ရဲစခန္းအနီး ေစတီဝန္းအတြင္း ေရွးေဟာင္းဘုရားမ်ား ခိုးခံရ

(Zawgyi)⤵⤵⤵
ခင္ဦး၊ဒီဇင္ဘာ-၂၂

ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕ ရဲစခန္းေျမာက္ဘက္အနီး ေျမာင္းေဘာင္ေက်ာင္းတိုက္ (မဟာစည္သာသနာ့ရိပ္သာ) ေစတီႀကီးဘုရားဝန္းအတြင္း၊ မဂၤလာရန္ေအာင္ဓမၼာ႐ုံအတြင္းရွိ ေရွးေဟာင္းသမိုင္းဝင္ ထိုင္ကိုယ္ေတာ္ ၄ ဆူ အခိုးခံရေၾကာင္း ေဂါပကအဖြဲ႕ဝင္ ဦးသက္ ကေျပာသည္။

ဒီဇင္ဘာ ၂၁ ရက္ မြန္းတည့္ ခ်ိန္က ၎ဘုရားဓမၼာ႐ုံသစ္သားတံခါးႏွင့္သံတံခါး ႏွစ္ထပ္ခတ္ထားေသာ ေသာ့မွာ ဖြင့္မရ၍ ေသာ့ဖ်က္ဖြင့္ဝင္စဥ္ ဘုရားမ်ားေပ်ာက္ဆုံးေနသည္ကို သိခဲ့ရျခင္ျဖစ္သည္။

ထိုင္ကိုယ္ေတာ္‌ ေက်ာက္ဆင္းထုဘုရား ၇ ဆူ ရွိရာ အဂၤေတမ်ားတြဲထားေသာ ညာဘက္ ၃ ဆူတန္းတြင္ဉာဏ္ေတာ္ ၃ ေပခန႔္ ေက်ာက္ဆင္းထု ၁ ဆူ၊ ၂ ေပခြဲခန႔္ ေက်ာက္ဆင္းထု ၁ ဆူ ႏွင့္ ဘယ္ဘက္ ၃ ဆူတန္းတြင္ ဉာဏ္ေတာ္ ၃ ေပခန႔္ ေက်ာက္ဆင္းထု ၁ ဆူ၊ ၂ ေပခြဲခန႔္ ေက်ာက္ဆင္းထု ၁ ဆူ စုစုေပါင္း ၄ ဆူေပ်ာက္ဆုံးေနျခင္းျဖစ္သည္။

ဘုရာဝန္းတံတိုင္းမွာလည္းပ်က္ဆီးေနၿပီး တစ္ခ်ိဳ႕ေနရာေတြမွာေသြးစမ်ားေပေနေၾကာင္း ၊ ေပ်ာက္ဆုံးဘုရာမ်ားမွာေရွးေဟာင္းျဖစ္၍ သာသနာေရးႏွင့္ရဲစခန္းတို႔သို႔ အေၾကာင္းၾကားထားေၾကာင္း ၊ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲ အာစာရ က မိန႔္ၾကားသည္။

ခ်စ္စံ
Monywa Gazette
https://www.facebook.com/monywagazette
----------
(Unicode)⤵⤵⤵
ရဲစခန်းအနီး စေတီဝန်းအတွင်း ရှေးဟောင်းဘုရားများ ခိုးခံရ

ခင်ဦး၊ဒီဇင်ဘာ-၂၂

ရွှေဘိုခရိုင်၊ ခင်ဦးမြို့ ရဲစခန်းမြောက်ဘက်အနီး မြောင်းဘောင်ကျောင်းတိုက် (မဟာစည်သာသနာ့ရိပ်သာ) စေတီကြီးဘုရားဝန်းအတွင်း၊ မင်္ဂလာရန်အောင်ဓမ္မာရုံအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ထိုင်ကိုယ်တော် ၄ ဆူ အခိုးခံရကြောင်း ဂေါပကအဖွဲ့ဝင် ဦးသက် ကပြောသည်။

ဒီဇင်ဘာ ၂၁ ရက် မွန်းတည့် ချိန်က ၎င်းဘုရားဓမ္မာရုံသစ်သားတံခါးနှင့်သံတံခါး နှစ်ထပ်ခတ်ထားသော သော့မှာ ဖွင့်မရ၍ သော့ဖျက်ဖွင့်ဝင်စဉ် ဘုရားများပျောက်ဆုံးနေသည်ကို သိခဲ့ရခြင်ဖြစ်သည်။

ထိုင်ကိုယ်တော်‌ ကျောက်ဆင်းထုဘုရား ၇ ဆူ ရှိရာ အင်္ဂတေများတွဲထားသော ညာဘက် ၃ ဆူတန်းတွင်ဉာဏ်တော် ၃ ပေခန့် ကျောက်ဆင်းထု ၁ ဆူ၊ ၂ ပေခွဲခန့် ကျောက်ဆင်းထု ၁ ဆူ နှင့် ဘယ်ဘက် ၃ ဆူတန်းတွင် ဉာဏ်တော် ၃ ပေခန့် ကျောက်ဆင်းထု ၁ ဆူ၊ ၂ ပေခွဲခန့် ကျောက်ဆင်းထု ၁ ဆူ စုစုပေါင်း ၄ ဆူပျောက်ဆုံးနေခြင်းဖြစ်သည်။

ဘုရာဝန်းတံတိုင်းမှာလည်းပျက်ဆီးနေပြီး တစ်ချို့နေရာတွေမှာသွေးစများပေနေကြောင်း ၊ ပျောက်ဆုံးဘုရာများမှာရှေးဟောင်းဖြစ်၍ သာသနာရေးနှင့်ရဲစခန်းတို့သို့ အကြောင်းကြားထားကြောင်း ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာစာရ က မိန့်ကြားသည်။

ချစ်စံ
Monywa Gazette
https://www.facebook.com/monywagazette
ရဲစခန္းအနီး ေစတီဝန္းအတြင္း ေရွးေဟာင္းဘုရားမ်ား ခိုးခံရ ရဲစခန္းအနီး ေစတီဝန္းအတြင္း ေရွးေဟာင္းဘုရားမ်ား ခိုးခံရ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.