မိုးနဲၿမိဳ႕၌ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ အခ်င္းခ်င္း စေနာက္စကား မ်ားရာမွ ဓားထိုးမႈျဖစ္

(Zawgyi)⤵⤵⤵
မိုးနဲ ဒီဇင္ဘာ ၁၆
ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခ႐ိုင္ မိုးနဲၿမိဳ႕နယ္ နားခံေက်း႐ြာအုပ္စု ပန္အူေက်း႐ြာ ၌ ယမန္ေန႔ညေန ၆နာရီအခ်ိန္ခန႔္က ညီအစ္ကိုဝမ္းကြဲ ေတာ္စပ္သူအခ်င္းခ်င္း စေနာက္စကားမ်ားရာမွ ဓားထိုးမႈ ျဖစ္ပြား ခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ည ၆ နာရီအခ်ိန္ခန႔္တြင္ အိမ္နီးခ်င္း ညီအစ္ကို ဝမ္းကြဲေတာ္စပ္သူ စိုးမိုးႏွင့္ စိုင္းဝိစိတၱတို႔အခ်င္းခ်င္း စေနာက္စကား မ်ားရာမွ လုံးေထြးရန္ျဖစ္ေနစဥ္ တစ္လမ္းတည္းေနသူ စိုင္းညာလိမ္က ဝင္ေရာက္ဖ်န္ေျဖေပးၿပီး စိုင္းဝိစိတၱအား ၎ေနအိမ္သို႔ လိုက္ပို႔ေပး ခဲ့ေၾကာင္း စိုင္းဝိစိတၱမွာ အိမ္ေရာက္ၿပီးခဏအၾကာတြင္ ဓားေျမႇာင္ တစ္ေခ်ာင္းကိုကိုင္ေဆာင္၍ စိုးမိုးေနအိမ္ၿခံဝင္းအတြင္းသို႔ေရာက္ရွိလာၿပီး မိုက္ရင္ထြက္ခဲ့ဟုစိန္ေခၚစဥ္ ညီျဖစ္သူ စိုးမိုးမွ ေနအိမ္ေရွ႕သို႔ထြက္လာခဲ့ရာ စိုင္းဝိစိတၱက ၎၏လက္တြင္အသင့္ပါလာေသာအ႐ိုးအသြား ၁၄ လက္မရွိ ဓားေျမႇာင္ျဖင့္ စိုးမိုးအား ဝဲဘက္ေနာက္ေက်ာခါးအထက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္ ၊ယာဘက္ႏို႔အုံေအာက္ ထိုးသြင္း ဒဏ္ရာ တစ္ခ်က္ႏွင့္ ဝဲဘက္လက္ေမာင္းထိုးသြင္းဒဏ္ရာတစ္ခ်က္ ထိုးသြင္း ခဲ့သျဖင့္ စိုးမိုး အားအျပင္းအထန္ဒဏ္ရာရရွိေအာင္ ဓားျဖင့္ထိုးသူ စိုင္းဝိစိတၱအား မိုးနဲၿမိဳ႕မ ရဲစခန္းက အမႈဖြင့္လွစ္ထားၿပီး ၿမိဳ႕မရဲစခန္း ဒုတိယ ရဲအုပ္ေက်ာ္သီဟက စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

မ်ိဳးၫြန႔္ေ႐ႊ(မိုးနဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
မိုးနဲမြို့၌ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ အချင်းချင်း စနောက်စကား များရာမှ ဓားထိုးမှုဖြစ်
=========================================

မိုးနဲ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ပန်အူကျေးရွာ ၌ ယမန်နေ့ညနေ ၆နာရီအချိန်ခန့်က ညီအစ်ကိုဝမ်းကွဲ တော်စပ်သူအချင်းချင်း စနောက်စကားများရာမှ ဓားထိုးမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ည ၆ နာရီအချိန်ခန့်တွင် အိမ်နီးချင်း ညီအစ်ကို ဝမ်းကွဲတော်စပ်သူ စိုးမိုးနှင့် စိုင်းဝိစိတ္တတို့အချင်းချင်း စနောက်စကား များရာမှ လုံးထွေးရန်ဖြစ်နေစဉ် တစ်လမ်းတည်းနေသူ စိုင်းညာလိမ်က ဝင်ရောက်ဖျန်ဖြေပေးပြီး စိုင်းဝိစိတ္တအား ၎င်းနေအိမ်သို့ လိုက်ပို့ပေး ခဲ့ကြောင်း စိုင်းဝိစိတ္တမှာ အိမ်ရောက်ပြီးခဏအကြာတွင် ဓားမြှောင် တစ်ချောင်းကိုကိုင်ဆောင်၍ စိုးမိုးနေအိမ်ခြံဝင်းအတွင်းသို့ရောက်ရှိလာပြီး မိုက်ရင်ထွက်ခဲ့ဟုစိန်ခေါ်စဉ် ညီဖြစ်သူ စိုးမိုးမှ နေအိမ်ရှေ့သို့ထွက်လာခဲ့ရာ စိုင်းဝိစိတ္တက ၎င်း၏လက်တွင်အသင့်ပါလာသောအရိုးအသွား ၁၄ လက်မရှိ ဓားမြှောင်ဖြင့် စိုးမိုးအား ဝဲဘက်နောက်ကျောခါးအထက် ထိုးသွင်းဒဏ်ရာတစ်ချက် ၊ယာဘက်နို့အုံအောက် ထိုးသွင်း ဒဏ်ရာ တစ်ချက်နှင့် ဝဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာတစ်ချက် ထိုးသွင်း ခဲ့သဖြင့် စိုးမိုး အားအပြင်းအထန်ဒဏ်ရာရရှိအောင် ဓားဖြင့်ထိုးသူ စိုင်းဝိစိတ္တအား မိုးနဲမြို့မ ရဲစခန်းက အမှုဖွင့်လှစ်ထားပြီး မြို့မရဲစခန်း ဒုတိယ ရဲအုပ်ကျော်သီဟက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးနဲၿမိဳ႕၌ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ အခ်င္းခ်င္း စေနာက္စကား မ်ားရာမွ ဓားထိုးမႈျဖစ္ မိုးနဲၿမိဳ႕၌ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ အခ်င္းခ်င္း စေနာက္စကား မ်ားရာမွ ဓားထိုးမႈျဖစ္ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.