အိုင္စီေဂ်မွာ ျမန္မာ ေလွ်ာက္လဲတဲ့ေန႔မွာ တရား႐ုံးေရွ႕ ရာနဲ႔ခ်ီတဲ့ ေထာက္ခံသူေတြနဲ႔ ကန႔္ကြက္သူေတြ ပိုမိုစုေဝး

 ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူရပ္တည္ပါတယ္ဆိုတဲ့ ဆိုင္းဘုတ္ေတြကိုင္ၿပီး ဝန္းရံခဲ့ၾက
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲထားတဲ့အမႈမွာ ျမန္မာႏိုင္ငံဘက္ကေန ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ ေလွ်ာက္ထားခ်က္ေပးမယ့္ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ရာနဲ႔ခ်ီတဲ့ ေထာက္ခံသူေတြနဲ႔ ကန႔္ကြက္သူေတြဟာ တရား႐ုံးေရွ႕ ပိုမိုစုေဝးေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။

ျမန္မာအလံေတြ ကိုင္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ဝန္းရံ ေထာက္ခံႀကိဳဆိုၾကသူေတြနဲ႔ အိုင္စီေဂ်ကို ေထာက္ခံၾကသူ ၂၀၀ ေက်ာ္ေလာက္ စုေဝးေရာက္ရွိခဲ့ၾကၿပီး တရား႐ုံးလုံၿခဳံေရးကိုလည္း ခါတိုင္းထက္ ပိုမိုတင္းက်ပ္ထားတယ္လို႔ အဲ့ဒီမွာ သြားေရာက္ သတင္းယူေနတဲ့ ဘီဘီစီသတင္းေထာက္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို အားေပးၾကသူေတြထဲ ရန္ကုန္ကေန အဖြဲ႕လိုက္ လာၾကသူေတြလည္း ပါသလို ႏိုင္ငံတကာေရာက္ ျမန္မာေတြလည္း ပါၾကပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္က စံျပဳရတဲ့ အမ်ိဳးသမီး ျဖစ္တယ္ သူဘာလုပ္လုပ္ ေအာင္ျမင္မယ္ဆိုတာ အေသြးထဲ အသားထဲက ယုံၾကည္ပါတယ္ အေမ အေကာင္းဆုံး လုပ္ႏိုင္မယ္ ထင္ပါတယ္" လို႔ တရား႐ုံးေရွ႕ေရာက္ေနတဲ့ ကိုေမာင္ေမာင္ေအးက ေျပာပါတယ္။

ရန္ကုန္ကလာတဲ့ ကိုေမာင္ေမာင္ေအးတို႔ အဖြဲ႕မွာ လူ ၂၃ ဦး လိုက္ပါလာတာျဖစ္ၿပီး သူတို႔ေတြဟာ ၾကားနာတဲ့ ၃ ရက္စလုံး တရား႐ုံးေရွ႕မွာ လာေရာက္ေစာင့္ဆိုင္းၾကမွာလည္း ျဖစ္ပါတယ္။
ရန္ကုန္ကေန အဖြဲ႕လိုက္ လာၾကသူေတြလည္း တရား႐ုံးေရွ႕မွာ စုေဝးေစာင့္ဆိုင္းခဲ့ၾက

"ကြၽန္ေတာ္တို႔ ရန္ကုန္ကေန စိတ္တူကိုယ္တူ ရင္ဘတ္တူေတြ ကိုယ္စရိတ္ ကိုယ္စားၿပီး လာၾကတာ၊ ယုံၾကည္ခ်က္က တစ္ခုပဲ၊ ေဒၚေအာင္ဆန္းစုၾကည္က အမွန္တရားကို ႏိုင္ငံတကာကို ခ်ျပႏိုင္တယ္၊ ေဒၚေအာင္ဆန္းစုၾကည္ကို ယုံတယ္၊ သူက ဒီျပႆနာေတြ အားလုံးကို ကိုင္တြယ္ေျဖရွင္းႏိုင္တဲ့ ဂုဏ္သေရရွိ အမ်ိဳးသမီးႀကီး ျဖစ္တယ္"လို႔ တရား႐ုံးေရွ႕ေရာက္ေနတဲ့ ကိုေက်ာ္ေဌးဦးက ေျပာပါတယ္။

အိုင္စီေဂ် ၾကားနာမႈကို ေထာက္ခံၾကသူေတြကေတာ့ တရားမွ်တမႈေပးပါ ဆိုၿပီး အက်ႌေတြဝတ္ထားၾကၿပီး ႐ိုဟင္ဂ်ာေတြအေပၚ တပ္မေတာ္ရဲ႕ လုပ္ေဆာင္မႈကို ကန႔္ကြက္ေၾကာင္း ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ထားၾကပါတယ္။
တရား႐ုံးေရွ႕ ေဒၚေအာင္ဆန္းစုၾကည္ကို အားေပးေထာက္ခံၾကသူမ်ား

ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္လို႔ ဂမ္ဘီယာႏိုင္ငံက စြပ္စြဲထားၿပီး ၾကားျဖတ္အစီအမံ အမိန႔္ေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားတာကို အိုင္စီေဂ်မွာ ဒီဇင္ဘာ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ၃ ရက္ၾကာ ၾကားနာေနတာ ျဖစ္ပါတယ္။

ျမန္မာဘက္က ေလွ်ာက္ထားမယ့္ ဒီကေန႔ တရား႐ုံးၾကားနာမႈမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္မိန႔္ခြန္းေျပာခဲ့ၿပီး ႏိုင္ငံတကာသံတမန္ေတြလည္း ျမန္မာဘက္က ေလွ်ာက္ထားမႈကို လာေရာက္နားေထာင္ၾကတယ္လို႔ တရား႐ုံးထဲ ေရာက္ေနတဲ့ ဘီဘီစီသတင္းေထာက္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
အိုင်စီဂျေမှာ မြန်မာ လျှောက်လဲတဲ့နေ့မှာ တရားရုံးရှေ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ ပိုမိုစုဝေး

ဓာတ်ပုံ မူပိုင် KOEN VAN WEELANPAFP via Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်ပါတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဝန်းရံခဲ့ကြ

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုမှာ မြန်မာနိုင်ငံဘက်ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် လျှောက်ထားချက်ပေးမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရာနဲ့ချီတဲ့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေဟာ တရားရုံးရှေ့ ပိုမိုစုဝေးရောက်ရှိနေကြတာ ဖြစ်ပါတယ်။

မြန်မာအလံတွေ ကိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ ထောက်ခံကြိုဆိုကြသူတွေနဲ့ အိုင်စီဂျေကို ထောက်ခံကြသူ ၂၀၀ ကျော်လောက် စုဝေးရောက်ရှိခဲ့ကြပြီး တရားရုံးလုံခြုံရေးကိုလည်း ခါတိုင်းထက် ပိုမိုတင်းကျပ်ထားတယ်လို့ အဲ့ဒီမှာ သွားရောက် သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကြသူတွေထဲ ရန်ကုန်ကနေ အဖွဲ့လိုက် လာကြသူတွေလည်း ပါသလို နိုင်ငံတကာရောက် မြန်မာတွေလည်း ပါကြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က စံပြုရတဲ့ အမျိုးသမီး ဖြစ်တယ် သူဘာလုပ်လုပ် အောင်မြင်မယ်ဆိုတာ အသွေးထဲ အသားထဲက ယုံကြည်ပါတယ် အမေ အကောင်းဆုံး လုပ်နိုင်မယ် ထင်ပါတယ်" လို့ တရားရုံးရှေ့ရောက်နေတဲ့ ကိုမောင်မောင်အေးက ပြောပါတယ်။

ရန်ကုန်ကလာတဲ့ ကိုမောင်မောင်အေးတို့ အဖွဲ့မှာ လူ ၂၃ ဦး လိုက်ပါလာတာဖြစ်ပြီး သူတို့တွေဟာ ကြားနာတဲ့ ၃ ရက်စလုံး တရားရုံးရှေ့မှာ လာရောက်စောင့်ဆိုင်းကြမှာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Kyaw Zeya
Image caption ရန်ကုန်ကနေ အဖွဲ့လိုက် လာကြသူတွေလည်း တရားရုံးရှေ့မှာ စုဝေးစောင့်ဆိုင်းခဲ့ကြ

"ကျွန်တော်တို့ ရန်ကုန်ကနေ စိတ်တူကိုယ်တူ ရင်ဘတ်တူတွေ ကိုယ်စရိတ် ကိုယ်စားပြီး လာကြတာ၊ ယုံကြည်ချက်က တစ်ခုပဲ၊ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို နိုင်ငံတကာကို ချပြနိုင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံတယ်၊ သူက ဒီပြဿနာတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီး ဖြစ်တယ်"လို့ တရားရုံးရှေ့ရောက်နေတဲ့ ကိုကျော်ဌေးဦးက ပြောပါတယ်။

အိုင်စီဂျေ ကြားနာမှုကို ထောက်ခံကြသူတွေကတော့ တရားမျှတမှုပေးပါ ဆိုပြီး အင်္ကျီတွေဝတ်ထားကြပြီး ရိုဟင်ဂျာတွေအပေါ် တပ်မတော်ရဲ့ လုပ်ဆောင်မှုကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။
ဓာတ်ပုံ မူပိုင် KOEN VAN WEEL
Image caption တရားရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြသူများ

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က လျှောက်ထားမယ့် ဒီကနေ့ တရားရုံးကြားနာမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောခဲ့ပြီး နိုင်ငံတကာသံတမန်တွေလည်း မြန်မာဘက်က လျှောက်ထားမှုကို လာရောက်နားထောင်ကြတယ်လို့ တရားရုံးထဲ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်မွာ ျမန္မာ ေလွ်ာက္လဲတဲ့ေန႔မွာ တရား႐ုံးေရွ႕ ရာနဲ႔ခ်ီတဲ့ ေထာက္ခံသူေတြနဲ႔ ကန႔္ကြက္သူေတြ ပိုမိုစုေဝး အိုင္စီေဂ်မွာ ျမန္မာ ေလွ်ာက္လဲတဲ့ေန႔မွာ တရား႐ုံးေရွ႕ ရာနဲ႔ခ်ီတဲ့ ေထာက္ခံသူေတြနဲ႔ ကန႔္ကြက္သူေတြ ပိုမိုစုေဝး Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.