AA ရခိုင္တပ္က ထိန္းသိမ္းထားတဲ့ ပလက္ဝကစက္ေလွနဲ႔ ေလွေပၚက လူေတြျပန္လြတ္ေျမာက္

(ဓါတ္ပံု-ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ AA ရခုိင္လက္နက္ကုိင္အဖြဲ႔က မေန႔ညက ဖမ္းဆီးလုိက္တဲ့ စက္ေလွဟာ ဒီကေန႔မနက္မွာ ေနရပ္ကုိ ျပန္ေရာက္လာပါၿပီ။ စက္ေလွေပၚ ပါလာသူေတြကုိ AA အဖြဲ႔က ယာယီ ထိန္းသိမ္းၿပီး အားလုံးကုိ ျပန္လြတ္လုိက္တာပါ။ ေဒသခံေတြ အခုလုိ မၾကာခဏ ထိန္းသိမ္းခံေနရတာေၾကာင့္ ပလက္ဝေဒသမွာ လံုျခံဳေရးအင္အား တုိးျမွင့္ေပးဖို႔ ခ်င္းျပည္နယ္အစုိးရက ျပည္ေထာင္စုအဆင့္ကို တင္ျပထားပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကုိ ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ပလက္ဝနဲ႔ ေတာင္ၿပိဳေက်းရြာကို ေျပးဆြဲေနတဲ့ ခရီးသည္တင္ စက္ေလွတစင္း မေန႔ညက ေပ်ာက္ဆံုးသြားခဲ့တာမွာ အဲဒီစက္ေလွကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဖမ္းဆီးသြားတယ္လို႔ စက္ေလွေပၚပါသြားတဲ့ ခရီးသည္ေတြက ေျပာပါတယ္။ သူတုိ႔ကို AA အဖြဲ႕က ယာယီထိန္းသိမ္းခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔မနက္မွာ ျပန္လြတ္ေပးလုိက္တာပါ။

အဲဒီစက္ေလွမွာ ခရီးသည္ ၁၁ဦးနဲ႔ ယာဥ္ေမာင္း ၂ဦးပါရွိၿပီး သူတို႔ကို ယာယီထိန္းသိမ္းခဲ့ေပမယ့္ တစံုတရာ စစ္ေဆး၊ ခုိင္းေစတာ မရွိဘူးလို႔ စက္ေလွေပၚပါသြားတဲ့ ခရီးသည္ေတြနဲ႔ ေတြ႔ဆုံ စကားေျပာခဲ့တဲ့ ေဒသခံတဦးက ဗီြအုိေအကုိ ေျပာပါတယ္။

“သူတို႔က ခဏထိန္းသိမ္းထားတာတဲ့။ သူတုိ႔ AA အဖြဲ႕ကေပါ့ေနာ္။ ေခ်ာင္းဝမွာ သူတို႔ေစာင့္ၿပီးေတာ့ ခဏဆင္းခိုင္းထားတာ၊ သူတုိ႔ကုိ ကမ္းကပ္ၿပီးေတာ့ေလ။ ေခၚယူတာတို႔၊ ခုိင္းတာတို႔ေတာ့ မရွိပါဘူးတဲ့၊ သူတုိ႔။ အဲဒီအနားမွာ အဲဒီအခ်ိန္မွာေတာ့ ရိကၡာအဖြဲ႕ေပးတာေတာ့ ရွိတာေပါ့ေနာ္။ ရိကၡာအဖြဲ႕ေပါက္ၾကားမွာ သူတုိ႔စုိးရိမ္လို႔ထင္တယ္။ က်ေတာ့္အထင္ေပါ့ေနာ္။”

အခုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး AA ဘက္ကို ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ပလက္ဝေဒသမွာ ေဒသခံျပည္သူေတြ ခရီးသြားလာေရးအတြက္ လုံၿခံဳေရးအရ စုိးရိမ္ရတဲ့ျဖစ္စဥ္ေတြက မၾကာခဏျဖစ္ေနတယ္လို႔ ခ်င္းျပည္နယ္အစုိးရအဖြဲ႕ ေျပာခြင့္ရ ဝန္ႀကီးဦးစုိးထက္က ေျပာပါတယ္။

“ဒီ AA ထိန္းခ်ဳပ္မႈကေတာ့ ရွိေနတယ္ခင္ဗ်။ ရွိေနေတာ့ အခုျဖစ္တဲ့ ဥစၥာကေတာ့ ပလက္ဝအထက္ဘက္၊ ပလက္ဝနဲ႔ ေတာင္ၿပိဳလိုင္းဆြဲတဲ့ စက္ေလွေပါ့ေနာ္။ ေတာင္ၿပိဳမေရာက္ခင္မွာ ကူဝဆုိတာရွိတယ္ အဲဒီနားမွာ။ မေန႔က အင္အား ၁၀၀ ေက်ာ္၊ ၂၀၀ နီးနီးေလာက္ေပါ့ေနာ္ ဆင္းလာၿပီးေတာ့မွ ဒီစက္ေလွကို တားတယ္ေျပာတယ္ဗ်။ ဒီေန႔လႊတ္တဲ့အခ်ိန္မွာေတာ့ ခရီးသည္ ၁၁ ေယာက္ ျပန္ပါလာတာေပါ့ေနာ္။”

ဒီေဒသဘက္မွာ အခုလို ေဒသခံေတြကုိ ဖမ္းဆီးထိန္းသိမ္းတာေတြက မၾကာခဏျဖစ္ေနတာေၾကာင့္ လံုျခံဳေရးတိုးျမွင့္ဖုိ႔ ျပည္ေထာင္စုအစုိးရကုိ ေတာင္းဆုိထားေၾကာင္းလည္း ဝန္ႀကီးဦးစုိးထက္က ဆက္ေျပာပါတယ္။

“လံုျခံဳေရးေတြေတာ့ တုိးျမွင့္ၿပီးခ်ဖို႔ လိုမယ္ခင္ဗ်။ လက္ရွိလံုျခံဳေရး အင္အားနဲ႔ေတာ့ ထိန္းခ်ဳပ္လို႔မရတဲ့ အေနအထားျဖစ္ေတာ့ေလ။ လူထုေတြကလည္း သြားေရးလာေရး အင္မတန္မွ ခက္ခဲေနပါတယ္။ က်ေနာ္တုိ႔က ျဖစ္စဥ္ေတြအားလံုးကေတာ့ ျပည္ေထာင္စုအစုိးရကို တင္ထားပါတယ္။ ျပည္ေထာင္စုအဆင့္ကပဲ လုပ္ရမွာျဖစ္တဲ့အတြက္ ျပည္ေထာင္စုက အစီအစဥ္အတုိင္းပဲ စီစဥ္လိမ့္မယ္ ထင္ပါတယ္ခင္ဗ်။”

ရခိုင္ျပည္နယ္နဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္မွာ ျမန္္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား စစ္ေရးပဋိပကၡေတြ ရွိေနၿပီး၊ အခုလို ခရီးသည္တင္ စက္ေလွဖမ္းဆီးခံရတဲ့ သာဓကေတြ အရင္ကလည္း ရွိခဲ့ပါတယ္။

ဒါ့အျပင္ ပလက္၀ၿမိဳ႕နယ္ကုိ္ယ္စားျပဳ NLD အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးေ၀ွ႔တင္းကုိ AA အဖြဲ႔က ဖမ္းဆီး ထိန္းသိမ္းထားတာ အခုဆုိ တလေက်ာ္ေနၿပီျဖစ္တဲ့အျပင္ တပ္မေတာ္နဲ႔ AA အဖြဲ႔က ေဒသခံေတြကုိ မၾကာခဏ ဖမ္းဆီး ထိန္းသိမ္းတာ၊ ေမးျမန္း စစ္ေဆးတာေတြ မၾကာခဏ လုပ္ေနတာေၾကာင့္ ေဒသခံေတြအၾကား စုိးရိမ္မႈေတြ ႀကီးထြားလာေနပါတယ္။

....................

AA ရခိုင်တပ်က ထိန်းသိမ်းထားတဲ့ ပလက်ဝကစက်လှေနဲ့လှေပေါ်ကလူတွေပြန်လွတ်မြောက်

(Zawgyi/Unicode)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့ညက ဖမ်းဆီးလိုက်တဲ့ စက်လှေဟာ ဒီကနေ့မနက်မှာ နေရပ်ကို ပြန်ရောက်လာပါပြီ။ စက်လှေပေါ် ပါလာသူတွေကို AA အဖွဲ့က ယာယီ ထိန်းသိမ်းပြီး အားလုံးကို ပြန်လွတ်လိုက်တာပါ။ ဒေသခံတွေ အခုလို မကြာခဏ ထိန်းသိမ်းခံနေရတာကြောင့် ပလက်ဝဒေသမှာ လုံခြုံရေးအင်အား တိုးမြှင့်ပေးဖို့ ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအဆင့်ကို တင်ပြထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ပလက်ဝနဲ့ တောင်ပြိုကျေးရွာကို ပြေးဆွဲနေတဲ့ ခရီးသည်တင် စက်လှေတစင်း မနေ့ညက ပျောက်ဆုံးသွားခဲ့တာမှာ အဲဒီစက်လှေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ စက်လှေပေါ်ပါသွားတဲ့ ခရီးသည်တွေက ပြောပါတယ်။ သူတို့ကို AA အဖွဲ့က ယာယီထိန်းသိမ်းခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်မှာ ပြန်လွတ်ပေးလိုက်တာပါ။

အဲဒီစက်လှေမှာ ခရီးသည် ၁၁ဦးနဲ့ ယာဉ်မောင်း ၂ဦးပါရှိပြီး သူတို့ကို ယာယီထိန်းသိမ်းခဲ့ပေမယ့် တစုံတရာ စစ်ဆေး၊ ခိုင်းစေတာ မရှိဘူးလို့ စက်လှေပေါ်ပါသွားတဲ့ ခရီးသည်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့တဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့က ခဏထိန်းသိမ်းထားတာတဲ့။ သူတို့ AA အဖွဲ့ကပေါ့နော်။ ချောင်းဝမှာ သူတို့စောင့်ပြီးတော့ ခဏဆင်းခိုင်းထားတာ၊ သူတို့ကို ကမ်းကပ်ပြီးတော့လေ။ ခေါ်ယူတာတို့၊ ခိုင်းတာတို့တော့ မရှိပါဘူးတဲ့၊ သူတို့။ အဲဒီအနားမှာ အဲဒီအချိန်မှာတော့ ရိက္ခာအဖွဲ့ပေးတာတော့ ရှိတာပေါ့နော်။ ရိက္ခာအဖွဲ့ပေါက်ကြားမှာ သူတို့စိုးရိမ်လို့ထင်တယ်။ ကျတော့်အထင်ပေါ့နော်။”

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ပလက်ဝဒေသမှာ ဒေသခံပြည်သူတွေ ခရီးသွားလာရေးအတွက် လုံခြုံရေးအရ စိုးရိမ်ရတဲ့ဖြစ်စဉ်တွေက မကြာခဏဖြစ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“ဒီ AA ထိန်းချုပ်မှုကတော့ ရှိနေတယ်ခင်ဗျ။ ရှိနေတော့ အခုဖြစ်တဲ့ ဥစ္စာကတော့ ပလက်ဝအထက်ဘက်၊ ပလက်ဝနဲ့ တောင်ပြိုလိုင်းဆွဲတဲ့ စက်လှေပေါ့နော်။ တောင်ပြိုမရောက်ခင်မှာ ကူဝဆိုတာရှိတယ် အဲဒီနားမှာ။ မနေ့က အင်အား ၁၀၀ ကျော်၊ ၂၀၀ နီးနီးလောက်ပေါ့နော် ဆင်းလာပြီးတော့မှ ဒီစက်လှေကို တားတယ်ပြောတယ်ဗျ။ ဒီနေ့လွှတ်တဲ့အချိန်မှာတော့ ခရီးသည် ၁၁ ယောက် ပြန်ပါလာတာပေါ့နော်။”

ဒီဒေသဘက်မှာ အခုလို ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေက မကြာခဏဖြစ်နေတာကြောင့် လုံခြုံရေးတိုးမြှင့်ဖို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုထားကြောင်းလည်း ဝန်ကြီးဦးစိုးထက်က ဆက်ပြောပါတယ်။

“လုံခြုံရေးတွေတော့ တိုးမြှင့်ပြီးချဖို့ လိုမယ်ခင်ဗျ။ လက်ရှိလုံခြုံရေး အင်အားနဲ့တော့ ထိန်းချုပ်လို့မရတဲ့ အနေအထားဖြစ်တော့လေ။ လူထုတွေကလည်း သွားရေးလာရေး အင်မတန်မှ ခက်ခဲနေပါတယ်။ ကျနော်တို့က ဖြစ်စဉ်တွေအားလုံးကတော့ ပြည်ထောင်စုအစိုးရကို တင်ထားပါတယ်။ ပြည်ထောင်စုအဆင့်ကပဲ လုပ်ရမှာဖြစ်တဲ့အတွက် ပြည်ထောင်စုက အစီအစဉ်အတိုင်းပဲ စီစဉ်လိမ့်မယ် ထင်ပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား စစ်ရေးပဋိပက္ခတွေ ရှိနေပြီး၊ အခုလို ခရီးသည်တင် စက်လှေဖမ်းဆီးခံရတဲ့ သာဓကတွေ အရင်ကလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်ကိုယ်စားပြု NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတာ အခုဆို တလကျော်နေပြီဖြစ်တဲ့အပြင် တပ်မတော်နဲ့ AA အဖွဲ့က ဒေသခံတွေကို မကြာခဏ ဖမ်းဆီး ထိန်းသိမ်းတာ၊ မေးမြန်း စစ်ဆေးတာတွေ မကြာခဏ လုပ်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

စုစု/ VOA Burmese
https://burmese.voanews.com
AA ရခိုင္တပ္က ထိန္းသိမ္းထားတဲ့ ပလက္ဝကစက္ေလွနဲ႔ ေလွေပၚက လူေတြျပန္လြတ္ေျမာက္ AA ရခိုင္တပ္က ထိန္းသိမ္းထားတဲ့ ပလက္ဝကစက္ေလွနဲ႔ ေလွေပၚက လူေတြျပန္လြတ္ေျမာက္ Reviewed by THITHTOOLWIN on 02:47 Rating: 5
Powered by Blogger.