ေက်ာက္ေတာ္ၿမိဳ႕တြင္း တုိက္ပဲြျဖစ္၊ အရပ္သားတခ်ဳိ႕ဒဏ္ရာရ

ရခိုင္ဒုကၡသည္မ်ား (သတင္းဓာတ္ပံု-Khine Murn Chun (Citizen Journalist))

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္က တပ္စြဲထားတဲ့ ေက်ာက္ေတာ္ၿမိဳ႕အတြင္း မေန႔ညက ပစ္ခတ္မႈ ျဖစ္ပြားၿပီး အမ်ိဳးသမီး ၂ ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ပစ္ခတ္မႈေတြေၾကာင့္ အပ်က္အစီးေတြ ရွိေနသလို ၿမိဳ႕ခံေတြလည္း ေၾကာက္လန္႔တၾကား ျဖစ္ေနၾကတာပါ။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗြီအိုေအသတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕တြင္း မွာ မေန႔က ည ၇နာရီေလာက္မွာ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္သံေတြ ထြက္ေပၚလာၿပီး ေက်ာင္းဆရာမ တဦးနဲ႔ အမ်ိဳးသမီး တဦး ဒဏ္ရာရရွိခဲ့ ေက်ာက္ေတာ္ေဒသခံ ကိုေက်ာ္လွျမင့္က ေျပာပါတယ္။

"က်ေနာ္တို႔ ေက်ာက္ေတာ္မွာ မေန႔က ဒီဇင္ဘာ ၃၀ ရက္ေန႔ ည ၇ နာရီေလာက္မွာ လက္နက္ငယ္ေတြ လက္နက္ႀကီးေတြ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီပစ္ခတ္မႈမွာ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ အမ်ိဳးသမီးႀကီး တဦးရယ္ ေနာက္ပညာေရး ဌာနက ေက်ာင္းဆရာမ တဦးရယ္။ ေပါင္မွာ တစ္ဦးဒဏ္ရာ ရပါတယ္။ ရင္ဘက္မွာ တစ္ဦးဒဏ္ရာရပါတယ္။ ေနာက္ၿပီးေတာ့ ပ်က္စီးဆံုးရံႈးမႈေတြ ရွိပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕ နယ္ ေကာ္မရွင္ရံုးမွာလည္း ပ်က္စီးဆံုးရႈံးမႈေတြ ရွိပါတယ္။ ဒဏ္ရာရတဲ့ အမ်ိဳးသမီးႏွစ္ဦး အေျခအေနကေတာ့ ေဆးရံုက ဆင္းၿပီး အိမ္မွာ အနားယူခိုင္းထားတယ္။ သက္ေတာ့ သက္သာပါတယ္ဗ်ာ။ လံုၿခံဳမႈကေတာ့ဗ်ာ က်ေနာ္တို႔မွာ ကေလးကအစ အိမ္ေအာက္မွာ ဆင္းၿပီးေတာ့ ဝေနၾကရတယ္။ မိုးလင္းတဲ့အထိ ေျမျပင္မွာ ေနရာယူၿပီးေတာ့ မိုးလင္းတဲ့အထိ အိမ္ေနၾကရပါတယ္ ခင္ဗ်ာ။"

မေန႔က ေက်ာ္ေတာ္ၿမိဳ႕တြင္းပစ္ခတ္မႈဟာ ရခိုက္လက္နက္ကိုင္ AA အဖြဲနဲ႔ တုိက္ပြဲ ျဖစ္တာ မဟုတ္ဘဲ တပ္မေတာ္ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ တစ္ဘက္ သတ္ပစ္ခတ္ေနတာ ျဖစ္တယ္လို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

"က်ေနာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာ လံုးဝမရွိဘူး။ ဗမာစစ္တပ္ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ရမ္းသမ္းပစ္ခတ္တာ ျဖစ္တယ္။ မေန႔ က ဘူးသီးေတာင္ဘက္မွာလည္း ရမ္းသမ္း ပစ္ခတ္မႈေတြ လုပ္တာရွိတယ္။ ၿပီးလို႔ရွိရင္ ရေသ့ေတာင္ဘက္မွာလည္း ရမ္းသမ္း ပစ္ခတ္တာေတြ ရွိတယ္။ မင္းျပားၿမိဳ႕နယ္ ဖက္မွာလည္း ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ ပစ္ခတ္မႈေတြ လုပ္တာရွိတယ္။ ဒါဟာ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ က်ေနာ္တို႔ရဲ႕ အျပစ္မယ့္ ျပည္သူေတြကို တမင္သက္သက္ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ပစ္ခတ္ေနတာ ရွိတယ္ဗ်ာ။"

ဒါ့အျပင္ တပ္မေတာ္က ဘူသီးေတာင္ ရေသ့ေတာင္ မင္းျပားၿမိဳ႕နယ္ေတြမွာလည္း တစ္ဖတ္သတ္ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ေက်ာက္ေတာ္ပစ္ခတ္မႈဟာ လံုၿခံဳေရးယူေနတဲ့ တပ္မေတာ္သားေတြကို AA ဘက္က လာေရာက္ပစ္ခတ္ တာျဖစ္လို႔ ေျပာပါတယ္။

"မေန႔က ၇ နာရီ ၅၀ ကေန ၈ နာရီအထိ ေလာက္မွာ ရာေမာင္တံတားကို AA အေယာက္ ၅၀ ေလာက္က တံတားလံုၿခံဳေရး ယူေနတဲ့ အဖြဲ႔ေတြကို လာေရာက္ပစ္ခတ္တာ ရွိတယ္။ ညပိုင္းမွာလည္း ၇ နာရီ ေက်ာ္ေက်ာ္ေလာက္က ေနၿပီးေတာ့ ေက်ာက္ေတာ္ ၿမိဳ႕မွာ လံုၿခံဳေရး ယူေနတဲ့ အဖြဲ႔ေတြကို AA အင္အား ၁၀၀ ေလာက္က လာေရာက္ ပစ္ခတ္တာေတြ ရွိတယ္။ ထိခိုက္က်ဆံုးမႈကေတာ့ မရွိပါဘူး။"

အခုလို တဘက္နဲ႔ တဘက္ အျပန္အလွန္ စြပ္စြဲ ေျပာဆိုရင္း တိုက္ခိုက္မႈေတြ ဆက္လက္ျဖစ္ပြားေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာေတာ့ တပ္မေတာ္က စာသင္ေက်ာင္းေတြနဲ႔ ဘာသာေရး အေဆာက္အဦးေတြမွာ အခုအခ်ိန္ထိ တပ္စြဲထားတယ္ လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးထြန္းဝင္းက ေျပာပါတယ္။

"တခ်ိဳ႕ ဘာသာေရး အေဆာက္အဦးေတြ ေနာက္ ကေလးေတြ စာသင္တဲ့ စာသင္ေက်ာင္းတို႔ တကယ့္ကို စစ္မက္နဲ႔ မဆက္စပ္တဲ့ေနရာေတြ ဒီလိုေနရာမ်ိဳးေတြမွာ လာေရာက္ ေနထိုင္တယ္ဆိုတာက ဘယ္မွကို က်ေနာ္တို႔ ဒါမျဖစ္သင့္တဲ့ အရာေတြေပါ့။ စစ္ဘက္ဆိုင္ရာေတြမွာလည္း သူ႔စည္းမ်ဥ္း စည္းကမ္းေတြ ရွိပါလိမ့္မယ္။ ၿမိဳ႕ထဲမွာေနတဲ့ ေက်ာင္းသားေတြကလည္း မေနရဲၾကေတာ့ပဲ ရြာျပန္ၾကတဲ့ အေျခအေနမ်ိဳးေတြရွိတယ္။"

ေက်ာက္ေတာ္မွာ ရွိတဲ့ စာသင္ေက်ာင္းေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြ ဟာ လံုၿခံဳေရး အတြက္ အခ်က္အခ်ာက်တာေၾကာင့္ တပ္ေတြ ခ်ထားတာ ျဖစ္ေၾကာင္းလည္း ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အဲဒီမွာ ဘုန္းႀကီးေက်ာင္း တခုရွိတယ္။ အဲဒီေနရာကလည္း က်ေနာ္တို႔ ၿမိဳ႕အဝင္အထြက္ အခ်က္အခ်ာ က်တာေၾကာင့္ အဲဒီမွာ လံုၿခံဳေရး ယူေနတာရွိတယ္။ အထက ေက်ာင္းရဲ႕ အနားမွာလည္း ေနရာ တေနရာ ရွိတယ္။ အဲဒီမွာလည္း လံုျခံဳေရး ယူေနတာရွိတယ္။ အဲဒီေနရာကို AA က ပစ္ခတ္တာျဖစ္ပါတယ္။ သူတို႔ ပစ္သတ္ၿပီးရင္ ေဒသခံအမည္ခံထားတဲ့ သူေတြနဲ႔ က်န္တဲ့ သူေတြကေတာ့ တပ္မေတာ္က ပစ္တယ္လို႔ ေျပာေနၾကတယ္။

အခုလို AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာဟာ ၿမိဳ႕ေပၚ ရပ္ကြက္ေတြအထိ က်ယ္ျပန္႔လာတာေၾကာင့္ ေဒသခံျပည္သူေတြရဲ႕ လံုၿခံဳေရးဟာ ဘယ္ေနရာမွာမွ မရွိေတာ့ဘူးလို႔လည္း ဦးထြန္းဝင္းကေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၈ ရက္ေန႔ကလည္း ၿမိဳ႕အတြင္းမွာ တပ္စြဲထားတဲ့ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ပစ္ခတ္မႈ ျဖစ္ပြားၿပီး အရပ္သား ၄ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ အခုလို ႏွစ္ဘက္တိုက္ပြဲေတြအတြင္းမွာ အရပ္သား ထိခိုက္ဒဏ္ရာရမႈေတြ ေသဆံုးသူေတြ ရွိလာတိုင္းမွာလည္း အစိုးရတပ္တို႔ တဘက္နဲ႔ တဘက္ အျပန္ အလွန္စြပ္စြဲေနၾကတာလည္း ျဖစ္ပါတယ္။

[Unicode Version]

ကျောက်တော်မြို့တွင်း တိုက်ပွဲဖြစ်၊ အရပ်သားတချို့ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က တပ်စွဲထားတဲ့ ကျောက်တော်မြို့အတွင်း မနေ့ညက ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် အပျက်အစီးတွေ ရှိနေသလို မြို့ခံတွေလည်း ကြောက်လန့်တကြား ဖြစ်နေကြတာပါ။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့တွင်း မှာ မနေ့က ည ၇နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး ကျောင်းဆရာမ တဦးနဲ့ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်က ပြောပါတယ်။

"ကျနော်တို့ ကျောက်တော်မှာ မနေ့က ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ငယ်တွေ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုမှာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသမီးကြီး တဦးရယ် နောက်ပညာရေး ဌာနက ကျောင်းဆရာမ တဦးရယ်။ ပေါင်မှာ တစ်ဦးဒဏ်ရာ ရပါတယ်။ ရင်ဘက်မှာ တစ်ဦးဒဏ်ရာရပါတယ်။ နောက်ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ ကျောက်တော်မြို့ နယ် ကော်မရှင်ရုံးမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးနှစ်ဦး အခြေအနေကတော့ ဆေးရုံက ဆင်းပြီး အိမ်မှာ အနားယူခိုင်းထားတယ်။ သက်တော့ သက်သာပါတယ်ဗျာ။ လုံခြုံမှုကတော့ဗျာ ကျနော်တို့မှာ ကလေးကအစ အိမ်အောက်မှာ ဆင်းပြီးတော့ ဝနေကြရတယ်။ မိုးလင်းတဲ့အထိ မြေပြင်မှာ နေရာယူပြီးတော့ မိုးလင်းတဲ့အထိ အိမ်နေကြရပါတယ် ခင်ဗျာ။"

မနေ့က ကျော်တော်မြို့တွင်းပစ်ခတ်မှုဟာ ရခိုက်လက်နက်ကိုင် AA အဖွဲနဲ့ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘဲ တပ်မတော်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တစ်ဘက် သတ်ပစ်ခတ်နေတာ ဖြစ်တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

"ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ ဗမာစစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ဖြစ်တယ်။ မနေ့ က ဘူးသီးတောင်ဘက်မှာလည်း ရမ်းသမ်း ပစ်ခတ်မှုတွေ လုပ်တာရှိတယ်။ ပြီးလို့ရှိရင် ရသေ့တောင်ဘက်မှာလည်း ရမ်းသမ်း ပစ်ခတ်တာတွေ ရှိတယ်။ မင်းပြားမြို့နယ် ဖက်မှာလည်း မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ပစ်ခတ်မှုတွေ လုပ်တာရှိတယ်။ ဒါဟာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ကျနော်တို့ရဲ့ အပြစ်မယ့် ပြည်သူတွေကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတာ ရှိတယ်ဗျာ။"

ဒါ့အပြင် တပ်မတော်က ဘူသီးတောင် ရသေ့တောင် မင်းပြားမြို့နယ်တွေမှာလည်း တစ်ဖတ်သတ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကျောက်တော်ပစ်ခတ်မှုဟာ လုံခြုံရေးယူနေတဲ့ တပ်မတော်သားတွေကို AA ဘက်က လာရောက်ပစ်ခတ် တာဖြစ်လို့ ပြောပါတယ်။

"မနေ့က ၇ နာရီ ၅၀ ကနေ ၈ နာရီအထိ လောက်မှာ ရာမောင်တံတားကို AA အယောက် ၅၀ လောက်က တံတားလုံခြုံရေး ယူနေတဲ့ အဖွဲ့တွေကို လာရောက်ပစ်ခတ်တာ ရှိတယ်။ ညပိုင်းမှာလည်း ၇ နာရီ ကျော်ကျော်လောက်က နေပြီးတော့ ကျောက်တော် မြို့မှာ လုံခြုံရေး ယူနေတဲ့ အဖွဲ့တွေကို AA အင်အား ၁၀၀ လောက်က လာရောက် ပစ်ခတ်တာတွေ ရှိတယ်။ ထိခိုက်ကျဆုံးမှုကတော့ မရှိပါဘူး။"

အခုလို တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုရင်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကျောက်တော်မြို့နယ်အတွင်းမှာတော့ တပ်မတော်က စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေမှာ အခုအချိန်ထိ တပ်စွဲထားတယ် လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းက ပြောပါတယ်။

"တချို့ ဘာသာရေး အဆောက်အဦးတွေ နောက် ကလေးတွေ စာသင်တဲ့ စာသင်ကျောင်းတို့ တကယ့်ကို စစ်မက်နဲ့ မဆက်စပ်တဲ့နေရာတွေ ဒီလိုနေရာမျိုးတွေမှာ လာရောက် နေထိုင်တယ်ဆိုတာက ဘယ်မှကို ကျနော်တို့ ဒါမဖြစ်သင့်တဲ့ အရာတွေပေါ့။ စစ်ဘက်ဆိုင်ရာတွေမှာလည်း သူ့စည်းမျဉ်း စည်းကမ်းတွေ ရှိပါလိမ့်မယ်။ မြို့ထဲမှာနေတဲ့ ကျောင်းသားတွေကလည်း မနေရဲကြတော့ပဲ ရွာပြန်ကြတဲ့ အခြေအနေမျိုးတွေရှိတယ်။"

ကျောက်တော်မှာ ရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ ဟာ လုံခြုံရေး အတွက် အချက်အချာကျတာကြောင့် တပ်တွေ ချထားတာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီမှာ ဘုန်းကြီးကျောင်း တခုရှိတယ်။ အဲဒီနေရာကလည်း ကျနော်တို့ မြို့အဝင်အထွက် အချက်အချာ ကျတာကြောင့် အဲဒီမှာ လုံခြုံရေး ယူနေတာရှိတယ်။ အထက ကျောင်းရဲ့ အနားမှာလည်း နေရာ တနေရာ ရှိတယ်။ အဲဒီမှာလည်း လုံခြုံရေး ယူနေတာရှိတယ်။ အဲဒီနေရာကို AA က ပစ်ခတ်တာဖြစ်ပါတယ်။ သူတို့ ပစ်သတ်ပြီးရင် ဒေသခံအမည်ခံထားတဲ့ သူတွေနဲ့ ကျန်တဲ့ သူတွေကတော့ တပ်မတော်က ပစ်တယ်လို့ ပြောနေကြတယ်။

အခုလို AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ မြို့ပေါ် ရပ်ကွက်တွေအထိ ကျယ်ပြန့်လာတာကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ ဘယ်နေရာမှာမှ မရှိတော့ဘူးလို့လည်း ဦးထွန်းဝင်းကပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း မြို့အတွင်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အခုလို နှစ်ဘက်တိုက်ပွဲတွေအတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ သေဆုံးသူတွေ ရှိလာတိုင်းမှာလည်း အစိုးရတပ်တို့ တဘက်နဲ့ တဘက် အပြန် အလှန်စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

သက္ႏိုင္/VOA Burmese
https://burmese.voanews.com
ေက်ာက္ေတာ္ၿမိဳ႕တြင္း တုိက္ပဲြျဖစ္၊ အရပ္သားတခ်ဳိ႕ဒဏ္ရာရ ေက်ာက္ေတာ္ၿမိဳ႕တြင္း တုိက္ပဲြျဖစ္၊ အရပ္သားတခ်ဳိ႕ဒဏ္ရာရ Reviewed by THITHTOOLWIN on 22:46 Rating: 5
Powered by Blogger.