
(Zawgyi)⤵⤵⤵




(Xinhua) 
-----------
(Unicode)⤵⤵⤵
ကင်မရွန်းနိုင်ငံတွင် ဂရိ ရေနံတင်သင်္ဘောကို ပင်လယ်ဓားပြများ တိုက်ခိုက်၊ သင်္ဘောသား ၈ ဦးကို အဓမ္မခေါ်ဆောင်သွား

“Happy Lady” ရေနံတင်သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    အေသင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

    ကင်မရွန်းနိုင်ငံ Limboh ဆိပ်ကမ်းပြင်ပ ရေမိုင် ၂ မိုင် (၃ ဒသမ ၇ ကီလိုမီတာ) တွင် ကျောက်ချရပ်နားနေသော ဂရိနိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စီးကို ပင်လယ်ဓားပြများ တိုက်ခိုက်ခဲ့ကာ သင်္ဘောသား ၈ ဦးကို အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဂရိနိုင်ငံ Shipping ဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်တွင် ဂရိ စက်ပြင်ဆရာတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အီးမေးလ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“Happy Lady” သင်္ဘောပေါ်တွင် သင်္ဘောသား ၂၈ ဦး လိုက်ပါသွားခဲ့ကြောင်း၊ အဓမ္မခေါ်ဆောင်သွားခြင်းခံရသည့် သင်္ဘောသားများမှာ ဂရိနိုင်ငံသား ၅ ဦး၊ ယူကရိန်းနိုင်ငံသား ၁ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

(Xinhua) 
http://www.xinhuamyanmar.com
ကင်မရွန်းနိုင်ငံတွင် ဂရိ ရေနံတင်သင်္ဘောကို ပင်လယ်ဓားပြများ တိုက်ခိုက်၊ သင်္ဘောသား ၈ ဦးကို အဓမ္မခေါ်ဆောင်သွား ကင်မရွန်းနိုင်ငံတွင် ဂရိ ရေနံတင်သင်္ဘောကို ပင်လယ်ဓားပြများ တိုက်ခိုက်၊ သင်္ဘောသား ၈ ဦးကို အဓမ္မခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 23:14 Rating: 5
Powered by Blogger.