အစိုးရပိုင္ေအာင္တံခြန္သေဘၤာေပၚက ခရီးသည္ ၁၆ ဦးကို ေအေအဖမ္း

စစ္ေတြၿမိဳ႕ ဆိတ္႐ိုးက်ဆိပ္ကမ္းကို ဒီဇင္ဘာ ၂၉ ရက္ေန႔က ျမင္ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
စစ္ေတြၿမိဳ႕ကေန ဘူးသီးေတာင္ဆိပ္ကမ္းကို ထြက္ခြာလာတဲ့ ျမန္မာ့ေရေၾကာင္းဌာနပိုင္ ေအာင္တံခြန္ အမွတ္ ၇ သေဘၤာကို ဒီဇင္ဘာလ ၃၁ ရက္ေန႔လည္ပိုင္း ၁ နာရီခန႔္မွာ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေအေအတပ္ဖြဲ႕က ရပ္တန႔္ၿပီး ခရီးသည္တခ်ိဳ႕ကို ေခၚေဆာင္သြားခဲ့တယ္လို႔ ျပည္တြင္းေရးေၾကာင္းဌာန၊ ရခိုင္ျပည္နယ္တာဝန္ခံ ဦးေအာင္လင္းက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

အဲ့ဒီသေဘၤာဟာ ေန႔လယ္ပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕ဆိပ္ကမ္းကို ဆိုက္ကပ္ခဲ့ၿပီး ဘူးသီးေတာင္ၿမိဳ႕ကို ဆက္လက္ထြက္ခြာလာစဥ္ ရေသ့ေတာင္နဲ႔ ခန႔္မွန္းေျခ ၁၀ မိုင္ခန႔္အကြာ ေခ်ာင္းဝအနီးမွာ ရကၡိဳင့္တပ္ေတာ္ေအေအဘက္က သေဘၤာကိုရပ္ကာ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးအဲ့ဒီလူေတြကို ေခၚယူသြားခဲ့တာလို႔ သတင္းရရွိပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ရန္ကုန္ကေန ရခိုင္ျပည္နယ္ကို တာဝန္ထမ္းေဆာင္ဖို႔လာခဲ့ၾကတဲ့ ကုန္းလမ္းပို႔ေဆာင္ဆက္သြယ္ေရးဌာနကယာဥ္ေမာင္းဝန္ထမ္းေတြျဖစ္ၾကၿပီးျပန္လည္လက္ခံေရးစခန္းေတြမွာ ကားေမာင္းေပးဖို႔အတြက္ ဘူးသီးေတာင္ကိုသြားေရာက္ခဲ့ၾကတာျဖစ္ေၾကာင္းနဲ႔ သူတို႔ထဲက ၁၆ ဦးကို ေအေအဘက္က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ဦးေအာင္လင္းက ေျပာပါတယ္။

"ခရီသည္တခ်ိဳ႕ကို ဖမ္းဆီးသြားတယ္ဆိုတာဟုတ္ပါတယ္။ ဒုကၡသည္ႀကိဳဆိုေရးစခန္းမွာ ကားေမာင္းေပးဖို႔အတြက္သြားတာျဖစ္ပါတယ္။ အကုန္လုံးက ၁၈ ေယာက္ပါတယ္။ ၁၆ ေယာက္ကိုဖမ္းသြားတယ္။"လို႔ ေရေၾကာင္းဌာန ရခိုင္ျပည္နယ္တာဝန္ခံ ဦးေအာင္လင္းက ေျပာပါတယ္။

ေအာင္တံခြန္ ၇ သေဘၤာ ခုတ္ေမာင္းသြားေနစဥ္ လက္နက္ေတြကိုင္ေဆာင္ထားတဲ့ ေအေအတပ္ဖြဲ႕ဝင္ ၈၀ ေလာက္ဟာ ေမာ္ေတာ္တစ္စီးနဲ႔ေရာက္လာခဲ့တာျဖစ္ၿပီး သေဘၤာကိုရပ္ ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ကာ ဝန္ထမ္း ၁၆ ဦးကိုဖမ္းဆီးလိုက္ၿပီး ေနာက္၂ နာရီေလာက္မွာ က်န္ခရီးသည္ေတြနဲ႔ သေဘၤာကိုျပန္လည္လႊတ္ေပးခဲ့တယ္လို႔ဆိုပါတယ္။

အဲ့ဒီသေဘၤာမွာ ခရီးသည္စုစုေပါင္း ၄၀ ေက်ာ္လိုက္ပါခဲ့ၾကၿပီး က်န္တဲ့ခရီးသည္ေတြနဲ႔ ေရယာဥ္ဝန္ထမ္းေတြကိုေတာ့ ျပန္လည္လႊတ္ေပးလိုက္တဲ့အတြက္ ဘူးသီးေတာင္ၿမိဳ႕ဆိပ္ကမ္းကို ဆက္လက္ခုတ္ေမာင္းသြားေနတယ္လို႔ ဦးေအာင္လင္းက ေျပာဆိုပါတယ္။

ေအေအဖမ္းသြားသူေတြဟာ လက္မွတ္လာဝယ္ရာမွာ တစ္ဦးတည္းအမည္နဲ႔ လက္မွတ္ ၁၈ ေစာင္ကိုဝယ္ယူသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္အတြင္း ခရီးသြားလာမယ့္ ဝန္ထမ္းေတြအေနနဲ႔ အစိုးရကိုအေၾကာင္းၾကားၿပီးမွသြားလာၾကဖို႔နဲ႔ အစိုးရဌာနပိုင္ပို႔ေဆာင္ေရးယာဥ္ေတြနဲ႔သာ သြားလာၾကဖို႔ ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့လပိုင္းအတြင္းက စစ္ေတြကေန ဘူးသီးေတာင္ကိုေျပးဆြဲေနတဲ့ ေ႐ႊနဒီအျမန္ေရယာဥ္ကို ေအေအဘက္ကေန ရေသ့ေတာင္ၿမိဳ႕က အထြက္မွာ ဟန႔္တားခဲ့ၿပီး တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ အက်ဥ္းဦးစီးဌာနက ဝန္ထမ္းေတြအပါအဝင္ ခရီးသည္ေပါင္း ၅၀ ေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္။

အဲ့ဒီတိုက္ပြဲအတြင္း ဖမ္းဆီးသြားခဲ့တဲ့အထဲက ခရီးသည္တခ်ိဳ႕ဟာ ေသဆုံးခဲ့ရၿပီး တခ်ိဳ႕ကိုေတာ့ ေအေအက ဆက္လက္ဖမ္းဆီးထားဆဲျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အစိုးရပိုင်အောင်တံခွန်သင်္ဘောပေါ်က ခရီးသည် ၁၆ ဦးကို အေအေဖမ်း

Image caption စစ်တွေမြို့ ဆိတ်ရိုးကျဆိပ်ကမ်းကို ဒီဇင်ဘာ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်

စစ်တွေမြို့ကနေ ဘူးသီးတောင်ဆိပ်ကမ်းကို ထွက်ခွာလာတဲ့ မြန်မာ့ရေကြောင်းဌာနပိုင် အောင်တံခွန် အမှတ် ၇ သင်္ဘောကို ဒီဇင်ဘာလ ၃၁ ရက်နေ့လည်ပိုင်း ၁ နာရီခန့်မှာ ရသေ့တောင်မြို့နယ်အတွင်း အေအေတပ်ဖွဲ့က ရပ်တန့်ပြီး ခရီးသည်တချို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ပြည်တွင်းရေးကြောင်းဌာန၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီသင်္ဘောဟာ နေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီး ဘူးသီးတောင်မြို့ကို ဆက်လက်ထွက်ခွာလာစဉ် ရသေ့တောင်နဲ့ ခန့်မှန်းခြေ ၁၀ မိုင်ခန့်အကွာ ချောင်းဝအနီးမှာ ရက္ခိုင့်တပ်တော်အေအေဘက်က သင်္ဘောကိုရပ်ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီလူတွေကို ခေါ်ယူသွားခဲ့တာလို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို တာဝန်ထမ်းဆောင်ဖို့လာခဲ့ကြတဲ့ ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးဌာနကယာဉ်မောင်းဝန်ထမ်းတွေဖြစ်ကြပြီးပြန်လည်လက်ခံရေးစခန်းတွေမှာ ကားမောင်းပေးဖို့အတွက် ဘူးသီးတောင်ကိုသွားရောက်ခဲ့ကြတာဖြစ်ကြောင်းနဲ့ သူတို့ထဲက ၁၆ ဦးကို အေအေဘက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

"ခရီသည်တချို့ကို ဖမ်းဆီးသွားတယ်ဆိုတာဟုတ်ပါတယ်။ ဒုက္ခသည်ကြိုဆိုရေးစခန်းမှာ ကားမောင်းပေးဖို့အတွက်သွားတာဖြစ်ပါတယ်။ အကုန်လုံးက ၁၈ ယောက်ပါတယ်။ ၁၆ ယောက်ကိုဖမ်းသွားတယ်။"လို့ ရေကြောင်းဌာန ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ပြောပါတယ်။

အောင်တံခွန် ၇ သင်္ဘော ခုတ်မောင်းသွားနေစဉ် လက်နက်တွေကိုင်ဆောင်ထားတဲ့ အေအေတပ်ဖွဲ့ဝင် ၈၀ လောက်ဟာ မော်တော်တစ်စီးနဲ့ရောက်လာခဲ့တာဖြစ်ပြီး သင်္ဘောကိုရပ် ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ ဝန်ထမ်း ၁၆ ဦးကိုဖမ်းဆီးလိုက်ပြီး နောက်၂ နာရီလောက်မှာ ကျန်ခရီးသည်တွေနဲ့ သင်္ဘောကိုပြန်လည်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီသင်္ဘောမှာ ခရီးသည်စုစုပေါင်း ၄၀ ကျော်လိုက်ပါခဲ့ကြပြီး ကျန်တဲ့ခရီးသည်တွေနဲ့ ရေယာဉ်ဝန်ထမ်းတွေကိုတော့ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် ဘူးသီးတောင်မြို့ဆိပ်ကမ်းကို ဆက်လက်ခုတ်မောင်းသွားနေတယ်လို့ ဦးအောင်လင်းက ပြောဆိုပါတယ်။

အေအေဖမ်းသွားသူတွေဟာ လက်မှတ်လာဝယ်ရာမှာ တစ်ဦးတည်းအမည်နဲ့ လက်မှတ် ၁၈ စောင်ကိုဝယ်ယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာမယ့် ဝန်ထမ်းတွေအနေနဲ့ အစိုးရကိုအကြောင်းကြားပြီးမှသွားလာကြဖို့နဲ့ အစိုးရဌာနပိုင်ပို့ဆောင်ရေးယာဉ်တွေနဲ့သာ သွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်တွေကနေ ဘူးသီးတောင်ကိုပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို အေအေဘက်ကနေ ရသေ့တောင်မြို့က အထွက်မှာ ဟန့်တားခဲ့ပြီး တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေအပါအဝင် ခရီးသည်ပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ဖမ်းဆီးသွားခဲ့တဲ့အထဲက ခရီးသည်တချို့ဟာ သေဆုံးခဲ့ရပြီး တချို့ကိုတော့ အေအေက ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အစိုးရပိုင္ေအာင္တံခြန္သေဘၤာေပၚက ခရီးသည္ ၁၆ ဦးကို ေအေအဖမ္း အစိုးရပိုင္ေအာင္တံခြန္သေဘၤာေပၚက ခရီးသည္ ၁၆ ဦးကို ေအေအဖမ္း Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.