မင္းျပား ရာေမာင္တံတားလံုျခံဳေရးတပ္ကို AA ပစ္ခတ္

ရကၡိဳင့္တပ္မေတာ္ (သတင္းဓာတ္ပံု-သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားမွာ လုံျခံဳေရးယူေနတဲ့ ျမန္မာစစ္တပ္ကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဒီမနက္မွာ ပစ္ခတ္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ဒီေန႔တိုက္ပြဲျဖစ္စဥ္ကို မသိရွိေသးေပမဲ့ မေန႔က ဘူးသီးေတာင္ျမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္ဘက္က ေလယာဥ္နဲ႔ ပစ္ခတ္မႈ ရွိေနတယ္လို႔ AA တာ၀န္ရွိသူေတြက ဆိုပါတယ္။ ပစ္ခတ္မႈမွာ အရပ္သားေတြေနတဲ့ ရြာထဲလက္နက္ၾကီး က်ည္က်ခဲ့တယ္လို႔လည္း ေဒသခံေတြက ဆိုပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ဒီကေန႔မွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“မင္းျပားဘက္မွာ ဒီေန႔မနက္ က်ေနာ္တို႔ မင္းျပားရာေမာင္တံတားမွာ တံတားလုံျခံဳေရးလုပ္ေနတဲ့ လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြေတာ့ လာၿပီးေတာ့ ေႏွာက္ယွက္ပစ္ခတ္တာေတာ့ ရွိတယ္။ လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြကို ဘာရည္ရြယ္ခ်က္နဲ႔ လာပစ္လည္း မသိဘူးေနာ္။ အဲဒီတံတားကို ဒီေကာင္ေတြလာၿပီး ဖ်က္စီးပစ္ရင္ ေအာက္ဘက္ကို သြားတဲ့ လမ္းေတြ ဘာေတြအကုန္လုံး ျပတ္ေတာက္ကုန္မွာ။ အဲဒီအတြက္ လုံျခံဳေရးထားထားတာ။”

ဒီပစ္ခတ္မႈမွာ တပ္မေတာ္ဘက္က ထိခိုက္မႈမရွိဘူးလို႔ ဆိုပါတယ္။

မင္းျပားၿမိဳ႕ ရာေမာင္တံတားအနီးမွာ တိုက္ပြဲျဖစ္ပြားေၾကာင္း မင္းျပားေဒသခံ တဦးက ေျပာပါတယ္။

“၈ နာရီ ၄၀ ေလာက္က စျဖစ္တာ မိနစ္ ၂၀ ေလာက္ ႏွစ္ဘက္တိုက္ပြဲ ျဖစ္တယ္လို႔ေတာ့ ေျပာတယ္။ က်န္တာေတြက် သူတို႔ဘာသာ သူတို႔ပစ္တာေပါ့ေနာ္။ မင္းျပားရာေမာင္တံတားနဲ႔ မင္းတင္မရြာ သြားလမ္းေပါ့။”

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒီကေန႔ မင္းျပားျမိဳ႕နယ္ဘက္တ ိုက္ပြဲအေျခအေနကို မသိရွိေသးဘူးလို႔ ေျပာဆိုၿပီး မေန႔က ဘူးသီးေတာင္ျမိဳ႕နယ္ ေတာင္တန္းဘက္မွာ ျမန္မာစစ္တပ္ဘက္ကေ လေၾကာင္းနဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

“ဒီေန႔ေတာ့တ ိုက္ပြဲသတင္းေတြ က်ေနာ္ဆီေရာက္လာတာ မရွိေသးဘူးဗ်။ မေန႔က ဘူးသီးေတာင္ဘက္မွာေတာ့ ဗမာ စစ္တပ္ဘက္က လာၿပီးေတာ့ ဂ်က္ဖိုက္တာေတြနဲ႔ ဗုံးၾကဲတိုက္ခိုက္တဲ့ဟာေတြ လုပ္ခဲ့တာ ရွိတယ္။ အဲဒီ ဘူးသီးေတာင္ၿမိဳ႕နယ္ အုတ္ေတာင္ရြာရဲ႕အေရွ႕ဘက္ အေရွ႕ေျမာက္ အဲဒီဘက္မွာရွိတဲ့ ေတာင္တန္းေတြကို ဂ်က္ဖိုက္တာေတြနဲ႔ လာျပီး ဗုံးၾကဲတာ ရွိတယ္။ ေရာ့ကက္ေတြနဲ႔ ပစ္တာရွိတယ္။”

ဒီကေန႔ ေန႔လယ္ပိုင္းမွာလဲ မင္းျပားျမိဳ႕နယ္ အမ္းသားရြာနဲ႔ ေသကန္ရြာဘက္ကို ျမန္မာစစ္တပ္ကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ သဂၤဟကမ္းလက္ရကၡိတအဖြဲ႔ဥကၠ႒ ကိုအမ္းသားႀကီးက ေျပာပါတယ္။

“အခုေန႔ခင္းဘက္ တနာရီ ႏွစ္နာရီေလာက္မွာ မင္းျပားနဲ႔ ရာေမာင္တံတားထြက္သြားတဲ့ လမ္းမွာ ဆန္းမတင္ကုလားရြာ ရွိတယ္။ အဲဒီဆန္္းမတင္ကုလားရြာမွာ သူတို႔က ကင္းပုန္းေတြ ၀တ္ၿပီးေတာ့ ဒီလက္နက္ႀကီးနဲ႔ လွမ္းျပီးေန ပစ္တာရွိတယ္။ အဲဒီအမ္းသားရြာနဲ႔ ေသကန္နားကေန လက္နက္ႀကီးနဲ႔ ပစ္တာ။ ထိခိုက္မႈေတာ့ မရွိဘူးခင္ဗ်။ အေျခအေနကေတာ့ ဘယ္မွ မေျပးဘူးခင္ဗ် ဒီအတိုင္းပါပဲ။ အဲဒီမွာကားေတြက မသြားဘဲ ႏွစ္နာရီေလာက္ ပိတ္ေနတာ ရွိတယ္။”

ဒီပစ္ခတ္မႈမွာ ရြာသားေတြကို ထိခိုက္မႈမရွိေပမဲ့ စိုးရိမ္ထိတ္လန္႔မႈေတြ ရွိေနတယ္လို႔လည္း ဆိုပါတယ္။

အလားတူပုဏၰားကြ်န္းၿမိဳ႕နယ္ယိုးတရုတ္ေက်းရြာဘက္မွာလည္း ရြာအတြင္း လက္နက္ပစ္ခတ္မႈေၾကာင့္ စိုးရိမ္စိတ္နဲ႔ ရြာသားေထာင္ေက်ာ္ တိမ္းေရွာင္ေနရပါတယ္။

ဒီအေျခအေနကို ယိုးတရုတ္ရြာသား ကိုျမတ္ေရႊက အခုလိုေျပာပါတယ္။

“ရဲစခန္းမွာေတာ့ စစ္တပ္ေတြ ရွိတယ္။ စစ္တပ္က ၁၀၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီရြာကေနေသနတ္ေတြ ပစ္ေဖါက္တယ္။ ရြာသားေတြက ေၾကာက္တာေပါ့။ တခုခုျဖစ္မွာကို စိုးရိမ္တယ္။၁၀၀၀ ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိမယ္။ သူတို႔နီးစပ္တဲ့ ေက်းရြာေတြက ပုဏၰားကြ်န္းမွာ ဒုကၡသည္စခန္းေတြ ရွိတယ္။ အဲဒီစခန္းကို ေရာက္သြားတယ္လို႔ ေျပာတယ္။ သူတို႔က နီးစပ္တဲ့ေဆြမ်ိဳးေတြ ပတ္၀န္းက်င္ေက်းရြာက ေျပးတာေတာ့ ရွိမွာေပါ့။”

မင္းျပားၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ မၾကာခဏ ျဖစ္ပြားေနပါတယ္။

ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔အၾကား ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ တိုက္ပြဲ ျပင္းထန္ျဖစ္ပြားေနတာ တႏွစ္ၾကာျပီး ျဖစ္သလို တိုက္ပြဲစဥ္အတြင္း ရြာသား တသိန္းနီးပါး စစ္ေဘး တိမ္းေရွာင္ေနရပါတယ္။

ဒီပြင့္လင္းရာသီမွာ ျမန္မာစစ္တပ္ဘက္က တပ္အင္အားျဖည့္တင္းထားသလို တိုက္ပြဲေတြ ဆက္လက္ျပင္းထန္လာမယ့္ အေျခအေနရွိတယ္လို႔ AA ဘက္က ေျပာပါတယ္။

[Unicode Version]

မင်းပြား ရာမောင်တံတားလုံခြုံရေးတပ်ကို AA ပစ်ခတ်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားမှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်တပ်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီမနက်မှာ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်စဉ်ကို မသိရှိသေးပေမဲ့ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်ဘက်က လေယာဉ်နဲ့ ပစ်ခတ်မှု ရှိနေတယ်လို့ AA တာဝန်ရှိသူတွေက ဆိုပါတယ်။ ပစ်ခတ်မှုမှာ အရပ်သားတွေနေတဲ့ ရွာထဲလက်နက်ကြီး ကျည်ကျခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မင်းပြားဘက်မှာ ဒီနေ့မနက် ကျနော်တို့ မင်းပြားရာမောင်တံတားမှာ တံတားလုံခြုံရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတော့ လာပြီးတော့ နှောက်ယှက်ပစ်ခတ်တာတော့ ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘာရည်ရွယ်ချက်နဲ့ လာပစ်လည်း မသိဘူးနော်။ အဲဒီတံတားကို ဒီကောင်တွေလာပြီး ဖျက်စီးပစ်ရင် အောက်ဘက်ကို သွားတဲ့ လမ်းတွေ ဘာတွေအကုန်လုံး ပြတ်တောက်ကုန်မှာ။ အဲဒီအတွက် လုံခြုံရေးထားထားတာ။”

ဒီပစ်ခတ်မှုမှာ တပ်မတော်ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

မင်းပြားမြို့ ရာမောင်တံတားအနီးမှာ တိုက်ပွဲဖြစ်ပွားကြောင်း မင်းပြားဒေသခံ တဦးက ပြောပါတယ်။

“၈ နာရီ ၄၀ လောက်က စဖြစ်တာ မိနစ် ၂၀ လောက် နှစ်ဘက်တိုက်ပွဲ ဖြစ်တယ်လို့တော့ ပြောတယ်။ ကျန်တာတွေကျ သူတို့ဘာသာ သူတို့ပစ်တာပေါ့နော်။ မင်းပြားရာမောင်တံတားနဲ့ မင်းတင်မရွာ သွားလမ်းပေါ့။”

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီကနေ့ မင်းပြားမြို့နယ်ဘက်တ ိုက်ပွဲအခြေအနေကို မသိရှိသေးဘူးလို့ ပြောဆိုပြီး မနေ့က ဘူးသီးတောင်မြို့နယ် တောင်တန်းဘက်မှာ မြန်မာစစ်တပ်ဘက်ကေ လကြောင်းနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီနေ့တော့တ ိုက်ပွဲသတင်းတွေ ကျနော်ဆီရောက်လာတာ မရှိသေးဘူးဗျ။ မနေ့က ဘူးသီးတောင်ဘက်မှာတော့ ဗမာ စစ်တပ်ဘက်က လာပြီးတော့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဟာတွေ လုပ်ခဲ့တာ ရှိတယ်။ အဲဒီ ဘူးသီးတောင်မြို့နယ် အုတ်တောင်ရွာရဲ့အရှေ့ဘက် အရှေ့မြောက် အဲဒီဘက်မှာရှိတဲ့ တောင်တန်းတွေကို ဂျက်ဖိုက်တာတွေနဲ့ လာပြီး ဗုံးကြဲတာ ရှိတယ်။ ရော့ကက်တွေနဲ့ ပစ်တာရှိတယ်။”

ဒီကနေ့ နေ့လယ်ပိုင်းမှာလဲ မင်းပြားမြို့နယ် အမ်းသားရွာနဲ့ သေကန်ရွာဘက်ကို မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။

“အခုနေ့ခင်းဘက် တနာရီ နှစ်နာရီလောက်မှာ မင်းပြားနဲ့ ရာမောင်တံတားထွက်သွားတဲ့ လမ်းမှာ ဆန်းမတင်ကုလားရွာ ရှိတယ်။ အဲဒီဆန််းမတင်ကုလားရွာမှာ သူတို့က ကင်းပုန်းတွေ ဝတ်ပြီးတော့ ဒီလက်နက်ကြီးနဲ့ လှမ်းပြီးနေ ပစ်တာရှိတယ်။ အဲဒီအမ်းသားရွာနဲ့ သေကန်နားကနေ လက်နက်ကြီးနဲ့ ပစ်တာ။ ထိခိုက်မှုတော့ မရှိဘူးခင်ဗျ။ အခြေအနေကတော့ ဘယ်မှ မပြေးဘူးခင်ဗျ ဒီအတိုင်းပါပဲ။ အဲဒီမှာကားတွေက မသွားဘဲ နှစ်နာရီလောက် ပိတ်နေတာ ရှိတယ်။”

ဒီပစ်ခတ်မှုမှာ ရွာသားတွေကို ထိခိုက်မှုမရှိပေမဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အလားတူပုဏ္ဏားကျွန်းမြို့နယ်ယိုးတရုတ်ကျေးရွာဘက်မှာလည်း ရွာအတွင်း လက်နက်ပစ်ခတ်မှုကြောင့် စိုးရိမ်စိတ်နဲ့ ရွာသားထောင်ကျော် တိမ်းရှောင်နေရပါတယ်။

ဒီအခြေအနေကို ယိုးတရုတ်ရွာသား ကိုမြတ်ရွှေက အခုလိုပြောပါတယ်။

“ရဲစခန်းမှာတော့ စစ်တပ်တွေ ရှိတယ်။ စစ်တပ်က ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီရွာကနေသေနတ်တွေ ပစ်ဖေါက်တယ်။ ရွာသားတွေက ကြောက်တာပေါ့။ တခုခုဖြစ်မှာကို စိုးရိမ်တယ်။၁၀၀၀ ကျော်ကျော်လောက်တော့ ရှိမယ်။ သူတို့နီးစပ်တဲ့ ကျေးရွာတွေက ပုဏ္ဏားကျွန်းမှာ ဒုက္ခသည်စခန်းတွေ ရှိတယ်။ အဲဒီစခန်းကို ရောက်သွားတယ်လို့ ပြောတယ်။ သူတို့က နီးစပ်တဲ့ဆွေမျိုးတွေ ပတ်ဝန်းကျင်ကျေးရွာက ပြေးတာတော့ ရှိမှာပေါ့။”

မင်းပြားမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာ တနှစ်ကြာပြီး ဖြစ်သလို တိုက်ပွဲစဉ်အတွင်း ရွာသား တသိန်းနီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။

ဒီပွင့်လင်းရာသီမှာ မြန်မာစစ်တပ်ဘက်က တပ်အင်အားဖြည့်တင်းထားသလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ့် အခြေအနေရှိတယ်လို့ AA ဘက်က ပြောပါတယ်။

ကိုႏိုင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
မင္းျပား ရာေမာင္တံတားလံုျခံဳေရးတပ္ကို AA ပစ္ခတ္ မင္းျပား ရာေမာင္တံတားလံုျခံဳေရးတပ္ကို AA ပစ္ခတ္ Reviewed by THITHTOOLWIN on 03:54 Rating: 5
Powered by Blogger.