ႏိုင္ငံသားအေထာက္ထားမျပႏိုင္ပဲ ေခ်ာင္းသာမွာ ဖမ္းမိထားသူေတြကို ႐ုံးထုတ္

(Zawgyi)⤵⤵⤵
ပုသိမ္-ဒီဇင္ဘာ-၁၁-၂၀၁၉

နိဝင္ဘာလ၂၉ရက္ေန႔နံနက္က ပုသိမ္ၿမိဳ႕နယ္ေခ်ာင္းသာၿမိဳ႕ဦးတို တံတားအနီးမွာ နိင္ငံသား အေထာက္အထားမပါလို႔ ဖမ္းမိထားသူ ၉၆ဦးအနက္ National Verification Card
(NVC) စိစစ္ဆဲႏိုင္ငံသားကဒ္ ကိုင္ေဆာင္ထားတဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္၄နစ္အ႐ြယ္ကေလးငယ္နစ္ဦးမွအပ က်န္၉၃ဦးကို ပုသိမ္ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။

သူတို႔ကိုပုသိမ္ၿမိဳ႕နယ္ ဒုလဝက မူး ဦးစိန္ဝင္းက ဒီဇင္ဘာ၂ရက္ေန႔က ၁၉၄၉ခုႏွစ္ ျပည္ေထာင္စုျမန္မာနိင္ငံအတြင္းေနထိုင္သူမ်ားမွတ္ပုံတင္ေရး အက္ဥပေဒပုဒ္၆(၁)၆(၂)၆(၃)နဲ႔တရားစြဲဆိုခဲ့မူ အေပၚဒီေန႔ညေနပိုင္းမွာ ႐ုံးထုတ္စစ္ေဆးခဲ့တာပါ။

အမူကိုစစ္ေဆးတဲ့ပုသိမ္ၿမိဳ႕နယ္ တရားသူႀကီးကေတာ့ဒီေန႔႐ုံးထုတ္မူမွာအမူကိုမစစ္ေဆးေသးပဲလာ့မယ္၂၀ရက္ေန႔ၾကရင္တရားလိုသက္ေသေတြကိုစတင္စစ္ေဆးမယ္လို႔ သာ အမိန႔္ခ်မွတ္ခဲ့တယ္လို႔ေျပာပါတယ္။

"ဒီေန႔ ႐ုံးထုတ္က အမူကိုစစ္ေဆးဖို႔မဟုတိေသးပါဘူး သက္ေသေတြကိုစစ္ဖို႔ တရားလို ဘက္နဲ႔တရားခံဘက္ကအက်ိဳးေဆာင္ေရွ႕ေနေတြကို ေခၚယူအသိေပးတဲ့အစည္းအေဝးပုံစံမ်ိဳးပါ”
လို႔ ပုသိမ္ၿမိဳ႕နယ္တရားသူႀကီးေဒၚခင္ျမတ္ျမတ္ထြန္းကဆိုပါတယ္။

စြပ္စြဲခံရသူေတြဘက္က လိုက္ပါေဆာင္႐ြက္ေနတဲ့ အထက္တန္းေရွ႕ေန ေဒၚသဇင္ျမတ္ျမတ္ဝင္းက အမူကိုအျမန္ဆုံးစစ္ေဆးေစခ်င္ၿပီး သူ႔အမူသည္ေတြအေနနဲ႔ ေထာင္တြင္းမွာ ဘာသာစကားအခက္အခဲနဲ႔ အစားအေသာက္အခက္အခဲရွိေနတယ္လို႔ဆိုပါတယ္။

ဒီေန႔႐ုံးထုတ္မွာရဲတပ္ဖြဲ႕အင္အား၆၀ခန႔္အသုံးျပဳခဲ့ပီးသတင္းမီဒီယာေတြကိုတရားခြင္ကိုဝင္ေရာက္နားေထာင္ဖို႔ခြင့္မျပဳခဲ့ပါဘူး ။ ပုသိမ္ၿမိဳ႕နယ္တရားသူႀကီးကေတာ့ လုံၿခဳံေရးအရခြင့္မျပဳတာလို႔ေျပာပါတယ္။

ဒီကေန႔မွာ နယ္သာလန္ႏိုင္ငံက အိုင္စီေဂ်တရား႐ုံးမွာ ႐ိုဟင္ဂ်ာေတြအေရး ႏိုင္ငံရဲ႕ေခါင္းေဆာင္ေျဖရွင္းေနရခ်ိန္ ဒီအမႈကို စစ္ေဆးတာဟာ မျဖစ္သင့္ဘူးဆိုၿပီး ေဝဖန္မႈေတြရွိေနပါတယ္။

ကိုေအာင္(ပုသိမ္)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------------
(Unicode)⤵⤵⤵
နိုင်ငံသားအထောက်ထားမပြနိုင်ပဲ ချောင်းသာမှာ ဖမ်းမိထားသူတွေကို ရုံးထုတ်

ပုသိမ်-ဒီဇင်ဘာ-၁၁-၂၀၁၉

နိဝင်ဘာလ၂၉ရက်နေ့နံနက်က ပုသိမ်မြို့နယ်ချောင်းသာမြို့ဦးတို တံတားအနီးမှာ နိင်ငံသား အထောက်အထားမပါလို့ ဖမ်းမိထားသူ ၉၆ဦးအနက် National Verification Card
(NVC) စိစစ်ဆဲနိုင်ငံသားကဒ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက်၄နစ်အရွယ်ကလေးငယ်နစ်ဦးမှအပ ကျန်၉၃ဦးကို ပုသိမ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူတို့ကိုပုသိမ်မြို့နယ် ဒုလဝက မူး ဦးစိန်ဝင်းက ဒီဇင်ဘာ၂ရက်နေ့က ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်၆(၁)၆(၂)၆(၃)နဲ့တရားစွဲဆိုခဲ့မူ အပေါ်ဒီနေ့ညနေပိုင်းမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။

အမူကိုစစ်ဆေးတဲ့ပုသိမ်မြို့နယ် တရားသူကြီးကတော့ဒီနေ့ရုံးထုတ်မူမှာအမူကိုမစစ်ဆေးသေးပဲလာ့မယ်၂၀ရက်နေ့ကြရင်တရားလိုသက်သေတွေကိုစတင်စစ်ဆေးမယ်လို့ သာ အမိန့်ချမှတ်ခဲ့တယ်လို့ပြောပါတယ်။

"ဒီနေ့ ရုံးထုတ်က အမူကိုစစ်ဆေးဖို့မဟုတိသေးပါဘူး သက်သေတွေကိုစစ်ဖို့ တရားလို ဘက်နဲ့တရားခံဘက်ကအကျိုးဆောင်ရှေ့နေတွေကို ခေါ်ယူအသိပေးတဲ့အစည်းအဝေးပုံစံမျိုးပါ”
လို့ ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကဆိုပါတယ်။

စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ အထက်တန်းရှေ့နေ ဒေါ်သဇင်မြတ်မြတ်ဝင်းက အမူကိုအမြန်ဆုံးစစ်ဆေးစေချင်ပြီး သူ့အမူသည်တွေအနေနဲ့ ထောင်တွင်းမှာ ဘာသာစကားအခက်အခဲနဲ့ အစားအသောက်အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။

ဒီနေ့ရုံးထုတ်မှာရဲတပ်ဖွဲ့အင်အား၆၀ခန့်အသုံးပြုခဲ့ပီးသတင်းမီဒီယာတွေကိုတရားခွင်ကိုဝင်ရောက်နားထောင်ဖို့ခွင့်မပြုခဲ့ပါဘူး ။ ပုသိမ်မြို့နယ်တရားသူကြီးကတော့ လုံခြုံရေးအရခွင့်မပြုတာလို့ပြောပါတယ်။

ဒီကနေ့မှာ နယ်သာလန်နိုင်ငံက အိုင်စီဂျေတရားရုံးမှာ ရိုဟင်ဂျာတွေအရေး နိုင်ငံရဲ့ခေါင်းဆောင်ဖြေရှင်းနေရချိန် ဒီအမှုကို စစ်ဆေးတာဟာ မဖြစ်သင့်ဘူးဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။

ကိုအောင်(ပုသိမ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ႏိုင္ငံသားအေထာက္ထားမျပႏိုင္ပဲ ေခ်ာင္းသာမွာ ဖမ္းမိထားသူေတြကို ႐ုံးထုတ္ ႏိုင္ငံသားအေထာက္ထားမျပႏိုင္ပဲ ေခ်ာင္းသာမွာ ဖမ္းမိထားသူေတြကို ႐ုံးထုတ္ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.