မင္းျပားက ႐ြာထဲစစ္ေၾကာင္းတစ္ခုဝင္ၿပီး ေနာက္ဆက္တြဲ

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ သလူေခ်ာင္းအနီးက မင္းဘူးေတာင္ေျခမွာရွိတဲ့ စိတၱရေက်း႐ြာေဒသကို ေတြ႕ရစဥ္ /ဓာတ္ပုံ - အမ္းသား ႀကီး - facebook
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ဖုံသာဝေက်း႐ြာအုပ္စု စိတၱရေက်း႐ြာထဲ ဒီဇင္ဘာ ၁၁ ရက္ေန႔က တပ္မေတာ္ စစ္ေၾကာင္းတစ္ခု ဝင္ေရာက္ခဲ့ၿပီးေနာက္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦးနဲ႔ ႐ြာခံအမ်ိဳးသမီး တစ္ဦး ေသဆုံးခဲ့သလို ေဒသခံ ရွစ္ေယာက္ကို တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားပါတယ္။

ဖမ္းခံရသူေတြထဲက တစ္ေယာက္ ေသဆုံးၿပီး ခုႏွစ္ေယာက္ကိုေတာ့ AA နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ တပ္မေတာ္က အမႈဖြင့္ထားပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔ညက စိတၱရေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းရဲ႕ ေနအိမ္မွာ ေဒသခံတခ်ိဳ႕ရွိေနခ်ိန္ မင္းျပားၿမိဳ႕အေျခစိုက္ အမွတ္ ၃၈၀ တပ္ရင္းက တပ္မေတာ္သား ၁၀၀ ေက်ာ္ဟာ  ႐ြာထဲဝင္ေရာက္လာတာလို႔ ေဒသခံေတြက ေျပာပါတယ္။

ဦးဉာဏ္သိန္းကို ေသနတ္ဒင္နဲ႔႐ိုက္ကာ ပစ္သတ္ခဲ့ၿပီး ေနအိမ္ေပၚမွာရွိေနတဲ့ ေဒၚျဖဴျဖဴဝင္းဟာလည္း ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ေသဆုံးခဲ့တယ္လို႔ ေျပာၾကပါတယ္။ အဲဒီေနာက္ က်န္တဲ့႐ြာသားတခ်ိဳ႕ကို တပ္မေတာ္က ဖမ္းေခၚ သြားတာလို႔ သိရပါတယ္။ ဖမ္းေခၚသြားတဲ့ ႐ြာသားအေရအတြက္ဟာ တပ္မေတာ္ဘက္က ရွစ္ဦးလို႔ေျပာေပမယ့္  ေဒသခံေတြကေတာ့ ၁၀ ဦးလို႔ ေျပာၾကပါတယ္။ စစ္ေဆးစရာရွိလို႔ ဖမ္းေခၚခဲ့တာလို႔ အေနာက္ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

တပ္ဖမ္းေခၚသြားတဲ့အထဲက တစ္ေယာက္ ေသဆုံးၿပီး ခုႏွစ္ေယာက္ကို မင္းျပားရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။ သူတို႔ဟာ AA အမာခံေတြလို႔ စစ္ေဆးေပၚေပါက္တဲ့အတြက္ အမႈဖြင့္ထားတာလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။

“အဲဒီအမ်ိဳးသား ခုႏွစ္ဦးကို ပဏာမ စစ္ေဆးပါတယ္၊ စစ္ေဆးတဲ့အခါမွာ AA တပ္ဖြဲ႕ဝင္ေတြရဲ႕ အမာခံေတြ ျဖစ္ေၾကာင္း ေတြ႕ရွိရတဲ့အတြက္ သူတို႔ကိုေတာ့ မင္းျပားရဲစခန္းမွာ တရားဥပေဒအရ အမႈဖြင့္ေဆာင္႐ြက္ႏိုင္ေရး အပ္ႏွံထားပါတယ္”

ေသဆုံးသြားတဲ့ ႐ြာသားတစ္ေယာက္ရဲ႕ ႐ုပ္အေလာင္းကို မေန႔က သလူေခ်ာင္းအနီးမွာ ေတြ႕ရွိခဲ့တာပါ။

႐ြာသားေတြကို ဖမ္းဆီးသြားခ်ိန္မွာ AA နဲ႔ တိုက္ပြဲျဖစ္ပြားလို႔ တစ္ဦးေသဆုံးသြားတာလို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က မသကာလႋု႔ ဖမ္းလာတာ၊ အဲဒီမွာ တိုက္ပြဲဘာညာ ျဖစ္ရင္းနဲ႔ ေသတာ အဲဒီမွာ”

ဖမ္းဆီးေခၚေဆာင္ခံရစဥ္ ထြက္ေျပးလြတ္ေျမာက္လာတဲ့ ေဒသခံတစ္ဦးကေတာ့ သူႀကဳံေတြ႕ရတဲ့ အေျခအေနကို အခုလို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ကို ႀကိဳးတုပ္ၿပီး ေတာင္ထိပ္ဆီကို ေခၚသြားတာ မလိုက္ႏိုင္တဲ့သူေတြကို အကုန္လုံး ပစ္သတ္မယ္ဆိုၿပီး ဆြဲၿပီးေခၚသြားတယ္၊ ေတာင္ထိပ္ဆီကို တိုက္ပြဲျဖစ္ေနတဲ့ ေနရာဆီကို၊ ကြၽန္ေတာ္က ခ်ည္ထားတဲ့ႀကိဳးကို ကံေကာင္းလို႔ပဲ ေျပာရမလား ျဖည္ၿပီးေျပးလာတာ။ အဲဒီထဲမွာ ေက်ာက္ေမွာ္ အုပ္ခ်ဳပ္ေရးမႉးက ဒဏ္ရာနဲ႔ပါသြားတယ္၊ သူကေျပာတယ္ အဘ ကြၽန္ေတာ္ မသြားႏိုင္ေတာ့ဘူးဆိုၿပီး ေျပာတယ္ အဲဒီမွာပဲ လည္ပင္းကို ဓါးနဲ႔လွီးၿပီး သတ္ပစ္လိုက္တယ္၊ ကြၽန္ေတာ္တို႔ လွည့္ၾကည့္လို႔မရဘူး၊ ႐ုန္းသံေတြပဲၾကားရတယ္ လွည့္ၾကည့္တဲ့ေကာင္ ပစ္မယ္ဆိုၿပီး သူတို႔က ၿခိမ္းေျခာက္တာ”

ေသဆုံးသူရဲ႕ ႐ုပ္အေလာင္းကို မေန႔က ရွာေဖြေတြ႕ရွိခဲ့ၿပီး ဒီေန႔မွ သယ္ယူသၿဂိဳဟၤ္ခြင့္ရတာလို႔ မိသားစုဝင္ ဦးသိန္းေက်ာ္ဝင္းက ေျပာပါတယ္။

“အေလာင္းသယ္ၿပီး မင္းျပားၿမိဳ႕နယ္ေဆး႐ုံႀကီးကို ယူလာပါတယ္။ ဆရာဝန္ေတြရဲ႕ ေဆးမွတ္တမ္းယူၿပီး ရဲေတြက စစ္ေဆးၿပီး မင္းျပားသခ်ိဳင္းမွာပဲ သၿဂိဳဟၤ္လိုက္ပါတယ္။ ဆက္ၿပီးေဆာင္႐ြက္ထားတာက မင္းျပားရဲစခန္းမွာ အမႈဖြင့္ထားပါတယ္”

အဲဒီညက ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့တဲ့ ႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္သိန္းနဲ႔ ေဒၚျဖဴျဖဴဝင္းတို႔ရဲ႕ မိသားစုဝင္ေတြက တပ္မေတာ္က ပစ္ခတ္လို႔ ေသဆုံးသြားတဲ့ကိစၥကို စုံစမ္းစစ္ေဆးေပးဖို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ထံ ဒီဇင္ဘာ ၁၂ ရက္ေန႔က တိုင္ၾကားထားပါတယ္။

တပ္မေတာ္က ဘာေၾကာင့္ပစ္သတ္ရတာလဲဆိုတာ သိခ်င္လို႔ တိုင္ၾကားတာလို႔ ေသဆုံးသူ ဦးဉာဏ္ထြန္းရဲ႕ ညီျဖစ္သူက RFA ကို ေျပာပါတယ္။

“အမွန္တရားကို သိခ်င္လို႔ ေသသြားတဲ့သူကေတာ့ ဘာမွမေျပာႏိုင္ေတာ့ဘူးေလ။ အျပစ္ရွိတယ္ဆိုရင္လည္း အဲဒီလို ရက္စက္ၾကမ္းၾကဳတ္တဲ့အလုပ္ မလုပ္ေစခ်င္ဘူး။ အျပစ္ရွိတယ္ဆိုရင္လည္း ႏိုင္ငံေတာ္မွာ ျပဌာန္းထားတဲ့ ဥပေဒအတိုင္း ဆုံးျဖတ္လို႔ရတာပဲ၊ ဘာ့ေၾကာင့္ ဒီလိုမ်ိဳးလာလုပ္တာလဲ၊ အဲဒါ အတိအက်သိခ်င္တာပဲ၊ ဟိုးအေပၚက မိန္းကေလးတစ္ေယာက္ ေအာ္တာကို ဘာ့ေၾကာင့္ပစ္တာလဲ”

လူ႔အခြင့္အေရးေကာ္မရွင္ထံ RFA က ဒီေန႔ ဆက္သြယ္ရာမွာ ေကာ္မရွင္အဖြဲ႕ဝင္ ဦးဘုန္းႂကြယ္ကေတာ့ ႐ုံးကိုတိုင္ၾကားစာ ေရာက္မေရာက္ဆိုတာ ႐ုံးဖြင့္ရက္မွ ျပန္လည္စိစစ္ေပးမယ္လို႔ ေျပာပါတယ္။

ဒီေန႔မွာပဲ ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕ကလည္း ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္က စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနတာ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတာေတြကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားတာမဟုတ္ဘဲ အရပ္သားေတြကို အေၾကာင္းမဲ့ပစ္သတ္ ဖမ္းဆီးႏွိပ္စက္ေနတာ၊ ဥပေဒအမ်ိဳးမ်ိဳးတပ္ၿပီး တရားစြဲဆိုတာေတြကို တပ္မေတာ္က လုပ္ေဆာင္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒီထုတ္ျပန္ခ်က္ပါ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း တုံ႔ျပန္တာက ---

“ဒါနဲ႔ပတ္သက္ၿပီး သူတို႔က ဒါေတြထုတ္ေနၾကပါ။ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ရင္ တပ္မေတာ္ကလည္း အေလးထား ေဆာင္႐ြက္လွ်က္ရွိပါတယ္။ သင္တန္းေက်ာင္းေတြမွာလည္း လူ႔အခြင့္အေရးနဲ႔ ပတ္သက္ တာေတြကို သင္ၾကားပို႔ခ်ေနတာကိုလည္း အေလးထား ေဆာင္႐ြက္လွ်က္ရွိပါတယ္။ ေနာက္တစ္ခ်က္က စစ္သည္တိုင္း တပ္ဖြဲ႕တိုင္းကို အခြင့္အေရးျမႇင့္တင္ေရးေတြ ေဆာင္႐ြက္လွ်က္ရွိပါတယ္”

ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ ပလက္ဝ စတဲ့ ၿမိဳ႕နယ္ေတြမွာ တပ္မေတာ္က က်ဴးလြန္ေနတာလို႔ ဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ အရပ္သား ေသဆုံးသူ ၈၀ ေက်ာ္ရွိၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၁၂၀ ေက်ာ္ရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
မင်းပြားက ရွာထဲစစ်ကြောင်းတစ်ခုဝင်ပြီး နောက်ဆက်တွဲ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သလူချောင်းအနီးက မင်းဘူးတောင်ခြေမှာရှိတဲ့ စိတ္တရကျေးရွာဒေသကို တွေ့ရစဉ်
ဓာတ်ပုံ - အမ်းသား ကြီး - facebook

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာဝကျေးရွာအုပ်စု စိတ္တရကျေးရွာထဲ ဒီဇင်ဘာ ၁၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ရွာခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့သလို ဒေသခံ ရှစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းခံရသူတွေထဲက တစ်ယောက် သေဆုံးပြီး ခုနှစ်ယောက်ကိုတော့ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က အမှုဖွင့်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ညက စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့ နေအိမ်မှာ ဒေသခံတချို့ရှိနေချိန် မင်းပြားမြို့အခြေစိုက် အမှတ် ၃၈၀ တပ်ရင်းက တပ်မတော်သား ၁၀၀ ကျော်ဟာ  ရွာထဲဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဦးဉာဏ်သိန်းကို သေနတ်ဒင်နဲ့ရိုက်ကာ ပစ်သတ်ခဲ့ပြီး နေအိမ်ပေါ်မှာရှိနေတဲ့ ဒေါ်ဖြူဖြူဝင်းဟာလည်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။ အဲဒီနောက် ကျန်တဲ့ရွာသားတချို့ကို တပ်မတော်က ဖမ်းခေါ် သွားတာလို့ သိရပါတယ်။ ဖမ်းခေါ်သွားတဲ့ ရွာသားအရေအတွက်ဟာ တပ်မတော်ဘက်က ရှစ်ဦးလို့ပြောပေမယ့်  ဒေသခံတွေကတော့ ၁၀ ဦးလို့ ပြောကြပါတယ်။ စစ်ဆေးစရာရှိလို့ ဖမ်းခေါ်ခဲ့တာလို့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တပ်ဖမ်းခေါ်သွားတဲ့အထဲက တစ်ယောက် သေဆုံးပြီး ခုနှစ်ယောက်ကို မင်းပြားရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ AA အမာခံတွေလို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အမှုဖွင့်ထားတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

“အဲဒီအမျိုးသား ခုနှစ်ဦးကို ပဏာမ စစ်ဆေးပါတယ်၊ စစ်ဆေးတဲ့အခါမှာ AA တပ်ဖွဲ့ဝင်တွေရဲ့ အမာခံတွေ ဖြစ်ကြောင်း တွေ့ရှိရတဲ့အတွက် သူတို့ကိုတော့ မင်းပြားရဲစခန်းမှာ တရားဥပဒေအရ အမှုဖွင့်ဆောင်ရွက်နိုင်ရေး အပ်နှံထားပါတယ်”

သေဆုံးသွားတဲ့ ရွာသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က သလူချောင်းအနီးမှာ တွေ့ရှိခဲ့တာပါ။

ရွာသားတွေကို ဖမ်းဆီးသွားချိန်မှာ AA နဲ့ တိုက်ပွဲဖြစ်ပွားလို့ တစ်ဦးသေဆုံးသွားတာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က မသကာင်္လို့ ဖမ်းလာတာ၊ အဲဒီမှာ တိုက်ပွဲဘာညာ ဖြစ်ရင်းနဲ့ သေတာ အဲဒီမှာ”

ဖမ်းဆီးခေါ်ဆောင်ခံရစဉ် ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံတစ်ဦးကတော့ သူကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ကို ကြိုးတုပ်ပြီး တောင်ထိပ်ဆီကို ခေါ်သွားတာ မလိုက်နိုင်တဲ့သူတွေကို အကုန်လုံး ပစ်သတ်မယ်ဆိုပြီး ဆွဲပြီးခေါ်သွားတယ်၊ တောင်ထိပ်ဆီကို တိုက်ပွဲဖြစ်နေတဲ့ နေရာဆီကို၊ ကျွန်တော်က ချည်ထားတဲ့ကြိုးကို ကံကောင်းလို့ပဲ ပြောရမလား ဖြည်ပြီးပြေးလာတာ။ အဲဒီထဲမှာ ကျောက်မှော် အုပ်ချုပ်ရေးမှူးက ဒဏ်ရာနဲ့ပါသွားတယ်၊ သူကပြောတယ် အဘ ကျွန်တော် မသွားနိုင်တော့ဘူးဆိုပြီး ပြောတယ် အဲဒီမှာပဲ လည်ပင်းကို ဓါးနဲ့လှီးပြီး သတ်ပစ်လိုက်တယ်၊ ကျွန်တော်တို့ လှည့်ကြည့်လို့မရဘူး၊ ရုန်းသံတွေပဲကြားရတယ် လှည့်ကြည့်တဲ့ကောင် ပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တာ”

သေဆုံးသူရဲ့ ရုပ်အလောင်းကို မနေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှ သယ်ယူသဂြိုင်္ဟ်ခွင့်ရတာလို့ မိသားစုဝင် ဦးသိန်းကျော်ဝင်းက ပြောပါတယ်။

“အလောင်းသယ်ပြီး မင်းပြားမြို့နယ်ဆေးရုံကြီးကို ယူလာပါတယ်။ ဆရာဝန်တွေရဲ့ ဆေးမှတ်တမ်းယူပြီး ရဲတွေက စစ်ဆေးပြီး မင်းပြားသချိုင်းမှာပဲ သဂြိုင်္ဟ်လိုက်ပါတယ်။ ဆက်ပြီးဆောင်ရွက်ထားတာက မင်းပြားရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”

အဲဒီညက နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ ဒေါ်ဖြူဖြူဝင်းတို့ရဲ့ မိသားစုဝင်တွေက တပ်မတော်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ဒီဇင်ဘာ ၁၂ ရက်နေ့က တိုင်ကြားထားပါတယ်။

တပ်မတော်က ဘာကြောင့်ပစ်သတ်ရတာလဲဆိုတာ သိချင်လို့ တိုင်ကြားတာလို့ သေဆုံးသူ ဦးဉာဏ်ထွန်းရဲ့ ညီဖြစ်သူက RFA ကို ပြောပါတယ်။

“အမှန်တရားကို သိချင်လို့ သေသွားတဲ့သူကတော့ ဘာမှမပြောနိုင်တော့ဘူးလေ။ အပြစ်ရှိတယ်ဆိုရင်လည်း အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့အလုပ် မလုပ်စေချင်ဘူး။ အပြစ်ရှိတယ်ဆိုရင်လည်း နိုင်ငံတော်မှာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဆုံးဖြတ်လို့ရတာပဲ၊ ဘာ့ကြောင့် ဒီလိုမျိုးလာလုပ်တာလဲ၊ အဲဒါ အတိအကျသိချင်တာပဲ၊ ဟိုးအပေါ်က မိန်းကလေးတစ်ယောက် အော်တာကို ဘာ့ကြောင့်ပစ်တာလဲ”

လူ့အခွင့်အရေးကော်မရှင်ထံ RFA က ဒီနေ့ ဆက်သွယ်ရာမှာ ကော်မရှင်အဖွဲ့ဝင် ဦးဘုန်းကြွယ်ကတော့ ရုံးကိုတိုင်ကြားစာ ရောက်မရောက်ဆိုတာ ရုံးဖွင့်ရက်မှ ပြန်လည်စိစစ်ပေးမယ်လို့ ပြောပါတယ်။

ဒီနေ့မှာပဲ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ရခိုင်ပြည်နယ်အတွင်း တပ်မတော်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမဟုတ်ဘဲ အရပ်သားတွေကို အကြောင်းမဲ့ပစ်သတ် ဖမ်းဆီးနှိပ်စက်နေတာ၊ ဥပဒေအမျိုးမျိုးတပ်ပြီး တရားစွဲဆိုတာတွေကို တပ်မတော်က လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တုံ့ပြန်တာက ---

“ဒါနဲ့ပတ်သက်ပြီး သူတို့က ဒါတွေထုတ်နေကြပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် တပ်မတော်ကလည်း အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ သင်တန်းကျောင်းတွေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက် တာတွေကို သင်ကြားပို့ချနေတာကိုလည်း အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ နောက်တစ်ချက်က စစ်သည်တိုင်း တပ်ဖွဲ့တိုင်းကို အခွင့်အရေးမြှင့်တင်ရေးတွေ ဆောင်ရွက်လျှက်ရှိပါတယ်”

ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပလက်ဝ စတဲ့ မြို့နယ်တွေမှာ တပ်မတော်က ကျူးလွန်နေတာလို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးသူ ၈၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
မင္းျပားက ႐ြာထဲစစ္ေၾကာင္းတစ္ခုဝင္ၿပီး ေနာက္ဆက္တြဲ မင္းျပားက ႐ြာထဲစစ္ေၾကာင္းတစ္ခုဝင္ၿပီး ေနာက္ဆက္တြဲ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.