ်ဆိုပြီးတော့ ပြောနေကြပါတယ်။ မိသားစုတွေကလည်း အဲဒီကို ရောက်သွားတာကောင်းတယ် မိဘတွေ ပြောမရဆိုမရလို့ အဲဒီက ထိန်းတာဆိုပြီးတော့ ပြောနေကြပါတယ်။”

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ ပျောက်နေတဲ့ လူအရေအတွက်ကို မသိသေးကြောင်း၊ သူတို့ရဲ့ အုပ်ထိန်းသူတွေကလည်း အကြောင်းကြားမလာသေးကြောင်း  ပြောပါတယ်။

“ကျွန်တော်ကတော့ ဒီနေ့ပဲ သတင်းရခဲ့တယ်။ ဒါပေမဲ့ လူအရေအတွက်ကိုလည်း ကျွန်တော်မသိဘူး။ သူတို့ရဲ့ မိဘတွေက ဘယ်သူတွေလဲဆိုတာလည်း ကျွန်တော်မသိဘူး။ သူတို့ရဲ့ မိဘတွေကလည်း ကျွန်တော့်ကို အကြောင်းကြားလာတာမရှိဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

အလားတူ မူးယစ်ဆေးကိစ္စ တားမြစ်တဲ့ စာတွေကပ်ပြီး သတိပေးမှုကို မြောက်ဦးမြို့မှာ မကပ်ခင် ကျောက်တော်မြို့နယ်မှာ စာကပ်သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီသတိပေးစာလှုပ်ရှားမှုကြောင့် ကျောက်တော်မြို့နယ်မှာ မူးယစ်ဆေးသုံးစွဲသူ သိသိသာသာလျော့ကျ လာတာတွေ့ရပြီး မြောက်ဦးမှာလည်း လျော့ကျလာမယ်လို့ မျှော်လင့်ကြောင်း မြောက်ဦးဒေသခံတချို့က ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ေျမာက္ဦးမွာ လူငယ္ ၂၀ ေက်ာ္ ေပ်ာက္ဆုံးေန ေျမာက္ဦးမွာ လူငယ္ ၂၀ ေက်ာ္ ေပ်ာက္ဆုံးေန Reviewed by THITHTOOLWIN on 23:23 Rating: 5
Powered by Blogger.