ထိုုင္းနိုင္ငံ ေရာ္ဘာ ျခံတြင္ လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ားအားေသနတ္ျဖင့္ လိုက္လံ ပစ္ခတ္ (၃)ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
ဒီဇင္ဘာလ ၁၀ ရက္ေန ့မနက္ေစာေစာက ပစ္ခတ္မွု ျဖစ္ပြားခဲ့တဲ့ ေနရာဟာ ထိုင္းနိုင္ငံ Phang Nga ဖန္းငါးခရိုင္ ကုန္စီရီ ေက်းရြာအမွတ္ (၇) က ရာဘာျခံမွာလို ့ သိရပါတယ္။
ျခံတြင္း က အလုပ္သမား အေဆာင္မွာ မွာအိပ္ေနၾကတဲ့ ျမန္မာနိုင္ငံသားရာဘာ လုပ္သားေတြကို ေသနတ္သမားက ၀င္ေရာက္ျပစ္ခဲ့ျပီး ဓါးနဲ့ လိုက္ထိုး ခဲ့တာေၾကာင့္ျမန္မာနိုင္ငံသားသံုးဦး ဒဏ္ရာရသြားခဲ့ပါတယ္။

ေသနတ္နဲ ့ ဓါးဒဏ္ရာရသြားသူေတြဟာ ဦးလိွဳင္၀င္း အသက္ (၅၀) ကိုေက်ာ့အသက္ ၂၈နွစ္ နဲ ့ ေနာက္အမ်ိဳးသားတစ္ဦး (အမည္မသိရေသး) တို ့ျဖစ္ပါတယ္။

က်ဴးလြန္တဲ့ ေသနတ္သမားဟာ ထိုင္းနိုင္ငံသား (ေဖၚျပပါ အေပၚဗလာ၀တ္ရိုက္ကူးထားသူ) တစ္ဦး ျဖစ္ျပီး တရားခံ နိုင္ေရာ့စဖတ္( အြတ္)ဟာ ေရာ္ဘာျခံပိုင္ရွင္ရဲ ့ တူေတာ္သူျဖစ္ေၾကာင္း သိရပါတယ္။

ဦးေလျဖစ္သူ ျခံပိုင္ရွင္က သူ ့ကို အလုပ္မခိုင္းဘဲ ေရာဘာျခံကို ျမန္မာနိုင္ငံသားေတြကို အလုပ္ေပး လုပ္ေနတာကို မေၾကမနပ္ျဖစ္ျပီး ခုလို ျမန္မာအလုပ္သမားေတြကို ျခံထဲမွာ မေနနိုင္ေအာင္ ေသနတ္နဲ ့ ပစ္ ဓါးနဲ ့ထိုးခဲ့တာျဖစ္ေၾကာင္း ထိုင္းသတင္းေတြမွာေဖၚျပေနပါတယ္။
ဖန္းငါးေဆးရံုမွာ အေရးေပၚ တက္ေရာက္ေဆးကုသေပးတဲ့ျမန္မာနိုင္ငံသားသံုးဦးမွာ တစ္ဦးဟာ ေသနတ္ ဒဏ္ရာေၾကာင့္ စိုးရိမ္ရတဲ့ အေျခအေနမွာ ၇ွိေနေၾကာင္း သိရပါတယ္။
တရားခံ နိုင္အြတ္ ဟာ ရာဘာျခံအတြင္း ပုန္းေ၇ွာင္ ထြက္ေျပးေနျပီး သူ ့ကို ရဲတပ္ဖြဲ ့က လိုက္လံ ဖမ္းဆီးေနၾကေၾကာင္း သိရပါတယ္။

Social Action for Children and Women - SAW
https://www.facebook.com/1429330840619312/photos/pcb.2531442820408103/2531426727076379/?type=3&theater
----------------
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံ ရော်ဘာ ခြံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအား သေနတ်ဖြင့် လိုက်လံ ပစ်ခတ် (၃)ဦးဒဏ်ရာရ
Dec 11,2019

ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်စောစောက ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ ထိုင်းနိုင်ငံ Phang Nga ဖန်းငါးခရိုင် ကုန်စီရီ ကျေးရွာအမှတ် (၇) က ရာဘာခြံမှာ
လို့ သိရပါတယ်။
ခြံတွင်း က အလုပ်သမား အဆောင်မှာ မှာအိပ်နေကြတဲ့ မြန်မာနိုင်ငံသားရာဘာ လုပ်သားတွေကို သေနတ်သမားက ဝင်ရောက်ပြစ်ခဲ့ပြီး ဓါးနဲလိုက်ထိုး ခဲ့တာကြောင့်
မြန်မာနိုင်ငံသားသုံးဦး ဒဏ်ရာရသွားခဲ့ပါတယ်။
သေနတ်နဲ့ ဓါးဒဏ်ရာရသွားသူတွေဟာ ဦးလှိုင်ဝင်း အသက် (၅၀) ကိုကျော့အသက် ၂၈နှစ် နဲ့ နောက်အမျိုးသားတစ်ဦး (အမည်မသိရသေး) တို့ဖြစ်ပါတယ်။

ကျူးလွန်တဲ့ သေနတ်သမားဟာ ထိုင်းနိုင်ငံသား (ဖေါ်ပြပါ အပေါ်ဗလာဝတ်ရိုက်ကူးထားသူ) တစ်ဦး ဖြစ်ပြီး တရားခံ နိုင်ရော့စဖတ်( အွတ်)ဟာ ရော်ဘာခြံပိုင်ရှင်ရဲ့ တူတော်သူဖြစ်ကြောင်း သိရပါတယ်။

ဦးလေဖြစ်သူ ခြံပိုင်ရှင်က သူ့ကို အလုပ်မခိုင်းဘဲ ရောဘာခြံကို မြန်မာနိုင်ငံသားတွေကို အလုပ်ပေး လုပ်နေတာကို မကြေမနပ်ဖြစ်ပြီး ခုလို မြန်မာအလုပ်သမားတွေကို ခြံထဲမှာ မနေနိုင်အောင် သေနတ်နဲ့ ပစ် ဓါးနဲ့ထိုးခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။
ဖန်းငါးဆေးရုံမှာ အရေးပေါ် တက်ရောက်ဆေးကုသပေးတဲ့မြန်မာနိုင်ငံသားသုံးဦးမှာ တစ်ဦးဟာ သေနတ် ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း သိရပါတယ်။
တရားခံ နိုင်အွတ် ဟာ ရာဘာခြံအတွင်း ပုန်းရှောင် ထွက်ပြေးနေပြီး သူ့ကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြကြောင်း သိရပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/1429330840619312/photos/pcb.2531442820408103/2531426727076379/?type=3&theater
ထိုုင္းနိုင္ငံ ေရာ္ဘာ ျခံတြင္ လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ားအားေသနတ္ျဖင့္ လိုက္လံ ပစ္ခတ္ (၃)ဦးဒဏ္ရာရ ထိုုင္းနိုင္ငံ ေရာ္ဘာ ျခံတြင္ လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ားအားေသနတ္ျဖင့္ လိုက္လံ ပစ္ခတ္ (၃)ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.