ရခုိင္ျပည္နယ္ အင္တာနက္ ျဖတ္ေတာက္မႈအတြက္ ရန္ကုန္မွာ ကန္႔ကြက္ဆႏၵျပ


(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡေတြ ေလ်ာ့ပါးသြာားေအာင္ မင္းျပား၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္ စတဲ့ ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ေလးခု အတြက္ အစိုးရက အင္တာနက္ျဖတ္ေတာက္တဲ့ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ဟာ မွန္ကန္တဲ့နည္းလမ္းမ်ိဳး မဟုတ္ဘူးလို႔ အရပ္ဘက္နဲ႔ ႏိုင္ငံေရးအဖြဲ႕ ေတြ႕က ေျပာၾကားလိုက္ပါတယ္။

ဒီေန႔ ရန္ကုႏ္ုၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာလုပ္တဲ့ အင္တာနက္ျဖတ္ေတာက္မႈ ခ်က္ခ်င္းရပ္တန႔္ေပးေရးဆိုတဲ့ လႈပ္ရွားမႈကို သြားေရာက္ သတင္းယူခဲ့တဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ဒီအေၾကာင္း အျပည့္အစုံကို ေျပာျပေပးမွာပါ။

အစိုးရက ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၄ခုကို အင္တာနက္ျဖတ္ေတာက္ ထားတာဟာ အခုဆိုရင္ ၆လျပည့္သြားၿပီး ေဒသခံ ၇သိန္းေက်ာ္ဟာလည္း စီးပြားေရး၊ လူမႈေရးမွာ ထိခိုက္နစ္နာမႈေတြ ရွိလာပါတယ္။ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡေတြေလ်ာ့ပါးသြားေအာင္ အစိုးရက ဒီနည္းလမ္းကိုသုံးခဲ့ေပမဲ့ ဒါက မွန္ကန္တဲ့ နည္းလမ္းလို႔ မထင္ေၾကာင္း ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ရဲ႕ အတြင္းေရးမႉး ဦးမ်ိဳးေက်ာ္က ဗြီအိုေအကိုေျပာပါတယ္။

“ ျပည္သူေတြ ေသေၾက၊ ဒဏ္ရာရမႈဟာလည္း အဆေပါင္း မ်ားစြာတက္လာတယ္။ ရခိုင္ျပည္သူ အမ်ားစုဟာ ႏိုင္ငံျခားကေန သားသမီးေတြ ႏိုင္ငံတကာမွာ သြားၿပီးေတာ့ လုပ္ငန္းေတြလုပ္ၾကတယ္၊ အဲဒီက လႊဲေငြေလးေတြနဲ႔ သူတို႔ဘဝရပ္တည္တယ္။ ဒီလူငယ္ေလးေတြနဲ႔ သူတို႔ရဲ႕ ဆက္ဆံေရးဟာ ျပတ္ေတာက္သြားတယ္။ ဒီအတြက္ဆိုလို႔ရွိရင္ အမ်ားႀကီးနစ္နာတယ္။ ေနာက္တျခားစီးပြားေရး လုပ္ငန္းေတြလည္း အမ်ားႀကီးေပါ့ေနာ္။ ဒါေၾကာင့္ ဒီလို ျဖတ္ေတာက္လိုက္တာဟာ က်ေနာ္တို႔ အေနနဲ႔ကေတာ့ မွန္ကန္တယ္လို႔ မယူဆပါဘူး။”

၂၀၁၉ ဇြန္လ ၂၂ရက္မွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက နယ္ေျမမတည္ၿငိမ္တဲ့ ေမာင္ေတာ၊ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ေျမပုံ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ စတဲ့ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတြအပါအဝင္ ခ်င္းျပည္နယ္ရဲ႕ ပလက္ဝၿမိဳ႕ကိုပါ အင္တာနက္ ျဖတ္ေတာက္တာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ တခ်ိဳ႕ၿမိဳ႕နယ္ေတြကို အင္တာနက္ အသုံးျပဳခြင့္ျပန္ေပးခဲ့ၿပီး ေျမာက္ဦး၊ မင္းျပား၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္ ဒီေလးၿမိဳ႕နယ္ကိုပဲ ဆက္ပိတ္ ထားတာျဖစ္ပါတယ္။

“ ဒီလိုမ်ိဳး စစ္ျဖစ္ပြားေနတဲ့ ပဋိပကၡျဖစ္ပြားေနတဲ့ ေနရာေတြမွာ လုံးဝမလုပ္ဖို႔နဲ႔ လာမယ့္ေ႐ြးေကာက္ပြဲေရာ၊ ေနာက္ပိုင္းဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ အင္တာနက္ျဖတ္ေတာက္မႈရယ္၊ အင္တာနက္အျမန္ႏႈန္း ေလွ်ာ့ခ်မႈရယ္ ဘယ္လိုအေျခေနမ်ိဳးမွာမွ မလုပ္ဖို႔ က်မတို႔ ေတာင္းဆိုထားပါတယ္။”

ဒါကေတာ့ ဒီကေန႔ လႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ လူငယ္ေတြရဲ႕အသံေတြပဲျဖစ္ပါတယ္။

အင္တာနက္သုံးစြဲခြင့္ရရွိေရးဟာ အေျခခံ လူ႔အခြင့္အေရးတခုျဖစ္တယ္လို႔ အရပ္ဘက္အဖြဲ႕အစည္း ၁၉ခုက ဒီဇင္ဘာက ၂၁ရက္မွာ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

ရခုိင္ျပည္နယ္က ၿမိဳ႕နယ္ ၄ ၿမိဳ႕မွာ အင္တာနက္ ဆက္သြယ္မႈေတြ ဆက္လက္ ျဖတ္ေတာက္ထားတဲ့အေပၚ ကုလသမဂၢကလည္း စက္တင္ဘာလကုန္မွာပဲ သတိေပးခဲ့ပါတယ္။ အင္တာနက္ ဆက္သြယ္မႈေတြဟာ ျမန္မာႏုိင္ငံထဲက ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈ လုပ္ငန္းေတြအတြက္ သာမက သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆုိခြင့္နဲ႔ အေျခခံလူ႔အခြင့္အေရးအတြက္ အေရးႀကီးတဲ့ က႑မွာ ရွိေနေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

အင္တာနက္ ျဖတ္ေတာက္မႈဟာ ျမန္မာအစုိးရက လက္မွတ္ေရးထုိးထားတဲ့ ကုလသမဂၢရဲ႕ ေရရွည္တည္တ့ံမယ့္ ဖြံ႔ၿဖိဳးေရး ရည္မွန္းခ်က္ အေျခခံရပ္တည္ခ်က္ေတြနဲ႔ ဆန္႔က်င္ေနေၾကာင္းလည္း ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံးရဲ႕ စက္တင္ဘာလကုန္မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခုိင္ျပည္နယ္က ၿမိဳ႕နယ္ ၄ ၿမိဳ႕မွာ အင္တာနက္ ဆက္သြယ္မႈေတြ ဆက္လက္ ျဖတ္ေတာက္ထားတဲ့အေပၚ ကုလသမဂၢကလည္း စက္တင္ဘာလကုန္မွာပဲ သတိေပးခဲ့ပါတယ္။ အင္တာနက္ ဆက္သြယ္မႈေတြဟာ ျမန္မာႏုိင္ငံထဲက ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈ လုပ္ငန္းေတြအတြက္ သာမက သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆုိခြင့္နဲ႔ အေျခခံလူ႔အခြင့္အေရးအတြက္ အေရးႀကီးတဲ့ က႑မွာ ရွိေနေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ အင္တာနက္ ျဖတ္ေတာက္မႈဟာ ျမန္မာအစုိးရက လက္မွတ္ေရးထုိးထားတဲ့ ကုလသမဂၢရဲ႕ ေရရွည္တည္တ့ံမယ့္ ဖြံ႔ၿဖိဳးေရး ရည္မွန္းခ်က္ အေျခခံရပ္တည္ခ်က္ေတြနဲ႔ ဆန္႔က်င္ေနေၾကာင္းလည္း ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံးရဲ႕ စက္တင္ဘာလကုန္မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

....................

ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုအတွက် ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြ

(Unicode)

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လျော့ပါးသွာားအောင် မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်လေးခု အတွက် အစိုးရက အင်တာနက်ဖြတ်တောက်တဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ မှန်ကန်တဲ့နည်းလမ်းမျိုး မဟုတ်ဘူးလို့ အရပ်ဘက်နဲ့ နိုင်ငံရေးအဖွဲ့ တွေ့က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်ုမြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာလုပ်တဲ့ အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ပေးရေးဆိုတဲ့ လှုပ်ရှားမှုကို သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ဒီအကြောင်း အပြည့်အစုံကို ပြောပြပေးမှာပါ။

အစိုးရက ရခိုင်ပြည်နယ် မြို့နယ် ၄ခုကို အင်တာနက်ဖြတ်တောက် ထားတာဟာ အခုဆိုရင် ၆လပြည့်သွားပြီး ဒေသခံ ၇သိန်းကျော်ဟာလည်း စီးပွားရေး၊ လူမှုရေးမှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလျော့ပါးသွားအောင် အစိုးရက ဒီနည်းလမ်းကိုသုံးခဲ့ပေမဲ့ ဒါက မှန်ကန်တဲ့ နည်းလမ်းလို့ မထင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD.ရဲ့ အတွင်းရေးမှူး ဦးမျိုးကျော်က ဗွီအိုအေကိုပြောပါတယ်။

“ ပြည်သူတွေ သေကြေ၊ ဒဏ်ရာရမှုဟာလည်း အဆပေါင်း များစွာတက်လာတယ်။ ရခိုင်ပြည်သူ အများစုဟာ နိုင်ငံခြားကနေ သားသမီးတွေ နိုင်ငံတကာမှာ သွားပြီးတော့ လုပ်ငန်းတွေလုပ်ကြတယ်၊ အဲဒီက လွှဲငွေလေးတွေနဲ့ သူတို့ဘဝရပ်တည်တယ်။ ဒီလူငယ်လေးတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ ပြတ်တောက်သွားတယ်။ ဒီအတွက်ဆိုလို့ရှိရင် အများကြီးနစ်နာတယ်။ နောက်တခြားစီးပွားရေး လုပ်ငန်းတွေလည်း အများကြီးပေါ့နော်။ ဒါကြောင့် ဒီလို ဖြတ်တောက်လိုက်တာဟာ ကျနော်တို့ အနေနဲ့ကတော့ မှန်ကန်တယ်လို့ မယူဆပါဘူး။”

၂၀၁၉ ဇွန်လ ၂၂ရက်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက နယ်မြေမတည်ငြိမ်တဲ့ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ရခိုင်မြောက်ပိုင်း မြို့နယ်တွေအပါအဝင် ချင်းပြည်နယ်ရဲ့ ပလက်ဝမြို့ကိုပါ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့မြို့နယ်တွေကို အင်တာနက် အသုံးပြုခွင့်ပြန်ပေးခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ဒီလေးမြို့နယ်ကိုပဲ ဆက်ပိတ် ထားတာဖြစ်ပါတယ်။

“ ဒီလိုမျိုး စစ်ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ လုံးဝမလုပ်ဖို့နဲ့ လာမယ့်ရွေးကောက်ပွဲရော၊ နောက်ပိုင်းဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အင်တာနက်ဖြတ်တောက်မှုရယ်၊ အင်တာနက်အမြန်နှုန်း လျှော့ချမှုရယ် ဘယ်လိုအခြေနေမျိုးမှာမှ မလုပ်ဖို့ ကျမတို့ တောင်းဆိုထားပါတယ်။”

ဒါကတော့ ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေရဲ့အသံတွေပဲဖြစ်ပါတယ်။

အင်တာနက်သုံးစွဲခွင့်ရရှိရေးဟာ အခြေခံ လူ့အခွင့်အရေးတခုဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၁၉ခုက ဒီဇင်ဘာက ၂၁ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့မှာ အင်တာနက် ဆက်သွယ်မှုတွေ ဆက်လက် ဖြတ်တောက်ထားတဲ့အပေါ် ကုလသမဂ္ဂကလည်း စက်တင်ဘာလကုန်မှာပဲ သတိပေးခဲ့ပါတယ်။ အင်တာနက် ဆက်သွယ်မှုတွေဟာ မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေအတွက် သာမက သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ အခြေခံလူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။

အင်တာနက် ဖြတ်တောက်မှုဟာ မြန်မာအစိုးရက လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေး ရည်မှန်းချက် အခြေခံရပ်တည်ချက်တွေနဲ့ ဆန့်ကျင်နေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ စက်တင်ဘာလကုန်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့မှာ အင်တာနက် ဆက်သွယ်မှုတွေ ဆက်လက် ဖြတ်တောက်ထားတဲ့အပေါ် ကုလသမဂ္ဂကလည်း စက်တင်ဘာလကုန်မှာပဲ သတိပေးခဲ့ပါတယ်။ အင်တာနက် ဆက်သွယ်မှုတွေဟာ မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေအတွက် သာမက သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ အခြေခံလူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။ အင်တာနက် ဖြတ်တောက်မှုဟာ မြန်မာအစိုးရက လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေး ရည်မှန်းချက် အခြေခံရပ်တည်ချက်တွေနဲ့ ဆန့်ကျင်နေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ စက်တင်ဘာလကုန်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ရခုိင္ျပည္နယ္ အင္တာနက္ ျဖတ္ေတာက္မႈအတြက္ ရန္ကုန္မွာ ကန္႔ကြက္ဆႏၵျပ ရခုိင္ျပည္နယ္ အင္တာနက္ ျဖတ္ေတာက္မႈအတြက္ ရန္ကုန္မွာ ကန္႔ကြက္ဆႏၵျပ Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.