ကားလမ္းေဘးခ်ရပ္တန႔္ထားသည့္ ၂၂ ဘီးယာဥ္အား အက္စစ္ရည္မ်ားတည္ေဆာင္လာသည့္ ၁၂ ဘီး ယာဥ္မွ အရွိန္လြန္ဝင္တိုက္မိ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာမ်ားရရွိ

(Zawgyi)⤵⤵⤵
ျဖဴး ဒီဇင္ဘာ ၁၃

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခ႐ိုင္၊ ျဖဴးၿမိဳ႕နယ္၊ ေညာင္ပင္သာၿမိဳ႕ ေျမာက္ဘက္ တစ္မိုင္ခြဲခန႔္ အကြာ ဇဟားေက်း႐ြာအုပ္စု၊ ႐ြာသာယာေက်း႐ြာအနီး ရန္ကုန္-မႏၲေလးကားလမ္းတြင္ ဒီဇင္ဘာ ၁၂ ရက္ နံနက္ ၂ နာရီခြဲ ခန႔္က လမ္းေဘးခ်ရပ္တန႔္ထားသည့္ ၂၂ ဘီးကုန္တင္ယာဥ္အား အက္စစ္ ရည္မ်ားတင္ေဆာင္လာသည့္ ၁၂ ဘီးယာဥ္မွ အရွိန္လြန္ဝင္ေရာက္တိုက္မိခဲ့ရာ တစ္ဦးေသဆုံးခဲ့ၿပီးႏွစ္ ဦး ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေညာင္ပင္သာနယ္ေျမရဲစခန္းမွ သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ ေညာင္ပင္သာ နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ေဝလင္း၊ ဒုရဲအုပ္ နန္းဝင္းထြန္း ဦးစီးအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ရာ ရန္ကုန္-မႏၲေလးကားလမ္းအတိုင္း ေတာင္မွေျမာက္သို႔ ထြန္းထြန္းဝင္း(ခ) ေခါင္းႀကီး ၂၂ ႏွစ္ (ယာဥ္ေနာက္လိုက္)၊ ဒိုင္ေကာင္းကုန္းေက်း႐ြာ၊ ဝမ္းတြင္းၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသ ႀကီးေနသူေမာင္းႏွင္ၿပီး သန္းယု ၃၃ ႏွစ္ (ယာဥ္ေမာင္း)၊ ဘုရားစုေက်း႐ြာ၊ ဝမ္းတြင္းၿမိဳ႕နယ္ေနသူလိုက္ပါ လာေသာ အမ်ိဳးအမည္စုံစမ္းဆဲ အက္စစ္အရည္မ်ားတင္ေဆာင္လာသည့္ 5H/----- ဖူဆို ၁၂ ဘီးယာဥ္ သည္ ကားလမ္းမိုင္တိုင္ ၁၂၂/၂ ႏွင့္ ၃ ၾကား အခင္းျဖစ္ေနရာအေရာက္ ကားလမ္းအေရွ႕ဘက္ေဘးတြင္ ရပ္တန႔္ထားသည့္ မ်ိဳးထက္ေနာင္(ခ)ေနာင္ေနာင္ ၂၅ ႏွစ္၊ ဇရပ္ႀကီးေက်း႐ြာ၊ ထန္းတပင္ၿမိဳ႕နယ္ ေနသူေမာင္းႏွင္ေသာ ၂၂ ဘီး ေထြလာယာဥ္အား ဝင္ေရာက္တိုက္မိခဲ့သည္။

ယာဥ္တိုက္မႈေၾကာင့္ ၁၂ ဘီးယာဥ္ ေမာင္းႏွင္သူ ထြန္းထြန္းဝင္း မွာေနရာတြင္ ရရွိသည့္ဒဏ္ရာမ်ားျဖင့္ေသဆုံးသြားခဲ့ၿပီး သန္းယု ႏွင့္ ၂၂ ဘီးယာဥ္ေမာင္း မ်ိဳးထက္ေနာင္(ခ)ေနာင္ေနာင္ တို႔တြင္း(စိုးရိမ္ရ)ဒဏ္ရာမ်ားရရွိသြားေၾကာင္း သိရွိရ၍ ေညာင္ပင္သာနယ္ေျမရဲစခန္းမွ ယာဥ္ေမာင္း ထြန္းထြန္းဝင္း အား အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။


သန္းလြင္(ဆြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
ကားလမ်းဘေးချရပ်တန့်ထားသည့် ၂၂ ဘီးယာဉ်အား အက်စစ်ရည်များတည်ဆောင်လာသည့် ၁၂ ဘီး ယာဉ်မှ အရှိန်လွန်ဝင်တိုက်မိ တစ်ဦးသေ နှစ်ဦးဒဏ်ရာများရရှိ

ဖြူး ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့ မြောက်ဘက် တစ်မိုင်ခွဲခန့် အကွာ ဇဟားကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းတွင် ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီခွဲ ခန့်က လမ်းဘေးချရပ်တန့်ထားသည့် ၂၂ ဘီးကုန်တင်ယာဉ်အား အက်စစ် ရည်များတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်မှ အရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီးနှစ် ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ညောင်ပင်သာနယ်မြေရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ပင်သာ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝေလင်း၊ ဒုရဲအုပ် နန်းဝင်းထွန်း ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ထွန်းထွန်းဝင်း(ခ) ခေါင်းကြီး ၂၂ နှစ် (ယာဉ်နောက်လိုက်)၊ ဒိုင်ကောင်းကုန်းကျေးရွာ၊ ဝမ်းတွင်းမြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီးနေသူမောင်းနှင်ပြီး သန်းယု ၃၃ နှစ် (ယာဉ်မောင်း)၊ ဘုရားစုကျေးရွာ၊ ဝမ်းတွင်းမြို့နယ်နေသူလိုက်ပါ လာသော အမျိုးအမည်စုံစမ်းဆဲ အက်စစ်အရည်များတင်ဆောင်လာသည့် 5H/----- ဖူဆို ၁၂ ဘီးယာဉ် သည် ကားလမ်းမိုင်တိုင် ၁၂၂/၂ နှင့် ၃ ကြား အခင်းဖြစ်နေရာအရောက် ကားလမ်းအရှေ့ဘက်ဘေးတွင် ရပ်တန့်ထားသည့် မျိုးထက်နောင်(ခ)နောင်နောင် ၂၅ နှစ်၊ ဇရပ်ကြီးကျေးရွာ၊ ထန်းတပင်မြို့နယ် နေသူမောင်းနှင်သော ၂၂ ဘီး ထွေလာယာဉ်အား ဝင်ရောက်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးယာဉ် မောင်းနှင်သူ ထွန်းထွန်းဝင်း မှာနေရာတွင် ရရှိသည့်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ပြီး သန်းယု နှင့်၂၂ ဘီးယာဉ်မောင်း မျိုးထက်နောင်(ခ)နောင်နောင် တို့တွင်း(စိုးရိမ်ရ)ဒဏ်ရာများရရှိသွားကြောင်း သိရှိရ၍ ညောင်ပင်သာနယ်မြေရဲစခန်းမှ ယာဉ်မောင်း ထွန်းထွန်းဝင်း အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


သန်းလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားလမ္းေဘးခ်ရပ္တန႔္ထားသည့္ ၂၂ ဘီးယာဥ္အား အက္စစ္ရည္မ်ားတည္ေဆာင္လာသည့္ ၁၂ ဘီး ယာဥ္မွ အရွိန္လြန္ဝင္တိုက္မိ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာမ်ားရရွိ ကားလမ္းေဘးခ်ရပ္တန႔္ထားသည့္ ၂၂ ဘီးယာဥ္အား အက္စစ္ရည္မ်ားတည္ေဆာင္လာသည့္ ၁၂ ဘီး ယာဥ္မွ အရွိန္လြန္ဝင္တိုက္မိ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာမ်ားရရွိ Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.