လူအစုအၿပဳံလိုက္သတ္မႈနဲ႔ ဖိလစ္ပိုင္ ေဆြမ်ိဳးတစ္သိုက္ကို ေထာင္ဒဏ္ေတြခ်

အန္ဒယ္လ္ အမ္ပကတူအန္ ဟာ ၾသဇာႀကီးတဲ့ ေဆြမ်ိဳးအုပ္စုႀကီးထဲက မိသားစုဝင္ တစ္ဦးျဖစ္
(Zawgyi)⤵⤵⤵
ဖိလစ္ပိုင္ႏိုင္ငံမွာ အဆိုးဝါးဆုံး လူအစုလိုက္ အၿပဳံလိုက္ သတ္မႈႀကီးမွာ ႀကိဳးကိုင္စီစဥ္ခဲ့သူေတြကို ျပစ္မႈထင္ရွားေၾကာင္း ဖိလစ္ပိုင္တရား႐ုံးက စီရင္ခ်က္ ခ်လိုက္ပါတယ္။

၂၀၀၉ ခုႏွစ္တုန္းက ႏိုင္ငံေတာင္ပိုင္း မာဂြင္ဒါနာအို ျပည္နယ္မွာ ကားတန္းႀကီး တိုက္ခိုက္ခံခဲ့ရတဲ့အတြက္ သတင္းေထာက္ ၃၂ ဦး အပါအဝင္ လူ ၅၈ ဦး ေသဆုံးခဲ့ပါတယ္။

အန္ဒယ္လ္ အမ္ပက္တူအန္ ဂ်ဴနီယာနဲ႔ ဇာလ္ဒီ အမ္ပက္တူအန္ တို႔ ညီအစ္ကို ႏွစ္ဦး အပါအဝင္ ၾသဇာႀကီးမားတဲ့ ေဆြမ်ိဳးအုပ္စုႀကီး တစ္ခုရဲ႕ မိသားစုဝင္ ၅ ဦးကို တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္ ခ်မွတ္လိုက္ပါတယ္။ ညီအစ္ကိုေတာ္စပ္သူ ေနာက္တစ္ဦးကေတာ့ တရားေသ လြတ္သြားပါတယ္။

ဒီအမႈဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ တရားစီရင္ေရး စနစ္အေပၚ စမ္းသပ္မႈ တစ္ခုျဖစ္တယ္လို႔ အမ်ားက ရႈျမင္ထားၾကပါတယ္။

ေဆြမ်ိဳးအုပ္စုႀကီးရဲ႕ တျခား မိသားစုဝင္ ၃ ဦးျဖစ္တဲ့ အန္ဝါ အမ္ပက္တူအန္ ဆီနီယာ၊ အန္ဝါ အမ္ပက္တူအန္ ဂ်ဴနီယာနဲ႔ အန္ဝါ ဆာဂ်စ္ အမ္ပက္တူအန္ တို႔လည္း ျပစ္မႈ ထင္ရွားခဲ့ၾကပါတယ္။

အမ္ပက္တူအန္ မိသားစုဝင္ေတြကေတာ့ စြဲခ်က္ေတြအားလုံးကို ျငင္းဆိုထားၿပီး ျပစ္မႈထင္ရွားေၾကာင္း တရား႐ုံး ဆုံးျဖတ္ခ်က္ကို အယူခံဝင္မယ္လို႔ ေျပာပါတယ္။

ဒီသတ္ျဖတ္မႈကို လုပ္ဖို႔ အမ္ပက္တူအန္ မိသားစုဝင္ေတြရဲ႕ ၫႊန္ၾကားခံရတဲ့ က်န္တရားခံေတြလည္း ေထာင္ဒဏ္ ၆ ႏွစ္ကေန ၁၀ ႏွစ္အတြင္း ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။

ရဲအရာရွိေတြနဲ႔ အမ္ပက္တူအန္ မိသားစုဝင္ေတြ အပါအဝင္ က်န္တဲ့ တရားခံ ၈၀ ေလာက္ကေတာ့ လြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။

တရားခံအျဖစ္ စြပ္စြဲခံခဲ့ရသူ ရဲအရာရွိ အေတာ္မ်ားမ်ားကိုေတာ့ တရားေသ လႊတ္လိုက္ပါတယ္။
 ေသဆုံးသြားခဲ့သူေတြကို ေအာင္းေမ့တဲ့ အခမ္းအနားတစ္ခု မနီလာၿမိဳ႕မွာ အခုလက က်င္းပခဲ့
မာဂြင္ဒါနာအိုမွာ ဘာေတြ ျဖစ္ခဲ့သလဲ

မၿငိမ္မသက္ ျဖစ္ေနတဲ့ မာဂြင္ဒါနာအို ျပည္နယ္ကို အမ္ပက္တူအန္ ေဆြမ်ိဳး အုပ္စုႀကီးက ႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္လာခဲ့တာ ျဖစ္ပါတယ္။ သူတို႔က အဲဒီေဒသက ႏိုင္ငံေရးရာထူးေနရာ အားလုံးနီးပါးေလာက္ကို ယူထားၾကတာပါ။

ဒါေပမဲ့ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ေ႐ြးေကာက္ပြဲမွာ သူတို႔လိုပဲ ၾသဇာႀကီးတဲ့ ေဆြမ်ိဳး အုပ္စုႀကီးတစ္ခုရဲ႕ မိသားစုဝင္ အက္စ္ေမးလ္ မန္ဂူဒါဒါတူ ဆိုသူက ၿပိဳင္ဘက္အျဖစ္ ဝင္ၿပိဳင္ခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္ ႏိုဝင္ဘာလ ၂၃ ရက္ေန႔မွာ မစၥတာ မန္ဂူဒါဒါတူရဲ႕ ဇနီး၊ ညီမေတြနဲ႔ တျခား အမ်ိဳးသမီး ေဆြမ်ိဳးေတြဟာ မဲေပးဖို႔အတြက္ ကားတန္းႀကီးနဲ႔ ထြက္ခြာလာခဲ့ၾကပါတယ္။

သတင္းေထာက္ ၃၂ ဦးနဲ႔ မီဒီယာ ဝန္ထမ္းေတြလည္း အဲဒီျဖစ္ရပ္ကို သတင္းယူဖို႔ အတူ လိုက္ပါခဲ့ၾကပါတယ္။ အားလုံး စုစုေပါင္း လူ ၅၈ ဦးပါ။

သူတို႔ရဲ႕ ကားတန္းႀကီးကို အမ္ပက္တူအန္ မိသားစုဝင္ေတြ ေစလႊတ္လိုက္တယ္ ဆိုတဲ့ သစၥာေတာ္ခံေတြက ျပန္ေပးဆြဲခဲ့ပါတယ္။ သူတို႔ကို ေတာင္ကုန္းထိပ္ကို ေခၚသြားၿပီး ေသနတ္နဲ႔ ပစ္သတ္ဖို႔ အမိန္႔ေပးထားတယ္လို႔ ဆိုပါတယ္။

ေသဆုံးသူေတြရဲ႕ အေလာင္းေတြကို တြင္းနက္တစ္ခုထဲမွာ အစုလိုက္အၿပဳံလိုက္ ျမႇဳပ္ထားတာကို ျပန္ေတြ႕ခဲ့ရပါတယ္။

"ကြၽန္ေတာ့္ဇနီးက ၁၇ ခ်က္ ေသနတ္နဲ႔ အပစ္ခံခဲ့ရတယ္။ ရင္သားနဲ႔ မိန္းမအဂၤါ ေတြကို ခ်ိန္ၿပီး ပစ္ခဲ့တာ။ ဒီရက္စက္မႈကို ကြၽန္ေတာ့္တစ္သက္ ဘယ္ေတာ့မွ ေမ့ႏိုင္မွာ မဟုတ္ဘူး" လို႔ မာဂြင္ဒါနာအို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ခဲ့သူ မစၥတာ မန္ဂူဒါဒါတူ က ေျပာပါတယ္။

တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ဟာ တရားမွ်တမႈကို ေရွးရႈတဲ့ အေရးပါတဲ့ ေျခလွမ္းတစ္ရပ္ ျဖစ္တယ္လို႔ Amnesty International လူ႔အခြင့္အေရး အုပ္စုက ေျပာပါတယ္။

ဒါေပမဲ့လည္း တရားမွ်တမႈေတြ ျဖစ္လာဖို႔ ေနာက္ထပ္ အမ်ားႀကီး လိုေနေသးတယ္လို႔ သူတို႔က ေျပာခဲ့ၿပီး ၾသဇာလႊမ္းမိုးတဲ့ ႏိုင္ငံေရး ေဆြမ်ိဳးအုပ္စုႀကီးေတြ ဖြဲ႕ထားတဲ့ ပုဂၢလိက စစ္တပ္ေတြကို ဖ်က္သိမ္းပစ္ဖို႔ အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။
 ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ဖို႔ လုပ္ခဲ့လို႔ အမ္ပက္တူအန္ မိသားစုဝင္ေတြရဲ႕ ရန္ၿငိဳးထားခံခဲ့ရသူ မစၥတာ မန္ဂူဒါဒါတူ

သူတို႔ေျပာသမွ် ေခါင္းညိတ္ရင္ညိတ္ မဟုတ္ရင္ အသတ္ခံရ

တရား႐ုံးရဲ႕ အခု ဆုံးျဖတ္ခ်က္ဟာ ႏိုင္ငံေရးသမားတခ်ိဳ႕ လုပ္ခ်င္တာ လုပ္ၿပီး အျပစ္ေပးမခံရပဲ လြတ္ေလ့ ရွိတဲ့ ဓေလ့အေပၚ ထိုးႏွက္လိုက္တာ ျဖစ္တယ္လို႔ လူ႔အခြင့္အေရး အုပ္စုေတြက ေျပာပါတယ္။

အမ္ပက္တူအန္ မိသားစုဝင္ေတြအေၾကာင္း Human Rights Watch အဖြဲ႕ရဲ႕ ၂၀၁၀ ခုႏွစ္ အစီရင္ခံစာထဲမွာ သူတို႔မိသားစုကို မာဂြင္ဒါနာအို ျပည္နယ္မွာ စစ္အႀကီးအကဲေတြအျဖစ္ သတ္မွတ္ထားၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

သူတို႔မိသားစုရဲ႕ ဆို႐ိုးစကားက သူတို႔ေျပာသမွ် ေခါင္းညိတ္ရင္ညိတ္ မဟုတ္ရင္ အသတ္ခံရမယ္လို႔ အဲဒီအခ်ိန္တုန္းက အမ္ပက္တူအန္ မိသားစုဝင္ေတြရဲ႕ လက္နက္ကိုင္ တစ္ဦးျဖစ္ခဲ့သူက ျပန္ေျပာျပပါတယ္။

ဖိလစ္ပိုင္ သတင္းေထာက္ ဟားဝါ့ဒ္ ဂြၽန္ဆင္က သူအဲဒီမွာ ေ႐ြးေကာက္ပြဲ သတင္းယူေနခ်ိန္တုန္းက အဲဒီမွာ ႏိုင္ငံေရး ၿပိဳင္ဘက္ေတြအၾကား ၿပိဳင္ဆိုင္မႈေတြ အႀကီးအက်ယ္ ရွိေနတဲ့အတြက္ အၾကမ္းဖက္မႈေတြ ျဖစ္လာႏိုင္တဲ့ ေနရာေတြကို သူ႔ကို သတိေပးခဲ့ၾကတယ္လို႔ ေျပာပါတယ္။

တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို သမၼတ ဒူတာေတးရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဆာလ္ေဗေဒါ ပနဲလို က ႀကိဳဆိုလိုက္ၿပီး ဒါဟာ မီဒီယာ သတင္းသမားေတြ အေပၚ အၾကမ္းဖက္တိုက္ခိုက္မႈ၊ ၿခိမ္းေျခာက္မႈ၊ အႏၲရာယ္ေတြကေန ကာကြယ္ဖို႔ အစိုးရရဲ႕ ႀကိဳးပမ္းေနမႈနဲ႔ ကိုက္ညီေနတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ သမၼတ ဒူတာေတးကေတာ့ မီဒီယာေတြနဲ႔ ခ်စ္ခင္ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး မရွိခဲ့ပါဘူး။

"သတင္းသမား ျဖစ္လို႔ ဆိုၿပီး လုပ္ႀကံမခံရဘူးလို႔ မထင္နဲ႔ ေခြးမသားလို လုပ္ေနရင္ လြတ္မွာမဟုတ္ဘူး" လို႔ သမၼတ ဒူတာေတးက ၂၀၁၆ ခုႏွစ္တုန္းက ေျပာခဲ့ဖူးပါတယ္။

အသတ္ခံခဲ့ရသူေတြက ဘယ္သူေတြလဲ
 ေသဆုံးခဲ့သူေတြအတြက္ အထိမ္းအမွတ္ပြဲတစ္ခု ၂၀၁၅ ခုႏွစ္တုန္းက လုပ္ခဲ့စဥ္


အသတ္ခံခဲ့ရသူေတြဟာ မစၥတာ မန္ဂူဒါဒါတူရဲ႕ အမ်ိဳးသမီး ေဆြမ်ိဳးေတြနဲ႔ သတင္းယူဖို႔ လိုက္လာၾကတဲ့ သတင္းသမားေတြ ျဖစ္ပါတယ္။

မစၥတာ မန္ဂူဒါဒါတူရဲ႕ အမ်ိဳးသား ေဆြမ်ိဳးေတြကေတာ့ အတိုက္ခိုက္ခံရႏိုင္တယ္ ဆိုၿပီး သူတို႔နဲ႔အတူ လိုက္မသြားခဲ့ပါဘူး။ အမ်ိဳးသမီးေတြကိုေတာ့ တိုက္ခိုက္မွာ မဟုတ္ဘူးလို႔ ထင္ခဲ့ေၾကာင္း မစၥတာ မန္ဂူဒါဒါတူ က ေျပာပါတယ္။

ဒီသတ္ျဖတ္မႈဟာ သတင္းေထာက္ေတြ အသတ္ခံခဲ့ရမႈ သမိုင္းမွာ လူအေသအေပ်ာက္ အမ်ားဆုံး ျဖစ္တယ္လို႔ CPJ သတင္းသမားေတြကို ကာကြယ္ေစာင့္ေရွာက္တဲ့ ေကာ္မတီ က ေျပာပါတယ္။ အခုခ်ိန္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံက သတင္းသမားေတြ လုံးဝ ေဘးကင္းလုံၿခဳံတယ္လို႔ ေျပာလို႔ မရေသးပါဘူး။

ဖိလစ္ပိုင္ႏိုင္ငံဟာ သတင္းသမားေတြအတြက္ အႏၲရာယ္ အမ်ားဆုံး ႏိုင္ငံ ေတြထဲမွာ အဆင့္ ၁၀ မွာ ရွိေနဆဲ ျဖစ္ၿပီး အစိုးရကို ေဝဖန္တဲ့ သတင္းေဖာ္ျပမႈေတြေၾကာင့္ သတင္းသမား တခ်ိဳ႕ အေနနဲ႔ အြန္လိုင္းေပၚကေန ေစာ္ကားတာ၊ ကိုယ္ထိလက္ေရာက္ တိုက္ခိုက္တာေတြကို ခံေနရဆဲ ျဖစ္တယ္လို႔ CPJ က ေျပာပါတယ္။

ဒီအမႈကို ဆုံးျဖတ္ဖို႔ ဘာ့ေၾကာင့္ ဒီေလာက္ အခ်ိန္ၾကာခဲ့ရသလဲ

ဒီလူအစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈႀကီး ျဖစ္ပြားခဲ့တာ ၁၀ ႏွစ္ၾကာ ရွိသြားၿပီ ျဖစ္ၿပီး ဒီကေန႔မွာေတာ့ တရား႐ုံးက အမ္ပက္တူအန္ မိသားစုဝင္ေတြ အပါအဝင္ မသကၤာဖြယ္ လူ ၁၀၀ ေက်ာ္ကို ျပစ္မႈထင္ရွားေၾကာင္း ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

သံသယတရားခံ ၈၀ ေလာက္ ခုခ်ိန္ထိ လြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။ အနည္းဆုံး မ်က္ျမင္သက္ေသ ၄ ေယာက္ေလာက္ သက္ေသ မထြက္ဆိုခင္မွာပဲ အသတ္ခံခဲ့ရတယ္လို႔ သတင္းေတြအရ သိရပါတယ္။

ေသဆုံးသူေတြရဲ႕ မိသားစုဝင္ အေတာ္မ်ားမ်ားက သူတို႔ကို အမႈျပန္႐ုပ္သိမ္းေပးဖို႔ တရားခံဘက္က ေငြေၾကး ကမ္းလွမ္းတာေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
လူအစုအပြုံလိုက်သတ်မှုနဲ့ ဖိလစ်ပိုင် ဆွေမျိုးတစ်သိုက်ကို ထောင်ဒဏ်တွေချ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အန်ဒယ်လ် အမ်ပကတူအန် ဟာ သြဇာကြီးတဲ့ ဆွေမျိုးအုပ်စုကြီးထဲက မိသားစုဝင် တစ်ဦးဖြစ်

ဖိလစ်ပိုင်နိုင်ငံမှာ အဆိုးဝါးဆုံး လူအစုလိုက် အပြုံလိုက် သတ်မှုကြီးမှာ ကြိုးကိုင်စီစဉ်ခဲ့သူတွေကို ပြစ်မှုထင်ရှားကြောင်း ဖိလစ်ပိုင်တရားရုံးက စီရင်ချက် ချလိုက်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက နိုင်ငံတောင်ပိုင်း မာဂွင်ဒါနာအို ပြည်နယ်မှာ ကားတန်းကြီး တိုက်ခိုက်ခံခဲ့ရတဲ့အတွက် သတင်းထောက် ၃၂ ဦး အပါအဝင် လူ ၅၈ ဦး သေဆုံးခဲ့ပါတယ်။

အန်ဒယ်လ် အမ်ပက်တူအန် ဂျူနီယာနဲ့ ဇာလ်ဒီ အမ်ပက်တူအန် တို့ ညီအစ်ကို နှစ်ဦး အပါအဝင် သြဇာကြီးမားတဲ့ ဆွေမျိုးအုပ်စုကြီး တစ်ခုရဲ့ မိသားစုဝင် ၅ ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ညီအစ်ကိုတော်စပ်သူ နောက်တစ်ဦးကတော့ တရားသေ လွတ်သွားပါတယ်။

ဒီအမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တရားစီရင်ရေး စနစ်အပေါ် စမ်းသပ်မှု တစ်ခုဖြစ်တယ်လို့ အများက ရှုမြင်ထားကြပါတယ်။

ဆွေမျိုးအုပ်စုကြီးရဲ့ တခြား မိသားစုဝင် ၃ ဦးဖြစ်တဲ့ အန်ဝါ အမ်ပက်တူအန် ဆီနီယာ၊ အန်ဝါ အမ်ပက်တူအန် ဂျူနီယာနဲ့ အန်ဝါ ဆာဂျစ် အမ်ပက်တူအန် တို့လည်း ပြစ်မှု ထင်ရှားခဲ့ကြပါတယ်။

အမ်ပက်တူအန် မိသားစုဝင်တွေကတော့ စွဲချက်တွေအားလုံးကို ငြင်းဆိုထားပြီး ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို လုပ်ဖို့ အမ်ပက်တူအန် မိသားစုဝင်တွေရဲ့ ညွှန်ကြားခံရတဲ့ ကျန်တရားခံတွေလည်း ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အတွင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ရဲအရာရှိတွေနဲ့ အမ်ပက်တူအန် မိသားစုဝင်တွေ အပါအဝင် ကျန်တဲ့ တရားခံ ၈၀ လောက်ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

တရားခံအဖြစ် စွပ်စွဲခံခဲ့ရသူ ရဲအရာရှိ အတော်များများကိုတော့ တရားသေ လွှတ်လိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption သေဆုံးသွားခဲ့သူတွေကို အောင်းမေ့တဲ့ အခမ်းအနားတစ်ခု မနီလာမြို့မှာ အခုလက ကျင်းပခဲ့

မာဂွင်ဒါနာအိုမှာ ဘာတွေ ဖြစ်ခဲ့သလဲ

မငြိမ်မသက် ဖြစ်နေတဲ့ မာဂွင်ဒါနာအို ပြည်နယ်ကို အမ်ပက်တူအန် ဆွေမျိုး အုပ်စုကြီးက နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့က အဲဒီဒေသက နိုင်ငံရေးရာထူးနေရာ အားလုံးနီးပါးလောက်ကို ယူထားကြတာပါ။

ဒါပေမဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ သူတို့လိုပဲ သြဇာကြီးတဲ့ ဆွေမျိုး အုပ်စုကြီးတစ်ခုရဲ့ မိသားစုဝင် အက်စ်မေးလ် မန်ဂူဒါဒါတူ ဆိုသူက ပြိုင်ဘက်အဖြစ် ဝင်ပြိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မစ္စတာ မန်ဂူဒါဒါတူရဲ့ ဇနီး၊ ညီမတွေနဲ့ တခြား အမျိုးသမီး ဆွေမျိုးတွေဟာ မဲပေးဖို့အတွက် ကားတန်းကြီးနဲ့ ထွက်ခွာလာခဲ့ကြပါတယ်။

သတင်းထောက် ၃၂ ဦးနဲ့ မီဒီယာ ဝန်ထမ်းတွေလည်း အဲဒီဖြစ်ရပ်ကို သတင်းယူဖို့ အတူ လိုက်ပါခဲ့ကြပါတယ်။ အားလုံး စုစုပေါင်း လူ ၅၈ ဦးပါ။

သူတို့ရဲ့ ကားတန်းကြီးကို အမ်ပက်တူအန် မိသားစုဝင်တွေ စေလွှတ်လိုက်တယ် ဆိုတဲ့ သစ္စာတော်ခံတွေက ပြန်ပေးဆွဲခဲ့ပါတယ်။ သူတို့ကို တောင်ကုန်းထိပ်ကို ခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို တွင်းနက်တစ်ခုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ပြန်တွေ့ခဲ့ရပါတယ်။

"ကျွန်တော့်ဇနီးက ၁၇ ချက် သေနတ်နဲ့ အပစ်ခံခဲ့ရတယ်။ ရင်သားနဲ့ မိန်းမအင်္ဂါ တွေကို ချိန်ပြီး ပစ်ခဲ့တာ။ ဒီရက်စက်မှုကို ကျွန်တော့်တစ်သက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး" လို့ မာဂွင်ဒါနာအို ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့သူ မစ္စတာ မန်ဂူဒါဒါတူ က ပြောပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုကို ရှေးရှုတဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ Amnesty International လူ့အခွင့်အရေး အုပ်စုက ပြောပါတယ်။

ဒါပေမဲ့လည်း တရားမျှတမှုတွေ ဖြစ်လာဖို့ နောက်ထပ် အများကြီး လိုနေသေးတယ်လို့ သူတို့က ပြောခဲ့ပြီး သြဇာလွှမ်းမိုးတဲ့ နိုင်ငံရေး ဆွေမျိုးအုပ်စုကြီးတွေ ဖွဲ့ထားတဲ့ ပုဂ္ဂလိက စစ်တပ်တွေကို ဖျက်သိမ်းပစ်ဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ လုပ်ခဲ့လို့ အမ်ပက်တူအန် မိသားစုဝင်တွေရဲ့ ရန်ငြိုးထားခံခဲ့ရသူ မစ္စတာ မန်ဂူဒါဒါတူ

သူတို့ပြောသမျှ ခေါင်းညိတ်ရင်ညိတ် မဟုတ်ရင် အသတ်ခံရ

တရားရုံးရဲ့ အခု ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးသမားတချို့ လုပ်ချင်တာ လုပ်ပြီး အပြစ်ပေးမခံရပဲ လွတ်လေ့ ရှိတဲ့ ဓလေ့အပေါ် ထိုးနှက်လိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။

အမ်ပက်တူအန် မိသားစုဝင်တွေအကြောင်း Human Rights Watch အဖွဲ့ရဲ့ ၂၀၁၀ ခုနှစ် အစီရင်ခံစာထဲမှာ သူတို့မိသားစုကို မာဂွင်ဒါနာအို ပြည်နယ်မှာ စစ်အကြီးအကဲတွေအဖြစ် သတ်မှတ်ထားကြတယ်လို့ ဖော်ပြထားပါတယ်။

သူတို့မိသားစုရဲ့ ဆိုရိုးစကားက သူတို့ပြောသမျှ ခေါင်းညိတ်ရင်ညိတ် မဟုတ်ရင် အသတ်ခံရမယ်လို့ အဲဒီအချိန်တုန်းက အမ်ပက်တူအန် မိသားစုဝင်တွေရဲ့ လက်နက်ကိုင် တစ်ဦးဖြစ်ခဲ့သူက ပြန်ပြောပြပါတယ်။

ဖိလစ်ပိုင် သတင်းထောက် ဟားဝါ့ဒ် ဂျွန်ဆင်က သူအဲဒီမှာ ရွေးကောက်ပွဲ သတင်းယူနေချိန်တုန်းက အဲဒီမှာ နိုင်ငံရေး ပြိုင်ဘက်တွေအကြား ပြိုင်ဆိုင်မှုတွေ အကြီးအကျယ် ရှိနေတဲ့အတွက် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ နေရာတွေကို သူ့ကို သတိပေးခဲ့ကြတယ်လို့ ပြောပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆာလ်ဗေဒေါ ပနဲလို က ကြိုဆိုလိုက်ပြီး ဒါဟာ မီဒီယာ သတင်းသမားတွေ အပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ အန္တရာယ်တွေကနေ ကာကွယ်ဖို့ အစိုးရရဲ့ ကြိုးပမ်းနေမှုနဲ့ ကိုက်ညီနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သမ္မတ ဒူတာတေးကတော့ မီဒီယာတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ပါဘူး။

"သတင်းသမား ဖြစ်လို့ ဆိုပြီး လုပ်ကြံမခံရဘူးလို့ မထင်နဲ့ ခွေးမသားလို လုပ်နေရင် လွတ်မှာမဟုတ်ဘူး" လို့ သမ္မတ ဒူတာတေးက ၂၀၁၆ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။

အသတ်ခံခဲ့ရသူတွေက ဘယ်သူတွေလဲ
ဓာတ်ပုံ မူပိုင် Getty Images
Image caption သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်ပွဲတစ်ခု ၂၀၁၅ ခုနှစ်တုန်းက လုပ်ခဲ့စဉ်

အသတ်ခံခဲ့ရသူတွေဟာ မစ္စတာ မန်ဂူဒါဒါတူရဲ့ အမျိုးသမီး ဆွေမျိုးတွေနဲ့ သတင်းယူဖို့ လိုက်လာကြတဲ့ သတင်းသမားတွေ ဖြစ်ပါတယ်။

မစ္စတာ မန်ဂူဒါဒါတူရဲ့ အမျိုးသား ဆွေမျိုးတွေကတော့ အတိုက်ခိုက်ခံရနိုင်တယ် ဆိုပြီး သူတို့နဲ့အတူ လိုက်မသွားခဲ့ပါဘူး။ အမျိုးသမီးတွေကိုတော့ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြောင်း မစ္စတာ မန်ဂူဒါဒါတူ က ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ သတင်းထောက်တွေ အသတ်ခံခဲ့ရမှု သမိုင်းမှာ လူအသေအပျောက် အများဆုံး ဖြစ်တယ်လို့ CPJ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ကော်မတီ က ပြောပါတယ်။ အခုချိန်မှာလည်း ဖိလစ်ပိုင်နိုင်ငံက သတင်းသမားတွေ လုံးဝ ဘေးကင်းလုံခြုံတယ်လို့ ပြောလို့ မရသေးပါဘူး။

ဖိလစ်ပိုင်နိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ် အများဆုံး နိုင်ငံ တွေထဲမှာ အဆင့် ၁၀ မှာ ရှိနေဆဲ ဖြစ်ပြီး အစိုးရကို ဝေဖန်တဲ့ သတင်းဖော်ပြမှုတွေကြောင့် သတင်းသမား တချို့ အနေနဲ့ အွန်လိုင်းပေါ်ကနေ စော်ကားတာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေကို ခံနေရဆဲ ဖြစ်တယ်လို့ CPJ က ပြောပါတယ်။

ဒီအမှုကို ဆုံးဖြတ်ဖို့ ဘာ့ကြောင့် ဒီလောက် အချိန်ကြာခဲ့ရသလဲ

ဒီလူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့တာ ၁၀ နှစ်ကြာ ရှိသွားပြီ ဖြစ်ပြီး ဒီကနေ့မှာတော့ တရားရုံးက အမ်ပက်တူအန် မိသားစုဝင်တွေ အပါအဝင် မသင်္ကာဖွယ် လူ ၁၀၀ ကျော်ကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သံသယတရားခံ ၈၀ လောက် ခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ အနည်းဆုံး မျက်မြင်သက်သေ ၄ ယောက်လောက် သက်သေ မထွက်ဆိုခင်မှာပဲ အသတ်ခံခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင် အတော်များများက သူတို့ကို အမှုပြန်ရုပ်သိမ်းပေးဖို့ တရားခံဘက်က ငွေကြေး ကမ်းလှမ်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com
လူအစုအၿပဳံလိုက္သတ္မႈနဲ႔ ဖိလစ္ပိုင္ ေဆြမ်ိဳးတစ္သိုက္ကို ေထာင္ဒဏ္ေတြခ် လူအစုအၿပဳံလိုက္သတ္မႈနဲ႔ ဖိလစ္ပိုင္ ေဆြမ်ိဳးတစ္သိုက္ကို ေထာင္ဒဏ္ေတြခ် Reviewed by THITHTOOLWIN on 02:46 Rating: 5
Powered by Blogger.