၂၀၂၀ အသန္႔ရွင္းဆံုး အာဆီယံ စံျပျမိဳ႕ ျမန္မာ ၃ ျမိဳ႕ရရိွ


[Zawgyi / Unicode]

ကမာၻလွည့္ခရီးသြားေတြ သန႔္ရွင္းအဆင္ေျပစြာ ခရီးသြားလာႏိုင္တဲ့ အာဆီယံ စံျပၿမိဳ႕ဆုကို ျမန္မာႏိုင္ငံက ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၊ တနသာၤရီတိုင္း ထားဝယ္ၿမိဳ႕နဲ႔ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ေတြ ရရွိၾကမွာျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္အတြက္ အသန႔္ရွင္းဆုံးအာဆီယံ စံျပၿမိဳ႕အျဖစ္ ျမန္မာႏိုင္ငံက ၿမိဳ႕ ၃ ၿမိဳ႕အျပင္ ဆုရတဲ့ တျခားအာဆီယံၿမိဳ႕ေတြကို ၂၀၂၀ ဇန္နဝါရီလမွာ က်င္းပမယ့္ ၃၉ ႀကိမ္ေျမာက္ အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္ ေဆြးေႏြးပြဲမွာ ဆုေပးမွာျဖစ္ပါတယ္။

ဆုရရွိတဲ့ၿမိဳ႕ေတြအေနနဲ႔ အသိအမွတ္ျပဳ ဆုလက္မွတ္နဲ႔ Asean Clean Tourist City လို႔ ေမာ္ကြန္းထိုးထားတဲ့ တံဆိပ္ကို ရရွိမွာျဖစ္ပါတယ္။ အသန႔္ရွင္းဆုံးအာဆီယံ စံျပၿမိဳ႕ဆုက ၃ ႏွစ္သက္တမ္းရွိမွာပါ။

ျမန္မာႏိုင္ငံက အေ႐ြးခံရတဲ့ လြိဳင္ေကာ္ၿမိဳ႕၊ ထားဝယ္ၿမိဳ႕နဲ႔ ေတာင္ႀကီးၿမိဳ႕ေတြဟာ ကမာၻလွည့္ခရီးသြားေတြ အသြားမ်ားတဲ့ ၿမိဳ႕ေတြျဖစ္ၾကပါတယ္။ အဲဒီၿမိဳ႕ေတြဟာ အမႈိက္ကင္းရွင္းၿပီး သန႔္ရွင္းသပ္ရပ္တဲ့ ၿမိဳ႕ေတြအျဖစ္ ျပည္တြင္း ျပည္ပခရီးသြားေတြ အသိအမွတ္ျပဳခံရတဲ့ ၿမိဳ႕ေတြျဖစ္ၾကပါတယ္။

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈပိုင္း စနစ္တက် ေဆာင္႐ြက္ထားမႈ၊ သန႔္ရွင္းသပ္ရပ္မႈ၊ က်န္းမာေရး၊ ၿမိဳ႕ျပလုံၿခဳံေရးနဲ႔ ခရီးသြားေတြအတြက္ အဆင္ေျပေစမယ့္ အေျခခံအေဆာက္အအုံေတြ ရွိမႈ စတဲ့ စံ ၇ ခုအေပၚ မူတည္ၿပီး အသန႔္ရွင္းဆုံး အာဆီယံစံျပၿမိဳ႕ေတြကို ေ႐ြးခ်ယ္တာျဖစ္ပါတယ္။

[Unicode Version]

၂၀၂၀ အသန့်ရှင်းဆုံး အာဆီယံ စံပြမြို့ မြန်မာ ၃ မြို့ရရှိ

ကမ္ဘာလှည့်ခရီးသွားတွေ သန့်ရှင်းအဆင်ပြေစွာ ခရီးသွားလာနိုင်တဲ့ အာဆီယံ စံပြမြို့ဆုကို မြန်မာနိုင်ငံက ကယားပြည်နယ် လွိုင်ကော်မြို့၊ တနသာၤရီတိုင်း ထားဝယ်မြို့နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွေ ရရှိကြမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွက် အသန့်ရှင်းဆုံးအာဆီယံ စံပြမြို့အဖြစ် မြန်မာနိုင်ငံက မြို့ ၃ မြို့အပြင် ဆုရတဲ့ တခြားအာဆီယံမြို့တွေကို ၂၀၂၀ ဇန်နဝါရီလမှာ ကျင်းပမယ့် ၃၉ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ဆွေးနွေးပွဲမှာ ဆုပေးမှာဖြစ်ပါတယ်။

ဆုရရှိတဲ့မြို့တွေအနေနဲ့ အသိအမှတ်ပြု ဆုလက်မှတ်နဲ့ Asean Clean Tourist City လို့ မော်ကွန်းထိုးထားတဲ့ တံဆိပ်ကို ရရှိမှာဖြစ်ပါတယ်။ အသန့်ရှင်းဆုံးအာဆီယံ စံပြမြို့ဆုက ၃ နှစ်သက်တမ်းရှိမှာပါ။

မြန်မာနိုင်ငံက အရွေးခံရတဲ့ လွိုင်ကော်မြို့၊ ထားဝယ်မြို့နဲ့ တောင်ကြီးမြို့တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ မြို့တွေဖြစ်ကြပါတယ်။ အဲဒီမြို့တွေဟာ အမှိုက်ကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်တဲ့ မြို့တွေအဖြစ် ပြည်တွင်း ပြည်ပခရီးသွားတွေ အသိအမှတ်ပြုခံရတဲ့ မြို့တွေဖြစ်ကြပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်း စနစ်တကျ ဆောင်ရွက်ထားမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေး၊ မြို့ပြလုံခြုံရေးနဲ့ ခရီးသွားတွေအတွက် အဆင်ပြေစေမယ့် အခြေခံအဆောက်အအုံတွေ ရှိမှု စတဲ့ စံ ၇ ခုအပေါ် မူတည်ပြီး အသန့်ရှင်းဆုံး အာဆီယံစံပြမြို့တွေကို ရွေးချယ်တာဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
၂၀၂၀ အသန္႔ရွင္းဆံုး အာဆီယံ စံျပျမိဳ႕ ျမန္မာ ၃ ျမိဳ႕ရရိွ ၂၀၂၀ အသန္႔ရွင္းဆံုး အာဆီယံ စံျပျမိဳ႕ ျမန္မာ ၃ ျမိဳ႕ရရိွ Reviewed by THITHTOOLWIN on 03:33 Rating: 5
Powered by Blogger.