ဗစ္တိုးရီးယားအမႈ - ရဲဇာနည္ကို တရားစြဲဖို႔ စာေရးဆရာထင္လင္းဦးကို ကိုယ္စားလွယ္လႊဲ

 ဦးထင္လင္းဦး
(Zawgyi)⤵⤵⤵
ရဲတပ္ဖြဲ႕ရဲ႕ သတင္းေတြတင္တဲ့ ရဲဇာနည္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကေန ဗစ္တိုးရီးယားနဲ႔ မိသားစု အခ်က္အလက္ေတြကို ထုတ္ေဖာ္ခဲ့တာကို ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ (ဃ)နဲ႔ တရားစြဲဆိုဖို႔အတြက္ ဗစ္တိုးရီးယားအမႈ အမွန္တရား ေတာင္းဆိုေရး ေကာ္မတီက စာေရးဆရာ ထင္လင္းဦးကို ဗစ္တိုးရီးယား မိသားစုက ကိုယ္စားလွယ္လႊဲစာ ေပးခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ဒီဇင္ဘာလ ၂၇ ရက္က ဗစ္တိုးရီးယားရဲ႕ ဖခင္က စာေရးဆရာ ထင္လင္းဦးကို ကိုယ္စားလွယ္လႊဲစာေပးခဲ့တာ ျဖစ္ပါတယ္။

"သမီေလးရဲ႕ အေဖက ကြၽန္ေတာ့္ကို ကိုယ္စားလွယ္ လႊဲပါတယ္။ သက္ေသ ႏွစ္ေယာက္ပါပါတယ္။ ၂ ရက္ေန႔မွာ ကိုယ္စားလွယ္လႊဲစာ ကြၽန္ေတာ့္လက္ထဲ ေရာက္မယ္။ ၿပီးတာနဲ႔ တရားစြဲဆိုမႈ စပါၿပီ" လို႔ စာေရးဆရာ ထင္လင္းဦးက ေျပာပါတယ္။

ဗစ္တိုးရီးယားအမႈ အမႈမွန္ေပၚေပါက္ ေရးအတြက္ ေရွ႕ေနေတြ၊ ဥပေဒပညာရွင္ေတြနဲ႔ လုပ္ငန္းရွင္ေတြ ပါတဲ့ ေကာ္မတီကို ဒီဇင္ဘာလ ၂၂ ရက္က ဖြဲ႕စည္းခဲ့ၿပီး အမႈမွန္ေပၚေပါက္ေရးနဲ႔ ကေလးရဲ႕နစ္နာမႈေတြ အတြက္ ထိုက္သင့္တဲ့တာဝန္ယူမႈ တာဝန္ခံမႈေတြကို ေဖာ္ေဆာင္ ႏိုင္ဖို႔ အတြက္ ဒီေကာ္မတီက လုပ္သြားမယ္လို႔ ဗစ္တိုးရီးယားအတြက္ အမွန္တရား ေတာင္းဆိုမႈ ေကာ္မတီက ထုတ္ျပန္ထားပါတယ္။

သံသယ တရားခံ ကိုေအာင္ႀကီးကို တရားရွင္ လႊတ္လိုက္ၿပီး ေနာက္တစ္ေန႔ ဒီဇင္ဘာ ၁၉ ရက္မွာ ရဲတပ္ဖြဲ႕က သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ၿပီး ဗစ္တိုးရီးယားနဲ႔ မိသားစုဘယ္သူဆိုတာ ကို သတင္းစာ ရွင္းလင္းပြဲ မွာေရာ ရဲဇာနည္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမွာ ပါ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
ဗစ္တိုးရီးယားနာမည္နဲ႔ မိသားစုအခ်က္အလက္ေတြကို ရဲတပ္ဖြဲ႕သတင္းစာရွင္းလင္းပြဲမွာထုတ္ေျပာ

"ပုဒ္မ ၂ ခုေပါ့ေနာ္ တစ္ခုက ၆၆ (ဃ) ဆက္သြယ္ေရးပုဒ္မ နဲ႔ ကြၽန္ေတာ္ က ရဲဇာနည္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကို စြဲမွာ၊ ေနာက္တစ္ခုက ကေလးအေဖက သတင္းစာရွင္းလင္းပြဲ က တာဝန္ရွိသူေတြကို ကေလးသူငယ္ အခြင့္ အေရးဆိုင္ရာ ပုဒ္မ နဲ႔ စြဲမွာပါ "လို႔ ဦးထင္လင္းဦးက ေျပာထားပါတယ္။

ဆက္သြယ္ေရး ဥပေဒနဲ႔ တရားစြဲဆိုမႈကို ေနျပည္ေတာ္မွာ စြဲဆိုမယ္လို႔ ေျပာပါတယ္။

အဲဒီအမႈအတြက္ အက်ိဳးေဆာင္ေရွ႕ေနအျဖစ္ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) က ေဆာင္႐ြက္မွာ ျဖစ္ၿပီး အဲဒီအဖြဲ႕က အမႈအတြက္ ျပင္ဆင္ေနၿပီလို႔ စာေရးဆရာ ထင္လင္းဦးက ေျပာပါတယ္။

တရားစြဲဆိုရာ ရဲဇာနည္စာမ်က္မွာကို ကိုင္တြယ္တဲ့ (admin) တာဝန္ရွိသူကို စြဲဆိုမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

"အဟန႔္အတား တစ္ခုလည္း ျဖစ္ေအာင္၊ ထိေရာက္တဲ့ အေရးယူမႈလည္း ျဖစ္ေအာင္ တရားစြဲရမွာ ျဖစ္ပါတယ္" လို႔ သူက ေျပာပါတယ္။

ဗစ္တိုးရီးယားအမႈဟာ ေနျပည္ေတာ္ Wisdom Hill မူႀကိဳက အသက္ သုံးႏွစ္မျပည့္ေသးတဲ့ ေက်ာင္းသူ လိင္မတရားျပဳက်င့္ခံရတယ္လို႔ တိုင္ၾကားထားတဲ့အမႈျဖစ္ၿပီး စတင္တိုင္ၾကားခ်ိန္ ေမလလယ္ကေန ဒီဇင္ဘာလလယ္အထိ တရား႐ုံးခ်ိန္း ၁၃ ခ်ိန္း စစ္ေဆးအၿပီးမွာ သံသယတရားခံကို တရား႐ုံးက တရားရွင္လႊတ္ေပးလိုက္လို႔ တရားခြင္ ၿပီးဆုံးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု - ရဲဇာနည်ကို တရားစွဲဖို့ စာရေးဆရာထင်လင်းဦးကို ကိုယ်စားလှယ်လွှဲ


Image caption ဦးထင်လင်းဦး

ရဲတပ်ဖွဲ့ရဲ့ သတင်းတွေတင်တဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗစ်တိုးရီးယားနဲ့ မိသားစု အချက်အလက်တွေကို ထုတ်ဖော်ခဲ့တာကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုဖို့အတွက် ဗစ်တိုးရီးယားအမှု အမှန်တရား တောင်းဆိုရေး ကော်မတီက စာရေးဆရာ ထင်လင်းဦးကို ဗစ်တိုးရီးယား မိသားစုက ကိုယ်စားလှယ်လွှဲစာ ပေးခဲ့ပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာလ ၂၇ ရက်က ဗစ်တိုးရီးယားရဲ့ ဖခင်က စာရေးဆရာ ထင်လင်းဦးကို ကိုယ်စားလှယ်လွှဲစာပေးခဲ့တာ ဖြစ်ပါတယ်။

"သမီလေးရဲ့ အဖေက ကျွန်တော့်ကို ကိုယ်စားလှယ် လွှဲပါတယ်။ သက်သေ နှစ်ယောက်ပါပါတယ်။ ၂ ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာ ကျွန်တော့်လက်ထဲ ရောက်မယ်။ ပြီးတာနဲ့ တရားစွဲဆိုမှု စပါပြီ" လို့ စာရေးဆရာ ထင်လင်းဦးက ပြောပါတယ်။

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက် ရေးအတွက် ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ ပါတဲ့ ကော်မတီကို ဒီဇင်ဘာလ ၂၂ ရက်က ဖွဲ့စည်းခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကလေးရဲ့နစ်နာမှုတွေ အတွက် ထိုက်သင့်တဲ့တာဝန်ယူမှု တာဝန်ခံမှုတွေကို ဖော်ဆောင် နိုင်ဖို့ အတွက် ဒီကော်မတီက လုပ်သွားမယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။

သံသယ တရားခံ ကိုအောင်ကြီးကို တရားရှင် လွှတ်လိုက်ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး ဗစ်တိုးရီးယားနဲ့ မိသားစုဘယ်သူဆိုတာ ကို သတင်းစာ ရှင်းလင်းပွဲ မှာရော ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Image caption ဗစ်တိုးရီးယားနာမည်နဲ့ မိသားစုအချက်အလက်တွေကို ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြော

"ပုဒ်မ ၂ ခုပေါ့နော် တစ်ခုက ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မ နဲ့ ကျွန်တော် က ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို စွဲမှာ၊ နောက်တစ်ခုက ကလေးအဖေက သတင်းစာရှင်းလင်းပွဲ က တာဝန်ရှိသူတွေကို ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ပုဒ်မ နဲ့ စွဲမှာပါ "လို့ ဦးထင်လင်းဦးက ပြောထားပါတယ်။

ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုမှုကို နေပြည်တော်မှာ စွဲဆိုမယ်လို့ ပြောပါတယ်။

အဲဒီအမှုအတွက် အကျိုးဆောင်ရှေ့နေအဖြစ် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) က ဆောင်ရွက်မှာ ဖြစ်ပြီး အဲဒီအဖွဲ့က အမှုအတွက် ပြင်ဆင်နေပြီလို့ စာရေးဆရာ ထင်လင်းဦးက ပြောပါတယ်။

တရားစွဲဆိုရာ ရဲဇာနည်စာမျက်မှာကို ကိုင်တွယ်တဲ့ (admin) တာဝန်ရှိသူကို စွဲဆိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"အဟန့်အတား တစ်ခုလည်း ဖြစ်အောင်၊ ထိရောက်တဲ့ အရေးယူမှုလည်း ဖြစ်အောင် တရားစွဲရမှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုဟာ နေပြည်တော် Wisdom Hill မူကြိုက အသက် သုံးနှစ်မပြည့်သေးတဲ့ ကျောင်းသူ လိင်မတရားပြုကျင့်ခံရတယ်လို့ တိုင်ကြားထားတဲ့အမှုဖြစ်ပြီး စတင်တိုင်ကြားချိန် မေလလယ်ကနေ ဒီဇင်ဘာလလယ်အထိ တရားရုံးချိန်း ၁၃ ချိန်း စစ်ဆေးအပြီးမှာ သံသယတရားခံကို တရားရုံးက တရားရှင်လွှတ်ပေးလိုက်လို့ တရားခွင် ပြီးဆုံးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - ရဲဇာနည္ကို တရားစြဲဖို႔ စာေရးဆရာထင္လင္းဦးကို ကိုယ္စားလွယ္လႊဲ ဗစ္တိုးရီးယားအမႈ - ရဲဇာနည္ကို တရားစြဲဖို႔ စာေရးဆရာထင္လင္းဦးကို ကိုယ္စားလွယ္လႊဲ Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.