ေသြးစစ္ၿပီး အဆစ္အျမစ္ကိုက္ရတဲ့ အေၾကာင္းအရင္းကို အေျဖရွာၾကမယ္

(Zawgyi)⤵⤵⤵
ကိုယ္လက္ေတြ ကိုက္ခဲေနလို႔ ေဆးခန္းသြားျပတဲ့အခါ လိုအပ္တဲ့ စမ္းသပ္မႈေတြ လုပ္ၿပီးေနာက္ အေၾကာင္းအရင္းကို အေျဖရွာဖို႔ စစ္ေဆးမႈေတြလုပ္ၾကရပါတယ္။ အဆစ္အျမစ္ကိုက္တာဆိုေတာ့ ေျခေတြလက္ေတြကို ဓာတ္မွန္႐ိုက္တာက လုပ္ထုံးလုပ္နည္းတစ္ခုျဖစ္လို႔ လူနာေတြစိတ္ထဲ မရွင္းတာမ်ိဳးမျဖစ္ေပမယ့္ ေသြးစစ္တဲ့အခါက်ေတာ့ ဘာလို႔စစ္ရမွန္း မရွင္းျဖစ္ေနတတ္ပါတယ္။ ျဖစ္တဲ့ေနရာက အဆစ္အျမစ္ေသြးက ဘယ္လိုအတြက္ေၾကာင့္၊ ဘာေတြကိုသိရလို႔ စစ္ရတာလဲဆိုတာ မရွင္းျဖစ္ေနတဲ့သူေတြအတြက္ ဒီေဆာင္းပါးေလးက ရည္႐ြယ္ပါတယ္။

အဆစ္အျမစ္ကိုက္တဲ့ အေၾကာင္းအရင္းကို ေျပာျပေပးႏိုင္တဲ့ေသြးအေျဖေတြ ။ ။

ASO – ကိုယ္လက္ကိုက္ခဲေနၿပီဆိုတာနဲ႔ ASO ေသြးစစ္ျခင္း လုပ္ကိုလုပ္ရပါတယ္။ ASO Titer လို႔ေခၚတဲ့ ဒီေသြးစစ္နည္းဟာ Antistreptolysin O လို႔ေခၚတဲ့ ကိုယ္တြင္း antibody ကို စစ္ေဆးတာျဖစ္ၿပီး ေလးဘက္နာပိုး (group AStreptococcus) ကို စစ္ေဆးတာျဖစ္ပါတယ္။ ဒီေသြးကို စစ္ေဆးတာေၾကာင့္ ကိုယ္တြင္းမွာ ေလးဘက္နာပိုးရွိမရွိ သိရမွာ ျဖစ္ပါတယ္။

Uric acid- ယူရစ္အက္ဆစ္ကိုေတာ့ အားလုံးၾကားဖူးၾကမွာပါ။ Gout ( ေဂါက္) ဆိုတဲ့ အဆစ္အျမစ္ကိုက္ ေရာင္ရမ္းတဲ့ ျပႆနာရွိမရွိ အေျဖထုတ္ေပးတဲ့ ေသြးစစ္နည္းပါ။

Rheumatoid factor (RF) – ေသြးထဲက gamma globulinကိုဆန္႔က်င္ၿပီးထြက္လာတဲ့ antibody ကို စစ္ေဆးတာျဖစ္ၿပီး positive ျဖစ္ေနရင္ ကိုယ့္မွာ အဆစ္အျမစ္ေရာင္ ေလးဘက္နာ ( Rheumatoid Arthritis) ရွိမရွိ သိရမွာပါ။

Anti-cyclic citrullinated peptide (anti-CCP) – RF လိုပဲ အဆစ္အျမစ္ေရာင္ေလးဘက္နာေရာဂါကို စစ္ေဆးတာျဖစ္ပါတယ္။ RF က အျခား အဆစ္အျမစ္ကိုက္ျပႆနာေတြမွာလည္း မ်ားေနတတ္တာေၾကာင့္ RF ထက္စာရင္ anti-CCP က အဆစ္အျမစ္ေရာင္ေလးဘက္နာေရာဂါ (Rheumatoid Arthritis) ရွိေနေၾကာင္း ပိုၿပီး တိတိက်က် အေျဖထုတ္ေပးမွာ ျဖစ္ပါတယ္။ တစ္ခုမွတ္ထားရမွာက RF တက္ေနတိုင္း anti-CCP လိုက္မတက္ေပမယ့္ anti-CCP တက္ေနၿပီဆိုရင္ေတာ့ RF ပါလိုက္တက္ေနမွာ ျဖစ္ပါတယ္။

Antinuclear antibody (ANA) – Lupus ေရာဂါဆိုတဲ့ ခုခံအားစနစ္ဆိုင္ရာ ျပႆနာရွိေနတဲ့အခါ စစ္ေဆးလို႔ရတဲ့ antibody ျဖစ္ပါတယ္။ polymyositis, scleroderma, Sjogren’s syndrome, mixed connective tissue disease နဲ႔ rheumatoid arthritis စတဲ့ ေရာဂါေတြမွာလည္း ANA တက္ေနႏိုင္ပါတယ္။ ANA အနည္းအမ်ား၊ အျခားစစ္ေဆးျခင္းေတြ၊ ခံစားေနရတဲ့ လကၡဏာေတြေပၚ မူတည္ၿပီး ေရာဂါကို အေျဖရွာမွာ ျဖစ္ပါတယ္။

HLA tissue typing – ေသြးထဲက မ်ိဳး႐ိုးဗီဇဆိုင္ရာ maker HLA-B27 ကို စစ္ေဆးတာျဖစ္ၿပီး ခါးဆစ္႐ိုး ေရာင္ရမ္းၿပီး ကိုက္ခဲတဲ့ ျပႆနာျဖစ္တဲ့ ankylosing spondylitis ရွိမရွိ အေျဖရွာေပးႏိုင္မွာပါ။ HLA-B27 ဟာ အျခား ေရာင္ရမ္းျခင္းဆိုင္ရာ ျပႆနာေတြျဖစ္တဲ့ ဆီးႁပြန္ဝေရာင္ရမ္းျခင္း၊ မ်က္လုံးနဲ႔ အျခား အဆစ္အျမစ္ေတြေရာင္ရမ္းျခင္းမွာလည္း တက္ေနႏိုင္ပါတယ္။

Erythrocyte sedimentation rate – ESR လို႔လူသိမ်ားၾကတဲ့စစ္ေဆးနည္းကေတာ့ ဖန္ႁပြန္တစ္ခုထဲ ေသြးထည့္ၿပီး တစ္နာရီေလာက္ေထာင္ထားရတဲ့ စစ္ေဆးနည္းတစ္ခုပါ။ ေသြးနီဥဆဲလ္ေလးေတြ ဘယ္ေလာက္ျမန္ျမန္ အနည္က်လဲဆိုတာကို စစ္ေဆးတာပါ။ အနည္က်တာျမန္ေလေလ ကိုယ္တြင္းတစ္ေနရာမွာ ေရာင္ရမ္းတာရွိေနေလေလ ဆိုတာကို ေျပာတာပါ။ ဒါေပမယ့္ ေသြးအားနည္းတဲ့ ျပႆနာေတြ၊ ကိုယ္တြင္းပိုးဝင္ဖ်ားနာတဲ့ ျပႆနာေတြမွာလည္း ESR တက္ေနႏိုင္တာေၾကာင့္ သူတက္ေနတိုင္း အဆစ္အျမစ္ဆိုင္ရာေရာဂါျဖစ္ေနၿပီလို႔ အတပ္ဆိုလို႔ေတာ့ မရပါဘူး။

C-reactive protein – ဒါကေတာ့ ကိုယ္တြင္းမွာေရာင္ရမ္းတဲ့တစ္ေနရာ ရွိေနၿပီဆိုတာနဲ႔ လိုက္တက္လာတဲ့ CRP ျဖစ္ပါတယ္။ အသည္းက ထုတ္လုပ္ေပးတာျဖစ္ၿပီး ေရာင္ရမ္း တဲ့ျပႆနာ ေတာ္ေတာ္မ်ားမ်ားမွာ တက္ေနတာျဖစ္လို႔ ဘယ္ေရာဂါရယ္လို႔ တိတိက်က် အေျဖထုတ္ေပးႏိုင္တာ ရွားပါတယ္။

Lyme serology – ဒါက ခုခံအားဆိုင္ရာ ေရာဂါတစ္ခုျဖစ္တဲ့ Lyme disease ကို စစ္ေဆးတဲ့ ေသြးစစ္နည္းပါ။

ဒါေတြကေတာ့ အဆစ္အျမစ္ကိုက္ခဲရတဲ့အေၾကာင္းအရင္းေတြကို ရွာေပးတဲ့ ေသြးစစ္နည္းေတြပါ။ ထြက္လာတဲ့ ေသြးအေျဖရယ္၊ ဓါတ္မွန္အေျဖေတြရယ္၊ ျဖစ္ေနတဲ့ လကၡဏာေတြရယ္၊ စမ္းသပ္ခ်က္ေတြ ေပၚမူတည္ၿပီး ေရာဂါကို အေျဖရွာလို႔ရတာေပါ့။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------------
(Unicode)⤵⤵⤵
သွေးစစ်ပြီး အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြမယ်

ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။ အဆစ်အမြစ်ကိုက်တာဆိုတော့ ခြေတွေလက်တွေကို ဓာတ်မှန်ရိုက်တာက လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်လို့ လူနာတွေစိတ်ထဲ မရှင်းတာမျိုးမဖြစ်ပေမယ့် သွေးစစ်တဲ့အခါကျတော့ ဘာလို့စစ်ရမှန်း မရှင်းဖြစ်နေတတ်ပါတယ်။ ဖြစ်တဲ့နေရာက အဆစ်အမြစ်သွေးက ဘယ်လိုအတွက်ကြောင့်၊ ဘာတွေကိုသိရလို့ စစ်ရတာလဲဆိုတာ မရှင်းဖြစ်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။

အဆစ်အမြစ်ကိုက်တဲ့ အကြောင်းအရင်းကို ပြောပြပေးနိုင်တဲ့သွေးအဖြေတွေ ။ ။

ASO – ကိုယ်လက်ကိုက်ခဲနေပြီဆိုတာနဲ့ ASO သွေးစစ်ခြင်း လုပ်ကိုလုပ်ရပါတယ်။ ASO Titer လို့ခေါ်တဲ့ ဒီသွေးစစ်နည်းဟာ Antistreptolysin O လို့ခေါ်တဲ့ ကိုယ်တွင်း antibody ကို စစ်ဆေးတာဖြစ်ပြီး လေးဘက်နာပိုး (group AStreptococcus) ကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီသွေးကို စစ်ဆေးတာကြောင့် ကိုယ်တွင်းမှာ လေးဘက်နာပိုးရှိမရှိ သိရမှာ ဖြစ်ပါတယ်။

Uric acid- ယူရစ်အက်ဆစ်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ Gout ( ဂေါက်) ဆိုတဲ့ အဆစ်အမြစ်ကိုက် ရောင်ရမ်းတဲ့ ပြဿနာရှိမရှိ အဖြေထုတ်ပေးတဲ့ သွေးစစ်နည်းပါ။

Rheumatoid factor (RF) – သွေးထဲက gamma globulinကိုဆန့်ကျင်ပြီးထွက်လာတဲ့ antibody ကို စစ်ဆေးတာဖြစ်ပြီး positive ဖြစ်နေရင် ကိုယ့်မှာ အဆစ်အမြစ်ရောင် လေးဘက်နာ ( Rheumatoid Arthritis) ရှိမရှိ သိရမှာပါ။

Anti-cyclic citrullinated peptide (anti-CCP) – RF လိုပဲ အဆစ်အမြစ်ရောင်လေးဘက်နာရောဂါကို စစ်ဆေးတာဖြစ်ပါတယ်။ RF က အခြား အဆစ်အမြစ်ကိုက်ပြဿနာတွေမှာလည်း များနေတတ်တာကြောင့် RF ထက်စာရင် anti-CCP က အဆစ်အမြစ်ရောင်လေးဘက်နာရောဂါ (Rheumatoid Arthritis) ရှိနေကြောင်း ပိုပြီး တိတိကျကျ အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက RF တက်နေတိုင်း anti-CCP လိုက်မတက်ပေမယ့် anti-CCP တက်နေပြီဆိုရင်တော့ RF ပါလိုက်တက်နေမှာ ဖြစ်ပါတယ်။

Antinuclear antibody (ANA) – Lupus ရောဂါဆိုတဲ့ ခုခံအားစနစ်ဆိုင်ရာ ပြဿနာရှိနေတဲ့အခါ စစ်ဆေးလို့ရတဲ့ antibody ဖြစ်ပါတယ်။ polymyositis, scleroderma, Sjogren’s syndrome, mixed connective tissue disease နဲ့ rheumatoid arthritis စတဲ့ ရောဂါတွေမှာလည်း ANA တက်နေနိုင်ပါတယ်။ ANA အနည်းအများ၊ အခြားစစ်ဆေးခြင်းတွေ၊ ခံစားနေရတဲ့ လက္ခဏာတွေပေါ် မူတည်ပြီး ရောဂါကို အဖြေရှာမှာ ဖြစ်ပါတယ်။

HLA tissue typing – သွေးထဲက မျိုးရိုးဗီဇဆိုင်ရာ maker HLA-B27 ကို စစ်ဆေးတာဖြစ်ပြီး ခါးဆစ်ရိုး ရောင်ရမ်းပြီး ကိုက်ခဲတဲ့ ပြဿနာဖြစ်တဲ့ ankylosing spondylitis ရှိမရှိ အဖြေရှာပေးနိုင်မှာပါ။ HLA-B27 ဟာ အခြား ရောင်ရမ်းခြင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ဆီးပြွန်ဝရောင်ရမ်းခြင်း၊ မျက်လုံးနဲ့ အခြား အဆစ်အမြစ်တွေရောင်ရမ်းခြင်းမှာလည်း တက်နေနိုင်ပါတယ်။

Erythrocyte sedimentation rate – ESR လို့လူသိများကြတဲ့စစ်ဆေးနည်းကတော့ ဖန်ပြွန်တစ်ခုထဲ သွေးထည့်ပြီး တစ်နာရီလောက်ထောင်ထားရတဲ့ စစ်ဆေးနည်းတစ်ခုပါ။ သွေးနီဥဆဲလ်လေးတွေ ဘယ်လောက်မြန်မြန် အနည်ကျလဲဆိုတာကို စစ်ဆေးတာပါ။ အနည်ကျတာမြန်လေလေ ကိုယ်တွင်းတစ်နေရာမှာ ရောင်ရမ်းတာရှိနေလေလေ ဆိုတာကို ပြောတာပါ။ ဒါပေမယ့် သွေးအားနည်းတဲ့ ပြဿနာတွေ၊ ကိုယ်တွင်းပိုးဝင်ဖျားနာတဲ့ ပြဿနာတွေမှာလည်း ESR တက်နေနိုင်တာကြောင့် သူတက်နေတိုင်း အဆစ်အမြစ်ဆိုင်ရာရောဂါဖြစ်နေပြီလို့ အတပ်ဆိုလို့တော့ မရပါဘူး။

C-reactive protein – ဒါကတော့ ကိုယ်တွင်းမှာရောင်ရမ်းတဲ့တစ်နေရာ ရှိနေပြီဆိုတာနဲ့ လိုက်တက်လာတဲ့ CRP ဖြစ်ပါတယ်။ အသည်းက ထုတ်လုပ်ပေးတာဖြစ်ပြီး ရောင်ရမ်း တဲ့ပြဿနာ တော်တော်များများမှာ တက်နေတာဖြစ်လို့ ဘယ်ရောဂါရယ်လို့ တိတိကျကျ အဖြေထုတ်ပေးနိုင်တာ ရှားပါတယ်။

Lyme serology – ဒါက ခုခံအားဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့ Lyme disease ကို စစ်ဆေးတဲ့ သွေးစစ်နည်းပါ။

ဒါတွေကတော့ အဆစ်အမြစ်ကိုက်ခဲရတဲ့အကြောင်းအရင်းတွေကို ရှာပေးတဲ့ သွေးစစ်နည်းတွေပါ။ ထွက်လာတဲ့ သွေးအဖြေရယ်၊ ဓါတ်မှန်အဖြေတွေရယ်၊ ဖြစ်နေတဲ့ လက္ခဏာတွေရယ်၊ စမ်းသပ်ချက်တွေ ပေါ်မူတည်ပြီး ရောဂါကို အဖြေရှာလို့ရတာပေါ့။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေသြးစစ္ၿပီး အဆစ္အျမစ္ကိုက္ရတဲ့ အေၾကာင္းအရင္းကို အေျဖရွာၾကမယ္ ေသြးစစ္ၿပီး အဆစ္အျမစ္ကိုက္ရတဲ့ အေၾကာင္းအရင္းကို အေျဖရွာၾကမယ္ Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.