ေ႐ြက်င္မွာ ကေလးသူငယ္ပုဒ္မနဲ႔ မိဘျဖစ္သူကို ရဲကဖမ္း

ႏို႔ဆီခိုးစားတယ္ဆိုၿပီး‌ ၄ ႏွစ္ေက်ာ္ အ႐ြယ္ ကေလးငယ္ကို ႐ိုက္ႏွက္ခံရၿပီးေဆး႐ုံေရာက္ေန
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ မိဘက သားသမီးကို ႐ိုက္ႏွက္ဆုံးမ တာထုံးစံဆိုေပမယ့္ သားသမီးကို ႏွစ္တစ္လက္မ တုတ္နဲ႔ ႐ိုက္ႏွက္တဲ့ ေ႐ြက်င္ၿမိဳ႕အနီးေက်း႐ြာက မိဘတစ္ဦးဟာ၂၀၁၉ ခုႏွစ္အတြင္း အတည္ျပဳခဲ့တဲ့ ကေလးသူငယ္ အက္ဥပေဒနဲ႔ အမႈဖြင့္ခံရၿပီးဒီဇင္ဘာလ ၂၉ ရက္ေန႔က အခ်ဳပ္ထဲကို ေရာက္သြားပါၿပီ။

ပဲခူးတိုင္းေဒသႀကီး ေ႐ႊက်င္ၿမိဳ႕နယ္ အထက္မင္းေစာင္း ေက်း႐ြာမွာ ဒီဇင္ဘာ၂၅ ရက္ေန႔ က ႏို႔ဆီခိုးစားတယ္ဆိုၿပီး‌ ၄ ႏွစ္ေက်ာ္ အ႐ြယ္ ကေလးငယ္ကို ႐ိုက္ႏွက္မႈနဲ႔ အေဖအရင္းႏွင့္မိေထြးကို ကေလးသူငယ္ အက္ဥပေဒနဲ႔အမႈဖြင့္ ဖမ္းဆီးထားတယ္လို႔ေ႐ႊက်င္ၿမိဳ႕နယ္ တိုင္းေဒသႀကီး အမွတ္၂ လႊတ္ေတာ္ကိုယ္ စားလွယ္ ေဒၚလွလွဝင္းကေျပာပါတယ္။

"ျဖစ္တာကေလးငါးရက္ေလာက္ရွိၿပီ။ကေလးကို ပတ္ဝန္းက်င္က သိရၿပီးေဆး႐ုံတင္တာ၊၂၈ ရက္ေန႔ကျဖစ္ၿပီးအမႈဖြင့္တာဒီဇင္ဘာလ၂၉ရက္ေန႔ကပါ၊၂၀၁၉ခုႏွစ္ကေလးသူငယ္အခြင့္‌ေရးမ်ားကာကြယ္ေစာင့္ေရွာက္ေရးဥပေဒနဲ႔ဖမ္းဆီးအမႈဖြင့္ထားပါတယ္ "လို႔ေဒၚလွလွဝင္းကေျပာပါတယ္။

ကေလးကို မိဘက ႐ိုက္လို႔ ကေလးသူငယ္အခြင့္‌ေရးမ်ားကာကြယ္ေစာင့္ေရွာက္ေရးဥပေဒနဲ႔ အေရးယူခံရ တာဟာ အဲဒီေဒသမွာ ပထမဆုံးလို႔လည္း ေဒၚလွလွဝင္းကေျပာပါတယ္။
ကေလးငယ္ဟာေ႐ြက်င္ေဆး႐ုံမွာေရာက္ေန

၄ ႏွစ္ေက်ာ္ခန႔္အ႐ြယ္ ကေလးဟာ အေဖအရင္းရွိေပမယ့္ အေဖကေနာက္မိန္းမ ယူထားလို႔ သူရဲ႕ေနာက္မိန္းမနဲ႔အတူေနထိုင္ရသူျဖစ္ပါတယ္။

႐ိုက္ႏွက္ခံရတာေၾကာင့္ အဲဒီ့ ကေလးငယ္ဟာေ႐ြက်င္ေဆး႐ုံမွာ မ်က္လုံး မဖြင့္ႏိုင္ေအာင္ျဖစ္ေန သလို ၊ေခါင္းနဲ႔ ဝမ္းဗိုက္ေတြမွာ ေရာင္ရမ္းတဲ့ဒဏ္ရာေတြ ရထားလို႔ကုသမႈခံေနရ ၿပီးေတာ့ ၊ပတ္ဝန္းက်င္က ဝိုင္းတိုင္လို႔ရဲတပ္ဖြဲ႕က အေဖအရင္းနဲ႔ မိေထြးျဖစ္သူကို ရဲကဖမ္းလိုက္တာလို႔ေဒသခံေတြကေျပာပါတယ္။

ဒီအမႈဟာထင္ရွားရင္ ေထာင္ဒဏ္ ရွစ္လ ကေန ၅ ႏွစ္ အထိက်ႏိုင္ သလို ေငြဒဏ္ ရွစ္သိန္းကေန ၁၆သိန္းအထိ ခ်ႏိုင္တယ္လို႔လည္း တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးႀကီးျမင့္ က ဘီဘီစီကိုေျပာပါတယ္။

ဒီကေလးဟာ ဒီဇင္ဘာလ ၂၅ ရက္ေန႔ထဲက ေန႔စဥ္ ႐ိုက္ခံေနရတာျဖစ္ၿပီးေတာ့႐ိုက္ႏွက္တဲ့ ျဖစ္စဥ္မွာ မိေထြးျဖစ္သူ ပါ ပါဝင္တာေၾကာင့္အဖမ္းခံထားရတယ္လို႔လည္းေဒၚလွလွဝင္းကေျပာပါတယ္။

ပုဒ္မ ၁၀၃ က နဲ႔ေထာင္က်ႏိုင္လား

ကေလးသူငယ္အခြင့္‌ေရးမ်ားကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ ပုဒ္မ ၁၀၃ က မွာ ႏွိပ္စက္ညႇင္းပန္းရင္ ရက္စကိၾကမ္းၾကဳတ္စြာ ျပဳမူရင္ အဲဒီပုဒ္မနဲ႔ အေရးယူႏိုင္တယ္။ဥပေဒအရ ဆိုရင္ အနည္းဆုံးေထာင္ရွစ္ လေလာက္ ကေန ၅ ႏွစ္အထိက်ႏိုင္တယ္လို႔လည္း တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးႀကီးျမင့္ ကေျပာပါတယ္။

အ႐ိုက္ခံရတဲ့ ကေလးဟာ ေ႐ႊက်င္ၿမိဳ႕နယ္ ေဆး႐ုံမွာ တက္ေရာက္ကုသေနၿပီး လူနာေစာင့္မရွိလို႔ ရဲတပ္ဖြဲ႕ က အလွည့္က် လူနာေစာင့္ေပးေနရ ေၾကာင္းနဲ႔ ဒီဇင္ဘာလ ၃၀ရက္ေန႔ မွာသူ႔အဘြား အရင္းျဖစ္သူနဲ႔ အဆက္အသြယ္ရၿပီလို႔လည္း ေဒၚလွလွဝင္း ကေျပာပါတယ္။

ကေလး ကို သူ႔အဘြားအရင္း ကတာဝန္မယူႏိုင္ရင္ လူမႈဝန္ထမ္း ကယ္ဆယ္ေရး က ထိမ္းသိမ္းထားဖို႔စီစဥ္ထားတယ္ လို႔လည္းသူကေျပာပါတယ္။

"ကေလးကဒဏ္ရာအေတာ္ျပင္းတယ္ ႏွစ္ တစ္လက္မ သစ္သားနဲ႔႐ိုက္ခံရတယ္ ေျပာတယ္၊ သူက ေခါင္းကလည္းေပ်ာ့စိ ႀကီးျဖစ္ေနတယ္၊ မ်က္လုံး ကပိတ္ၿပီးညိဳမည္းေနတယ္၊ နံ႐ိုးတဲ့ေတြလည္းေဖာင္းေနတယ္၊ ဗိုက္ေတြလည္းေဖာင္းေနတယ္ ။ ေစာင့္ေရွာက္မယ့္သူလည္း သူလည္းမရွိဘူးျဖစ္ေနတယ္ သူကရွင္းျပပါတယ္။

မိဘအရင္းဆိုေပမယ့္ ကေလးငယ္ေတြကို အခုလိုရက္ရက္စက္စက္ မႏွိပ္စက္သင့္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံမွာ ကေလးသူငယ္ဥပေဒနဲ႔ ကေလးကို႐ိုက္ႏွက္မႈေၾကာင့္ မိဘ အေရးယူခံရတာ ဟာ ပထမဆုံး ျဖစ္ေၾကာင္း လည္းတရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးႀကီးျမင့္ ကေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရွေကျင်မှာ ကလေးသူငယ်ပုဒ်မနဲ့ မိဘဖြစ်သူကို ရဲကဖမ်း

ဓာတ်ပုံ မူပိုင် Hla Hla Win
Image caption နို့ဆီခိုးစားတယ်ဆိုပြီး‌ ၄ နှစ်ကျော် အရွယ် ကလေးငယ်ကို ရိုက်နှက်ခံရပြီးဆေးရုံရောက်နေ

မြန်မာနိုင်ငံမှာ မိဘက သားသမီးကို ရိုက်နှက်ဆုံးမ တာထုံးစံဆိုပေမယ့် သားသမီးကို နှစ်တစ်လက်မ တုတ်နဲ့ ရိုက်နှက်တဲ့ ရွေကျင်မြို့အနီးကျေးရွာက မိဘတစ်ဦးဟာ၂၀၁၉ ခုနှစ်အတွင်း အတည်ပြုခဲ့တဲ့ ကလေးသူငယ် အက်ဥပဒေနဲ့ အမှုဖွင့်ခံရပြီးဒီဇင်ဘာလ ၂၉ ရက်နေ့က အချုပ်ထဲကို ရောက်သွားပါပြီ။

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထက်မင်းစောင်း ကျေးရွာမှာ ဒီဇင်ဘာ၂၅ ရက်နေ့ က နို့ဆီခိုးစားတယ်ဆိုပြီး‌ ၄ နှစ်ကျော် အရွယ် ကလေးငယ်ကို ရိုက်နှက်မှုနဲ့ အဖေအရင်းနှင့်မိထွေးကို ကလေးသူငယ် အက်ဥပဒေနဲ့အမှုဖွင့် ဖမ်းဆီးထားတယ်လို့ရွှေကျင်မြို့နယ် တိုင်းဒေသကြီး အမှတ်၂ လွှတ်တော်ကိုယ် စားလှယ် ဒေါ်လှလှဝင်းကပြောပါတယ်။

"ဖြစ်တာကလေးငါးရက်လောက်ရှိပြီ။ကလေးကို ပတ်ဝန်းကျင်က သိရပြီးဆေးရုံတင်တာ၊၂၈ ရက်နေ့ကဖြစ်ပြီးအမှုဖွင့်တာဒီဇင်ဘာလ၂၉ရက်နေ့ကပါ၊၂၀၁၉ခုနှစ်ကလေးသူငယ်အခွင့်‌ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ထားပါတယ် "လို့ဒေါ်လှလှဝင်းကပြောပါတယ်။

ကလေးကို မိဘက ရိုက်လို့ ကလေးသူငယ်အခွင့်‌ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အရေးယူခံရ တာဟာ အဲဒီဒေသမှာ ပထမဆုံးလို့လည်း ဒေါ်လှလှဝင်းကပြောပါတယ်။
ကလေးငယ်ဟာရွေကျင်ဆေးရုံမှာရောက်နေ

၄ နှစ်ကျော်ခန့်အရွယ် ကလေးဟာ အဖေအရင်းရှိပေမယ့် အဖေကနောက်မိန်းမ ယူထားလို့ သူရဲ့နောက်မိန်းမနဲ့အတူနေထိုင်ရသူဖြစ်ပါတယ်။

ရိုက်နှက်ခံရတာကြောင့် အဲဒီ့ ကလေးငယ်ဟာရွေကျင်ဆေးရုံမှာ မျက်လုံး မဖွင့်နိုင်အောင်ဖြစ်နေ သလို ၊ခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ရောင်ရမ်းတဲ့ဒဏ်ရာတွေ ရထားလို့ကုသမှုခံနေရ ပြီးတော့ ၊ပတ်ဝန်းကျင်က ဝိုင်းတိုင်လို့ရဲတပ်ဖွဲ့က အဖေအရင်းနဲ့ မိထွေးဖြစ်သူကို ရဲကဖမ်းလိုက်တာလို့ဒေသခံတွေကပြောပါတယ်။

ဒီအမှုဟာထင်ရှားရင် ထောင်ဒဏ် ရှစ်လ ကနေ ၅ နှစ် အထိကျနိုင် သလို ငွေဒဏ် ရှစ်သိန်းကနေ ၁၆သိန်းအထိ ချနိုင်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့် က ဘီဘီစီကိုပြောပါတယ်။

ဒီကလေးဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ထဲက နေ့စဉ် ရိုက်ခံနေရတာဖြစ်ပြီးတော့ရိုက်နှက်တဲ့ ဖြစ်စဉ်မှာ မိထွေးဖြစ်သူ ပါ ပါဝင်တာကြောင့်အဖမ်းခံထားရတယ်လို့လည်းဒေါ်လှလှဝင်းကပြောပါတယ်။

ပုဒ်မ ၁၀၃ က နဲ့ထောင်ကျနိုင်လား

ကလေးသူငယ်အခွင့်‌ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၁၀၃ က မှာ နှိပ်စက်ညှင်းပန်းရင် ရက်စကိကြမ်းကြုတ်စွာ ပြုမူရင် အဲဒီပုဒ်မနဲ့ အရေးယူနိုင်တယ်။ဥပဒေအရ ဆိုရင် အနည်းဆုံးထောင်ရှစ် လလောက် ကနေ ၅ နှစ်အထိကျနိုင်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့် ကပြောပါတယ်။

အရိုက်ခံရတဲ့ ကလေးဟာ ရွှေကျင်မြို့နယ် ဆေးရုံမှာ တက်ရောက်ကုသနေပြီး လူနာစောင့်မရှိလို့ ရဲတပ်ဖွဲ့ က အလှည့်ကျ လူနာစောင့်ပေးနေရ ကြောင်းနဲ့ ဒီဇင်ဘာလ ၃၀ရက်နေ့ မှာသူ့အဘွား အရင်းဖြစ်သူနဲ့ အဆက်အသွယ်ရပြီလို့လည်း ဒေါ်လှလှဝင်း ကပြောပါတယ်။

ကလေး ကို သူ့အဘွားအရင်း ကတာဝန်မယူနိုင်ရင် လူမှုဝန်ထမ်း ကယ်ဆယ်ရေး က ထိမ်းသိမ်းထားဖို့စီစဉ်ထားတယ် လို့လည်းသူကပြောပါတယ်။

"ကလေးကဒဏ်ရာအတော်ပြင်းတယ် နှစ် တစ်လက်မ သစ်သားနဲ့ရိုက်ခံရတယ် ပြောတယ်၊ သူက ခေါင်းကလည်းပျော့စိ ကြီးဖြစ်နေတယ်၊ မျက်လုံး ကပိတ်ပြီးညိုမည်းနေတယ်၊ နံရိုးတဲ့တွေလည်းဖောင်းနေတယ်၊ ဗိုက်တွေလည်းဖောင်းနေတယ် ။ စောင့်ရှောက်မယ့်သူလည်း သူလည်းမရှိဘူးဖြစ်နေတယ် သူကရှင်းပြပါတယ်။

မိဘအရင်းဆိုပေမယ့် ကလေးငယ်တွေကို အခုလိုရက်ရက်စက်စက် မနှိပ်စက်သင့်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်ဥပဒေနဲ့ ကလေးကိုရိုက်နှက်မှုကြောင့် မိဘ အရေးယူခံရတာ ဟာ ပထမဆုံး ဖြစ်ကြောင်း လည်းတရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့် ကပြောပါတယ်။

BBC Burmese
https://www.bbc.com
ေ႐ြက်င္မွာ ကေလးသူငယ္ပုဒ္မနဲ႔ မိဘျဖစ္သူကို ရဲကဖမ္း ေ႐ြက်င္မွာ ကေလးသူငယ္ပုဒ္မနဲ႔ မိဘျဖစ္သူကို ရဲကဖမ္း Reviewed by THITHTOOLWIN on 03:26 Rating: 5
Powered by Blogger.