ရခိုင္မွာ AA အခြန်ကောက္ဖို့ရွိ

AA တပ္ဖြဲ့ဝင္မ်ား။ (ဓာတ္ပုံ - ရက္ခိုင့်တပ္မေတာ် - သတင်းနွင့်ျပန်ကြားရေးဌာန)

(Zawgyi / Unicode)

ျမန္မာစစ္တပ္နဲ့ စစ်ရေးတင်းမာနေဆဲ ရခိုင္လက္နက္ကိုင် AA အဖြဲ့အေနနဲ့ လာမယ့် ၂၀၂၀ ခုနွစ္မွာ ရခိုင်ျပည္နယ်အတြင်း ရခိုင်ျပည်သူ့အာဏာပိုင်အဖြဲ့ ထူထောင်ပြီး စီးပြားရေးလုပ်ငန်းရွင္မ်ားထံ အခြန်ကောက္ခံသြားမယ္လို့ AA တာဝန်ရွိသူတြေကျေပာပါတယ်။ ဒေသခံ စီးပြားရေးလုပ်ငန်းရွင် တခို့ကေတာ့ AA အဖြဲ့အေနနဲ့ ဘယ္လိုအစီအစဉ္နဲ့ အခြန်ကောက္ခံမယ္ဆိုတာ မသိသေးတဲ့အတြက် မွတ္ခ်က်ပေးဖို့ ခက္ခဲကြောင်းျေပာဆိုသလို ရခိုင်ျပည္နယ် အစိုးရအဖြဲ့ကေတာ့ AA ရဲ့ ၀ါဒျဖန့်မှု လုပ်ရပ္လို့လည်းျေပာဆိုပါတယ်။ အျပည့်အစုံကို ဗြီအိုအျေမန္မာပိုင်းသတင်းထောက် နိုင္ကြန်းအိန် တင်ျပေပးထားပါတယ်။

ရခိုင္လက္နက္ကိုင် AA အဖြဲ့ကေန သူတို့အဖြဲ့လှုပ်ရွားရာ ဒေသေတြမွာ စီမံကိန်းနဲ့ စီးပြားရေးလုပ်ငန်း လုပ္ကိုင်သူတြေထံ ၂၀၂၀ ခုနွစ္ကစပြီး အခြန်ခေါင်းစဉ္နဲ့ ငြေကြး စတင်ကောက္ခံတော့မယ္လို့ AAျေပာခြင့်ရ ခိုင်သုခကျေပာပါတယ်။

“အစီအစဉ်ရွိတာပေါ့။ က်န္တောို့ ဦးစီးခ်ုပ္တို့က တရားဝင်ျေပာပြီးပြီလေ။ ရက်အတိအက်တော့ မရွိသေးဘူး။ ဒါပေမယ့်လို့ ဒီ ၂၀၂၀ျပည့်မွာတော့ က်န္တောို့ အဲဒါကို လုပ်ျဖစ်အောင္လုပ္မယ်။ အဓိကကေတာ့ စီးပြားရေးလုပ်ငန်း အကြီးတြေပဲဗ်နော်။ သာမန် လက္လုပ္လက္စားတြေတာ့ မဟုတ္ပါဘူး။ အဓိကကေတာ့ စီးပြားရေးလုပ်ငန်း အကြီးစားတြေပါ။”

လက်ရွိ ရခိုင်ျပည္တငြ်းမွာရွိတဲ့ စီမံကိန်းနဲ့ စီးပြားရေးလုပ်ငန်းတြေကို စိစစ်နေဆဲလို့ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ျပည္နယ်အတြင်း လိုအပ္ခ်က်အရ ရခိုင်ျပည်သူ့အာဏာပိုင်အဖြဲ့ ထူထောင်သြားမယ္လို့လည်း ခိုင်သုခက ဆက်ျေပာပါတယ်။

“ရခိုင်ျပည်သူ့အာဏာပိုင်အဖြဲ့ ထူထောင်သြားဖို့တော့ ရွိတာပေါ့။ အျေခအေနရဲ့ လိုအပ္ခ်က်အရေပါ့နော်။ က်န္တောို့ရဲ့ အေနအထားအေပါ် မူတည်ပြီးတော့ က်န္တောို့လုပ္တျာဖစ္တယ်။ ထိန်းခ်ုပ္မှု ဘယ်လောက်ရွိလဲ ဆိုတဲ့ဥစ္စာကေတာ့ အဲဒီလိုမိုးျေပာဖို့ကေတာ့ ခက္တာပေါ့။ျေပာမယ္ဆိုလို့ရွိရင်တော့ က်န္တောို့ ရခိုင္တျပည္လုံးကေတျာ့ဖန့်ကြက္ထားမှုတော့ ရွိတယ်။ ရခိုင့်တပ်တ္ကောတော့ က်န္တောို့ ရခိုင်ျပည်အနွံ့မွာတော့ က်န္တောို့ အျေခစိုက္ထားပြီးပြီပေါ့နော်။”

ရခိုင္လက္နက္ကိုင်အဖြဲ့အေနနဲ့ ရခိုင်ျပည်သူ့တ္လေွာန်ရေးအာဏာကို အသိအမွတ်ျပုမှုကို အဓိက ဦးစားပေးမျွာဖစ်ပြီး အေကာက္ခြန္ကို မ်ားမ်ားစားစား ကောက္မွာမဟုတ္ဘူးလို့ သူကဆိုပါတယ်။

ရခိုင်ျပည္နယ် အစိုးရအဖြဲ့ဝင် လုံခြုံရေးနဲ့ နယ္စပ်ရေးရာဝန်ကြီး ဗိုလ္မွူးကြီး မင်းသန်းကေတာ့ AA အဖြဲ့ရဲ့ျေပာဆိုခ်က်တြေဟာ ၀ါဒျဖန့်တဲ့လုပ်ရပ္လို့ သုံးသပ္ပါတယ်။

“ဘယ္လိုတော့ရွိမလဲဗ်ာ။ က်န္တောို့အစိုးရရဲ့ လွှမ်းမိုးမှုအောက္မွာ သူတို့ရောက်နေတာပဲ။ သူတို့အသက်တောင် သူတို့ရွင်အောင် မနည်း ရပ္တည်နေရတယ်။ ဘယ်ျဖစ္မလဲ ဒီလိုလုပ္လို့။ က်န္တောို့က နိုင်ငံတော်သမ္မတရဲ့ တာဝန္ခံရတဲ့ ပုဂ္ဂိုလ်တြေဗ်။ျပည်ထောင်အစိုးရရဲ့ တာဝန္ခံရတာ။ ရခိုင်ျပည္နယ်အစိုးရရဲ့ တာဝန္ခံရတျာဖစ္တဲ့အတြက် ဒီစိတ္ကူးယဉ် လွော်က်ျေပာတဲ့ ဥစ္စာတြေဟာ သူတို့ပါးစပ္ထဲမွာ ရွိတဲ့ဟာတြေကို ၀ါဒျဖန့်ပြီးျေပာတဲ့ဟာ အသျံပတဲ့ဟာတြေပါပဲ။”

AA အဖြဲ့ကေန ၂၀၂၀ ခုနွစ္မွာ စီးပြားရေးလုပ်ငန်းရွင်တြေထံ အခြန်ကောက္ခံတော့မယ္လို့ သတင်းကြားသိရေပမယ့် ဘယ္လိုအစီအစဉ္နဲ့ လုပ်ဆောင္မယ္ဆိုတာ မသိသေးတဲ့အတြက် မွတ္ခ်က်ပေးဖို့ ခက္ခဲကြောင်း စစ်တြေမြို့ စီးပြားရေးလုပ်ငန်းရွင္တဦျးဖစ်သူ ဦးခင်မောင်ကြီးကျေပာပါတယ်။

“ဘယ္လိုမိုး သူတို့ ဘယ္လိုအစီအစဉ္နဲ့ သူတို့လုပ္တယ်။ ဘယ္လိုမိုး ထိခိုက္မှုတြေရွိတယ်။ အကိုးကေ်းဇူးက ဘာရွိတယ် ဆိုတဲ့ဥစ္စာတြေကို အေသအခ်ာသိရမွ က်န္တောို့ကျဖစ်သင့်ျခင်း မျဖစ်သင့်ျခင်းပေါ့နော်။ ဒီဟာတြေ နည်းနည်းဝေဖန္လို့ရမွာျေပာလို့ရမွာပေါ့နော်။ အခုထိကေတာ့ က်နော် အဲဒါကို သူမ်ာျးေပာလို့သာ သိတာ။ ကိုယ္ကိုယ္တိုင္က ဘာမွ သေသခ်ာခ်ာ ရေရရာရာ မသိသေးဘူး။ ဘယ္လိုအစီအစဉ္နဲ့ သူတို့ကောက္မယ္လို့ျေပာနေတာလဲ။ အဲဒါတြေတာ့ က်န္တောို့ မေလ့လာရေသးဘူး။”

ခ်င်ျးပည္နယ် ပလက်ဝမြို့နေ ရေကြာင်းပို့ဆောင်ရေး လုပ်ငန်းရွင္တဦးကေတာ့ အရင္က ရေကြာင်းခရီးမွာ အခြန်ပေးဆောင်ရတာ မရွိပေမယ့် လာမယ့္နွစ်သစ္မွာ အခြန်ပေးဆောင်ရမယ့်အေပါ် အခုလိျုေပာပါတယ်။

“AA အဖြဲ့နဲ့ က်န္တောို့ ကော်က်တော်-ပလက်ဝ သြားတဲ့နေ့မွာ က်န္တောို့ ဒီမော်တ္နောဲ့ သြားတာပေါ့။ တခါမွလည်း က်န္တောို့ကို ဒီကောက္ခံတာတို့ ဘာတို့ ဟန့်တားတာတို့ တခါမွေတာ့ မေတြ့ဖူးသေးဘူး က်န္တောို့။ က်န္တောို့က အေကာက္ခြန္ကို ပေးရမွာပဲ။ ဒါပေမယ့်လည်း ဘယ္နားကေကာက္မလဲ က်န္တောို့လည်း မသိဘူးလေ။ အခက်အခဲကေတာ့ ရွိမွာပေါ့ အနည်းနဲ့အမ်ားတော့။”

ရခိုင်ျပည္နယ်အတြင်း ရေကြာင်းခရီးသြားလာမှုနဲ့ ကုန္ပစ္စည်းတင်ဆောင္မှု လုပ်ဆောင်ရင် AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ့ကို အေကြာင်းကြားဖို့ AA ဘက္က နိုဝင္ဘာ ၂၈ ရက်နေ့က သတင်းထုတ်ျပန္ထားပါတယ်။

လက်ရွိ ရခိုင်ျပည္နယ် ဘူးသီးတောင်၊ ရေသ့တောင်၊ျေမာက်ဦး၊ မင်ျးပား၊ ကော်က်တော်၊ျေမပုံ၊ အမ်း၊ ပုဏ္ဏားက်ြန်းမြို့နယ်၊ စစ်တြေမြို့နယ္တခို့နဲ့ ခ်င်ျးပည္နယ် ပလက်ဝမြို့နယ္တို့မျွာမန္မာစစ္တပ္နဲ့ ရခိုင္လက္နက္ကိုင် AA အဖြဲ့တို့အကြား တိုက္ပျြဲဖစ္ပြားနေတာပါ။

AA ရခိုင္လက္နက္ကိုင်အဖြဲ့ အေနနဲ့ ရခိုင်ျပည္နယ်အတြင်း စီးပြားရေး လုပ်ငန်းတြေအေပါ် အခြန်ကောက္ခံဖို့ ထုတ်ျပန်အပြီး ၎င်းတို့ရဲ့ ၂၀၂၀ ရခိုင်အိပ္မက်တြေကို အေကာင်အထည်ဖ္ဖောို့ ရည်ရြယ်ပြီး ရခိုင်ျပည္နယ် အနွံ့အျပား တိုက္ပြဲတြေ ဖ္ထောုတ္တိုက္ခိုက္တာလို့လည်း တပ္မေတာ် ကာကြယ်ရေးဦးစီးခ်ုပ်ရုံးကေန သတင်းထုတ်ျပန္ထားပါတယ်။

----------------------------------

(Unicode)

ရခိုင်မှာ AA အခွန်ကောက်ဖို့ရှိ

မြန်မာစစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲ ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ကောက်ခံသွားမယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တချို့ကတော့ AA အဖွဲ့အနေနဲ့ ဘယ်လိုအစီအစဉ်နဲ့ အခွန်ကောက်ခံမယ်ဆိုတာ မသိသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်ခဲကြောင်း ပြောဆိုသလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ AA ရဲ့ ဝါဒဖြန့်မှု လုပ်ရပ်လို့လည်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ သူတို့အဖွဲ့လှုပ်ရှားရာ ဒေသတွေမှာ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေထံ ၂၀၂၀ ခုနှစ်ကစပြီး အခွန်ခေါင်းစဉ်နဲ့ ငွေကြေး စတင်ကောက်ခံတော့မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အစီအစဉ်ရှိတာပေါ့။ ကျနော်တို့ ဦးစီးချုပ်တို့က တရားဝင်ပြောပြီးပြီလေ။ ရက်အတိအကျတော့ မရှိသေးဘူး။ ဒါပေမယ့်လို့ ဒီ ၂၀၂၀ ပြည့်မှာတော့ ကျနော်တို့ အဲဒါကို လုပ်ဖြစ်အောင်လုပ်မယ်။ အဓိကကတော့ စီးပွားရေးလုပ်ငန်း အကြီးတွေပဲဗျနော်။ သာမန် လက်လုပ်လက်စားတွေတော့ မဟုတ်ပါဘူး။ အဓိကကတော့ စီးပွားရေးလုပ်ငန်း အကြီးစားတွေပါ။”

လက်ရှိ ရခိုင်ပြည်တွင်းမှာရှိတဲ့ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို စိစစ်နေဆဲလို့ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်အရ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်သွားမယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

“ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်သွားဖို့တော့ ရှိတာပေါ့။ အခြေအနေရဲ့ လိုအပ်ချက်အရပေါ့နော်။ ကျနော်တို့ရဲ့ အနေအထားအပေါ် မူတည်ပြီးတော့ ကျနော်တို့လုပ်တာ ဖြစ်တယ်။ ထိန်းချုပ်မှု ဘယ်လောက်ရှိလဲ ဆိုတဲ့ဥစ္စာကတော့ အဲဒီလိုမျိုး ပြောဖို့ကတော့ ခက်တာပေါ့။ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ရခိုင်တပြည်လုံးကတော့ ဖြန့်ကြက်ထားမှုတော့ ရှိတယ်။ ရခိုင့်တပ်တော်ကတော့ ကျနော်တို့ ရခိုင်ပြည်အနှံ့မှာတော့ ကျနော်တို့ အခြေစိုက်ထားပြီးပြီပေါ့နော်။”

ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ရခိုင်ပြည်သူ့တော်လှန်ရေးအာဏာကို အသိအမှတ်ပြုမှုကို အဓိက ဦးစားပေးမှာဖြစ်ပြီး အကောက်ခွန်ကို များများစားစား ကောက်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကတော့ AA အဖွဲ့ရဲ့ ပြောဆိုချက်တွေဟာ ဝါဒဖြန့်တဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။

“ဘယ်လိုတော့ရှိမလဲဗျာ။ ကျနော်တို့အစိုးရရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့ရောက်နေတာပဲ။ သူတို့အသက်တောင် သူတို့ရှင်အောင် မနည်း ရပ်တည်နေရတယ်။ ဘယ်ဖြစ်မလဲ ဒီလိုလုပ်လို့။ ကျနော်တို့က နိုင်ငံတော်သမ္မတရဲ့ တာဝန်ခံရတဲ့ ပုဂ္ဂိုလ်တွေဗျ။ ပြည်ထောင်အစိုးရရဲ့ တာဝန်ခံရတာ။ ရခိုင်ပြည်နယ်အစိုးရရဲ့ တာဝန်ခံရတာ ဖြစ်တဲ့အတွက် ဒီစိတ်ကူးယဉ် လျှောက်ပြောတဲ့ ဥစ္စာတွေဟာ သူတို့ပါးစပ်ထဲမှာ ရှိတဲ့ဟာတွေကို ဝါဒဖြန့်ပြီး ပြောတဲ့ဟာ အသံပြတဲ့ဟာတွေပါပဲ။”

AA အဖွဲ့ကနေ ၂၀၂၀ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေထံ အခွန်ကောက်ခံတော့မယ်လို့ သတင်းကြားသိရပေမယ့် ဘယ်လိုအစီအစဉ်နဲ့ လုပ်ဆောင်မယ်ဆိုတာ မသိသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်ခဲကြောင်း စစ်တွေမြို့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောပါတယ်။

“ဘယ်လိုမျိုး သူတို့ ဘယ်လိုအစီအစဉ်နဲ့ သူတို့လုပ်တယ်။ ဘယ်လိုမျိုး ထိခိုက်မှုတွေရှိတယ်။ အကျိုးကျေးဇူးက ဘာရှိတယ် ဆိုတဲ့ဥစ္စာတွေကို အသေအချာသိရမှ ကျနော်တို့က ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်းပေါ့နော်။ ဒီဟာတွေ နည်းနည်းဝေဖန်လို့ရမှာ ပြောလို့ရမှာပေါ့နော်။ အခုထိကတော့ ကျနော် အဲဒါကို သူများပြောလို့သာ သိတာ။ ကိုယ်ကိုယ်တိုင်က ဘာမှ သေသေချာချာ ရေရေရာရာ မသိသေးဘူး။ ဘယ်လိုအစီအစဉ်နဲ့ သူတို့ကောက်မယ်လို့ ပြောနေတာလဲ။ အဲဒါတွေတော့ ကျနော်တို့ မလေ့လာရသေးဘူး။”

ချင်းပြည်နယ် ပလက်ဝမြို့နေ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းရှင်တဦးကတော့ အရင်က ရေကြောင်းခရီးမှာ အခွန်ပေးဆောင်ရတာ မရှိပေမယ့် လာမယ့်နှစ်သစ်မှာ အခွန်ပေးဆောင်ရမယ့်အပေါ် အခုလိုပြောပါတယ်။

“AA အဖွဲ့နဲ့ ကျနော်တို့ ကျောက်တော်-ပလက်ဝ သွားတဲ့နေ့မှာ ကျနော်တို့ ဒီမော်တော်နဲ့ သွားတာပေါ့။ တခါမှလည်း ကျနော်တို့ကို ဒီကောက်ခံတာတို့ ဘာတို့ ဟန့်တားတာတို့ တခါမှတော့ မတွေ့ဖူးသေးဘူး ကျနော်တို့။ ကျနော်တို့က အကောက်ခွန်ကို ပေးရမှာပဲ။ ဒါပေမယ့်လည်း ဘယ်နားကကောက်မလဲ ကျနော်တို့လည်း မသိဘူးလေ။ အခက်အခဲကတော့ ရှိမှာပေါ့ အနည်းနဲ့အများတော့။”

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို အကြောင်းကြားဖို့ AA ဘက်က နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာပါ။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းတွေအပေါ် အခွန်ကောက်ခံဖို့ ထုတ်ပြန်အပြီး ၎င်းတို့ရဲ့ ၂၀၂၀ ရခိုင်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် အနှံ့အပြား တိုက်ပွဲတွေ ဖော်ထုတ်တိုက်ခိုက်တာလို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

နိုင္ကြန်းအိန်/VOA Burmese
https://burmese.voanews.com
ရခိုင္မွာ AA အခြန်ကောက္ဖို့ရွိ ရခိုင္မွာ AA အခြန်ကောက္ဖို့ရွိ Reviewed by THITHTOOLWIN on 02:50 Rating: 5
Powered by Blogger.