သြားက်န္းမာေရးကို အမ်ားဆုံးထိခိုက္ေစေသာ အစားအစာ ၈ မ်ိဳး

(Zawgyi)⤵⤵⤵
သင့္က်န္းမာေရးဟာ သင္စားေနတဲ့အရာေတြေပၚ မူတည္တယ္လို႔ အဆိုရွိပါတယ္။ သင့္ရဲ႕ သြားက်န္းမာေရး အတြက္ဆိုလည္း အလားတူပါပဲ။ သင္စားသုံးလိုက္တဲ့ အရာေတြဟာ သင့္သြားနဲ႔ခံတြင္း က်န္းမာေရးအေပၚ သက္ေရာက္မႈ ရွိပါတယ္။ အခ်ိဳ႕ေသာ အစားအေသာက္မ်ားဟာ သြားေက်ာက္တည္ျခင္းေတြကို ျဖစ္ေပၚေစပါတယ္။ သြားေက်ာက္မ်ားမွာ ဘက္တီးရီးယားေတြလည္း ကပ္ၿငိေနႏိုင္ၿပီး သြားဖုံးေရာဂါမ်ားနဲ႔ သြားပ်က္စီးျခင္းကို ျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ အခ်ိဳဓာတ္ကဲတဲ့ အစားအေသာက္ေတြဟာ ဘက္တီးရီးယားေတြဆီကေန အက္ဆစ္မ်ားထြက္လာေစၿပီး သြားမ်ားရဲ႕ အေပၚယံႂကြေလႊာကို ပ်က္စီးေစပါတယ္။ သြားပိုးစားျခင္းကို ျဖစ္ေပၚေစတတ္ပါတယ္။

သြားပိုးေပါက္မ်ားဟာ သြားကိုက္ေစျခင္း၊ ႀကိတ္ဝါးရခက္ျခင္း၊ သြားဖုံးျပည္တည္ျခင္း စတဲ့ ေနာက္ဆက္တြဲ ျပႆနာေတြကို ျဖစ္ေပၚေစပါတယ္။ ပုံမွန္ သြားတိုက္ျခင္း၊ သြားပြတ္ႀကိဳးသုံးျခင္း မရွိတဲ့အခါ သြားေက်ာက္တည္ျခင္း ပိုမိုဆိုး႐ြားလာၿပီး ေရစီးကမ္းၿပိဳျပႆနာေတြပါ ျဖစ္လာေစႏိုင္ပါတယ္။ အဆိုပါျပႆနာေတြကို ေရွာင္ရွားႏိုင္ဖို႔ အစားအစာေတြကိုလည္း ဂ႐ုစိုက္ဖို႔ လိုပါတယ္။

ယခု ဆက္လက္ေဖာ္ျပမွာကေတာ့ သြားက်န္းမာေရးကို အမ်ားဆုံးဒုကၡေပးတဲ့ အစားအစာေတြ ျဖစ္ပါတယ္။

၁။ အခ်ဥ္ဓာတ္ကဲေသာ ခ်ိဳခ်ဥ္မ်ား

ခ်ိဳခ်ဥ္သၾကားလုံးမ်ားဟာ ခံတြင္းက်န္းမာေရးကို ထိခိုက္ေစတယ္ဆိုတာကို အေတာ္မ်ားမ်ား သိၾကပါတယ္။ တကယ္ေတာ့ အခ်ဥ္ဓာတ္ကဲတဲ့ သၾကားလုံးမ်ားဟာ အက္ဆစ္ဓာတ္ပါဝင္ၿပီး သြားကို ပိုၿပီး ဒုကၡေပးတတ္ပါတယ္။ ဒါ့အျပင္ ဝါးစားရတဲ့အတြက္ေၾကာင့္ သြားမ်က္ႏွာျပင္ေတြေပၚမွာ အခ်ိန္ၾကာျမင့္စြာ ကပ္ၿငိေနႏိုင္ပါတယ္။ အဲဒီအခါ သြားမ်ားကို ပိုမိုပ်က္စီးေစပါတယ္။ ခ်ိဳတဲ့အရာေတြကို မစားရမေနႏိုင္ရင္ေတာ့ သၾကားလုံးအစား ေခ်ာကလက္ကို ေျပာင္းၿပီး စားသုံးဖို႔အႀကံျပဳလိုပါတယ္။ ေခ်ာကလက္ဟာ လ်င္ျမန္စြာ ဝါးစားႏိုင္တဲ့အျပင္ အာလုတ္က်င္းၿပီးေတာ့လည္း အလြယ္တကူ သန္႔စင္ႏိုင္ပါတယ္။

၂။ ေပါင္မုန္႔မ်ား

စူပါမားကတ္မ်ားမွာ ေပါင္မုန္႔တန္းဖက္ေရာက္ၿပီး ဝယ္ဖို႔စိတ္ကူးေပါက္ရင္ ႏွစ္ခါျပန္ စဥ္းစားေစခ်င္ပါတယ္။ အေၾကာင္းကေတာ့ ေပါင္မုန္႔ကို စားခ်ိန္မွာ သင့္ရဲ႕တံေတြးမ်ားဟာ ေပါင္မုန္႔က ကစီဓာတ္ကို သၾကားမ်ားအျဖစ္ ေခ်ဖ်က္ေပးပါတယ္။ ေပါင္မုန္႔ဖတ္အႂကြင္းအက်န္မ်ားဟာ သြားၾကားထဲကို ေရာက္သြားၿပီး ႂကြေလႊာေတြကို ဒုကၡေပးပါတယ္။ ဒါေၾကာင့္ ေပါင္မုန္႔ႀကိဳက္တတ္သူဆိုရင္ေတာ့ အဆင့္ဆင့္ျပဳျပင္ၿပီး အခ်ိဳဓာတ္ေတြ ထည့္သြင္းထားတဲ့ ေပါင္မုန္႔ေတြကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္ၿပီး ေပါင္မုန္႔ၾကမ္း၊ ေပါင္မုန္႔ညိဳကိုသာ ေ႐ြးခ်ယ္စားသုံးဖို႔ အႀကဳံျပဳလိုပါတယ္။

၃။ အရက္

အရက္ေသာက္ျခင္းဟာ အာေခါင္နဲ႔ခံတြင္းကို ေျခာက္ေသြ႕ေစပါတယ္။ ခံတြင္းေျခာက္ေသြ႕ျခင္းဟာ သြားက်န္းမာေရးကို ထိခိုက္ေစပါတယ္။ သြားမ်ားပ်က္စီးျခင္း၊ သြားဖုံးေရာဂါျဖစ္ျခင္း၊ ခံတြင္း ေရာဂါပိုးဝင္ျခင္းမ်ားကို ဦးတည္ေစပါတယ္။ ဒါေၾကာင့္ ခံတြင္းကို ေရဓာတ္ေကာင္းစြာရေနေအာင္ ေရမ်ားမ်ားေသာက္သင့္ပါတယ္။

၄။ ကာဗြန္ထည့္ထားေသာ အခ်ိဳရည္မ်ား

ကာဗြန္ျဖည့္ထားတဲ့ ဆိုဒါမ်ားေသာက္သုံးျခင္းဟာ သြားေက်ာက္ေတြကေန အက္ဆစ္ဓာတ္ ပိုမိုထြက္လာေစၿပီး သြားႂကြေလႊာကို ပ်က္စီးေစပါတယ္။ ဒါ့အျပင္ အဆိုပါအခ်ိဳရည္မ်ားဟာ အာေခါင္ေျခာက္ေသြ႕ေစပါတယ္။ အေရာင္ရင့္တဲ့ အခ်ိဳရည္မ်ားဟာ သြားမ်ားကို အစြန္းအထင္း ျဖစ္ေပၚေစတတ္ပါေသးတယ္။ ဒါေၾကာင့္ အခ်ိဳရည္ေသာက္ၿပီးရင္ အနည္းငယ္ၾကာရင္ သြားနဲ႔ခံတြင္း သန္႔ရွင္းေရးျပဳလုပ္ပါ။ ေသာက္ၿပီးၿပီးခ်င္း သြားတိုက္ရင္ေတာ့ ပိုပ်က္စီးတတ္ပါတယ္။

၅။ ေရခဲ

မာေၾကာတဲ့အရာမ်ားကို ကိုက္ဝါးျခင္းဟာ သြားရဲ႕အေပၚယံလႊာကို ပ်က္စီးေစတတ္ပါတယ္။ က်ိဳးပဲ့ျခင္း၊ ယိုင္နဲ႔ျခင္းလည္း ျဖစ္ေပၚေစတတ္ပါတယ္။ ေရခဲရဲ႕ ေအးျမျခင္းဟာ အာ႐ုံေၾကာေတြကို ထုံက်ဥ္ ေစႏိုင္ပါတယ္။ သင့္က်န္းမာေရးအတြက္ ေရခဲကို ဝါးစားျခင္း မျပဳပါနဲ႔။

၆။ ခ်ဥ္ေသာ အသီးမ်ား

လိေမၼာ္သီး၊ ဂရိတ္ဖ႐ု၊ လီမြန္ စတဲ့အသီးမ်ားဟာ အသီးအေနနဲ႔ေရာ ေဖ်ာ္ရည္အေနနဲ႔ပါ လူႀကိဳက္မ်ားၾကပါတယ္။ အဆိုပါ အသီးအႏွံေတြမွာ ဗီတာမင္စီ ႂကြယ္ဝပါတယ္။ ဒါေပမယ့္ သတိျပဳရမယ့္ တခ်က္က ဒီအသီးအႏွံေတြမွာပါတဲ့ အက္ဆစ္ဓာတ္ဟာ သြားရဲ႕အေပၚယံႂကြေလႊာကို ပ်က္စီးေစတတ္ၿပီး သြားမ်ားကို ေဆြးေျမ့လြယ္ေစပါတယ္။ အဆိုပါ အသီးအႏွံေတြကို စားသုံးခ်င္ရင္၊ ေဖ်ာ္ရည္ေတြကို ေသာက္သုံးခ်င္ရင္ ထမင္းစားေသာက္ခ်ိန္နဲ႔ သိပ္မကြာေစဘဲ စားေသာက္ၿပီး ခ်ိန္မွာလည္း ပလုတ္က်င္းတာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

၇။ အာလူးေၾကာ္

အာလူးေၾကာ္ဟာ အသင့္စား စားစရာအေနနဲ႔ အေတာ္မ်ားမ်ား စားသုံးၾကပါတယ္။ သူတို႔မွာပါတဲ့ ကစီဓာတ္ဟာ သြားၾကားေတြရဲ႕ေရာက္ေနၿပီး သြားေက်ာက္တည္ျခင္းကို ျဖစ္ေစတတ္ပါတယ္။ ေသခ်ာစြာ သန္႔ရွင္းေရး မျပဳလုပ္ရင္ အက္ဆစ္ဓာတ္မ်ားပါ ထြက္ေပၚလာတတ္ပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔ သြားပြတ္ႀကိဳး သုံးသင့္ပါတယ္။

၈။ အသီးေျခာက္မ်ား

အသီးေျခာက္မ်ားဟာ သေရစာေတြထဲမွာ က်န္းမာေရးနဲ႔ ကိုက္ညီတယ္လို႔ လက္ခံထားၾကပါတယ္။ သၾကားဓာတ္ပါတဲ့ အဆိုပါအစားအစာေတြဟာ သြားႀကိဳသြားၾကားေတြထဲမွာ ခိုေအာင္းၿပီး သြားကို ဒုကၡေပးတတ္ပါတယ္။ အသီးေျခာက္ေတြကို စားမယ္ဆိုရင္ အခ်ိဳဓာတ္နည္းတဲ့ စားစရာေတြကို ေ႐ြးခ်ယ္စားသုံးပါ။


အထက္ပါ အစားအေသာက္ေတြကို ေလ့လာၾကည့္မယ္ဆိုရင္ အမ်ားစုဟာ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အာဟာရျဖစ္ေစတဲ့ စားစရာေတြျဖစ္တာကို သတိျပဳမိပါလိမ့္မယ္။ သြားက်န္းမာေရးအတြက္ေတာ့ သတိထားရပါမယ္။

ဒါေပမယ့္ လုံးဝေရွာင္ၾကဥ္ရမယ္လို႔ မဆိုလိုပါဘူး။ ဒီအာဟာရဓာတ္ေတြကို ကိုယ္ခႏၶာက လိုအပ္ပါေသးတယ္။ စားသုံးၿပီးခ်ိန္မွာသာ သြားနဲ႔ခံတြင္းထဲမွာ အႂကြင္းအက်န္ေတြ က်န္ရစ္မေနေအာင္ ပုံမွန္ သန္႔ရွင္းေရးျပဳလုပ္ဖို႔ကသာ အေရးႀကီးပါတယ္။

ေရးသားသူ Dr.Thant Zin
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
သွားကျန်းမာရေးကို အများဆုံးထိခိုက်စေသော အစားအစာ ၈ မျိုး

သင့်ကျန်းမာရေးဟာ သင်စားနေတဲ့အရာတွေပေါ် မူတည်တယ်လို့ အဆိုရှိပါတယ်။ သင့်ရဲ့ သွားကျန်းမာရေး အတွက်ဆိုလည်း အလားတူပါပဲ။ သင်စားသုံးလိုက်တဲ့ အရာတွေဟာ သင့်သွားနဲ့ခံတွင်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ အချို့သော အစားအသောက်များဟာ သွားကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သွားကျောက်များမှာ ဘက်တီးရီးယားတွေလည်း ကပ်ငြိနေနိုင်ပြီး သွားဖုံးရောဂါများနဲ့ သွားပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိုဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ဘက်တီးရီးယားတွေဆီကနေ အက်ဆစ်များထွက်လာစေပြီး သွားများရဲ့ အပေါ်ယံကြွလွှောကို ပျက်စီးစေပါတယ်။ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

သွားပိုးပေါက်များဟာ သွားကိုက်စေခြင်း၊ ကြိတ်ဝါးရခက်ခြင်း၊ သွားဖုံးပြည်တည်ခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန် သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်း မရှိတဲ့အခါ သွားကျောက်တည်ခြင်း ပိုမိုဆိုးရွားလာပြီး ရေစီးကမ်းပြိုပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ အဆိုပါပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အစားအစာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

ယခု ဆက်လက်ဖော်ပြမှာကတော့ သွားကျန်းမာရေးကို အများဆုံးဒုက္ခပေးတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

၁။ အချဉ်ဓာတ်ကဲသော ချိုချဉ်များ

ချိုချဉ်သကြားလုံးများဟာ ခံတွင်းကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို အတော်များများ သိကြပါတယ်။ တကယ်တော့ အချဉ်ဓာတ်ကဲတဲ့ သကြားလုံးများဟာ အက်ဆစ်ဓာတ်ပါဝင်ပြီး သွားကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါ့အပြင် ဝါးစားရတဲ့အတွက်ကြောင့် သွားမျက်နှာပြင်တွေပေါ်မှာ အချိန်ကြာမြင့်စွာ ကပ်ငြိနေနိုင်ပါတယ်။ အဲဒီအခါ သွားများကို ပိုမိုပျက်စီးစေပါတယ်။ ချိုတဲ့အရာတွေကို မစားရမနေနိုင်ရင်တော့ သကြားလုံးအစား ချောကလက်ကို ပြောင်းပြီး စားသုံးဖို့အကြံပြုလိုပါတယ်။ ချောကလက်ဟာ လျင်မြန်စွာ ဝါးစားနိုင်တဲ့အပြင် အာလုတ်ကျင်းပြီးတော့လည်း အလွယ်တကူ သန့်စင်နိုင်ပါတယ်။

၂။ ပေါင်မုန့်များ

စူပါမားကတ်များမှာ ပေါင်မုန့်တန်းဖက်ရောက်ပြီး ဝယ်ဖို့စိတ်ကူးပေါက်ရင် နှစ်ခါပြန် စဉ်းစားစေချင်ပါတယ်။ အကြောင်းကတော့ ပေါင်မုန့်ကို စားချိန်မှာ သင့်ရဲ့တံတွေးများဟာ ပေါင်မုန့်က ကစီဓာတ်ကို သကြားများအဖြစ် ချေဖျက်ပေးပါတယ်။ ပေါင်မုန့်ဖတ်အကြွင်းအကျန်များဟာ သွားကြားထဲကို ရောက်သွားပြီး ကြွလွှောတွေကို ဒုက္ခပေးပါတယ်။ ဒါကြောင့် ပေါင်မုန့်ကြိုက်တတ်သူဆိုရင်တော့ အဆင့်ဆင့်ပြုပြင်ပြီး အချိုဓာတ်တွေ ထည့်သွင်းထားတဲ့ ပေါင်မုန့်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး ပေါင်မုန့်ကြမ်း၊ ပေါင်မုန့်ညိုကိုသာ ရွေးချယ်စားသုံးဖို့ အကြုံပြုလိုပါတယ်။

၃။ အရက်

အရက်သောက်ခြင်းဟာ အာခေါင်နဲ့ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းဟာ သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ သွားများပျက်စီးခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်း၊ ခံတွင်း ရောဂါပိုးဝင်ခြင်းများကို ဦးတည်စေပါတယ်။ ဒါကြောင့် ခံတွင်းကို ရေဓာတ်ကောင်းစွာရနေအောင် ရေများများသောက်သင့်ပါတယ်။

၄။ ကာဗွန်ထည့်ထားသော အချိုရည်များ

ကာဗွန်ဖြည့်ထားတဲ့ ဆိုဒါများသောက်သုံးခြင်းဟာ သွားကျောက်တွေကနေ အက်ဆစ်ဓာတ် ပိုမိုထွက်လာစေပြီး သွားကြွလွှောကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အဆိုပါအချိုရည်များဟာ အာခေါင်ခြောက်သွေ့စေပါတယ်။ အရောင်ရင့်တဲ့ အချိုရည်များဟာ သွားများကို အစွန်းအထင်း ဖြစ်ပေါ်စေတတ်ပါသေးတယ်။ ဒါကြောင့် အချိုရည်သောက်ပြီးရင် အနည်းငယ်ကြာရင် သွားနဲ့ခံတွင်း သန့်ရှင်းရေးပြုလုပ်ပါ။ သောက်ပြီးပြီးချင်း သွားတိုက်ရင်တော့ ပိုပျက်စီးတတ်ပါတယ်။

၅။ ရေခဲ

မာကြောတဲ့အရာများကို ကိုက်ဝါးခြင်းဟာ သွားရဲ့အပေါ်ယံလွှာကို ပျက်စီးစေတတ်ပါတယ်။ ကျိုးပဲ့ခြင်း၊ ယိုင်နဲ့ခြင်းလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ရေခဲရဲ့ အေးမြခြင်းဟာ အာရုံကြောတွေကို ထုံကျဉ် စေနိုင်ပါတယ်။ သင့်ကျန်းမာရေးအတွက် ရေခဲကို ဝါးစားခြင်း မပြုပါနဲ့။

၆။ ချဉ်သော အသီးများ

လိမ္မော်သီး၊ ဂရိတ်ဖရု၊ လီမွန် စတဲ့အသီးများဟာ အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ လူကြိုက်များကြပါတယ်။ အဆိုပါ အသီးအနှံတွေမှာ ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဒါပေမယ့် သတိပြုရမယ့် တချက်က ဒီအသီးအနှံတွေမှာပါတဲ့ အက်ဆစ်ဓာတ်ဟာ သွားရဲ့အပေါ်ယံကြွလွှောကို ပျက်စီးစေတတ်ပြီး သွားများကို ဆွေးမြေ့လွယ်စေပါတယ်။ အဆိုပါ အသီးအနှံတွေကို စားသုံးချင်ရင်၊ ဖျော်ရည်တွေကို သောက်သုံးချင်ရင် ထမင်းစားသောက်ချိန်နဲ့ သိပ်မကွာစေဘဲ စားသောက်ပြီး ချိန်မှာလည်း ပလုတ်ကျင်းတာမျိုး ပြုလုပ်သင့်ပါတယ်။

၇။ အာလူးကြော်

အာလူးကြော်ဟာ အသင့်စား စားစရာအနေနဲ့ အတော်များများ စားသုံးကြပါတယ်။ သူတို့မှာပါတဲ့ ကစီဓာတ်ဟာ သွားကြားတွေရဲ့ရောက်နေပြီး သွားကျောက်တည်ခြင်းကို ဖြစ်စေတတ်ပါတယ်။ သေချာစွာ သန့်ရှင်းရေး မပြုလုပ်ရင် အက်ဆစ်ဓာတ်များပါ ထွက်ပေါ်လာတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သွားပွတ်ကြိုး သုံးသင့်ပါတယ်။

၈။ အသီးခြောက်များ

အသီးခြောက်များဟာ သရေစာတွေထဲမှာ ကျန်းမာရေးနဲ့ ကိုက်ညီတယ်လို့ လက်ခံထားကြပါတယ်။ သကြားဓာတ်ပါတဲ့ အဆိုပါအစားအစာတွေဟာ သွားကြိုသွားကြားတွေထဲမှာ ခိုအောင်းပြီး သွားကို ဒုက္ခပေးတတ်ပါတယ်။ အသီးခြောက်တွေကို စားမယ်ဆိုရင် အချိုဓာတ်နည်းတဲ့ စားစရာတွေကို ရွေးချယ်စားသုံးပါ။


အထက်ပါ အစားအသောက်တွေကို လေ့လာကြည့်မယ်ဆိုရင် အများစုဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်စေတဲ့ စားစရာတွေဖြစ်တာကို သတိပြုမိပါလိမ့်မယ်။ သွားကျန်းမာရေးအတွက်တော့ သတိထားရပါမယ်။

ဒါပေမယ့် လုံးဝရှောင်ကြဉ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီအာဟာရဓာတ်တွေကို ကိုယ်ခန္ဓာက လိုအပ်ပါသေးတယ်။ စားသုံးပြီးချိန်မှာသာ သွားနဲ့ခံတွင်းထဲမှာ အကြွင်းအကျန်တွေ ကျန်ရစ်မနေအောင် ပုံမှန် သန့်ရှင်းရေးပြုလုပ်ဖို့ကသာ အရေးကြီးပါတယ်။

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သြားက်န္းမာေရးကို အမ်ားဆုံးထိခိုက္ေစေသာ အစားအစာ ၈ မ်ိဳး သြားက်န္းမာေရးကို အမ်ားဆုံးထိခိုက္ေစေသာ အစားအစာ ၈ မ်ိဳး Reviewed by THITHTOOLWIN on 01:50 Rating: 5
Powered by Blogger.