
(Zawgyi)⤵⤵⤵

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ယာဉ်မောင်း ကျော်စိုးဝင်း(ခ) ပေါ်လာ(၂၄)နှစ်(ဘ)ဦးစိန်လှမောင် ပေါက်ကုန်းကျေးရွာ ကျောက်ဆည် မြို့နယ်နေသူ မောင်းနှင်ပြီး သက်နိုင်စိုး(၃၆)နှစ် ပြည်လုံးချမ်းသာ ရပ်ကွက်ကျောက်ဆည်မြို့နေသူ လိုက်ပါလာသည့် ယာဉ်အမှတ် 2M/-------------Nlssan အမျိုးအစား အပြာ/အဝါရောင်(၁၈)ဘီး ယာဉ်သည် မျက်နှာချင်းဆိုင် မန္တလေးဘက်မှရန်ကုန်ဘက်သို့ (အမည်အသက်အဘအမည်နေရပ်လိပ်စာစီစစ်ဆဲ) အမျိုးသား မောင်းနှင်လာသည့် Honda အမျိုးအစား ဖြူနီနက်ကြားရောင် ဆိုင်ကယ်အားဝင်ရောက်တိုက်မိခဲ့ရာ ၁၈ဘီးယာဉ်တွင်ဝဲဘက်မီးခွက်ကွဲ ဘန်ဂါနှင် အင်ဂျင်ဝိုင်တိုင်ကီကွဲကာ ဆိုင်ကယ်မှာကြေမွပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမည်မသိ အမျိုးသားတွင်နဖူး(၂)လက်မခန့် ပေါက်ပြဲ ဝဲနှုတ်ခမ်းကွဲ ဝဲပေါင်ကျိုးယာလက်ခုံကွဲ ယာခြေသလုံးပွန်း ပဲ့နှင့် ဝဲမျက်ခုံပွန်းပဲ့ ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။


ခင်ကို(ကျောက်တံခါး)
Myanmaalinn
------------
(Unicode)⤵⤵⤵
ကျောက်တံခါးမြို့နယ်တွင် ၁၈ ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မှုဖြစ် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

ကျောက်တံခါး ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်(ခ)တောကျွဲအင်း နယ်မြေရဲစခန်းအပိုင် ရန်ကုန်မန္တလေးကားလမ်းဟောင်း အောင်မြင် ကျေးရွာ အုပ်စု ရွှေဝါကျေးရွာအနီး မိုင်တိုင်အမှတ်၁၀၉/၆နှင့်၁၀၉/၇ အကြားတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၁နာရီခန့်က ၁၈ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာဆိုင်ကယ်မောင်းနှင်သူနေရာတွင်သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ယာဉ်မောင်း ကျော်စိုးဝင်း(ခ) ပေါ်လာ(၂၄)နှစ်(ဘ)ဦးစိန်လှမောင် ပေါက်ကုန်းကျေးရွာ ကျောက်ဆည် မြို့နယ်နေသူ မောင်းနှင်ပြီး သက်နိူင်စိုး(၃၆)နှစ် ပြည်လုံးချမ်းသာ ရပ်ကွက်ကျောက်ဆည်မြို့နေသူ လိုက်ပါလာသည့် ယာဉ်အမှတ် 2M/-------------Nlssan အမျိုးအစား အပြာ/အဝါရောင်(၁၈)ဘီး ယာဉ်သည် မျက်နှာချင်းဆိုင် မန္တလေးဘက်မှရန်ကုန်ဘက်သို့ (အမည်အသက်အဘအမည်နေရပ်လိပ်စာစီစစ်ဆဲ) အမျိုးသား မောင်းနှင်လာသည့် Honda အမျိုးအစား ဖြူနီနက်ကြားရောင် ဆိုင်ကယ်အားဝင်ရောက်တိုက်မိခဲ့ရာ ၁၈ဘီးယာဉ်တွင်ဝဲဘက်မီးခွက်ကွဲ ဘန်ဂါနှင် အင်ဂျင်ဝိုင်တိုင်ကီကွဲကာ ဆိုင်ကယ်မှာကြေမွပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမည်မသိ အမျိုးသားတွင်နဖူး(၂)လက်မခန့် ပေါက်ပြဲ ဝဲနှုတ်ခမ်းကွဲ ဝဲပေါင်ကျိုးယာလက်ခုံကွဲ ယာခြေသလုံးပွန်း ပဲ့နှင့် ဝဲမျက်ခုံပွန်းပဲ့ ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးကျောက်တံခါးမြို့နယ်အောင်မြင်(ခ)တောကျွဲအင်းနယ်မြေရဲစခန်းက ယာဉ်မောင်းကျော်စိုးဝင်း(ခ)ပေါ်လာအား အမှုဖွင့်အရေးယူကာ စခန်းမှူးရဲအုပ်ကျော်ကျော်ဦး မှ လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်တံခါးမြို့နယ်တွင် ၁၈ ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မှုဖြစ် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး ကျောက်တံခါးမြို့နယ်တွင် ၁၈ ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မှုဖြစ် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.