ေျမာက္ဦးမွာ မူးယစ္ေဆးသံုံးစြဲသူေတြနဲ႔ ေရာင္းခ်သူတခ်ိဳ႕ကို ေအေအဖမ္းဆီး

(Zawgyi)⤵⤵⤵
ေျမာက္ဦး၊ ဒီဇင္ဘာ ၁၉-၂၀၁၉

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၅ ရက္ေန႔က ေျမာက္ဦးၿမိဳ႕ေပၚေနရာေတာ္ေတာ္မ်ားမ်ားမွာ မူးယစ္ေဆးသုံးစြဲေနၾကတဲ့ လူငယ္ ၂၄ ဦးနဲ႔ မူးယစ္ေဆးေရာင္းခ်ေပးေနသူတခ်ိဳ႕ကို ရကၡိဳင့္တပ္ေတာ္ ေအေအက ဖမ္းဆီးသြားခဲ့တယ္လို႔ ေျမာက္ဦးၿမိဳ႕ခံေတြက ေျပာပါတယ္။

အဲ့ဒီမူးယစ္ေဆးသုံးစြဲေနသူေတြဟာ ေျမာက္ဦးၿမိဳ႕ေပၚရပ္ကြက္ေတြျဖစ္တဲ့ ေတာင္ရပ္၊ လက္ေကာက္ေဈး၊ ေအာင္တပ္ စတဲ့ေနရာေတြက လူငယ္ေတြျဖစ္ၿပီး အဲ့ဒီလူငယ္ေတြကိုစစ္ေဆးခ်က္အရ သူတို႔ကိုမူးယစ္ေဆး ေရာင္းခ်ေပးေနတဲ့ ေအာင္မဂၤလာ၊ ေအာင္တပ္စတဲ့ရပ္ကြက္ေတြက ေရာင္းဝယ္ေဖာက္ကားေနသူတခ်ိဳ႕ ကိုလည္း ထပ္မံဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

“ဖမ္းတာကေတာ့ ၁၅ ရက္ေန႔က ဖမ္းသြားတာပါ။ ေန႔လည္ ၂ နာရီကေန ည ၈ နာရီအထိဖမ္းဆီးခဲ့တာပါ။ အကုန္လုံးက သုံးစြဲေနသူေတြျဖစ္ပါတယ္။ ကေလးအေယာက္ ၂၀ ေက်ာ္ဖမ္းဆီးခံရတယ္လို႔ သိရပါတယ္။ လူငယ္ေတြက ခ်ဳံအုပ္ေတြနဲ႔ လူသူတိတ္ဆိတ္တဲ့ေနရာေတြမွာ အဲ့လို မူးယစ္ေဆးေတြသုံးစြဲေနၾကတာပါ။”လို႔ ေျမာက္ဦးေဒသခံတစ္ဦးက ေျပာပါတယ္။

အခုလိုမ်ိဳး မူးယစ္ေဆးဝါးသုံးစြဲသူေတြနဲ႔ ေရာင္းဝယ္ေဖာက္ကားေနသူေတြအေနနဲ႔ အဲ့ဒီလုပ္ငန္းေတြကို ရပ္တန႔္ၾကဖို႔နဲ႔ ေတြ႕ရွိရင္ ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ အေရးယူမႈေတြျပဳလုပ္သြားမယ္လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအကေန ၿပီးခဲ့တဲ့ ႏိုဝင္ဘာအတြင္းက ၿမိဳ႕ေပၚေနရာေတြမွာ စာကပ္ၿပီး အသိေပးမႈေတြကို ျပဳလုပ္ခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

လက္ရွိေျမာက္ဦးၿမိဳ႕ရဲ႕အေျခအေနဟာ လူငယ္ေတြနဲ႔ ေက်ာင္းသားေတြအၾကား မူးယစ္ေဆးဝါးအႏၲရာယ္ေတြ ပိုမိုစိုးရိမ္ရတဲ့ အေနအထားမ်ိဳးေတြရွိလာေနၿပီး သက္ဆိုင္ရာ ေဒသအာဏာပိုင္ေတြအေနနဲ႔လည္း ဒီကိစၥအေပၚမွာ ထိထိေရာက္ေရာက္ ကိုင္တြယ္တာမ်ိဳးမရွိသလိုျဖစ္ေနတယ္လို႔ အမည္မေဖာ္လိုတဲ့ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“မူးယစ္ေဆးဝါးက လူငယ္ေတြၾကားထဲမွာ ေတာ္ေတာ္ေလးကို တြင္က်ယ္ေနၿပီ၊ တခ်ိဳ႕ ၉ တန္း၊ ၁၀ တန္း ေက်ာင္သားေတြဆိုရင္ ေက်ာင္းေတာင္မွန္မွန္မတက္ေတာ့ဘဲ မူးယစ္ေဆးသုံးစြဲေနၾကတယ္။ သက္ဆိုင္ရာကလည္း ဒါေတြကို တိတိက်က်ဖမ္းဆီးတာေတြမလုပ္ေတာ့ ပိုဆိုးလာတာေပါ့။”လို႔ အမည္မေဖာ္လိုတဲ့ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာဆိုပါတယ္။

မူးယစ္ေဆးဝါးေတြ ေပါမ်ားလာေနတာေၾကာင့္ ေက်ာင္းသားလူငယ္ေတြအတြက္ စိုးရိမ္ရတဲ့အေနအထား ရွိေနၿပီး တခ်ိဳ႕ေက်ာင္းသားေတြဟာ မိဘေတြကို မထီမဲ့ျမင္လုပ္တာေတြနဲ႔ႀကဳံေတြ႕ေနၾကရကာ အခုလို ဖမ္းဆီးထိန္းသိမ္းမႈေတြကို တင္းတင္းက်ပ္က်ပ္လုပ္ဖို႔လိုအပ္ေနတယ္လို႔ ေက်ာင္းသားမိဘတစ္ဦးက ေျပာပါတယ္။

ခိုင္လင္းစံ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
မြောက်ဦးမှာ မူးယစ်ဆေးသုံံးစွဲသူတွေနဲ့ ရောင်းချသူတချို့ကို အေအေဖမ်းဆီး

မြောက်ဦး၊ ဒီဇင်ဘာ ၁၉-၂၀၁၉

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က မြောက်ဦးမြို့ပေါ်နေရာတော်တော်များများမှာ မူးယစ်ဆေးသုံးစွဲနေကြတဲ့ လူငယ် ၂၄ ဦးနဲ့ မူးယစ်ဆေးရောင်းချပေးနေသူတချို့ကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးသွားခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။

အဲ့ဒီမူးယစ်ဆေးသုံးစွဲနေသူတွေဟာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ တောင်ရပ်၊ လက်ကောက်ဈေး၊ အောင်တပ် စတဲ့နေရာတွေက လူငယ်တွေဖြစ်ပြီး အဲ့ဒီလူငယ်တွေကိုစစ်ဆေးချက်အရ သူတို့ကိုမူးယစ်ဆေး ရောင်းချပေးနေတဲ့ အောင်မင်္ဂလာ၊ အောင်တပ်စတဲ့ရပ်ကွက်တွေက ရောင်းဝယ်ဖောက်ကားနေသူတချို့ ကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဖမ်းတာကတော့ ၁၅ ရက်နေ့က ဖမ်းသွားတာပါ။ နေ့လည် ၂ နာရီကနေ ည ၈ နာရီအထိဖမ်းဆီးခဲ့တာပါ။ အကုန်လုံးက သုံးစွဲနေသူတွေဖြစ်ပါတယ်။ ကလေးအယောက် ၂၀ ကျော်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ လူငယ်တွေက ချုံအုပ်တွေနဲ့ လူသူတိတ်ဆိတ်တဲ့နေရာတွေမှာ အဲ့လို မူးယစ်ဆေးတွေသုံးစွဲနေကြတာပါ။”လို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားနေသူတွေအနေနဲ့ အဲ့ဒီလုပ်ငန်းတွေကို ရပ်တန့်ကြဖို့နဲ့ တွေ့ရှိရင် ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူမှုတွေပြုလုပ်သွားမယ်လို့ ရက္ခိုင့်တပ်တော် အေအေကနေ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက မြို့ပေါ်နေရာတွေမှာ စာကပ်ပြီး အသိပေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမြောက်ဦးမြို့ရဲ့အခြေအနေဟာ လူငယ်တွေနဲ့ ကျောင်းသားတွေအကြား မူးယစ်ဆေးဝါးအန္တရာယ်တွေ ပိုမိုစိုးရိမ်ရတဲ့ အနေအထားမျိုးတွေရှိလာနေပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်တာမျိုးမရှိသလိုဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မူးယစ်ဆေးဝါးက လူငယ်တွေကြားထဲမှာ တော်တော်လေးကို တွင်ကျယ်နေပြီ၊ တချို့ ၉ တန်း၊ ၁၀ တန်း ကျောင်သားတွေဆိုရင် ကျောင်းတောင်မှန်မှန်မတက်တော့ဘဲ မူးယစ်ဆေးသုံးစွဲနေကြတယ်။ သက်ဆိုင်ရာကလည်း ဒါတွေကို တိတိကျကျဖမ်းဆီးတာတွေမလုပ်တော့ ပိုဆိုးလာတာပေါ့။”လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ ပေါများလာနေတာကြောင့် ကျောင်းသားလူငယ်တွေအတွက် စိုးရိမ်ရတဲ့အနေအထား ရှိနေပြီး တချို့ကျောင်းသားတွေဟာ မိဘတွေကို မထီမဲ့မြင်လုပ်တာတွေနဲ့ကြုံတွေ့နေကြရကာ အခုလို ဖမ်းဆီးထိန်းသိမ်းမှုတွေကို တင်းတင်းကျပ်ကျပ်လုပ်ဖို့လိုအပ်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ခိုင်လင်းစံ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေျမာက္ဦးမွာ မူးယစ္ေဆးသံုံးစြဲသူေတြနဲ႔ ေရာင္းခ်သူတခ်ိဳ႕ကို ေအေအဖမ္းဆီး ေျမာက္ဦးမွာ မူးယစ္ေဆးသံုံးစြဲသူေတြနဲ႔ ေရာင္းခ်သူတခ်ိဳ႕ကို ေအေအဖမ္းဆီး Reviewed by THITHTOOLWIN on 01:37 Rating: 5
Powered by Blogger.