ပဋိပကၡအတြင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို လက္နက္ကိုင္ ႏွစ္ဖက္လုံးက က်ဴးလြန္တယ္လို႔ AGIPP ေျပာ

ဒုကၡသည္စခန္းေတြ ပိတ္သိမ္းေရး မဟာဗ်ဴဟာ အေကာင္အထည္ ေဖာ္ဖို႔ဆိုရင္ေတာ့ ဒုကၡသည္ေတြနဲ႔ အမ်ိဳးသမီးေတြရဲ႕အသံေတြမ်ားမ်ား လို
(Zawgyi)⤵⤵⤵
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC နဲ႔တိုင္းရင္းသားေဒသက အမ်ိဳးသမီးနဲ႔ ၿငိမ္းခ်မ္းေရးကြန္ရက္အဖြဲ႕ေတြ စုစည္းထားတဲ့ ၿငိမ္းခ်မ္းေရးအတြက္ က်ားမ တန္းတူေရး မဟာမိတ္အဖြဲ႕ AGIPP တို႔ဟာ ဒီဇင္ဘာ ၇ ရက္ကရန္ကုန္က NRPC ႐ုံးမွာ ေတြ႕ဆုံခဲ့ၾကပါ တယ္။

ဒီေတြ႕ဆုံပြဲမွာ ေနရပ္စြန႔္ခြာသူေတြ ျပန္လည္ေနရာခ်ထားေရး၊ ကေလးသူငယ္အေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရး အျပင္ ပဋိပကၡအတြင္း အမ်ိဳးသမီးေတြ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္ခံရမႈ နဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့တယ္လို႔ AGIPP အဖြဲ႕ဝင္ နန္းျဖဴျဖဴလင္းက ဘီဘီစီကို ေျပာပါတယ္။

တပ္မေတာ္ရဲ႕ ပဋိပကၡေဒသတြင္း လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတဲ့အေပၚ စစ္ဘက္ဆိုင္ရာခုံ႐ုံးေတြမွာပဲ သီးျခားစစ္ေဆးေနတာဟာ ပြင့္လင္းျမင္သာမႈမရွိဘူးလို႔ တင္ျပခဲ့တယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

"က်ဴးလြန္သူေတြကို စစ္ဖက္ဆိုင္ရာခုံ႐ုံးေတြကေန ဘယ္လိုအေရးယူပါတယ္ဆိုတာ ပြင့္လင္းျမင္သာမႈရွိေအာင္လို႔ ျပည္သူလူထုေတြသိေအာင္ ေျပာျပဖို႔ သူတို႔ (NRPC) က တိုက္တြန္းေပးမယ္လို႔ေတာ့ ေျပာပါ တယ္" လို႔ နန္းျဖဴျဖဴလင္းက ေျပာပါတယ္။

ပဋိပကၡအတြင္း အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြက်ဴးလြန္တာဟာ တပ္မေတာ္ တစ္ဖြဲ႕တည္းမဟုတ္ဘဲ တျခားလက္နက္ကိုင္ အဖြဲ႕ေတြက်ဴးလြန္တာလည္းရွိတယ္လို႔ သူတို႔အဖြဲ႕နဲ႔ ခ်ိတ္ဆက္ထားတဲ့ကြန္ရက္ေတြက ေဒသအသီးသီးမွာ ေကာက္ယူထားတဲ့ စာရင္းဇယားေတြေပၚ အေျခခံၿပီး သူကေျပာပါတယ္။

"ရွိတယ္။ နည္းတယ္။ ဝမ္းနည္းစရာေကာင္းတာက ပဋိပကၡျဖစ္ပြားတဲ့ပုံစံသာကြဲမယ္။ ပဋိပကၡ ျဖစ္ပြားတဲ့ေနရာသာ ကြဲမယ္ ။ ဒါေပမဲ့ တိုင္းရင္းသူ အမ်ိဳး သမီးေတြကို ပစ္မွတ္ထားၿပီး အစုလိုက္အၿပဳံလိုက္ မုဒိမ္းက်င့္တဲ့ပုံစံကေတာ့ လုံးဝကိုမကြဲဘဲ တစ္ပုံစံတည္းျဖစ္ေနတာကို ဝမ္းနည္းဖြယ္ရာ ေတြ႕ရပါ တယ္" လို႔သူက ဆိုပါတယ္။

ဒုကၡသည္စခန္းေတြမွာရွိတဲ့ အမ်ိဳးသမီးေတြမွာေတာ့ အိမ္တြင္းအၾကမ္းဖက္မႈဆိုတဲ့ ျပႆနာကို ရင္ဆိုင္ေနရၿပီး ဒုကၡသည္ စခန္းေတြဆီေရာက္မလာဘဲ ပဋိပကၡေဒသတြင္းမွာ ေနထိုင္ လုပ္ကိုင္စားေသာက္ေနရတဲ့ တိုင္းရင္းသူအမ်ိဳးသမီးေတြမွာ အခုလို လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈကိုႀကဳံေနရတာ ျဖစ္တယ္ လို႔ နန္းျဖဴျဖဴလင္းက ရွင္းျပပါတယ္။

"ကိုယ့္ေဒသမွာ ကိုယ့္အိမ္မွာ ကိုယ္ေနရင္း ကိုယ့္ထမင္းကိုယ္ရွာစားေနရတဲ့ တိုင္းရင္းသူအမ်ိဳးသမီးေတြမွာ ေတာင္ယာသြားရင္း ဒီလို ႀကဳံေနရတာ" လို႔ သူက ဆိုပါတယ္။

လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈစာရင္းဇယားေတြဟာ ေဒသခံကြန္ရက္ေတြက ကခ်င္ျပည္နယ္နဲ႔ ရွမ္းေျမာက္တို႔မွာ တစ္ႏိုင္တစ္ပိုင္ ေကာက္ယူတဲ့စာရင္း ေတြျဖစ္ၿပီး ဒီထက္ပိုၿပီးတိက်တဲ့အခ်က္အလက္ ေတြရရွိဖို႔ အစိုးရအေနနဲ႔ ႏိုင္ငံေတာ္အဆင့္ စာရင္းေတြေကာက္ယူေပးဖို႔ အႀကံျပဳတင္ျပခဲ့တယ္လို႔ ဆိုပါ တယ္။

လက္ရွိမွာ ဒုကၡသည္စခန္းေတြပိတ္သိမ္းေရးမဟာဗ်ဴဟာကို အစိုးရက ၿပီးခဲ့တဲ့ေအာက္တိုဘာမွာ ျပဌာန္းလိုက္ၿပီျဖစ္ေပမယ့္ တကယ္အေကာင္အထည္ ေဖာ္ဖို႔ဆိုရင္ေတာ့ ဒုကၡသည္ေတြနဲ႔ အမ်ိဳးသမီးေတြရဲ႕အသံေတြမ်ားမ်ား လိုတယ္ဆိုတာ အစိုးရကို တင္ျပခဲ့တယ္လို႔ နန္းျဖဴျဖဴလင္းက ေျပာပါတယ္။

NRPC ကလည္း ဒီမဟာဗ်ဴဟာကိုဦးေဆာင္ေရးဆြဲတဲ့အထဲမွာ ပါဝင္ၿပီး ျပန္လည္ထူေထာင္ေရး၊ ေနရပ္ျပန္ ေရးနဲ႔ ေနရာခ်ထားေရးတို႔မွာ AGIPP အပါအဝင္ အရပ္ဖက္အဖြဲ႕ေတြရဲ႕ ပါဝင္ဖို႔လည္း ေဆာင္႐ြက္ေပးမယ္ဆိုတဲ့ ကတိကဝတ္ကိုရတယ္လို႔ ဆိုပါတယ္။

ပဋိပကၡေဒသတြင္း အရပ္သား ကာကြယ္ေရး အေရးႀကီးၿပီး အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ နယ္ေျမတြင္းပဲျဖစ္ေစ၊ လက္မွတ္မထိုးထားတဲ့အဖြဲ႕ေတြရဲ႕ နယ္ေျမအတြင္း ျဖစ္ေစ အရပ္သားေတြ ခံစားေနရတဲ့ အသံကို နားေထာင္ေပးဖို႔လည္း တင္ျပခဲ့တယ္လို႔ ဆိုပါတယ္။

AGIPP က တင္ျပတဲ့အထဲမွာ စစ္ပြဲေတြရပ္ဆိုင္းဖို႔နဲ႔ ေျမျမႇဳပ္မိုင္းေတြရွင္းလင္းၿပီးမွသာ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ဖို႔ တင္ျပခ်က္အေပၚမွာေတာ့ NRPCက ဒါေတြကို လတ္တေလာ ခ်က္ခ်င္းေဆာင္႐ြက္ဖို႔ မျဖစ္ႏိုင္တဲ့အေၾကာင္း ျပန္ေဆြးေႏြးတယ္လို႔ နန္းျဖဴျဖဴလင္းက ေျပာပါတယ္။

"NCA မထိုးထားေသးတဲ့ေဒသေတြမွာဆိုရင္ Bilateral agreement (ႏွစ္ဖက္အပစ္ရပ္သေဘာတူစာခ်ဳပ္) လိုပါတယ္လို႔ေျပာတယ္။ ဒီ သေဘာ တူညီခ်က္ရရင္ ေနာက္ဆက္တြဲအေနနဲ႔ မိုင္းရွင္းလင္းေရးမဟာဗ်ဴဟာနဲ႔ စီမံကိန္းေတြကို ဆက္လုပ္ပါမယ္လို႔ ေျပာတယ္။ ကြၽန္မတို႔ဘက္ကလည္း ဘာေတာင္းဆိုလဲဆိုေတာ့ ျပန္လည္ထူေထာင္ေရးလုပ္တဲ့အခါမွာ မိုင္းရွင္းေပးပါ့မယ္ဆိုတဲ့အာမခံခ်က္မရွိဘဲနဲ႔ ကြၽန္မတို႔ကေတာ့ ဒီ Bilateral ကို လက္မွတ္ထိုးပါလို႔ တြန္းအားေပးဖို႔မျဖစ္ႏိုင္ဘူးလို႔ အျပန္အလွန္ ေျပာရတာေလးေတာ့ရွိေနပါတယ္" လို႔ သူကဆိုပါတယ္။

လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈစာရင္းဇယားေတြဟာ ေဒသခံကြန္ရက္ေတြက ကခ်င္ျပည္နယ္နဲ႔ ရွမ္းေျမာက္တို႔မွာ တစ္ႏိုင္တစ္ပိုင္ ေကာက္ယူတဲ့စာရင္း ေတြျဖစ္ၿပီး ဒီထက္ပိုၿပီးတိက်တဲ့အခ်က္ အလက္ေတြရရွိဖို႔ အစိုးရအေနနဲ႔ ႏိုင္ငံေတာ္အဆင့္ စာရင္းေတြေကာက္ယူေပးဖို႔ အႀကံျပဳတင္ျပခဲ့တယ္လို႔ ဆိုပါ တယ္။

ဒီေတြ႕ဆုံပြဲကို NRPC ဘက္က ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး၊ ၿငိမ္းခ်မ္းေရး ေကာ္မရွင္အႀကံေပးအဖြဲ႕ဝင္ ဦးမိုးေဇာ္ဦး အပါအဝင္ တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ပါတယ္။ AGIPP ဘက္ကေတာ့ ဥကၠ႒ ေဒၚေမစံပယ္ျဖဴ၊ အဖြဲ႕ဝင္ နန္းျဖဴျဖဴလင္းအပါအဝင္ ကိုယ္စားလွယ္ အဖြဲ႕ တက္ေရာက္ခဲ့ပါတယ္။

ေတြ႕ဆုံပြဲနဲ႔ပတ္သက္ၿပီး NRPC နဲ႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္တာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းခဲ့ ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ခုလို ပဋိပကၡတြင္းအေျခအေနေတြကို AGIPP အဖြဲ႕အေနနဲ႔ အႀကံျပဳခ်က္ေတြ တင္ျပၿပီး အစိုးရကို ေဆာင္႐ြက္ေပးဖို႔ ႀကိဳးပမ္းလာတာ ၾကာၿပီျဖစ္ေပမယ့္ အခုမွ အစိုးရက လက္ခံေတြ႕ဆုံခြင့္ေပးတာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------------
(Unicode)⤵⤵⤵
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်ကိုင် နှစ်ဖက်လုံးက ကျူးလွန်တယ်လို့ AGIPP ပြော


ဓာတ်ပုံ မူပိုင် MOI
Image caption ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေး မဟာဗျူဟာ အကောင်အထည် ဖော်ဖို့ဆိုရင်တော့ ဒုက္ခသည်တွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေများများ လို

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့တိုင်းရင်းသားဒေသက အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တွေ စုစည်းထားတဲ့ ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူရေး မဟာမိတ်အဖွဲ့ AGIPP တို့ဟာ ဒီဇင်ဘာ ၇ ရက်ကရန်ကုန်က NRPC ရုံးမှာ တွေ့ဆုံခဲ့ကြပါ တယ်။

ဒီတွေ့ဆုံပွဲမှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေး၊ ကလေးသူငယ်အရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အပြင် ပဋိပက္ခအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ AGIPP အဖွဲ့ဝင် နန်းဖြူဖြူလင်းက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ရဲ့ ပဋိပက္ခဒေသတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အပေါ် စစ်ဘက်ဆိုင်ရာခုံရုံးတွေမှာပဲ သီးခြားစစ်ဆေးနေတာဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ တင်ပြခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ကျူးလွန်သူတွေကို စစ်ဖက်ဆိုင်ရာခုံရုံးတွေကနေ ဘယ်လိုအရေးယူပါတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိအောင်လို့ ပြည်သူလူထုတွေသိအောင် ပြောပြဖို့ သူတို့ (NRPC) က တိုက်တွန်းပေးမယ်လို့တော့ ပြောပါ တယ်" လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်တာဟာ တပ်မတော် တစ်ဖွဲ့တည်းမဟုတ်ဘဲ တခြားလက်နက်ကိုင် အဖွဲ့တွေကျူးလွန်တာလည်းရှိတယ်လို့ သူတို့အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ကွန်ရက်တွေက ဒေသအသီးသီးမှာ ကောက်ယူထားတဲ့ စာရင်းဇယားတွေပေါ် အခြေခံပြီး သူကပြောပါတယ်။

"ရှိတယ်။ နည်းတယ်။ ဝမ်းနည်းစရာကောင်းတာက ပဋိပက္ခဖြစ်ပွားတဲ့ပုံစံသာကွဲမယ်။ ပဋိပက္ခ ဖြစ်ပွားတဲ့နေရာသာ ကွဲမယ် ။ ဒါပေမဲ့ တိုင်းရင်းသူ အမျိုး သမီးတွေကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်တဲ့ပုံစံကတော့ လုံးဝကိုမကွဲဘဲ တစ်ပုံစံတည်းဖြစ်နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါ တယ်" လို့သူက ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေမှာတော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး ဒုက္ခသည် စခန်းတွေဆီရောက်မလာဘဲ ပဋိပက္ခဒေသတွင်းမှာ နေထိုင် လုပ်ကိုင်စားသောက်နေရတဲ့ တိုင်းရင်းသူအမျိုးသမီးတွေမှာ အခုလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုကြုံနေရတာ ဖြစ်တယ် လို့ နန်းဖြူဖြူလင်းက ရှင်းပြပါတယ်။

"ကိုယ့်ဒေသမှာ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကိုယ့်ထမင်းကိုယ်ရှာစားနေရတဲ့ တိုင်းရင်းသူအမျိုးသမီးတွေမှာ တောင်ယာသွားရင်း ဒီလို ကြုံနေရတာ" လို့ သူက ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစာရင်းဇယားတွေဟာ ဒေသခံကွန်ရက်တွေက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်တို့မှာ တစ်နိုင်တစ်ပိုင် ကောက်ယူတဲ့စာရင်း တွေဖြစ်ပြီး ဒီထက်ပိုပြီးတိကျတဲ့အချက်အလက် တွေရရှိဖို့ အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် စာရင်းတွေကောက်ယူပေးဖို့ အကြံပြုတင်ပြခဲ့တယ်လို့ ဆိုပါ တယ်။

လက်ရှိမှာ ဒုက္ခသည်စခန်းတွေပိတ်သိမ်းရေးမဟာဗျူဟာကို အစိုးရက ပြီးခဲ့တဲ့အောက်တိုဘာမှာ ပြဌာန်းလိုက်ပြီဖြစ်ပေမယ့် တကယ်အကောင်အထည် ဖော်ဖို့ဆိုရင်တော့ ဒုက္ခသည်တွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေများများ လိုတယ်ဆိုတာ အစိုးရကို တင်ပြခဲ့တယ်လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

NRPC ကလည်း ဒီမဟာဗျူဟာကိုဦးဆောင်ရေးဆွဲတဲ့အထဲမှာ ပါဝင်ပြီး ပြန်လည်ထူထောင်ရေး၊ နေရပ်ပြန် ရေးနဲ့ နေရာချထားရေးတို့မှာ AGIPP အပါအဝင် အရပ်ဖက်အဖွဲ့တွေရဲ့ ပါဝင်ဖို့လည်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ်ကိုရတယ်လို့ ဆိုပါတယ်။

ပဋိပက္ခဒေသတွင်း အရပ်သား ကာကွယ်ရေး အရေးကြီးပြီး အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေတွင်းပဲဖြစ်စေ၊ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေရဲ့ နယ်မြေအတွင်း ဖြစ်စေ အရပ်သားတွေ ခံစားနေရတဲ့ အသံကို နားထောင်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

AGIPP က တင်ပြတဲ့အထဲမှာ စစ်ပွဲတွေရပ်ဆိုင်းဖို့နဲ့ မြေမြှုပ်မိုင်းတွေရှင်းလင်းပြီးမှသာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ တင်ပြချက်အပေါ်မှာတော့ NRPCက ဒါတွေကို လတ်တလော ချက်ချင်းဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြန်ဆွေးနွေးတယ်လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

"NCA မထိုးထားသေးတဲ့ဒေသတွေမှာဆိုရင် Bilateral agreement (နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်) လိုပါတယ်လို့ပြောတယ်။ ဒီ သဘော တူညီချက်ရရင် နောက်ဆက်တွဲအနေနဲ့ မိုင်းရှင်းလင်းရေးမဟာဗျူဟာနဲ့ စီမံကိန်းတွေကို ဆက်လုပ်ပါမယ်လို့ ပြောတယ်။ ကျွန်မတို့ဘက်ကလည်း ဘာတောင်းဆိုလဲဆိုတော့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ မိုင်းရှင်းပေးပါ့မယ်ဆိုတဲ့အာမခံချက်မရှိဘဲနဲ့ ကျွန်မတို့ကတော့ ဒီ Bilateral ကို လက်မှတ်ထိုးပါလို့ တွန်းအားပေးဖို့မဖြစ်နိုင်ဘူးလို့ အပြန်အလှန် ပြောရတာလေးတော့ရှိနေပါတယ်" လို့ သူကဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစာရင်းဇယားတွေဟာ ဒေသခံကွန်ရက်တွေက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်တို့မှာ တစ်နိုင်တစ်ပိုင် ကောက်ယူတဲ့စာရင်း တွေဖြစ်ပြီး ဒီထက်ပိုပြီးတိကျတဲ့အချက် အလက်တွေရရှိဖို့ အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် စာရင်းတွေကောက်ယူပေးဖို့ အကြံပြုတင်ပြခဲ့တယ်လို့ ဆိုပါ တယ်။

ဒီတွေ့ဆုံပွဲကို NRPC ဘက်က နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ AGIPP ဘက်ကတော့ ဥက္ကဋ္ဌ ဒေါ်မေစံပယ်ဖြူ၊ အဖွဲ့ဝင် နန်းဖြူဖြူလင်းအပါအဝင် ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ခုလို ပဋိပက္ခတွင်းအခြေအနေတွေကို AGIPP အဖွဲ့အနေနဲ့ အကြံပြုချက်တွေ တင်ပြပြီး အစိုးရကို ဆောင်ရွက်ပေးဖို့ ကြိုးပမ်းလာတာ ကြာပြီဖြစ်ပေမယ့် အခုမှ အစိုးရက လက်ခံတွေ့ဆုံခွင့်ပေးတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ပဋိပကၡအတြင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို လက္နက္ကိုင္ ႏွစ္ဖက္လုံးက က်ဴးလြန္တယ္လို႔ AGIPP ေျပာ ပဋိပကၡအတြင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို လက္နက္ကိုင္ ႏွစ္ဖက္လုံးက က်ဴးလြန္တယ္လို႔ AGIPP ေျပာ Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.