ပေဟဠိဆန္တဲ့ မီးသတ္ ခုႏွစ္ဦး ေပ်ာက္ဆုံးမႈ

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕က မီးသတ္ဌာနကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေအာက္တိုဘာမွာ ေျမာက္ဦးၿမိဳ႕နယ္ကေန ဖမ္းဆီးသြားတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြထဲက ဒုဦးစီးမႉး တစ္ဦး ေသဆုံးသြားၿပီးေနာက္ က်န္တဲ့ ၁၈ ေယာက္ကို ျပန္လႊတ္ေပးခဲ့တယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA က ေၾကညာခဲ့တာပါ။

AA အဖြဲ႕က ႏိုဝင္ဘာ ၆ ရက္မွာ ျပန္လႊတ္ေပးလိုက္ၿပီလို႔ သတင္းထုတ္ျပန္ခဲ့ေပမယ့္ ၁၁ ေယာက္ပဲ ျပန္ေရာက္လာခဲ့ပါတယ္။

တစ္လနီးပါးၾကာတဲ့အထိ ဘာမွအဆက္အသြယ္မရေသးတဲ့ ရခိုင္တိုင္းရင္းသား မီးသတ္သမား ခုႏွစ္ေယာက္နဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕ ေဆြမ်ိဳးသားခ်င္းေတြကို စုံစမ္းၾကည့္ေနတယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က အမည္မေဖာ္လိုတဲ့ အရာရွိတစ္ဦးက ေျပာပါတယ္။

လြတ္ေျမာက္လာ ၁၁ ေယာက္က သူတို႔ကို တစ္စုတည္း ဖမ္းဆီးေခၚေဆာင္သြားခဲ့ေပမယ့္ ျပန္လႊတ္တဲ့ အခ်ိန္မွာေတာ့ အဖြဲ႕ခြဲၿပီး မ်က္လုံးအုပ္စည္း ျပန္လႊတ္ေပးတာေၾကာင့္ က်န္တဲ့ ခုႏွစ္ေယာက္နဲ႔ ပတ္သက္လို႔ဘာမွ မသိဘူးလို႔ ေျပာၾကပါတယ္။

တပ္မေတာ္ကေတာ့ မီးသတ္ ခုႏွစ္ေယာက္ဟာ AA လက္ထဲမွာပဲရွိမယ္လို႔ ယူဆပါတယ္။

“က်ေနာ့္အျမင္ကေတာ့ အမွန္တကယ္ ျပန္မလႊတ္ေသးလို႔ပဲ။ ျပန္လႊတ္တယ္ေျပာၿပီးေတာ့ အမွန္တကယ္ ျပန္မလႊတ္ေသးလို႔ အဲဒီမွာရွိတာ။ ဘာေၾကာင့္ျပန္မလႊတ္သလဲ ဆိုတာကေတာ့ ျပန္လြတ္လာတဲ့သူေတြကို ေမးလိုက္ရင္ေတာ့ သိမွာပဲ”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ေျပာသြားတာပါ။

ဒီ ခုႏွစ္ေယာက္ဟာ AA တပ္ဖြဲ႕ထဲဝင္ၿပီး တာဝန္ထမ္းေနၿပီလို႔ ယူဆသူ တခ်ိဳ႕လည္း ရွိပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခ ကေတာ့ ႏိုဝင္ဘာ ၆ ရက္ေန႔ ညေနပိုင္းက ေျမာက္ဦးၿမိဳ႕နယ္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး သုံးေယာက္ထံမွာ မီးသတ္တပ္ဖြဲ႕ဝင္ေတြကို လႊဲေျပာင္းေပးခဲ့တာျဖစ္တယ္လို႔   ေျပာပါတယ္။

“အဲဒီေန႔မွာ ၁၈ ေယာက္လုံးကို တစ္ခါတည္း တစ္ေနရာတည္းက တစ္ၿပိဳင္နက္တည္း လႊတ္ေပးလိုက္တာ။ အဲဒီလူေတြ အတူတူသြားၾကၿပီးေတာ့ ေရာက္တဲ့သူက ေရာက္တယ္။ မေရာက္တဲ့သူက မေရာက္ဘူး ဆိုတာကေတာ့ သူတို႔မွာ တျခား အေၾကာင္းေတြလည္း ရွိႏိုင္တယ္။ အဲဒီကိစၥေတြက က်ေနာ္တို႔နဲ႔ ဘာမွ ပတ္သက္မႈမရွိေတာ့ဘူး။ မီးသတ္ဌာနခ်ဳပ္ကို ျပန္မလာဘူး ဆိုတာကလည္း သူတို႔ပုဂၢိဳလ္ေရး တျခားအေၾကာင္းအရာေတြလည္း ရွိႏိုင္တယ္”

လက္ခံခဲ့တဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး သုံးေယာက္ထဲက တစ္ေယာက္ကို RFA က ဆက္သြယ္ရာမွာေတာ့ AA က ၁၁ ဦးကိုသာ အပ္ႏွံခဲ့တာလို႔ ေျဖၾကားထားဖူးပါတယ္။

ျပည္နယ္မီးသတ္ဦးစီးဌာနက ျပန္လြတ္လာတဲ့ ၁၁ ဦးကို စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈရွိေနရင္ ကုစားမႈေပးႏိုင္ဖို႔ ေစာင့္ေရွာက္ထားတယ္လို႔ သိရပါတယ္။

ေပ်ာက္ဆုံးေနတဲ့ မီးသတ္တပ္သားေတြနဲ႔ပတ္သက္ၿပီး ျပည္နယ္ရဲတပ္ဖြဲ႕က ဘယ္လိုစုံစမ္း သိရွိထားသလဲ ဆိုတာကို ဒီေန႔ညေနအထိ RFA က အႀကိမ္ႀကိမ္ဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။

မီးသတ္သမားလူငယ္ေတြဟာ စစ္ေတြ၊ ေက်ာက္ေတာ္၊ သံတြဲ၊ ဂြ၊ ဘူးသီးေတာင္စတဲ့ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အသီးသီးကျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးမွာ သင္တန္းတက္ၿပီး ေနရပ္အျပန္မွာ သူတို႔ရဲ႕ကားကို AA က လမ္းမွာ ဟန႔္တားၿပီး ထိန္းသိမ္းခဲ့တာပါ။

တပ္မေတာ္နဲ႔ AA တို႔ဟာ လူေနရပ္ကြက္ေတြ၊ ေက်း႐ြာေတြကိုပါ စစ္ဆင္ေရးနယ္ေျမ သတ္မွတ္ၿပီး တိုက္ေနၾကတာေၾကာင့္ ဖမ္းဆီးထိန္းသိမ္း သတ္ျဖတ္တာေတြ ေန႔စဥ္ဆိုသလိုျဖစ္ေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕ အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“အခုလူေတြမွာ ဘာမွလုံၿခဳံမႈ မရွိေတာ့တဲ့ အေျခအေနကို ေရာက္ေနတယ္။ ၿမိဳ႕ေပၚေန လူတန္းစားေတြမွာေတာင္ ဒီလိုရွိေနတယ္။ ေက်းလက္ေတြမွာေတာ့ ပိုၿပီးစိုးရိမ္စိတ္ေတြနဲ႔ ေနထိုင္ေနၾကရတယ္။ အလုပ္အကိုင္လည္း ဘာမွ မယ္မယ္ရရမရွိေတာ့ဘူး။ ႀကဳံရင္ႀကဳံသလို ရွာေဖြစားေသာက္ေနၾကရတယ္”

ရခိုင္ျပည္နယ္မွာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြဟာ တစ္ႏွစ္နီးပါး ၾကာျမင့္လာၿပီျဖစ္ၿပီး ႏွစ္ဘက္အျပန္အလွန္ ဖမ္းဆီးထားသူေတြ ပိုမ်ားလာေနပါတယ္။ ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚကေန ဖမ္းဆီးေခၚေဆာင္ခံရသူေတြအပါအဝင္ လူ ၃၀ ဝန္းက်င္ေလာက္ AA က ဖမ္းဆီးထားတယ္လို႔ ထုတ္ျပန္ခ်က္ေတြအရ ခန႔္မွန္းရပါတယ္။ အဲဒီထဲမွာ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္၊ အက်ဥ္းဦးစီး၊ တပ္အင္ဂ်င္နီယာ နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးလည္း ပါဝင္ပါတယ္။ သူတို႔ကို သုံ႔ပန္းလဲလွယ္ေရးအစီအစဥ္နဲ႔ ျပန္လႊတ္ေပးဖို႔ AA ကကမ္းလွမ္းေပမယ့္ တပ္မေတာ္နဲ႔ အစိုးရကေတာ့ ျငင္းဆိုထားပါတယ္။ အဲဒီလိုျငင္းဆိုထားတဲ့အတြက္ ဖမ္းဆီးထားသူေတြကို ျပန္မလႊတ္ေပးဘဲ စနစ္တက် ထိန္းသိမ္းထားမွာျဖစ္တယ္လို႔ AA ေျပာခြင့္ရသူ ခိုင္သုခက RFA ကို ေျပာပါတယ္။

တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ ဒုကၡသည္ ကိုးေသာင္းေက်ာ္အထိရွိၿပီး ေသဆုံးသူ ၈၉ ေယာက္နဲ႔ ဒဏ္ရာရရွိသူ ၂၂၈ ေယာက္ ရွိသြားၿပီလို႔ ေဒသအေျခစိုက္ လူမႈအဖြဲ႕အစည္းေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ပဟေဠိဆန်တဲ့ မီးသတ် ခုနှစ်ဦး ပျောက်ဆုံးမှု

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မီးသတ်ဌာနကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

အောက်တိုဘာမှာ မြောက်ဦးမြို့နယ်ကနေ ဖမ်းဆီးသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲက ဒုဦးစီးမှူး တစ်ဦး သေဆုံးသွားပြီးနောက် ကျန်တဲ့ ၁၈ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ကြေညာခဲ့တာပါ။

AA အဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ၁၁ ယောက်ပဲ ပြန်ရောက်လာခဲ့ပါတယ်။

တစ်လနီးပါးကြာတဲ့အထိ ဘာမှအဆက်အသွယ်မရသေးတဲ့ ရခိုင်တိုင်းရင်းသား မီးသတ်သမား ခုနှစ်ယောက်နဲ့ ပတ်သက်လို့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို စုံစမ်းကြည့်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

လွတ်မြောက်လာ ၁၁ ယောက်က သူတို့ကို တစ်စုတည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမယ့် ပြန်လွှတ်တဲ့ အချိန်မှာတော့ အဖွဲ့ခွဲပြီး မျက်လုံးအုပ်စည်း ပြန်လွှတ်ပေးတာကြောင့် ကျန်တဲ့ ခုနှစ်ယောက်နဲ့ ပတ်သက်လို့ဘာမှ မသိဘူးလို့ ပြောကြပါတယ်။

တပ်မတော်ကတော့ မီးသတ် ခုနှစ်ယောက်ဟာ AA လက်ထဲမှာပဲရှိမယ်လို့ ယူဆပါတယ်။

“ကျနော့်အမြင်ကတော့ အမှန်တကယ် ပြန်မလွှတ်သေးလို့ပဲ။ ပြန်လွှတ်တယ်ပြောပြီးတော့ အမှန်တကယ် ပြန်မလွှတ်သေးလို့ အဲဒီမှာရှိတာ။ ဘာကြောင့်ပြန်မလွှတ်သလဲ ဆိုတာကတော့ ပြန်လွတ်လာတဲ့သူတွေကို မေးလိုက်ရင်တော့ သိမှာပဲ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောသွားတာပါ။

ဒီ ခုနှစ်ယောက်ဟာ AA တပ်ဖွဲ့ထဲဝင်ပြီး တာဝန်ထမ်းနေပြီလို့ ယူဆသူ တချို့လည်း ရှိပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခ ကတော့ နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးယောက်ထံမှာ မီးသတ်တပ်ဖွဲ့ဝင်တွေကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့   ပြောပါတယ်။

“အဲဒီနေ့မှာ ၁၈ ယောက်လုံးကို တစ်ခါတည်း တစ်နေရာတည်းက တစ်ပြိုင်နက်တည်း လွှတ်ပေးလိုက်တာ။ အဲဒီလူတွေ အတူတူသွားကြပြီးတော့ ရောက်တဲ့သူက ရောက်တယ်။ မရောက်တဲ့သူက မရောက်ဘူး ဆိုတာကတော့ သူတို့မှာ တခြား အကြောင်းတွေလည်း ရှိနိုင်တယ်။ အဲဒီကိစ္စတွေက ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှုမရှိတော့ဘူး။ မီးသတ်ဌာနချုပ်ကို ပြန်မလာဘူး ဆိုတာကလည်း သူတို့ပုဂ္ဂိုလ်ရေး တခြားအကြောင်းအရာတွေလည်း ရှိနိုင်တယ်”

လက်ခံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သုံးယောက်ထဲက တစ်ယောက်ကို RFA က ဆက်သွယ်ရာမှာတော့ AA က ၁၁ ဦးကိုသာ အပ်နှံခဲ့တာလို့ ဖြေကြားထားဖူးပါတယ်။

ပြည်နယ်မီးသတ်ဦးစီးဌာနက ပြန်လွတ်လာတဲ့ ၁၁ ဦးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေရင် ကုစားမှုပေးနိုင်ဖို့ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ မီးသတ်တပ်သားတွေနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့က ဘယ်လိုစုံစမ်း သိရှိထားသလဲ ဆိုတာကို ဒီနေ့ညနေအထိ RFA က အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

မီးသတ်သမားလူငယ်တွေဟာ စစ်တွေ၊ ကျောက်တော်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးကဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ သင်တန်းတက်ပြီး နေရပ်အပြန်မှာ သူတို့ရဲ့ကားကို AA က လမ်းမှာ ဟန့်တားပြီး ထိန်းသိမ်းခဲ့တာပါ။

တပ်မတော်နဲ့ AA တို့ဟာ လူနေရပ်ကွက်တွေ၊ ကျေးရွာတွေကိုပါ စစ်ဆင်ရေးနယ်မြေ သတ်မှတ်ပြီး တိုက်နေကြတာကြောင့် ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်တာတွေ နေ့စဉ်ဆိုသလိုဖြစ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“အခုလူတွေမှာ ဘာမှလုံခြုံမှု မရှိတော့တဲ့ အခြေအနေကို ရောက်နေတယ်။ မြို့ပေါ်နေ လူတန်းစားတွေမှာတောင် ဒီလိုရှိနေတယ်။ ကျေးလက်တွေမှာတော့ ပိုပြီးစိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်။ အလုပ်အကိုင်လည်း ဘာမှ မယ်မယ်ရရမရှိတော့ဘူး။ ကြုံရင်ကြုံသလို ရှာဖွေစားသောက်နေကြရတယ်”

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး နှစ်ဘက်အပြန်အလှန် ဖမ်းဆီးထားသူတွေ ပိုများလာနေပါတယ်။ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေအပါအဝင် လူ ၃၀ ဝန်းကျင်လောက် AA က ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်တွေအရ ခန့်မှန်းရပါတယ်။ အဲဒီထဲမှာ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းဦးစီး၊ တပ်အင်ဂျင်နီယာ နဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ပါတယ်။ သူတို့ကို သုံ့ပန်းလဲလှယ်ရေးအစီအစဉ်နဲ့ ပြန်လွှတ်ပေးဖို့ AA ကကမ်းလှမ်းပေမယ့် တပ်မတော်နဲ့ အစိုးရကတော့ ငြင်းဆိုထားပါတယ်။ အဲဒီလိုငြင်းဆိုထားတဲ့အတွက် ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်ပေးဘဲ စနစ်တကျ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ကိုးသောင်းကျော်အထိရှိပြီး သေဆုံးသူ ၈၉ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂၂၈ ယောက် ရှိသွားပြီလို့ ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ပေဟဠိဆန္တဲ့ မီးသတ္ ခုႏွစ္ဦး ေပ်ာက္ဆုံးမႈ ပေဟဠိဆန္တဲ့ မီးသတ္ ခုႏွစ္ဦး ေပ်ာက္ဆုံးမႈ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.