ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ ဘယ္လိုေခ်ပသြားလဲ

 ျမန္မာဘက္က လုပ္ေဆာင္ေနတဲ့ စုံစမ္းစစ္ေဆးမႈေတြကို အသိအမွတ္ျပဳ ေလးစားဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲသြား
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို တပ္မေတာ္က က်ဳးလြန္ခဲ့တယ္ ဆိုတာနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ခုခံ ေျပာဆိုသြားခဲ့ၿပီး ႏိုင္ငံတကာအေနနဲ႔ ျမန္မာဘက္က လုပ္ေဆာင္ေနတဲ့ စုံစမ္းစစ္ေဆးမႈေတြကို အသိအမွတ္ျပဳ ေလးစားဖို႔ကိုလည္း ေလွ်ာက္လဲသြားပါတယ္။

အာဆာအဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ဒီျပႆနာေတြ စခဲ့တယ္ ဆိုတဲ့အေၾကာင္းကို ဂမ္ဘီယာဘက္က ေလွ်ာက္ထားတင္ျပခဲ့မႈေတြမွာ ထည့္သြင္း ေျပာသြားတာ မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဂမ္ဘီယာဘက္က ေလွ်ာက္လဲခဲ့တဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ က်ဳးလြန္ခဲ့တယ္ ဆိုတဲ့ အေျခအေနေတြဟာ အာဆာ အဖြဲ႕ဝင္ ၄၀၀ေလာက္က ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလမွာ ရခိုင္ျပည္နယ္က ရဲကင္းစခန္း ၃ ခုကို တိုက္ခိုက္ၿပီး ရဲတပ္ဖြဲ႕ဝင္ ၉ေယာက္ အပါဝင္ လူ၁၀၀ ေလာက္ ေသေစခဲ့တဲ့ တိုက္ခိုက္မႈကေန ဒီပဋိပကၡကို စျဖစ္လာတာ၊ ဒါေၾကာင့္ တပ္မေတာ္ဘက္က ကာကြယ္ေရး၊ လုံၿခဳံေရးေတြ တိုးျမႇင့္ဖို႔ စတင္ ေဆာင္႐ြက္လာရတာလို႔လည္း သူက ေလွ်ာက္လဲခဲ့ပါတယ္။

ဒါအျပင္ေမာင္ေတာ၊ ဘူးသီးေတာင္ နဲ႔ ရေသ့ေတာင္ဘက္က တိုက္ခိုက္မႈေတြကို အာဆာ အဖြဲ႕က တိုက္တာပါလို႔ ဝန္ခံထားသလို အာဆာဟာ ပါကစၥတန္ နဲ႔ အာဖဂန္စစ္ေသြးႂကြေတြက ေထာက္ပံ့ေနတာပါလို႔ ႏိုင္ငံတကာ ပဋိပကၡ ေလ့လာေရးအဖြဲ႕ICGက ထုတ္ျပန္ထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။
အာဆာတိုက္ခိုက္မႈေတြေၾကာင့္ ျမန္မာစစ္တပ္က အၾကမ္းဖက္မႈကို တုံ႔ျပန္တိုက္ခိုက္တာလို႔ ေလွ်ာက္လဲ

ဒီဇင္ဘာလ ၁၀ ရက္မွာ ဂမ္ဘီယာဘက္က ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႕ အစီရင္ခံစာနဲ႔ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ မစၥ ရန္ဟီးလီရဲ႕ အခ်က္အလက္ေတြကို ကိုးကားတင္ျပ ေလွ်ာက္လဲခဲ့ၾကပါတယ္။

ေရွ႕ေနေတြရဲ႕ တင္သြင္း ေျပာၾကားခ်က္ေတြမွာေတာ့ ႐ိုဟင္ဂ်ာေတြကို အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္တာေတြ၊ အမ်ိဳးသမီးေတြကို အဓမၼျပဳက်င့္တာေတြ၊ ေက်း႐ြာေတြကို မီးရႈိ႕ ဖ်က္ဆီးတာေတြ၊ ႐ြာေပါင္းမ်ားစြာ ေျပာင္းေ႐ႊ႕ခဲ့ရတာေတြ အဓိက ပါဝင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔အၾကား နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ နယ္စပ္ အနီးက ေမာင္ေတာကို အေျခစိုက္ၿပီး မြတ္ဆလင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေဒသ ျဖစ္ေအာင္ ႀကိဳးပမ္းေနမႈေတြကိုလည္း ေထာက္ျပသြားပါတယ္။

၂၀၁၇ ၾသဂုတ္ ၂၅ ရက္က နယ္ျခားေစာင့္ ရဲစခန္း၃၀ ေက်ာ္ကို တိုက္ခိုက္ခဲ့ၿပီး အဲဒီတိုက္ခိုက္သူေတြထဲမွာ အရပ္ဝတ္ ႐ြာသားေတြ ပါဝင္ခဲ့တယ္၊ အဲဒီေနာက္ ျမန္မာစစ္တပ္က တုံ႔ျပန္ တိုက္ခိုက္ခဲ့ၿပီး ေနရာေပါင္း ၆၀ မွာ တိုက္ပြဲေတြ ျဖစ္ခဲ့တာလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။
ဂမ္ဘီယာ အဖြဲ႕ေခါင္းေဆာင္ အဘူဘာကာ တမ္ဘာဒူး

ဂမ္ဘီယာဘက္က တင္ျပခဲ့တဲ့ ႐ြာ ၃ ႐ြာ အပါအဝင္ မင္းႀကီး၊ ေမာင္ႏု၊ က်ပ္ျပင္၊ ဂူတာျပင္ ၊အလယ္သံေက်ာ္ ကိုးတန္ေကာက္၊ ၿမိဳ႕သူႀကီး၊ ေမာင္ေတာ စတဲ့ေနရာေတြမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရးေတြ လုပ္စဥ္ တိုက္ပြဲေတြ ျဖစ္ခဲ့ၿပီးေတာ့ နယ္ေျမရွင္းလင္းေရး လုပ္တယ္ဆိုတာက အၾကမ္းဖက္ တိုက္ခိုက္ခဲ့သူေတြကို ျပန္ၿပီး ရွင္းလင္းတာပါလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားပါတယ္။

ဒီလို တိုက္ခိုက္မႈေတြ ျဖစ္ပြားတဲ့ေနရာမွာ ျမန္မာစစ္တပ္က ရဟတ္ယာဥ္ အသုံးျပဳ ရွင္းခဲ့ရတာ ျဖစ္ၿပီး ဒီလိုပစ္ခတ္ရာမွာ အရပ္သားနဲ႔ အာဆာေတြဟာ ခြဲလို႔ မရႏိုင္တာေၾကာင့္ တခ်ိဳ႕ျဖစ္ရပ္ေတြမွာ ႏိုင္ငံတကာက သတ္မွတ္တဲ့ လူအခြင့္ေရးေတြနဲ႔ ကြဲလြဲႏိုင္သလို အရပ္သားေတြ ထိခိုက္ ေသဆုံးမႈ ရွိႏိုင္တာကိုလည္း ရွင္းျပသြားပါတယ္။

ဒီလို ျမန္မာႏိုင္ငံရဲ႕ ရႈပ္ေထြးတဲ့ အေျခအေနေတြကို နားလည္ေပးဖို႔နဲ႔ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးလာတဲ့ အၾကမ္းဖက္သူေတြကို ျပန္လည္ေျဖရွင္းရတဲ့ ဒီလို အေျခအေနမ်ိဳးဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ ရည္႐ြယ္ခ်က္ ဆိုတဲ့ ဂမ္ဘီယာရဲ႕ တစ္ခုတည္းေသာ ယူဆခ်က္ဟာ မျဖစ္ႏိုင္ပါဘူးလို႔ ေျပာသြားပါတယ္။

ဒါ့အျပင္ ဒီလိုတိုက္ခိုက္မႈေတြမွာ တာဝန္ရွိသူေတြကို ျမန္မာတပ္မေတာ္ကလည္း အေရးယူမႈေတြ လုပ္ထားေၾကာင္းနဲ႔ အင္းဒင္နဲ႔ မန္စီမွာ အျပစ္ရွိသူေတြကို အေရးယူထားတာကိုလည္း ေထာက္ျပခဲ့သလို ဂူတာျပင္ ျပႆနာမွာ ျမန္မာတပ္မေတာ္က တာဝန္ရွိသူေတြကို စစ္ခုံ႐ုံးက စစ္ေဆးေနတာကိုလည္း ေထာက္ျပသြားပါတယ္။
၂၀၀၈ အေျခခံဥပေဒ ပုဒ္မ ၂၀ ခ မွာ ေဖာ္ျပထားတဲ့ တပ္မေတာ္သည္ တပ္ပိုင္းဆိုင္ရာကိစၥမ်ားကို လြတ္လပ္စြာစီမံပိုင္ခြင္ရွိတယ္ ဆိုတဲ့ အခ်က္ကိုေျပာ

ျမန္မာဘက္က ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံတကာ ပညာရွင္ေတြ ပါတဲ့ စုံစမ္းေရးအဖြဲေတြရဲ႕ စစ္ေဆးေနမႈေတြကိုလည္း ေျပာသြားၿပီးေတာ့ ဒီလို အေျခအေနမ်ိဳးမွာ ႏိုင္ငံတကာအေနနဲ႔ ျမန္မာဘက္က လုပ္ေဆာင္ေနတဲ့ စုံစမ္းစစ္ေဆးမႈေတြကို အသိအမွတ္ျပဳ ေလးစားဖို႔ကိုလည္း ေလွ်ာက္လဲသြားပါတယ္။

ဒါ့အျပင္ ျမန္မာ အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္မွာ မဟုတ္ဘဲ ျမန္မာႏိုင္ငံအတြင္း ဘယ္ေနရာမဆို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို လက္ခံမွာ မဟုတ္ဘူးလို႔လည္း ေျပာသြားခဲ့ပါတယ္။

ျမန္မာတပ္မေတာ္နဲ႔ အစိုးရအၾကား ဆက္ဆံေရးကိုလည္း ေထာက္ျပသြားၿပီး အစိုးရဟာ ျမန္မာတပ္မေတာ္အေပၚ တာဝန္မခံဘူး ဆိုၿပီး ဂမ္ဘီယာဘက္က ေျပာဆိုသြားတာနဲ႔ ပတ္သက္လို႔ ၂၀၀၈ အေျခခံဥပေဒ ပုဒ္မ ၂၀ ခ မွာ ေဖာ္ျပထားတဲ့ "တပ္မေတာ္သည္ တပ္ပိုင္းဆိုင္ရာကိစၥမ်ားကို လြတ္လပ္စြာ စီမံပိုင္ခြင့္ ရွိတယ္" ဆိုတဲ့ အခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ လႊတ္ေတာ္မွာ ေဆာင္႐ြက္ေနတဲ့ ဒီအခ်က္ေတြကို ျပင္ဆင္ဖို႔ လုပ္ေနတယ္ ဆိုတာကိုလည္း ရွင္းလင္း ေျပာဆိုသြားပါတယ္။

ဒီဇင္ဘာလ ၁၂ ရက္မွာ ျမန္မာနဲ႔ ဂမ္ဘီယာ ႏွစ္ဘက္ အျပန္အလွန္ေလွ်ာက္လဲၾကဖို႔ ရွိပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုချေပသွားလဲ

Image caption မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲသွား

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တပ်မတော်က ကျုးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုခံ ပြောဆိုသွားခဲ့ပြီး နိုင်ငံတကာအနေနဲ့ မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ကိုလည်း လျှောက်လဲသွားပါတယ်။

အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီပြဿနာတွေ စခဲ့တယ် ဆိုတဲ့အကြောင်းကို ဂမ်ဘီယာဘက်က လျှောက်ထားတင်ပြခဲ့မှုတွေမှာ ထည့်သွင်း ပြောသွားတာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂမ်ဘီယာဘက်က လျှောက်လဲခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ် ဆိုတဲ့ အခြေအနေတွေဟာ အာဆာ အဖွဲ့ဝင် ၄၀၀လောက်က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်း ၃ ခုကို တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၉ယောက် အပါဝင် လူ၁၀၀ လောက် သေစေခဲ့တဲ့ တိုက်ခိုက်မှုကနေ ဒီပဋိပက္ခကို စဖြစ်လာတာ၊ ဒါကြောင့် တပ်မတော်ဘက်က ကာကွယ်ရေး၊ လုံခြုံရေးတွေ တိုးမြှင့်ဖို့ စတင် ဆောင်ရွက်လာရတာလို့လည်း သူက လျှောက်လဲခဲ့ပါတယ်။

ဒါအပြင်မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်ဘက်က တိုက်ခိုက်မှုတွေကို အာဆာ အဖွဲ့က တိုက်တာပါလို့ ဝန်ခံထားသလို အာဆာဟာ ပါကစ္စတန် နဲ့ အာဖဂန်စစ်သွေးကြွတွေက ထောက်ပံ့နေတာပါလို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ICGက ထုတ်ပြန်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဆာတိုက်ခိုက်မှုတွေကြောင့် မြန်မာစစ်တပ်က အကြမ်းဖက်မှုကို တုံ့ပြန်တိုက်ခိုက်တာလို့ လျှောက်လဲ

ဒီဇင်ဘာလ ၁၀ ရက်မှာ ဂမ်ဘီယာဘက်က ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီရဲ့ အချက်အလက်တွေကို ကိုးကားတင်ပြ လျှောက်လဲခဲ့ကြပါတယ်။

ရှေ့နေတွေရဲ့ တင်သွင်း ပြောကြားချက်တွေမှာတော့ ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေ၊ ရွာပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရတာတွေ အဓိက ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ် အနီးက မောင်တောကို အခြေစိုက်ပြီး မွတ်ဆလင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဖြစ်အောင် ကြိုးပမ်းနေမှုတွေကိုလည်း ထောက်ပြသွားပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်က နယ်ခြားစောင့် ရဲစခန်း၃၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်သူတွေထဲမှာ အရပ်ဝတ် ရွာသားတွေ ပါဝင်ခဲ့တယ်၊ အဲဒီနောက် မြန်မာစစ်တပ်က တုံ့ပြန် တိုက်ခိုက်ခဲ့ပြီး နေရာပေါင်း ၆၀ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူး

ဂမ်ဘီယာဘက်က တင်ပြခဲ့တဲ့ ရွာ ၃ ရွာ အပါအဝင် မင်းကြီး၊ မောင်နု၊ ကျပ်ပြင်၊ ဂူတာပြင် ၊အလယ်သံကျော် ကိုးတန်ကောက်၊ မြို့သူကြီး၊ မောင်တော စတဲ့နေရာတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်စဉ် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုတာက အကြမ်းဖက် တိုက်ခိုက်ခဲ့သူတွေကို ပြန်ပြီး ရှင်းလင်းတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့နေရာမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ် အသုံးပြု ရှင်းခဲ့ရတာ ဖြစ်ပြီး ဒီလိုပစ်ခတ်ရာမှာ အရပ်သားနဲ့ အာဆာတွေဟာ ခွဲလို့ မရနိုင်တာကြောင့် တချို့ဖြစ်ရပ်တွေမှာ နိုင်ငံတကာက သတ်မှတ်တဲ့ လူအခွင့်ရေးတွေနဲ့ ကွဲလွဲနိုင်သလို အရပ်သားတွေ ထိခိုက် သေဆုံးမှု ရှိနိုင်တာကိုလည်း ရှင်းပြသွားပါတယ်။

ဒီလို မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို နားလည်ပေးဖို့နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ အကြမ်းဖက်သူတွေကို ပြန်လည်ဖြေရှင်းရတဲ့ ဒီလို အခြေအနေမျိုးဟာ လူမျိုးတုံး သတ်ဖြတ်မှု ရည်ရွယ်ချက် ဆိုတဲ့ ဂမ်ဘီယာရဲ့ တစ်ခုတည်းသော ယူဆချက်ဟာ မဖြစ်နိုင်ပါဘူးလို့ ပြောသွားပါတယ်။

ဒါ့အပြင် ဒီလိုတိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူတွေကို မြန်မာတပ်မတော်ကလည်း အရေးယူမှုတွေ လုပ်ထားကြောင်းနဲ့ အင်းဒင်နဲ့ မန်စီမှာ အပြစ်ရှိသူတွေကို အရေးယူထားတာကိုလည်း ထောက်ပြခဲ့သလို ဂူတာပြင် ပြဿနာမှာ မြန်မာတပ်မတော်က တာဝန်ရှိသူတွေကို စစ်ခုံရုံးက စစ်ဆေးနေတာကိုလည်း ထောက်ပြသွားပါတယ်။
Image caption ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ ခ မှာ ဖော်ပြထားတဲ့ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာစီမံပိုင်ခွင်ရှိတယ် ဆိုတဲ့ အချက်ကိုပြော

မြန်မာဘက်က ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ပညာရှင်တွေ ပါတဲ့ စုံစမ်းရေးအဖွဲတွေရဲ့ စစ်ဆေးနေမှုတွေကိုလည်း ပြောသွားပြီးတော့ ဒီလို အခြေအနေမျိုးမှာ နိုင်ငံတကာအနေနဲ့ မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ကိုလည်း လျှောက်လဲသွားပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမဆို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ အစိုးရအကြား ဆက်ဆံရေးကိုလည်း ထောက်ပြသွားပြီး အစိုးရဟာ မြန်မာတပ်မတော်အပေါ် တာဝန်မခံဘူး ဆိုပြီး ဂမ်ဘီယာဘက်က ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ ခ မှာ ဖော်ပြထားတဲ့ "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာ စီမံပိုင်ခွင့် ရှိတယ်" ဆိုတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဒီအချက်တွေကို ပြင်ဆင်ဖို့ လုပ်နေတယ် ဆိုတာကိုလည်း ရှင်းလင်း ပြောဆိုသွားပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်မှာ မြန်မာနဲ့ ဂမ်ဘီယာ နှစ်ဘက် အပြန်အလှန်လျှောက်လဲကြဖို့ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ ဘယ္လိုေခ်ပသြားလဲ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ ဘယ္လိုေခ်ပသြားလဲ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.