အေမရိကန္နဲ႔ အီရန္ ႏွစ္ႏိုင္ငံ အက်ဥ္းသား လဲလွယ္ေရး ေအာင္ျမင္

အီရန္က ျပန္လႊတ္ေပးလိုက္တဲ့ အေမရိကန္ႏိုင္ငံသား မစၥတာXiyue Wang
(Zawgyi)⤵⤵⤵
အေမရိကန္နဲ႔ အီရန္ ႏွစ္ႏိုင္ငံအက်ဥ္းသား လဲလွယ္ေရးအတြက္ ညႇိႏႈိင္းေျပာဆိုခဲ့ၾကရာမွာ အလြန္မွ်တစြာ ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ခဲ့တဲ့အတြက္ အီရန္ကို ေက်းဇူးတင္ေၾကာင္း အေမရိကန္သမၼတ ထရမ့္က ေျပာပါတယ္။

ဒီအက်ဥ္းသားလဲလွယ္မႈက အေမရိကန္နဲ႔ အီရန္ၾကားမွာ သေဘာတူညီခ်က္ေတြရရွိႏိုင္တယ္ဆိုတာကို သက္ေသျပလိုက္တာလည္းျဖစ္တယ္လို႔ သူက ေျပာပါတယ္။

အီရန္ဘက္က သူလွ်ိဳမႈနဲ႔ ဖမ္းဆီးေထာင္ခ်ထားတဲ့ အေမရိကန္ပါရဂူဘြဲ႕ေက်ာင္းသားကို လႊတ္ေပးခဲ့ပါတယ္။ အဲဒီေက်ာင္းသားကေတာ့ သူဟာ သူလွ်ိဳမဟုတ္ဘူးလို႔ ျငင္းဆိုထားပါတယ္။

အေမရိကန္ဘက္ကေတာ့ အီရန္သိပၸံပညာရွင္ကို ျပန္လႊတ္ေပးခဲ့ပါတယ္။

 အေမရိကန္ကျပန္လႊတ္ေပးခဲ့တဲ့ အီရန္သိပၸံပညာရွင္ Massoud Soleimani(ညာ)
အီရန္နဲ႔သေဘာတူခ်ဳပ္ဆိုထားတဲ့ န်ဴကလီးယားစာခ်ဳပ္ကို သမၼတ ထရမ့္က ဖ်က္သိမ္းခဲ့ၿပီး ပိတ္ဆို႔အေရးယူမႈေတြတိုးျမႇင့္ခဲ့တဲ့ေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံ ဆက္ဆံေရး ဆိုး႐ြားလာခဲ့တာျဖစ္ပါတယ္။

အီရန္နဲ႔သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ န်ဴကလီးယားစာခ်ဳပ္ကို သမၼတထရမ့္က ဖ်က္သိမ္းခဲ့ၿပီး ပိတ္ဆို႔ အေရးယူမႈေတြတိုးျမႇင့္ခဲ့တဲ့ေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံဆက္ဆံေရး ဆိုး႐ြားလာခဲ့တာျဖစ္ပါတယ္။

အေရးႀကီးတာက ျပႆနာရဲ႕ေရေသာက္ျမစ္ျဖစ္ၿပီး အေမရိကန္က န်ဴကလီးယားစာခ်ဳပ္ကို ႐ုတ္သိမ္းခဲ့ရာကေန ႏွစ္ႏိုင္ငံဆက္ဆံေရး တင္းမာ လာတာျဖစ္တယ္ လို႔ သူက ဆိုပါတယ္။ အခုဆိုရင္ အီရန္က န်ဴကလီးယားအေရး ေရွ႕တိုးလာေနတယ္လို႔ အခုအက်ဥ္း သားလဲလွယ္မႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ ပဋိပကၡေျဖရွင္း ေရးအဖြဲ႕ ICG က အီရန္ ပေရာဂ်က္ဒါ႐ိုက္တာ အာလီေဘ့စ္ က ေျပာပါတယ္။

ဒါေပမဲ့ ဘယ္ေလာက္ပဲ ေသးငယ္ပါေစ ႏွစ္ဘက္ေဆြးေႏြးၿပီး သေဘာတူညီခ်က္တစ္ခုခု ရလိုက္တာဟာလည္း မဆိုးဘူးလို႔ သူက ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံ အကျဉ်းသား လဲလှယ်ရေး အောင်မြင်
ဓာတ်ပုံ မူပိုင် US EMBASSY BERN
Image caption အီရန်က ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန်နိုင်ငံသား မစ္စတာXiyue Wang

အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံအကျဉ်းသား လဲလှယ်ရေးအတွက် ညှိနှိုင်းပြောဆိုခဲ့ကြရာမှာ အလွန်မျှတစွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အီရန်ကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောပါတယ်။

ဒီအကျဉ်းသားလဲလှယ်မှုက အမေရိကန်နဲ့ အီရန်ကြားမှာ သဘောတူညီချက်တွေရရှိနိုင်တယ်ဆိုတာကို သက်သေပြလိုက်တာလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

အီရန်ဘက်က သူလျှိုမှုနဲ့ ဖမ်းဆီးထောင်ချထားတဲ့ အမေရိကန်ပါရဂူဘွဲ့ကျောင်းသားကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီကျောင်းသားကတော့ သူဟာ သူလျှိုမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အမေရိကန်ဘက်ကတော့ အီရန်သိပ္ပံပညာရှင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် JAVAD ZARIF TWITTER
Image caption အမေရိကန်ကပြန်လွှတ်ပေးခဲ့တဲ့ အီရန်သိပ္ပံပညာရှင် Massoud Soleimani(ညာ)

အီရန်နဲ့သဘောတူချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကို သမ္မတ ထရမ့်က ဖျက်သိမ်းခဲ့ပြီး ပိတ်ဆို့အရေးယူမှုတွေတိုးမြှင့်ခဲ့တဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

အီရန်နဲ့သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကို သမ္မတထရမ့်က ဖျက်သိမ်းခဲ့ပြီး ပိတ်ဆို့ အရေးယူမှုတွေတိုးမြှင့်ခဲ့တဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

အရေးကြီးတာက ပြဿနာရဲ့ရေသောက်မြစ်ဖြစ်ပြီး အမေရိကန်က နျူကလီးယားစာချုပ်ကို ရုတ်သိမ်းခဲ့ရာကနေ နှစ်နိုင်ငံဆက်ဆံရေး တင်းမာ လာတာဖြစ်တယ် လို့ သူက ဆိုပါတယ်။ အခုဆိုရင် အီရန်က နျူကလီးယားအရေး ရှေ့တိုးလာနေတယ်လို့ အခုအကျဉ်း သားလဲလှယ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပဋိပက္ခဖြေရှင်း ရေးအဖွဲ့ ICG က အီရန် ပရောဂျက်ဒါရိုက်တာ အာလီဘေ့စ် က ပြောပါတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ သေးငယ်ပါစေ နှစ်ဘက်ဆွေးနွေးပြီး သဘောတူညီချက်တစ်ခုခု ရလိုက်တာဟာလည်း မဆိုးဘူးလို့ သူက ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
အေမရိကန္နဲ႔ အီရန္ ႏွစ္ႏိုင္ငံ အက်ဥ္းသား လဲလွယ္ေရး ေအာင္ျမင္ အေမရိကန္နဲ႔ အီရန္ ႏွစ္ႏိုင္ငံ အက်ဥ္းသား လဲလွယ္ေရး ေအာင္ျမင္ Reviewed by THITHTOOLWIN on 03:33 Rating: 5
Powered by Blogger.