ကင္မ႐ြန္းႏိုင္ငံတြင္ ဂရိ ေရနံတင္သေဘၤာကို ပင္လယ္ဓားျပမ်ား တိုက္ခိုက္၊ သေဘၤာသား ၈ ဦးကို အဓမၼေခၚေဆာင္သြား

“Happy Lady” ေရနံတင္သေဘၤာအား ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
    ေအသင္၊ ဒီဇင္ဘာ ၃၁ ရက္ (ဆင္ဟြာ)

    ကင္မ႐ြန္းႏိုင္ငံ Limboh ဆိပ္ကမ္းျပင္ပ ေရမိုင္ ၂ မိုင္ (၃ ဒသမ ၇ ကီလိုမီတာ) တြင္ ေက်ာက္ခ်ရပ္နားေနေသာ ဂရိႏိုင္ငံပိုင္ ေရနံတင္သေဘၤာတစ္စီးကို ပင္လယ္ဓားျပမ်ား တိုက္ခိုက္ခဲ့ကာ သေဘၤာသား ၈ ဦးကို အဓမၼဖမ္းဆီး ေခၚေဆာင္သြားခဲ့ေၾကာင္း ဂရိႏိုင္ငံ Shipping ဝန္ႀကီးဌာနက ဒီဇင္ဘာ ၃၁ ရက္တြင္ ေျပာၾကားလိုက္သည္။

ယင္းျဖစ္ရပ္တြင္ ဂရိ စက္ျပင္ဆရာတစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး ေဒသတြင္းေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ အီးေမးလ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

“Happy Lady” သေဘၤာေပၚတြင္ သေဘၤာသား ၂၈ ဦး လိုက္ပါသြားခဲ့ေၾကာင္း၊ အဓမၼေခၚေဆာင္သြားျခင္းခံရသည့္ သေဘၤာသားမ်ားမွာ ဂရိႏိုင္ငံသား ၅ ဦး၊ ယူကရိန္းႏိုင္ငံသား ၁ ဦးႏွင့္ ဖိလစ္ပိုင္ႏိုင္ငံသား ၂ ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

(Xinhua) 
http://www.xinhuamyanmar.com
-----------
(Unicode)⤵⤵⤵
ကင်မရွန်းနိုင်ငံတွင် ဂရိ ရေနံတင်သင်္ဘောကို ပင်လယ်ဓားပြများ တိုက်ခိုက်၊ သင်္ဘောသား ၈ ဦးကို အဓမ္မခေါ်ဆောင်သွား

“Happy Lady” ရေနံတင်သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    အေသင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

    ကင်မရွန်းနိုင်ငံ Limboh ဆိပ်ကမ်းပြင်ပ ရေမိုင် ၂ မိုင် (၃ ဒသမ ၇ ကီလိုမီတာ) တွင် ကျောက်ချရပ်နားနေသော ဂရိနိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စီးကို ပင်လယ်ဓားပြများ တိုက်ခိုက်ခဲ့ကာ သင်္ဘောသား ၈ ဦးကို အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဂရိနိုင်ငံ Shipping ဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်တွင် ဂရိ စက်ပြင်ဆရာတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အီးမေးလ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“Happy Lady” သင်္ဘောပေါ်တွင် သင်္ဘောသား ၂၈ ဦး လိုက်ပါသွားခဲ့ကြောင်း၊ အဓမ္မခေါ်ဆောင်သွားခြင်းခံရသည့် သင်္ဘောသားများမှာ ဂရိနိုင်ငံသား ၅ ဦး၊ ယူကရိန်းနိုင်ငံသား ၁ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

(Xinhua) 
http://www.xinhuamyanmar.com

Nissan ကုမၸဏီအႀကီးအကဲေဟာင္း လက္ဘႏြန္ႏုိင္ငံ တိမ္းေရွာင္

Nissan ေမာ္ေတာ္ကားကုမၸဏီ အႀကီးအကဲေဟာင္း Carlos Ghosn

(Zawgyi/Unicode)

Japan ႏိုင္ငံက Nissan ေမာ္ေတာ္ကားကုမၸဏီ အႀကီးအကဲေဟာင္း Carlos Ghosn ဟာ သူ႔အေနနဲ႔ ဂ်ပန္ႏိုင္ငံထဲ မတရားမႈေတြနဲ႔ ႏိုင္ငံေရးအရ ဖိႏွိပ္ခံရမႈေတြေၾကာင့္ လက္ဘႏြမ္ႏိုင္ငံကို ေရွာင္တိမ္းထြက္လာရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ သူဟာ ဘ႑ာေရးဆိုင္ရာ မေတာ္မတရားလုပ္မႈ စဲြခ်က္ေတြနဲ႔ ဂ်ပန္ႏိုင္ငံမွာ ရင္ဆိုင္ေနရတာပါ။

ဂ်ပန္ႏိုင္ငံမွာ တရားေရးစနစ္ဟာ ပ်က္ယြင္းေနသလို ခဲြျခားဆက္ဆံမႈေတြ နဲ႔ အေျခခံလူ႔အခြင့္အေရးေတြ ျငင္းပယ္ခံေနရတယ္။ ႏိုင္ငံတကာဥပေဒနဲ႔ သေဘာတူညီိခ်က္ေတြကို မလိုက္နာေတြျဖစ္ေနတယ္။ ဒီအက်ပ္အတည္းေအာက္က ႐ုန္းထြက္ၿပီး သူဟာ လက္ဘႏြမ္ႏိုင္ငံကို ေရာက္ေနၿပီလို႔ Carlos Ghosn က ေျပာပါတယ္။

Ghosn ဟာ ၂၀၁၈ ခုႏွစ္ ႏို၀င္ဘာလက ပထမဆံုးအႀကိမ္ ထိန္းသိမ္းခံရၿပီး အာမခံနဲ႔ လြတ္လာခဲ့တဲ့ေနာက္၊ အႀကိမ္ႀကိမ္ ထပ္ဖမ္းခံခဲ့ရဖူးပါတယ္။ ေနာက္ဆံုး လြတ္ေျမာက္ခ်ိန္မွာေတာ့ သူ႔အေနနဲ႔ ဂ်ပန္ႏိုင္ငံတြင္းကေန မထြက္ခြာရဘူးလို႔ ခံ၀န္ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခု သူ ဘယ္လို ထြက္လာသလဲဆိုတာကိုေတာ့ Ghosn က ေျပာမထားပါဘူး။ Ghosn ဟာ ျပင္သစ္ ဘရာဇီးနဲ႔ လက္ဘႏြမ္ႏိုင္ငံေတြမွာ ႏိုင္ငံသားအျဖစ္ ခံယူထားတာပါ။

Ghosn ကတာ့ သူ႔အေပၚ စဲြခ်က္ေတြကို ျငင္းဆိုထားပါတယ္။ စြတ္စဲြခ်က္ေတြထဲမ်ာတော့ ၂၀၁၀ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္အၾကား Nissan က ရတဲ ့သူ႔၀င္ေငြေတြကို ၅၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ျပထားတယ္ဆိုတာ ပါ၀င္ပါတယ္။ ဒါ့အျပင္ အိုမန္ႏိုင္ငံ အေရာင္းကိုယ္စားလွယ္ တဦးဆီက ေဒၚလာ ၅သန္းထဲက ၂ သန္းခဲြကို နန္ဆန္လုပ္ငန္းခဲြ တခုကေန သူပိုင္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းထဲကို သူ႔ပုဂၢိဳလ္ေရးသံုးဖို႔ လဲႊေျပာင္းယူခဲ့တယ္လို႔လည္း စြပ္စဲြခံခဲ့ရပါတယ္။

Ghosn ဟာ ႏွစ္ဆန္းကုမၸဏီကို ေဒဝါလီခံရမယ့္ အေျခအေနကေန ကမာၻ႔ေရာင္းအား အေကာင္းဆံုး ကားကုမၸဏီ တခုျဖစ္လာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္လို႔ သတ္မွတ္ခံခဲ့ရသူပါ။

[Unicode Version]

Nissan ကုမ္ပဏီအကြီးအကဲဟောင်း လက်ဘနွန်နိုင်ငံ တိမ်းရှောင်

Japan နိုင်ငံက Nissan မော်တော်ကားကုမ္ပဏီ အကြီးအကဲဟောင်း Carlos Ghosn ဟာ သူ့အနေနဲ့ ဂျပန်နိုင်ငံထဲ မတရားမှုတွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံရမှုတွေကြောင့် လက်ဘနွမ်နိုင်ငံကို ရှောင်တိမ်းထွက်လာရတာ ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ ဘဏ္ဍာရေးဆိုင်ရာ မတော်မတရားလုပ်မှု စွဲချက်တွေနဲ့ ဂျပန်နိုင်ငံမှာ ရင်ဆိုင်နေရတာပါ။

ဂျပန်နိုင်ငံမှာ တရားရေးစနစ်ဟာ ပျက်ယွင်းနေသလို ခွဲခြားဆက်ဆံမှုတွေ နဲ့ အခြေခံလူ့အခွင့်အရေးတွေ ငြင်းပယ်ခံနေရတယ်။ နိုင်ငံတကာဥပဒေနဲ့ သဘောတူညီချက်တွေကို မလိုက်နာတွေဖြစ်နေတယ်။ ဒီအကျပ်အတည်းအောက်က ရုန်းထွက်ပြီး သူဟာ လက်ဘနွမ်နိုင်ငံကို ရောက်နေပြီလို့ Carlos Ghosn က ပြောပါတယ်။

Ghosn ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး အာမခံနဲ့ လွတ်လာခဲ့တဲ့နောက်၊ အကြိမ်ကြိမ် ထပ်ဖမ်းခံခဲ့ရဖူးပါတယ်။ နောက်ဆုံး လွတ်မြောက်ချိန်မှာတော့ သူ့အနေနဲ့ ဂျပန်နိုင်ငံတွင်းကနေ မထွက်ခွာရဘူးလို့ ခံဝန်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု သူ ဘယ်လို ထွက်လာသလဲဆိုတာကိုတော့ Ghosn က ပြောမထားပါဘူး။ Ghosn ဟာ ပြင်သစ် ဘရာဇီးနဲ့ လက်ဘနွမ်နိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ခံယူထားတာပါ။

Ghosn ကတာ့ သူ့အပေါ် စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ စွတ်စွဲချက်တွေထဲမျာတော့ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြား Nissan က ရတဲ့သူ့ဝင်ငွေတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ပြထားတယ်ဆိုတာ ပါဝင်ပါတယ်။ ဒါ့အပြင် အိုမန်နိုင်ငံ အရောင်းကိုယ်စားလှယ် တဦးဆီက ဒေါ်လာ ၅သန်းထဲက ၂ သန်းခွဲကို နန်ဆန်လုပ်ငန်းခွဲ တခုကနေ သူပိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထဲကို သူ့ပုဂ္ဂိုလ်ရေးသုံးဖို့ လွဲှပြောင်းယူခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

Ghosn ဟာ နှစ်ဆန်းကုမ္ပဏီကို ဒေဝါလီခံရမယ့် အခြေအနေကနေ ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ တခုဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရသူပါ။

VOA Burmese
https://burmese.voanews.com
 

အီရတ္ဆႏၵျပပဲြေတြေၾကာင့္ အေမရိကန္သံအမတ္ႀကီး ေဘးလြတ္ရာတိမ္းေရွာင္

အီရတ္ႏုိင္ငံ ဘဂၢဒတ္ၿမိဳ ႔ အေမရိကန္သံ႐ုံး၀င္းမွာ ဆႏၵျပေနသူမ်ား (ဒီဇင္ဘာ၊ ၃၁၊ ၂၀၁၉)

(Zawgyi/Unicode)

အီရတ္ႏုိင္ငံက ဘဂၢဒတ္ၿမိဳ ႔က အေမရိကန္သံ႐ုံးအျပင္ဘက္ ၿခံ၀င္းကို ခ်ိဳးဖ်က္ ၀င္ေရာက္ဖို႔ ႀကိဳးစားၾကတဲ့ ဆႏၵျပသူေတြကို သံ႐ုံးလုံၿခဳံေရး၀န္ထမ္းေတြက ဒီကေန႔ မ်က္ရည္ယိုဗုံးေတြ သုံးၿပီး ႏွိမ္ႏွင္းခဲ့ပါတယ္။

အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အီရတ္နဲ႔ ဆီးရီးယားႏိုင္ငံထဲက အရပ္ဘက္ တုိက္ခိုက္ေရးသမားေတြရဲ ႔ အေျခစိုက္စခန္းေတြကို အေမရိကန္က တနဂၤေႏြေန႔မွာ ေလေၾကာင္းထိုးစစ္ဆင္ခဲ့တဲ့အေပၚ ရႈတ္ခ်တဲ့အေနနဲ႔ ေထာင္နဲ႔ခ်ီတဲ့ ဆန္႔က်င္ဆႏၵျပတဲ့သူေတြက အေမရိကန္သံ႐ုံး အဓိက ၀င္ေပါက္ႀကီးေရွ ႔မွာ ၿပီးခဲ့တဲ့ အဂၤါေန႔ကစၿပီး ဆန္႔က်င္ကန္႔ကြက္ေနၾကတာ ျဖစ္ပါတယ္။

ဆႏၵျပသူတခ်ိဳ ႔က သံရုံးကို ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့သလို မီးရိႈ ႔ဖို႔လည္း ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ အေမရိကန္ကေတာ့ သူ႔လုပ္ရပ္အေပၚ ခုခံေျပာဆိုခဲ့ၿပီး တိုက္ခိုက္မႈေတြ ထပ္ၿပီး လုပ္ေကာင္းလုပ္မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာပါ။

အေမရိကန္သံ႐ုံးထဲကို ဆႏၵျပသူေတြ ၀င္ေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့အေပၚ အီရန္ႏုိင္ငံကို သမၼတ Trump က ျပစ္တင္ေျပာဆိုပါတယ္။

အီရန္ရဲ့ လက္ခ်က္ေၾကာင့္ အေမရိကန္ contractor ၀န္ထမ္းကို ေသဆုံးရသလို လူအေတာ္မ်ားမ်ားလည္း ဒဏ္ရာရခဲ့တဲ့အတြက္ ခုလို အျပင္းအထန္ တံု႔ျပန္တာျဖစ္ၿပီး ဆက္ၿပီးတုိက္ခိုက္သြားမယ္လို႔ သမၼတ Trump ကေျပာပါတယ္။ တခါ အီရတ္က အေမရိကန္သံ႐ုံးကို တုိက္ခိုက္ဖို႔ အကြက္ခ်စီစဥ္ေနတဲ့ အီရန္အေနနဲ႔ အျပည့္အ၀ တာ၀န္ယူရလိမ့္မယ္လို႔ သမၼတ Trump ကတြစ္စတာ လူမႈကြန္ယက္စာမ်က္ႏွာမွာ ဒီကေန႔ပဲ ေရးသားခဲ့တာပါ။

အေမရိကန္သံ႐ုံးကို အီရတ္ရဲ ႔တပ္ဖြဲ႔ေတြ အကာအကြယ္ေပးဖို႔အေၾကာင္း ၾကားထားတယ္လို႔လည္း သမၼတ Trump က တြစ္တာမွာ ေရးသားထားပါတယ္။ အီရတ္နဲ႔ ဆီးရီးယားႏုိင္ငံအေရွ႕ပုိင္းေဒသေတြမွာ ရွိေနတဲ့ Kataeb Hezbollah အဖြဲ႔ရဲ႕ လက္နက္သုိေလွာင္႐ုံေတြနဲ႔ ကြပ္ကဲေရးစခန္းေတြကုိ အေမရိကန္က ေလေၾကာင္းကေန ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ထိုးစစ္ဆင္တုိက္ခုိက္ခဲ့တာေၾကာင့္ အနည္းဆုံး လူ ၂၅ ဦး ေသဆုံးခဲ့ၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

အေမရိကန္ရဲ ႔ တုိက္ခိုက္မႈဟာ လက္ခံႏုိင္စရာ မ႐ွိဘူးလို႔ အီရတ္ ၀န္ႀကီးခ်ဳပ္ Adel Abdul Mahdi က တနလၤာေန႔က ျပစ္တင္ရႈတ္ခ်ခဲ့သလို ဒီလုပ္ရပ္အတြက္ အႏၱရာယ္ရွိတဲ့ အက်ိဳးဆက္ေတြနဲ႔ ရင္ဆုိင္ရလိမ့္မယ္လို႔ ေၾကျငာခ်က္ထုတ္ၿပီး သတိေပးခဲ့ပါတယ္။

[Unicode Version]

အီရတ်ဆန္ဒပြပွဲတွေကြောင့် အမေရိကန်သံအမတ်ကြီး ဘေးလွတ်ရာတိမ်းရှောင်

အီရတ်နိုင်ငံက ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံးအပြင်ဘက် ခြံဝင်းကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို သံရုံးလုံခြုံရေးဝန်ထမ်းတွေက ဒီကနေ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နှင်းခဲ့ပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက အရပ်ဘက် တိုက်ခိုက်ရေးသမားတွေရဲ့ အခြေစိုက်စခန်းတွေကို အမေရိကန်က တနင်္ဂနွေနေ့မှာ လေကြောင်းထိုးစစ်ဆင်ခဲ့တဲ့အပေါ် ရှုတ်ချတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဆန့်ကျင်ဆန္ဒပြတဲ့သူတွေက အမေရိကန်သံရုံး အဓိက ဝင်ပေါက်ကြီးရှေ့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး ဆန့်ကျင်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတချို့က သံရုံးကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို မီးရှို့ဖို့လည်း ကြိုးစားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကတော့ သူ့လုပ်ရပ်အပေါ် ခုခံပြောဆိုခဲ့ပြီး တိုက်ခိုက်မှုတွေ ထပ်ပြီး လုပ်ကောင်းလုပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

အမေရိကန်သံရုံးထဲကို ဆန္ဒပြသူတွေ ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့အပေါ် အီရန်နိုင်ငံကို သမ္မတ Trump က ပြစ်တင်ပြောဆိုပါတယ်။

အီရန်ရဲ့ လက်ချက်ကြောင့် အမေရိကန် contractor ဝန်ထမ်းကို သေဆုံးရသလို လူအတော်များများလည်း ဒဏ်ရာရခဲ့တဲ့အတွက် ခုလို အပြင်းအထန် တုံ့ပြန်တာဖြစ်ပြီး ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ သမ္မတ Trump ကပြောပါတယ်။ တခါ အီရတ်က အမေရိကန်သံရုံးကို တိုက်ခိုက်ဖို့ အကွက်ချစီစဉ်နေတဲ့ အီရန်အနေနဲ့ အပြည့်အ၀ တာဝန်ယူရလိမ့်မယ်လို့ သမ္မတ Trump ကတွစ်စတာ လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ပဲ ရေးသားခဲ့တာပါ။

အမေရိကန်သံရုံးကို အီရတ်ရဲ့တပ်ဖွဲ့တွေ အကာအကွယ်ပေးဖို့အကြောင်း ကြားထားတယ်လို့လည်း သမ္မတ Trump က တွစ်တာမှာ ရေးသားထားပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ရှိနေတဲ့ Kataeb Hezbollah အဖွဲ့ရဲ့ လက်နက်သိုလှောင်ရုံတွေနဲ့ ကွပ်ကဲရေးစခန်းတွေကို အမေရိကန်က လေကြောင်းကနေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အီရတ် ဝန်ကြီးချုပ် Adel Abdul Mahdi က တနင်္လာနေ့က ပြစ်တင်ရှုတ်ချခဲ့သလို ဒီလုပ်ရပ်အတွက် အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကြေငြာချက်ထုတ်ပြီး သတိပေးခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com

ရခိုင္ျပည္သူ႔ အာဏာပိုင္ဖြဲ႕စည္းေရး ေအာင္ျမင္ႏိုင္မလား

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင့္တပ္ေတာ္ AA က လာမယ့္ ၂၀၂၀ မွာ ရခိုင္ျပည္သူ႔အာဏာပိုင္ ဖြဲ႕စည္းသြားမွာျဖစ္ၿပီး ရခိုင္ျပည္နယ္မွာရွိတဲ့ လုပ္ငန္းေတြအေနနဲ႔ ULA/AA ကို အခြန္ေပးေဆာင္ရမယ္လို႔ ေျပာၾကားထားတာရွိပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက AA ရဲ႕ ေဆာင္႐ြက္ခ်က္ေတြဟာ အရင္က ဗမာျပည္ကြန္ျမဴနစ္ပါတီက ေဆာင္႐ြက္ခဲ့တဲ့ပုံစံျဖစ္ၿပီး တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္အစိုးရရဲ႕ အခ်ဳပ္အျခာ အာဏာ တည္တံ့ခိုင္ၿမဲေရး၊ နယ္ေျမေဒသလုံၿခဳံေရးအတြက္ တပ္မေတာ္ရဲ႕ တာဝန္နဲ႔အညီ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

“သူတို႔ေျပာတဲ့ ျပည္သူ႔အာဏာပိုင္အဖြဲ႕ ဆိုတာလည္း အရင္တုန္းက ေတြ႕ရသေလာက္ကေတာ့ သိပ္ေတာ့လည္း ထူးထူးဆန္း မဟုတ္ဘူးဆိုေသာ္လည္း ျမန္မာျပည္ ကြန္ျမဴနစ္ပါတီ zawmintun-350.jpgေဆာင္႐ြက္ခဲ့တဲ့ပုံစံပါပဲ။ သူတို႔ရဲ႕ အာဏာတည္ေဆာက္တဲ့နယ္ေျမ ေပါ့၊ အဓိကကေတာ့ ဒါဘာလုပ္တာတုန္းဆိုေတာ့ အစိုးရရဲ႕ အုပ္ခ်ဳပ္ မႈယႏၲရားကို သူတို႔ရဲ႕ အုပ္ခ်ဳပ္မႈယႏၲရားနဲ႔ အစားထိုးတာပဲ။ အာဏာ သိမ္းတဲ့သေဘာပါပဲ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေသာင္းက်န္းမႈ ႏွိပ္နင္းေရး စစ္ဆင္ေရး ေဆာင္႐ြက္လွ်က္ ရွိတယ္။ ႏိုင္ငံေတာ္ရဲ႕ အစိုးရရဲ႕ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး၊ နယ္ေျမေဒသလုံၿခဳံေရးအတြက္ ကြၽန္ေတာ္တို႔က တပ္မေတာ္ရဲ႕ တာဝန္နဲ႔အညီ အစြမ္းကုန္ေဆာင္႐ြက္သြားရမွာ ျဖစ္ပါတယ္။”

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ရခိုင့္တပ္ေတာ္ AA ဟာ အတိတ္သမိုင္းမွာ ထင္ရွားခဲ့တဲ့ ရခိုင္ ဘုရင့္ႏိုင္ငံေတာ္ ျပန္လည္ေပၚေပါက္လာေရးအတြက္ ရခိုင္ျပည္နယ္ လြတ္လပ္ေရး ဒါမွ မဟုတ္ ရခိုင္ျပည္နယ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိေရးအတြက္ ေဆာင္႐ြက္ေနတာေၾကာင့္ တပ္မေတာ္နဲ႔ တိုက္ပြဲ ျဖစ္ပြားေနေၾကာင္း အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ ၾကားနာပြဲမွာ ထည့္သြင္းေျပာဆို ထားပါတယ္။ အဲဒီလို ေဆာင္႐ြက္ခ်က္ေၾကာင့္ အရပ္သားျပည္သူေတြ ထိခိုက္ဆုံးရႈံးမႈေတြ ရွိေနေၾကာင္းလည္း ေျပာဆိုထားပါတယ္။

AA  ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကေတာ့ ရခိုင္ႏိုင္ငံေတာ္ကို ျပည္ထူေထာင္လိုစိတ္ရွိတာဟာ တကယ္ရွိခဲ့တာကို ေမွ်ာ္လင့္တာျဖစ္လို႔ တရားနည္းလမ္းက်ေၾကာင္းနဲ႔ ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႕” ကို ဖြဲ႕စည္းၿပီးေတာ့ အစိုးရ သ႑ာန္ စတင္လိုက္တာျဖစ္တယ္လို႔ RFA ကို ဒီဇင္ဘာလ ၁၂ ရက္ေန႔က ေျပာဆိုထားပါတယ္။

ရခိုင္ႏိုင္ငံေတာ္ကို ၁၇၈၄ ခုႏွစ္မွာ ဗမာအရွင္ဘုရင္ ဘိုးေတာ္ေမာင္ဝိုင္းက တိုက္ခိုက္ၿပီး သိမ္းပိုက္ခဲ့တာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကို ျပည္နယ္အစိုးရအဖြဲ႕ အျမင္ကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုဆိုတဲ့ မူေဘာင္ထဲမွာ ဆိုရင္ သူတို႔ရဲ႕အဆိုကို ေလ့လာေဆြးေႏြးသြားဖို႔ အသင့္ရွိၿပီး ျပည္ေထာင္စု ၿပိဳကြဲႏိုင္တဲ့ အေနအထားဆိုရင္ေတာ့ လက္မခံႏိုင္ဘူးလို႔ RFA ကို ေျပာပါတယ္။

dr-myonyunt-350.jpg“ကြၽန္ေတာ္တို႔ ရည္႐ြယ္ထားတဲ့ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု ဆိုတဲ့ မူေဘာင္ထဲမွာ ဆိုရင္ေတာ့ သူတို႔ရဲ႕ အဆိုျပဳခ်က္ေတြကို ေလ့လာေဆြးေႏြးဖို႔ အသင့္ရွိပါတယ္။ ဒီေဘာင္ထက္ ေက်ာ္လြန္တဲ့ ေတာင္းဆိုမႈမ်ိဳးဆိုရင္ေတာ့ ျပည္ေထာင္စုၿပိဳကြဲႏိုင္တဲ့ အေန အထားရွိရင္ေတာ့ ကြၽန္ေတာ္တို႔ ဒါဟာ လက္ခံလို႔မရပါဘူး။”

AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ အာဏာရခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ ဖယ္ဒရယ္ျပည္ေထာင္စုကို သြားမယ္ဆိုတဲ့ လုပ္ေဆာင္ခ်က္ဟာ လက္ဆုပ္လက္ကိုင္ ျပစရာမရွိေသးသလို တိုင္းရင္းသားေတြ ယုံၾကည္လာေအာင္ လုပ္ေဆာင္ႏိုင္တာမရွိေသးတာေၾကာင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာနဲ႔ ပတ္သက္ၿပီး သံသယရွိတယ္လို႔ ေျပာပါတယ္။

“သူတို႔ အာဏာရကတည္းက ၂၀၁၉ ခုႏွစ္အကုန္အထိျပန္ၿပီးေတာ့ ၿခဳံၿပီးသုံးသပ္ၾကည့္မယ္ဆိုရင္ တကယ့္ ဖက္ဒရယ္ျပည္ေထာင္စုကိုသြားမယ္ဆိုတဲ့ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ဟာ ဘာမွ ေရေရရာရာ ကိုင္ျပစရာ တစ္ခုမွမရွိေသးဘူး။ ထင္သာျမင္သာ ေျပာလို႔ရတာကေတာ့ ကြၽန္ေတာ္တို႔ ULA/AA ကို အျမစ္ျပတ္ေခ်မႈန္းဖို႔ အတြက္ ေဒၚေအာင္ဆန္းစုၾကည္က အမိန႔္ေပးထားတာရွိတယ္။ ဒီဟာေတြက ႏိုင္ငံတကာသိ ေၾကညာထားတဲ့ ဟာျဖစ္တယ္။ အခုခ်ိန္အထိ တိုင္းရင္းသားေတြ ယုံၾကည္လာေအာင္ လုပ္ေဆာင္တဲ့ လုပ္ေဆာင္ခ်က္မ်ိဳးကို ကြၽန္ေတာ္တို႔ မေတြ႕ရေသးဘူး။ အဲဒါေၾကာင့္မို႔လို ကြၽန္ေတာ္တို႔က သူတို႔ေျပာေနတဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာနဲ႔ပတ္သက္ၿပီး အေတာ္ေလး သံသယရွိတာေပါ့ဗ်ာ။”

ရခိုင့္တပ္ေတာ္ AA အေနနဲ႔ တျခားတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနည္းတူ တပ္၊ ပါတီနဲ႔ သူတို႔ ထိန္းခ်ဳပ္ႏိုင္တဲ့ ေဒသေတြရွိရင္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြ ဖြဲ႕စည္းဖို႔ လုပ္ေဆာင္လာတာျဖစ္တယ္လို႔ ဗမာျပည္ကြန္ျမဴနစ္ပါတီဝင္ေဟာင္း၊ တိုင္းရင္းသားအေရးႏွင့္ စစ္ေရးေလ့လာသူ ဦးေမာင္ေမာင္စိုး က ေျပာပါတယ္။

“လက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ေဒသတစ္ခုကို ထိန္းခ်ဳပ္ ႏိုင္ၿပီဆိုလို႔ရွိရင္ သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ ထူေထာင္တာကေတာ့ သိပ္မထူးဆန္းပါဘူး။ ေျပာမယ္ဆိုရင္ AA မွ maungmaungsoe-350.jpgလုပ္တာမဟုတ္ဘူး။ KIA လည္းလုပ္တာပဲေလ။ ဥပမာဆိုရင္ KIO ဟာ ႏိုင္ငံေရးအဖြဲ႕ အစည္းျဖစ္သလို KIA က စစ္တပ္ျဖစ္တယ္။ KIC ဟာ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းျဖစ္တယ္။ AA က်ေတာ့ AA တပ္ကို စဖြဲ႕တယ္။ ေနာက္ ULA ဆိုၿပီးေတာ့ ႏိုင္ငံေရးအဖြဲ႕အစည္းဖြဲ႕တယ္။ အခု သူ႔ေဒသတခ်ိဳ႕ ထိန္းခ်ဳပ္လာႏိုင္တဲ့အခါမွာ ေဒသအုပ္ခ်ဳပ္ေရး အဖြဲ႕ ဖြဲ႕စည္းတာေပါ့။ က်န္တဲ့လက္နက္ကိုင္အဖြဲ႕အစည္းေတြလည္း ဒီလိုပါပဲ တပ္ရွိတယ္၊ ပါတီရွိတယ္၊ သူတို႔ ထိန္းခ်ဳပ္လို႔ရတဲ့နယ္ေျမ ရွိရင္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္း ဖြဲ႕စည္းၾကတယ္။ ဒီသေဘာပါပဲ တျခားတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြထက္ ပိုထူးျခား တာေတာ့ မရွိပါဘူး။”

ဒီကိစၥဟာ ႏိုင္ငံေရးစားပြဲဝိုင္းေပၚမွာ ေစ့စပ္ညႇိႏႈိင္းႏိုင္မယ္ဆိုရင္ ေျဖရွင္းႏိုင္မွာျဖစ္သလို မညႇိႏႈိင္းႏိုင္ခဲ့ရင္ ျပႆနာပိုဆိုး႐ြားလာၿပီး ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ပိုမိုျပင္းထန္လာမယ္လို႔ ဦးေမာင္ေမာင္စိုးက ဆိုပါတယ္။

တိုက္ပြဲ အဆက္မျပတ္ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံအမ်ားအျပားကလည္း AA ကို ေထာက္ခံၾကတယ္လို႔ အကဲခတ္ေတြက ေျပာပါတယ္။ ဒီအေျခအေနကို အစိုးရကလည္း သေဘာေပါက္ၿပီး ဇန္နဝါရီ ၇ ရက္ေန႔ အစိုးရ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ရခိုင္တိုင္းရင္းသားေတြအေနနဲ႔ AA ကို ေထာက္ခံေနတာေတြ ရပ္တန္းက ရပ္ဖို႔ သတိေပးခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြဟာ ရခိုင္ျပည္နယ္ ေတာင္ပိုင္း အမ္းနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြအထိ ကူးစက္လာေနတာပါ။

လက္ရွိအခ်ိန္မွာ တစ္ႏွစ္ေက်ာ္ၾကာျမင့္လာတဲ့ ရခိုင္တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ ကိုးေသာင္းေက်ာ္အထိ ျမင့္တက္လာၿပီး အရပ္သား ထိခိုက္ေသဆုံးမႈဟာ တစ္ရာေက်ာ္ထိ ရွိလာေနၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ရခိုင်ပြည်သူ့ အာဏာပိုင်ဖွဲ့စည်းရေး အောင်မြင်နိုင်မလား

ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
Photo: RFA

ရခိုင့်တပ်တော် AA က လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်သူ့အာဏာပိုင် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ULA/AA ကို အခွန်ပေးဆောင်ရမယ်လို့ ပြောကြားထားတာရှိပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA ရဲ့ ဆောင်ရွက်ချက်တွေဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီက ဆောင်ရွက်ခဲ့တဲ့ပုံစံဖြစ်ပြီး တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“သူတို့ပြောတဲ့ ပြည်သူ့အာဏာပိုင်အဖွဲ့ ဆိုတာလည်း အရင်တုန်းက တွေ့ရသလောက်ကတော့ သိပ်တော့လည်း ထူးထူးဆန်း မဟုတ်ဘူးဆိုသော်လည်း မြန်မာပြည် ကွန်မြူနစ်ပါတီ zawmintun-350.jpgဆောင်ရွက်ခဲ့တဲ့ပုံစံပါပဲ။ သူတို့ရဲ့ အာဏာတည်ဆောက်တဲ့နယ်မြေ ပေါ့၊ အဓိကကတော့ ဒါဘာလုပ်တာတုန်းဆိုတော့ အစိုးရရဲ့ အုပ်ချုပ် မှုယန္တရားကို သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ အစားထိုးတာပဲ။ အာဏာ သိမ်းတဲ့သဘောပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ သောင်းကျန်းမှု နှိပ်နင်းရေး စစ်ဆင်ရေး ဆောင်ရွက်လျှက် ရှိတယ်။ နိုင်ငံတော်ရဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ကျွန်တော်တို့က တပ်မတော်ရဲ့ တာဝန်နဲ့အညီ အစွမ်းကုန်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင့်တပ်တော် AA ဟာ အတိတ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ရခိုင် ဘုရင့်နိုင်ငံတော် ပြန်လည်ပေါ်ပေါက်လာရေးအတွက် ရခိုင်ပြည်နယ် လွတ်လပ်ရေး ဒါမှ မဟုတ် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေတာကြောင့် တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကြားနာပွဲမှာ ထည့်သွင်းပြောဆို ထားပါတယ်။ အဲဒီလို ဆောင်ရွက်ချက်ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

AA  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ရခိုင်နိုင်ငံတော်ကို ပြည်ထူထောင်လိုစိတ်ရှိတာဟာ တကယ်ရှိခဲ့တာကို မျှော်လင့်တာဖြစ်လို့ တရားနည်းလမ်းကျကြောင်းနဲ့ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” ကို ဖွဲ့စည်းပြီးတော့ အစိုးရ သဏ္ဍာန် စတင်လိုက်တာဖြစ်တယ်လို့ RFA ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။

ရခိုင်နိုင်ငံတော်ကို ၁၇၈၄ ခုနှစ်မှာ ဗမာအရှင်ဘုရင် ဘိုးတော်မောင်ဝိုင်းက တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ပြည်နယ်အစိုးရအဖွဲ့ အမြင်ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ မူဘောင်ထဲမှာ ဆိုရင် သူတို့ရဲ့အဆိုကို လေ့လာဆွေးနွေးသွားဖို့ အသင့်ရှိပြီး ပြည်ထောင်စု ပြိုကွဲနိုင်တဲ့ အနေအထားဆိုရင်တော့ လက်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

dr-myonyunt-350.jpg“ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ မူဘောင်ထဲမှာ ဆိုရင်တော့ သူတို့ရဲ့ အဆိုပြုချက်တွေကို လေ့လာဆွေးနွေးဖို့ အသင့်ရှိပါတယ်။ ဒီဘောင်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုမျိုးဆိုရင်တော့ ပြည်ထောင်စုပြိုကွဲနိုင်တဲ့ အနေ အထားရှိရင်တော့ ကျွန်တော်တို့ ဒါဟာ လက်ခံလို့မရပါဘူး။”

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အာဏာရချိန်ကတည်းက လက်ရှိအချိန်အထိ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ လုပ်ဆောင်ချက်ဟာ လက်ဆုပ်လက်ကိုင် ပြစရာမရှိသေးသလို တိုင်းရင်းသားတွေ ယုံကြည်လာအောင် လုပ်ဆောင်နိုင်တာမရှိသေးတာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာနဲ့ ပတ်သက်ပြီး သံသယရှိတယ်လို့ ပြောပါတယ်။

“သူတို့ အာဏာရကတည်းက ၂၀၁၉ ခုနှစ်အကုန်အထိပြန်ပြီးတော့ ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် တကယ့် ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတဲ့ သူတို့ရဲ့လုပ်ဆောင်ချက်ဟာ ဘာမှ ရေရေရာရာ ကိုင်ပြစရာ တစ်ခုမှမရှိသေးဘူး။ ထင်သာမြင်သာ ပြောလို့ရတာကတော့ ကျွန်တော်တို့ ULA/AA ကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးထားတာရှိတယ်။ ဒီဟာတွေက နိုင်ငံတကာသိ ကြေညာထားတဲ့ ဟာဖြစ်တယ်။ အခုချိန်အထိ တိုင်းရင်းသားတွေ ယုံကြည်လာအောင် လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်မျိုးကို ကျွန်တော်တို့ မတွေ့ရသေးဘူး။ အဲဒါကြောင့်မို့လို ကျွန်တော်တို့က သူတို့ပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာနဲ့ပတ်သက်ပြီး အတော်လေး သံသယရှိတာပေါ့ဗျာ။”

ရခိုင့်တပ်တော် AA အနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနည်းတူ တပ်၊ ပါတီနဲ့ သူတို့ ထိန်းချုပ်နိုင်တဲ့ ဒေသတွေရှိရင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း၊ တိုင်းရင်းသားအရေးနှင့် စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က ပြောပါတယ်။

“လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒေသတစ်ခုကို ထိန်းချုပ် နိုင်ပြီဆိုလို့ရှိရင် သူ့အုပ်ချုပ်ရေးအဖွဲ့ ထူထောင်တာကတော့ သိပ်မထူးဆန်းပါဘူး။ ပြောမယ်ဆိုရင် AA မှ maungmaungsoe-350.jpgလုပ်တာမဟုတ်ဘူး။ KIA လည်းလုပ်တာပဲလေ။ ဥပမာဆိုရင် KIO ဟာ နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သလို KIA က စစ်တပ်ဖြစ်တယ်။ KIC ဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်တယ်။ AA ကျတော့ AA တပ်ကို စဖွဲ့တယ်။ နောက် ULA ဆိုပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းဖွဲ့တယ်။ အခု သူ့ဒေသတချို့ ထိန်းချုပ်လာနိုင်တဲ့အခါမှာ ဒေသအုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းတာပေါ့။ ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဒီလိုပါပဲ တပ်ရှိတယ်၊ ပါတီရှိတယ်၊ သူတို့ ထိန်းချုပ်လို့ရတဲ့နယ်မြေ ရှိရင် အုပ်ချုပ်ရေးအဖွဲ့အစည်း ဖွဲ့စည်းကြတယ်။ ဒီသဘောပါပဲ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထက် ပိုထူးခြား တာတော့ မရှိပါဘူး။”

ဒီကိစ္စဟာ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ စေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် ဖြေရှင်းနိုင်မှာဖြစ်သလို မညှိနှိုင်းနိုင်ခဲ့ရင် ပြဿနာပိုဆိုးရွားလာပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

တိုက်ပွဲ အဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံအများအပြားကလည်း AA ကို ထောက်ခံကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဒီအခြေအနေကို အစိုးရကလည်း သဘောပေါက်ပြီး ဇန်နဝါရီ ၇ ရက်နေ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်တိုင်းရင်းသားတွေအနေနဲ့ AA ကို ထောက်ခံနေတာတွေ ရပ်တန်းက ရပ်ဖို့ သတိပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်း အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေအထိ ကူးစက်လာနေတာပါ။

လက်ရှိအချိန်မှာ တစ်နှစ်ကျော်ကြာမြင့်လာတဲ့ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ကိုးသောင်းကျော်အထိ မြင့်တက်လာပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာ တစ်ရာကျော်ထိ ရှိလာနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
 

႐ြာသားေလးဦး ရိကၡာေတြ တပ္မေတာ္ သိမ္းဆည္း

ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕ တည္ေနရာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၁ ရက္ေန႔က ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္က ေဈးဝယ္ၿပီးျပန္လာတဲ့ ေစာမီးလူေက်း႐ြာက ႐ြာသား ေလးဦးဆီက ဆန္အိတ္ ၁၅၀ ကို ျမန္မာ့တပ္မေတာ္ေျချမန္တပ္ရင္း ၃၉ က သိမ္းဆည္းသြားခဲ့တာလို႔ ေက်ာက္ႀကီးေဒသခံ ေစာဝါးေလးက ေျပာပါတယ္။ ေက်း႐ြာသားေတြရဲ႕ ဆန္အိတ္ေတြ သိမ္းဆည္းခံရတာနဲ႔ ပတ္သက္လို႔ ေက်း႐ြာအာဏာပိုင္က ေက်ာက္ႀကီးၿမိဳ႕က KNU ဆက္ဆံေရး႐ုံးကို တိုင္ၾကားခဲ့တယ္လို႔လည္း ေစာဝါးေလးက ေျပာပါတယ္။

    ႐ြာသားေတြက မယူရဲဘူး အဆိပ္ခတ္မွာေၾကာက္လို႔

“စစ္တပ္ကသိမ္းသြားတယ္၊ သိမ္းသြားၿပီးေတာ့ စခန္းမွာပဲ ပစ္ထားတယ္။ ဗိုလ္မႉး မ်ိဳးကိုကိုက သိမ္းတာ။ KNU ဆက္ဆံေရး႐ုံးကို တိုင္တယ္၊ KNU ကျပန္ေတာင္းေပးတယ္၊ သူတို႔ကျပန္ေပးတယ္ေျပာတယ္။ ဒါေပမဲ့ ႐ြာသားေတြက မယူရဲဘူး အဆိပ္ခတ္မွာေၾကာက္လို႔”

စားနပ္ရိကၡာေတြ သိမ္းဆည္းခံရတဲ့အတြက္ မိသားစုေတြအတြက္ ေထာက္ပံ့ေပးဖို႔ ကရင္ေခါင္းေဆာင္ေတြ ကိုလည္း ေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။ အဲဒီေဒသက ေက်း႐ြာသားေတြဟာ သူတို႔ရဲ႕စိုက္ခင္းေတြ ႂကြက္ေတြဖ်က္ဆီးခံရလို႔ ေက်ာက္ႀကီးၿမိဳ႕ေပၚတက္ၿပီး တစ္ႏွစ္စာအတြက္ ဆန္၊ ဆီ၊ ဆား ငါးပိ စတဲ့ စားနပ္ရိကၡာေတြကို ဝယ္ယူၾကရတယ္လို႔ ဆိုပါတယ္။ အရင္က အဲဒီလိုသိမ္းဆည္းတာေတြမရွိဘဲ အခု ဒီတစ္လအတြင္း ျမန္မာ့တပ္မေတာ္က အဲဒီေဒသမွာ စစ္ေဆးေရးဂိတ္ေတြ တိုးၿပီးခ်လာသလို ႐ြာသြားေတြရဲ႕ သြားလာမႈေတြကိုလည္း စစ္ေဆးေမးျမန္းတာေတြရွိတယ္လို႔ ဆိုပါတယ္။

ေဒသခံေတြရဲ႕ ဆန္အိတ္ေတြကို ခမရ ၃၉ တပ္က ခုလို သိမ္းဆည္းသြားတာနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေမးျမန္းၾကည့္ေတာ့

“က်ေနာ္လည္း မသိရေသးဘူး၊ အဲဒီဘက္မွာ စစ္ဆင္ေရးဝင္ေနတဲ့တပ္ေတြရွိတယ္၊ အေၾကာင္းရွိလို႔ ျဖစ္မွာပါ။ က်န္တဲ့ဟာေတာ့ မရွိႏိုင္ဘူး။ KNU နဲ႔ က်ေနာ္တို႔ၾကားမွာက ဒီေအာက္ေျခအဆင့္ေတြေရာ JMC-S အဆင့္ေတြေရာ ညႇိႏႈိင္းမႈေတြရွိပါတယ္၊ အရင္တခါကလည္း ေက်ာက္ႀကီးမွာ ညႇိႏႈိင္းခဲ့ၿပီးၿပီ၊ လမ္းကိစၥေတြ ညႇိႏႈိင္းခဲ့တာရွိတယ္ ဒါေၾကာင့္မို႔ ေအာက္ေျခမွာျဖစ္တဲ့ျပႆနာေတြကို ညႇိႏႈိင္းလို႔ရမွာပါ”

႐ြာသားေတြရဲ႕ ရိကၡာေတြ ခုလိုသိမ္းဆည္းခံရတာေတြ၊ သူတို႔ကို ကူညီေထာက္ပံ့ေပးဖို႔ေတြ နဲ႔ ပတ္သက္ၿပီး ေက်ာက္ႀကီး KNU ဆက္ဆံေရး႐ုံးနဲ႔ KNU အဖြဲ႕က တာဝန္ရွိသူေတြကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အဲဒီေဒသမွာ ကရင္တပ္ဖြဲ႕ေတြနဲ႔ ျမန္မာတပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားေနၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၆ ရက္ေန႔ ကလည္း ျမန္မာ့တပ္မေတာ္ ေျခလ်င္တပ္ရင္း ၃၅၀ နဲ႔ ကရင္တပ္ဖြဲ႕ေတြ တိုက္ခိုက္မႈျဖစ္ခဲ့တယ္လို႔ Free Burma Rangers အဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ရွာသားလေးဦး ရိက္ခာတွေ တပ်မတော် သိမ်းဆည်း

ပဲခူးတိုင်း ကျောက်ကြီးမြို့ တည်နေရာကို တွေ့ရစဉ်
Photo: Google Map


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ဈေးဝယ်ပြီးပြန်လာတဲ့ စောမီးလူကျေးရွာက ရွာသား လေးဦးဆီက ဆန်အိတ် ၁၅၀ ကို မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၃၉ က သိမ်းဆည်းသွားခဲ့တာလို့ ကျောက်ကြီးဒေသခံ စောဝါးလေးက ပြောပါတယ်။ ကျေးရွာသားတွေရဲ့ ဆန်အိတ်တွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်လို့ ကျေးရွာအာဏာပိုင်က ကျောက်ကြီးမြို့က KNU ဆက်ဆံရေးရုံးကို တိုင်ကြားခဲ့တယ်လို့လည်း စောဝါးလေးက ပြောပါတယ်။

    ရွာသားတွေက မယူရဲဘူး အဆိပ်ခတ်မှာကြောက်လို့

“စစ်တပ်ကသိမ်းသွားတယ်၊ သိမ်းသွားပြီးတော့ စခန်းမှာပဲ ပစ်ထားတယ်။ ဗိုလ်မှူး မျိုးကိုကိုက သိမ်းတာ။ KNU ဆက်ဆံရေးရုံးကို တိုင်တယ်၊ KNU ကပြန်တောင်းပေးတယ်၊ သူတို့ကပြန်ပေးတယ်ပြောတယ်။ ဒါပေမဲ့ ရွာသားတွေက မယူရဲဘူး အဆိပ်ခတ်မှာကြောက်လို့”

စားနပ်ရိက္ခာတွေ သိမ်းဆည်းခံရတဲ့အတွက် မိသားစုတွေအတွက် ထောက်ပံ့ပေးဖို့ ကရင်ခေါင်းဆောင်တွေ ကိုလည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီဒေသက ကျေးရွာသားတွေဟာ သူတို့ရဲ့စိုက်ခင်းတွေ ကြွက်တွေဖျက်ဆီးခံရလို့ ကျောက်ကြီးမြို့ပေါ်တက်ပြီး တစ်နှစ်စာအတွက် ဆန်၊ ဆီ၊ ဆား ငါးပိ စတဲ့ စားနပ်ရိက္ခာတွေကို ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။ အရင်က အဲဒီလိုသိမ်းဆည်းတာတွေမရှိဘဲ အခု ဒီတစ်လအတွင်း မြန်မာ့တပ်မတော်က အဲဒီဒေသမှာ စစ်ဆေးရေးဂိတ်တွေ တိုးပြီးချလာသလို ရွာသွားတွေရဲ့ သွားလာမှုတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ဆန်အိတ်တွေကို ခမရ ၃၉ တပ်က ခုလို သိမ်းဆည်းသွားတာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းကြည့်တော့

“ကျနော်လည်း မသိရသေးဘူး၊ အဲဒီဘက်မှာ စစ်ဆင်ရေးဝင်နေတဲ့တပ်တွေရှိတယ်၊ အကြောင်းရှိလို့ ဖြစ်မှာပါ။ ကျန်တဲ့ဟာတော့ မရှိနိုင်ဘူး။ KNU နဲ့ ကျနော်တို့ကြားမှာက ဒီအောက်ခြေအဆင့်တွေရော JMC-S အဆင့်တွေရော ညှိနှိုင်းမှုတွေရှိပါတယ်၊ အရင်တခါကလည်း ကျောက်ကြီးမှာ ညှိနှိုင်းခဲ့ပြီးပြီ၊ လမ်းကိစ္စတွေ ညှိနှိုင်းခဲ့တာရှိတယ် ဒါကြောင့်မို့ အောက်ခြေမှာဖြစ်တဲ့ပြဿနာတွေကို ညှိနှိုင်းလို့ရမှာပါ”

ရွာသားတွေရဲ့ ရိက္ခာတွေ ခုလိုသိမ်းဆည်းခံရတာတွေ၊ သူတို့ကို ကူညီထောက်ပံ့ပေးဖို့တွေ နဲ့ ပတ်သက်ပြီး ကျောက်ကြီး KNU ဆက်ဆံရေးရုံးနဲ့ KNU အဖွဲ့က တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီဒေသမှာ ကရင်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ကလည်း မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း ၃၅၀ နဲ့ ကရင်တပ်ဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ Free Burma Rangers အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

RFA Burmese
https://www.rfa.org

ကခ်င္႐ိုးရာ မေနာပြဲကိုေဖေဖာ္ဝါရီမွာျပန္က်င္းပမယ္

လာမယ့္ေဖဖဝါရီလထဲမွာ ျပန္လည္က်င္းပဖိုရွိ
(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္ေန႔မွာ ပြဲေတာ္အမည္ကို ကခ်င္ဘာသာနဲ႔ ေရးသားတဲ့ေနရာမွာ အျငင္းပြား မႈရွိေန တာေၾကာင့္ မေနာပြဲထည့္သြင္းက်င္းပဖို႔အစီအစဥ္ကို ဖ်က္သိမ္းလိုက္ ေပမယ့္ လာမယ့္ေဖဖဝါရီလထဲမွာ ျပန္လည္ က်င္းပဖိုရွိတယ္လို႔ မေနာပြဲေတာ္ေကာ္မတီျဖစ္ေျမာက္ေရးဥကၠ႒ ဦးတန္ဂြန္း ဘီဘီစီကိုေျပာပါတယ္။

ေဖေဖာ္ဝါရီလမွာ မေနာပြဲေတာ္ကိုပြဲနာမည္နဲ႔ က်င္းပမယ့္ရက္ကိုျပန္လည္သတ္မွတ္ခဲ့ၿပီး အဲဒီပြဲကိုခြင့္ျပဳမိန႔္ရဖို႔ ဝန္ႀကီးခ်ဳပ္ကို တင္ျပထားတယ္လို႔ သိရပါတယ္။

လာမယ့္ဇန္နဝါရီလ ၁၀ ရက္မွာက်ေရာက္မယ့္ ၇၂ ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔နဲ႔ ႐ိုးရာမေနာပြဲေတာ္ က်င္းပေရးအစီအစဥ္ေတြကို ျပင္ဆင္ထားၿပီးျဖစ္ေပမယ့္ ပြဲေတာ္နဖူးစည္းစာတန္းမွာ ကခ်င္ဘာသာနဲ႔ ေရးသားရာမွာ လူမ်ိဳးစုတာဝန္ရွိသူေတြအၾကားမွာ သေဘာထားကြဲလြဲၿပီး ကခ်င္ျပည္နယ္အစိုးရက ကခ်င္ျပည္နယ္ေန႔မွာ မေနာပြဲမက်င္းပဖို႔ ဆုံးျဖတ္ခဲ့ တာပါ။

ဒါေၾကာင့္ ကခ်င္႐ိုးရာယဥ္ေက်းမႈ မေနာပြဲေတာ္နာမည္နဲ႔ မေနာပြဲကို ျမစ္ႀကီးနားၿမိဳ႕ရွိ မေနာကြင္းမွာ ႐ိုးရာပြဲေတာ္အျဖစ္ သပ္သပ္က်င္းပဖို႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ရက္သတ္မွတ္ထားတယ္လို႔ လည္း ဦးတန္ဂြန္းက ေျပာပါတယ္။

ဦးသိန္းစိန္လည္း မေနာပြဲ ကိုတက္ေရာက္ ခဲ့

၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၁၀ ရက္မွာ ကခ်င္ျပည္နယ္တည္ေထာင္ခဲ့တဲ့အထိမ္းအမွတ္အျဖစ္ ႏွစ္စဥ္ ကခ်င္ ျပည္နယ္ေန႔ နဲ႔ မေနာပြဲကို ျမစ္ႀကီးနားၿမိဳ႕ကမေနာကြင္းမွာ က်င္းပေလ့ရွိၿပီး မေနာအကအလွေတြနဲ႔ မေနာ ပြဲေတာ္ကိုထည့္သြင္းေလ့ရွိပါတယ္။

အရင္ပြဲေတြကေန ၂၀၁၇ ခုႏွစ္အထိ ပြဲေတာ္အမည္မွာ ဂ်ိန္းေဖာ ကခ်င္ျပည္နယ္ေန႔ လို႔ ကခ်င္ဘာသာနဲ႔ ေရးသားေဖာ္ျပခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္မွာေတာ့ ဂ်ိန္းေဖာ စာသားမထည့္ဘဲ ကခ်င္လို႔ ေရးသားခဲ့တဲ့အတြက္ မေက်နပ္သူေတြက ဆိုင္းဘုတ္ကို မီးရႈိ႕ခဲ့ တဲ့ျဖစ္စဥ္ရွိခဲ့ပါတယ္။

"ဂ်ိန္းေဖာဆိုတာ ကခ်င္မ်ိဳးႏြယ္စုထဲက တစ္မ်ိဳးေပါ့။ အားလုံးကို သူက ကိုယ္စားမျပဳႏိုင္ဘူး။ ဂ်ိန္းေဖာ မ်ိဳးႏြယ္ပဲ ကိုယ္စားျပဳတာေပါ့။ က်န္တဲ့ကခ်င္ငါးမ်ိဳးကို ကိုယ္စားမျပဳႏိုင္ဘူးေပါ့။ ကြၽန္ေတာ္တို႔အခ်င္းခ်င္း မေပ်ာ္ၾကမွာစိုးရိမ္လို႔ပါ။ မႏွစ္က ပြဲမွာ စာတမ္းမီးရႈိ႕ခံရတာက ဂ်ိန္းေဖာပြဲလို႔မေရးလို႔ေပါ့။ အဲဒီမွာ ကြၽန္ေတာ္ တို႔ က ဝန္ႀကီးခ်ဳပ္ေတာင္းဆိုလို႔ ျပန္ေရးေပးလိုက္ပါတယ္" ကခ်င္႐ိုးရာယဥ္ေက်းမႈအသင္းအတြင္းေရးမႉး ဦးဖရယ္ေခါလုတ္က ဘီဘီစီကို ေျပာပါတယ္။

ဟိုးအရင္က အေျခအေန နဲ႔ အခု အေျခအေနေတြ ကြာလာေတာ့ က်န္တဲ့မ်ိဳးႏြယ္စုေတြကလည္းေထာက္ျပၾကေတာ့ ကြၽန္ေတာ္တို႔ၾကားထဲ အျငင္းပြားမႈေတြျဖစ္ခဲ့တာပါလို႔လည္း ကခ်င္လူမ်ိဳးမ်ား ႐ိုးရာယဥ္ေက်းမႈအသင္း အတြင္းေရးမႉးျဖစ္သူ ဦးေခါလုတ္ ကေျပာပါတယ္၊

ကခ်င္ျပည္နယ္ေန႔ႏွင့္အတူ တစ္ခ်ိန္တည္း က်င္းပေလ့ရွိ

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပီးခဲ့တဲ့ (၇၁)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားကို တက္ေရာက္ခဲ့သလို သမၼတေဟာင္း ဦးသိန္းစိန္လည္း မေနာပြဲ ကိုတက္ေရာက္ ခဲ့တဲ့ အစဥ္လာေတြ ရွိပါတယ္။

ကခ်င္မ်ိဳးႏြယ္စု မွာ ဂ်ိန္းေဖာ၊ လခ်ိတ္၊ လေဝၚ၊ ဇိုင္ဝါး၊ ရဝမ္၊ လီဆူး စတဲ့ မ်ိဳးႏြယ္စု ေျခာက္ခုရွိၿပီး ယင္းမ်ိဳးႏြယ္စု အားလုံးပါဝင္ တဲ့ မေနာပြဲကို ျမစ္ႀကီးနားၿမိဳ႕ စီတာပူ မေနာကြင္း မွာ ဇန္နဝါရီ ၁၀ ရက္ မွာက်ေရာက္တဲ့ ကခ်င္ျပည္နယ္ေန႔ႏွင့္အတူ တစ္ခ်ိန္တည္း က်င္းပေလ့ရွိပါတယ္။

ေဖဖဝါရီလထဲမွာ မေနာပြဲေတာ္ ပြဲမိန႔္တင္တဲ့ထဲမွာေတာ မ်ိဳးႏြယ္စု ၆ ခုကိုယ္စားလွယ္နဲ႔ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳး ႐ိုးရာယဥ္ေက်းမႈအသင္းတို႔က လက္မွတ္ထိုးၿပီးတင္ျပခဲ့တာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကချင်ရိုးရာ မနောပွဲကိုဖေဖော်ဝါရီမှာပြန်ကျင်းပမယ်

ဓာတ်ပုံ မူပိုင် MOI
Image caption လာမယ့်ဖေဖဝါရီလထဲမှာ ပြန်လည်ကျင်းပဖိုရှိ

ကချင်ပြည်နယ်နေ့မှာ ပွဲတော်အမည်ကို ကချင်ဘာသာနဲ့ ရေးသားတဲ့နေရာမှာ အငြင်းပွား မှုရှိနေ တာကြောင့် မနောပွဲထည့်သွင်းကျင်းပဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက် ပေမယ့် လာမယ့်ဖေဖဝါရီလထဲမှာ ပြန်လည် ကျင်းပဖိုရှိတယ်လို့ မနောပွဲတော်ကော်မတီဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးတန်ဂွန်း ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီလမှာ မနောပွဲတော်ကိုပွဲနာမည်နဲ့ ကျင်းပမယ့်ရက်ကိုပြန်လည်သတ်မှတ်ခဲ့ပြီး အဲဒီပွဲကိုခွင့်ပြုမိန့်ရဖို့ ဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ သိရပါတယ်။

လာမယ့်ဇန်နဝါရီလ ၁၀ ရက်မှာကျရောက်မယ့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့နဲ့ ရိုးရာမနောပွဲတော် ကျင်းပရေးအစီအစဉ်တွေကို ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ပွဲတော်နဖူးစည်းစာတန်းမှာ ကချင်ဘာသာနဲ့ ရေးသားရာမှာ လူမျိုးစုတာဝန်ရှိသူတွေအကြားမှာ သဘောထားကွဲလွဲပြီး ကချင်ပြည်နယ်အစိုးရက ကချင်ပြည်နယ်နေ့မှာ မနောပွဲမကျင်းပဖို့ ဆုံးဖြတ်ခဲ့ တာပါ။

ဒါကြောင့် ကချင်ရိုးရာယဉ်ကျေးမှု မနောပွဲတော်နာမည်နဲ့ မနောပွဲကို မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ ရိုးရာပွဲတော်အဖြစ် သပ်သပ်ကျင်းပဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရက်သတ်မှတ်ထားတယ်လို့ လည်း ဦးတန်ဂွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MOI
Image caption ဦးသိန်းစိန်လည်း မနောပွဲ ကိုတက်ရောက် ခဲ့

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ ကချင်ပြည်နယ်တည်ထောင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကချင် ပြည်နယ်နေ့ နဲ့ မနောပွဲကို မြစ်ကြီးနားမြို့ကမနောကွင်းမှာ ကျင်းပလေ့ရှိပြီး မနောအကအလှတွေနဲ့ မနော ပွဲတော်ကိုထည့်သွင်းလေ့ရှိပါတယ်။

အရင်ပွဲတွေကနေ ၂၀၁၇ ခုနှစ်အထိ ပွဲတော်အမည်မှာ ဂျိန်းဖော ကချင်ပြည်နယ်နေ့ လို့ ကချင်ဘာသာနဲ့ ရေးသားဖော်ပြခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဂျိန်းဖော စာသားမထည့်ဘဲ ကချင်လို့ ရေးသားခဲ့တဲ့အတွက် မကျေနပ်သူတွေက ဆိုင်းဘုတ်ကို မီးရှို့ခဲ့ တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

"ဂျိန်းဖောဆိုတာ ကချင်မျိုးနွယ်စုထဲက တစ်မျိုးပေါ့။ အားလုံးကို သူက ကိုယ်စားမပြုနိုင်ဘူး။ ဂျိန်းဖော မျိုးနွယ်ပဲ ကိုယ်စားပြုတာပေါ့။ ကျန်တဲ့ကချင်ငါးမျိုးကို ကိုယ်စားမပြုနိုင်ဘူးပေါ့။ ကျွန်တော်တို့အချင်းချင်း မပျော်ကြမှာစိုးရိမ်လို့ပါ။ မနှစ်က ပွဲမှာ စာတမ်းမီးရှို့ခံရတာက ဂျိန်းဖောပွဲလို့မရေးလို့ပေါ့။ အဲဒီမှာ ကျွန်တော် တို့ က ဝန်ကြီးချုပ်တောင်းဆိုလို့ ပြန်ရေးပေးလိုက်ပါတယ်" ကချင်ရိုးရာယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးဖရယ်ခေါလုတ်က ဘီဘီစီကို ပြောပါတယ်။

ဟိုးအရင်က အခြေအနေ နဲ့ အခု အခြေအနေတွေ ကွာလာတော့ ကျန်တဲ့မျိုးနွယ်စုတွေကလည်းထောက်ပြကြတော့ ကျွန်တော်တို့ကြားထဲ အငြင်းပွားမှုတွေဖြစ်ခဲ့တာပါလို့လည်း ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုအသင်း အတွင်းရေးမှူးဖြစ်သူ ဦးခေါလုတ် ကပြောပါတယ်၊
ဓာတ်ပုံ မူပိုင် MyitKyinar News Journal
Image caption ကချင်ပြည်နယ်နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပလေ့ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်လည်း မနောပွဲ ကိုတက်ရောက် ခဲ့တဲ့ အစဉ်လာတွေ ရှိပါတယ်။

ကချင်မျိုးနွယ်စု မှာ ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူး စတဲ့ မျိုးနွယ်စု ခြောက်ခုရှိပြီး ယင်းမျိုးနွယ်စု အားလုံးပါဝင် တဲ့ မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း မှာ ဇန်နဝါရီ ၁၀ ရက် မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပလေ့ရှိပါတယ်။

ဖေဖဝါရီလထဲမှာ မနောပွဲတော် ပွဲမိန့်တင်တဲ့ထဲမှာတော မျိုးနွယ်စု ၆ ခုကိုယ်စားလှယ်နဲ့မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းတို့က လက်မှတ်ထိုးပြီးတင်ပြခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com

အစိုးရပိုင္ေအာင္တံခြန္သေဘၤာေပၚက ခရီးသည္ ၁၆ ဦးကို ေအေအဖမ္း

စစ္ေတြၿမိဳ႕ ဆိတ္႐ိုးက်ဆိပ္ကမ္းကို ဒီဇင္ဘာ ၂၉ ရက္ေန႔က ျမင္ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
စစ္ေတြၿမိဳ႕ကေန ဘူးသီးေတာင္ဆိပ္ကမ္းကို ထြက္ခြာလာတဲ့ ျမန္မာ့ေရေၾကာင္းဌာနပိုင္ ေအာင္တံခြန္ အမွတ္ ၇ သေဘၤာကို ဒီဇင္ဘာလ ၃၁ ရက္ေန႔လည္ပိုင္း ၁ နာရီခန႔္မွာ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေအေအတပ္ဖြဲ႕က ရပ္တန႔္ၿပီး ခရီးသည္တခ်ိဳ႕ကို ေခၚေဆာင္သြားခဲ့တယ္လို႔ ျပည္တြင္းေရးေၾကာင္းဌာန၊ ရခိုင္ျပည္နယ္တာဝန္ခံ ဦးေအာင္လင္းက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

အဲ့ဒီသေဘၤာဟာ ေန႔လယ္ပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕ဆိပ္ကမ္းကို ဆိုက္ကပ္ခဲ့ၿပီး ဘူးသီးေတာင္ၿမိဳ႕ကို ဆက္လက္ထြက္ခြာလာစဥ္ ရေသ့ေတာင္နဲ႔ ခန႔္မွန္းေျခ ၁၀ မိုင္ခန႔္အကြာ ေခ်ာင္းဝအနီးမွာ ရကၡိဳင့္တပ္ေတာ္ေအေအဘက္က သေဘၤာကိုရပ္ကာ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးအဲ့ဒီလူေတြကို ေခၚယူသြားခဲ့တာလို႔ သတင္းရရွိပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ရန္ကုန္ကေန ရခိုင္ျပည္နယ္ကို တာဝန္ထမ္းေဆာင္ဖို႔လာခဲ့ၾကတဲ့ ကုန္းလမ္းပို႔ေဆာင္ဆက္သြယ္ေရးဌာနကယာဥ္ေမာင္းဝန္ထမ္းေတြျဖစ္ၾကၿပီးျပန္လည္လက္ခံေရးစခန္းေတြမွာ ကားေမာင္းေပးဖို႔အတြက္ ဘူးသီးေတာင္ကိုသြားေရာက္ခဲ့ၾကတာျဖစ္ေၾကာင္းနဲ႔ သူတို႔ထဲက ၁၆ ဦးကို ေအေအဘက္က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ဦးေအာင္လင္းက ေျပာပါတယ္။

"ခရီသည္တခ်ိဳ႕ကို ဖမ္းဆီးသြားတယ္ဆိုတာဟုတ္ပါတယ္။ ဒုကၡသည္ႀကိဳဆိုေရးစခန္းမွာ ကားေမာင္းေပးဖို႔အတြက္သြားတာျဖစ္ပါတယ္။ အကုန္လုံးက ၁၈ ေယာက္ပါတယ္။ ၁၆ ေယာက္ကိုဖမ္းသြားတယ္။"လို႔ ေရေၾကာင္းဌာန ရခိုင္ျပည္နယ္တာဝန္ခံ ဦးေအာင္လင္းက ေျပာပါတယ္။

ေအာင္တံခြန္ ၇ သေဘၤာ ခုတ္ေမာင္းသြားေနစဥ္ လက္နက္ေတြကိုင္ေဆာင္ထားတဲ့ ေအေအတပ္ဖြဲ႕ဝင္ ၈၀ ေလာက္ဟာ ေမာ္ေတာ္တစ္စီးနဲ႔ေရာက္လာခဲ့တာျဖစ္ၿပီး သေဘၤာကိုရပ္ ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ကာ ဝန္ထမ္း ၁၆ ဦးကိုဖမ္းဆီးလိုက္ၿပီး ေနာက္၂ နာရီေလာက္မွာ က်န္ခရီးသည္ေတြနဲ႔ သေဘၤာကိုျပန္လည္လႊတ္ေပးခဲ့တယ္လို႔ဆိုပါတယ္။

အဲ့ဒီသေဘၤာမွာ ခရီးသည္စုစုေပါင္း ၄၀ ေက်ာ္လိုက္ပါခဲ့ၾကၿပီး က်န္တဲ့ခရီးသည္ေတြနဲ႔ ေရယာဥ္ဝန္ထမ္းေတြကိုေတာ့ ျပန္လည္လႊတ္ေပးလိုက္တဲ့အတြက္ ဘူးသီးေတာင္ၿမိဳ႕ဆိပ္ကမ္းကို ဆက္လက္ခုတ္ေမာင္းသြားေနတယ္လို႔ ဦးေအာင္လင္းက ေျပာဆိုပါတယ္။

ေအေအဖမ္းသြားသူေတြဟာ လက္မွတ္လာဝယ္ရာမွာ တစ္ဦးတည္းအမည္နဲ႔ လက္မွတ္ ၁၈ ေစာင္ကိုဝယ္ယူသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္အတြင္း ခရီးသြားလာမယ့္ ဝန္ထမ္းေတြအေနနဲ႔ အစိုးရကိုအေၾကာင္းၾကားၿပီးမွသြားလာၾကဖို႔နဲ႔ အစိုးရဌာနပိုင္ပို႔ေဆာင္ေရးယာဥ္ေတြနဲ႔သာ သြားလာၾကဖို႔ ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့လပိုင္းအတြင္းက စစ္ေတြကေန ဘူးသီးေတာင္ကိုေျပးဆြဲေနတဲ့ ေ႐ႊနဒီအျမန္ေရယာဥ္ကို ေအေအဘက္ကေန ရေသ့ေတာင္ၿမိဳ႕က အထြက္မွာ ဟန႔္တားခဲ့ၿပီး တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ အက်ဥ္းဦးစီးဌာနက ဝန္ထမ္းေတြအပါအဝင္ ခရီးသည္ေပါင္း ၅၀ ေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္။

အဲ့ဒီတိုက္ပြဲအတြင္း ဖမ္းဆီးသြားခဲ့တဲ့အထဲက ခရီးသည္တခ်ိဳ႕ဟာ ေသဆုံးခဲ့ရၿပီး တခ်ိဳ႕ကိုေတာ့ ေအေအက ဆက္လက္ဖမ္းဆီးထားဆဲျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အစိုးရပိုင်အောင်တံခွန်သင်္ဘောပေါ်က ခရီးသည် ၁၆ ဦးကို အေအေဖမ်း

Image caption စစ်တွေမြို့ ဆိတ်ရိုးကျဆိပ်ကမ်းကို ဒီဇင်ဘာ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်

စစ်တွေမြို့ကနေ ဘူးသီးတောင်ဆိပ်ကမ်းကို ထွက်ခွာလာတဲ့ မြန်မာ့ရေကြောင်းဌာနပိုင် အောင်တံခွန် အမှတ် ၇ သင်္ဘောကို ဒီဇင်ဘာလ ၃၁ ရက်နေ့လည်ပိုင်း ၁ နာရီခန့်မှာ ရသေ့တောင်မြို့နယ်အတွင်း အေအေတပ်ဖွဲ့က ရပ်တန့်ပြီး ခရီးသည်တချို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ပြည်တွင်းရေးကြောင်းဌာန၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီသင်္ဘောဟာ နေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီး ဘူးသီးတောင်မြို့ကို ဆက်လက်ထွက်ခွာလာစဉ် ရသေ့တောင်နဲ့ ခန့်မှန်းခြေ ၁၀ မိုင်ခန့်အကွာ ချောင်းဝအနီးမှာ ရက္ခိုင့်တပ်တော်အေအေဘက်က သင်္ဘောကိုရပ်ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီလူတွေကို ခေါ်ယူသွားခဲ့တာလို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို တာဝန်ထမ်းဆောင်ဖို့လာခဲ့ကြတဲ့ ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးဌာနကယာဉ်မောင်းဝန်ထမ်းတွေဖြစ်ကြပြီးပြန်လည်လက်ခံရေးစခန်းတွေမှာ ကားမောင်းပေးဖို့အတွက် ဘူးသီးတောင်ကိုသွားရောက်ခဲ့ကြတာဖြစ်ကြောင်းနဲ့ သူတို့ထဲက ၁၆ ဦးကို အေအေဘက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

"ခရီသည်တချို့ကို ဖမ်းဆီးသွားတယ်ဆိုတာဟုတ်ပါတယ်။ ဒုက္ခသည်ကြိုဆိုရေးစခန်းမှာ ကားမောင်းပေးဖို့အတွက်သွားတာဖြစ်ပါတယ်။ အကုန်လုံးက ၁၈ ယောက်ပါတယ်။ ၁၆ ယောက်ကိုဖမ်းသွားတယ်။"လို့ ရေကြောင်းဌာန ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက ပြောပါတယ်။

အောင်တံခွန် ၇ သင်္ဘော ခုတ်မောင်းသွားနေစဉ် လက်နက်တွေကိုင်ဆောင်ထားတဲ့ အေအေတပ်ဖွဲ့ဝင် ၈၀ လောက်ဟာ မော်တော်တစ်စီးနဲ့ရောက်လာခဲ့တာဖြစ်ပြီး သင်္ဘောကိုရပ် ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ ဝန်ထမ်း ၁၆ ဦးကိုဖမ်းဆီးလိုက်ပြီး နောက်၂ နာရီလောက်မှာ ကျန်ခရီးသည်တွေနဲ့ သင်္ဘောကိုပြန်လည်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီသင်္ဘောမှာ ခရီးသည်စုစုပေါင်း ၄၀ ကျော်လိုက်ပါခဲ့ကြပြီး ကျန်တဲ့ခရီးသည်တွေနဲ့ ရေယာဉ်ဝန်ထမ်းတွေကိုတော့ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် ဘူးသီးတောင်မြို့ဆိပ်ကမ်းကို ဆက်လက်ခုတ်မောင်းသွားနေတယ်လို့ ဦးအောင်လင်းက ပြောဆိုပါတယ်။

အေအေဖမ်းသွားသူတွေဟာ လက်မှတ်လာဝယ်ရာမှာ တစ်ဦးတည်းအမည်နဲ့ လက်မှတ် ၁၈ စောင်ကိုဝယ်ယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာမယ့် ဝန်ထမ်းတွေအနေနဲ့ အစိုးရကိုအကြောင်းကြားပြီးမှသွားလာကြဖို့နဲ့ အစိုးရဌာနပိုင်ပို့ဆောင်ရေးယာဉ်တွေနဲ့သာ သွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်တွေကနေ ဘူးသီးတောင်ကိုပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို အေအေဘက်ကနေ ရသေ့တောင်မြို့က အထွက်မှာ ဟန့်တားခဲ့ပြီး တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေအပါအဝင် ခရီးသည်ပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ဖမ်းဆီးသွားခဲ့တဲ့အထဲက ခရီးသည်တချို့ဟာ သေဆုံးခဲ့ရပြီး တချို့ကိုတော့ အေအေက ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com

ေခ်ာင္းဆိုေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးမွားေသာက္မိတဲ့ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေသဆုံး

(Zawgyi)⤵⤵⤵
ကေလး၊ ဒီဇင္ဘာ ၃၁-၂၀၁၉

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စုမွာ ဒီဇင္ဘာ၃၀ရက္ေန႔ ညေနပိုင္းက ေခ်ာင္းဆိုေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးမွားေသာက္မိၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေသဆုံးခဲ့တယ္လို႔ ေခတ္သစ္လူမႈကူညီေရးအဖြဲ႕ကေန သိရပါတယ္။

" ၃ နာရီေက်ာ္ေလာက္မွာ ကြၽန္ေတာ္တို႔ ေခတ္သစ္လူမႈကူညီေရးအသင္းကို ဆက္သြယ္လာၿပီး အဖြဲ႕က သြားေခၚၿပီး ေဆး႐ုံကိုပို႔ပါတယ္။ က်ဳံကူးေဆး႐ုံကို ေရာက္သြားပါတယ္၊ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္ေတြက လူနာကိုအဆိပ္ထုတ္ေပးၿပီး ပုသိမ္ေဆး႐ုံႀကီးကို ပို႔ဖို႔လႊဲတာနဲ႔ လိုက္ပို႔ခ်ိန္ လမ္းမွာေသသြားတာပါ'' လို႔ ေခတ္သစ္လူမႈကူညီေရးအဖြဲ႕မွ ကိုေဝၿဖိဳးကေျပာပါတယ္။

က်ဳံကူးေဆး႐ုံကေန ပုသိမ္ေဆး႐ုံႀကီးကို လိုက္ပို႔ဖို႔ထြက္လာခ်ိန္ မိနစ္ ၃၀ ခန႔္အၾကာမွာ ေ႐ႊေတာင္ေငြေတာင္ ေက်း႐ြာနားအေရာက္မွာ လူနာေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးခဲ့တဲ့ အသက္ ၁၆ ႏွပီးစ္အ႐ြယ္ အမ်ိဳးသမီးကို ေခတ္သစ္လူမႈ႕ကူညီေရးအသင္းကားနဲ႔ ေနအိမ္ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ၿပီး ဒီကေန႔မနက္မွာ ေဆးစစ္ခ်က္ယူဖို႔ ေသဆုံးသူကို ေနအိမ္ကေန ရင္ခြဲ႐ုံကို ျပန္ပိုခဲ့တယ္လို႔ သိရပါတယ္။

ေဂါင္ေဂါင္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
ချောင်းဆိုပျောက်ဆေးနဲ့ ပိုးသတ်ဆေးမှားသောက်မိတဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံး

ကလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ၃၀ရက်နေ့ ညနေပိုင်းက ချောင်းဆိုပျောက်ဆေးနဲ့ ပိုးသတ်ဆေးမှားသောက်မိပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့တယ်လို့ ခေတ်သစ်လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

" ၃ နာရီကျော်လောက်မှာ ကျွန်တော်တို့ ခေတ်သစ်လူမှုကူညီရေးအသင်းကို ဆက်သွယ်လာပြီး အဖွဲ့က သွားခေါ်ပြီး ဆေးရုံကိုပို့ပါတယ်။ ကျုံကူးဆေးရုံကို ရောက်သွားပါတယ်၊ ဆေးရုံရောက်တော့ ဆရာဝန်တွေက လူနာကိုအဆိပ်ထုတ်ပေးပြီး ပုသိမ်ဆေးရုံကြီးကို ပို့ဖို့လွှဲတာနဲ့ လိုက်ပို့ချိန် လမ်းမှာသေသွားတာပါ'' လို့ ခေတ်သစ်လူမှုကူညီရေးအဖွဲ့မှ ကိုဝေဖြိုးကပြောပါတယ်။

ကျုံကူးဆေးရုံကနေ ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ဖို့ထွက်လာချိန် မိနစ် ၃၀ ခန့်အကြာမှာ ရွှေတောင်ငွေတောင် ကျေးရွာနားအရောက်မှာ လူနာသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၆ နှပီးစ်အရွယ် အမျိုးသမီးကို ခေတ်သစ်လူမှု့ကူညီရေးအသင်းကားနဲ့ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒီကနေ့မနက်မှာ ဆေးစစ်ချက်ယူဖို့ သေဆုံးသူကို နေအိမ်ကနေ ရင်ခွဲရုံကို ပြန်ပိုခဲ့တယ်လို့ သိရပါတယ်။

ဂေါင်ဂေါင်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

ဆိုင္ကယ္ေမာင္းလာတဲ့ရဟန္းတစ္ပါး ဆိုင္ကယ္ေမွာက္ၿပီး ပ်ံလြန္ေတာ္မူ

(Zawgyi)⤵⤵⤵
မင္းတုန္း၊ ဒီဇင္ဘာ၃၁-၂၀၁၉

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္၊ ပုသိမ္-မုံ႐ြာလမ္းမက မင္းတုန္းေခ်ာင္းတံတားေပၚမွာ ဒီကေန႔မနက္ပိုင္းက ဆိုင္ကယ္ေမာင္းလာတဲ့ ရဟန္းတစ္ပါး ဆိုင္ကယ္အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ကာသတိလစ္ေနလို႔ ေဆး႐ုံပို႔ေဆာင္စဥ္ ေသဆုံးသြားတယ္လို႔ မင္းတုန္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ပ်ံလြန္ေတာ္မူသြားတဲ့ ရဟန္းဟာ ဦးေကာဝိဒ ၊ ဝါေတာ္၃ဝါ၊ သက္ေတာ္၅၈ႏွစ္ျဖစ္ၿပီး သူ႔ ဆရာျဖစ္တဲ့ လယ္ရဲဆရာေတာ္ဆီကိုသြားရင္း အခုလိုျဖစ္တာလို႔ သိရပါတယ္။

”ကံလည္နားက မင္းတုန္းတံတားေပၚမွာျဖစ္တာ၊ ေျမနီကုန္းေက်ာင္းတိုက္က ခန္းေနတပါးျဖစ္တယ္ေပါ့၊ ေျပာမယ္ဆိုရင္ ဘုန္းႀကီးရဟန္းေတာ္ေတြကို ဆိုင္ကယ္၊ ကားကိုယ္တိုင္မေမာင္းဖို႔ သံဃာ့အဖြဲ႕အစည္းကတားျမစ္ထားပါတယ္။ ဘုန္းႀကီးျဖစ္ေတာ့ ဦးထုတ္မပါ၊ လူလိုင္စင္မရွိေပါ့။ ဆိုင္ကယ္ကေတာ့လိုင္စင္ရွိတယ္။ အဲဒီမွာရရွိတဲ့ဒဏ္ရာနဲ႔ ေဆး႐ုံပို႔ကုသစဥ္ပ်ံလြန္ပါတယ္”လို႔ မင္းတုန္းၿမိဳ႕မရဲစခန္းမွ စခန္းမႉးဒုရဲမႉးစိန္ေသာင္းကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မင္းတုန္းၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၁၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ၃၀၄ (က) နဲ႔ အမႈ႕ဖြင့္ေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

ဂ်န္ကိုးလ္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဆိုင်ကယ်မောင်းလာတဲ့ရဟန်းတစ်ပါး ဆိုင်ကယ်မှောက်ပြီး ပျံလွန်တော်မူ

မင်းတုန်း၊ ဒီဇင်ဘာ၃၁-၂၀၁၉

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမက မင်းတုန်းချောင်းတံတားပေါ်မှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်မောင်းလာတဲ့ ရဟန်းတစ်ပါး ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာသတိလစ်နေလို့ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ မင်းတုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

ပျံလွန်တော်မူသွားတဲ့ ရဟန်းဟာ ဦးကောဝိဒ ၊ ဝါတော်၃ဝါ၊ သက်တော်၅၈နှစ်ဖြစ်ပြီး သူ့ ဆရာဖြစ်တဲ့ လယ်ရဲဆရာတော်ဆီကိုသွားရင်း အခုလိုဖြစ်တာလို့ သိရပါတယ်။

”ကံလည်နားက မင်းတုန်းတံတားပေါ်မှာဖြစ်တာ၊ မြေနီကုန်းကျောင်းတိုက်က ခန်းနေတပါးဖြစ်တယ်ပေါ့၊ ပြောမယ်ဆိုရင် ဘုန်းကြီးရဟန်းတော်တွေကို ဆိုင်ကယ်၊ ကားကိုယ်တိုင်မမောင်းဖို့ သံဃာ့အဖွဲ့အစည်းကတားမြစ်ထားပါတယ်။ ဘုန်းကြီးဖြစ်တော့ ဦးထုတ်မပါ၊ လူလိုင်စင်မရှိပေါ့။ ဆိုင်ကယ်ကတော့လိုင်စင်ရှိတယ်။ အဲဒီမှာရရှိတဲ့ဒဏ်ရာနဲ့ ဆေးရုံပို့ကုသစဉ်ပျံလွန်ပါတယ်”လို့ မင်းတုန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးစိန်သောင်းကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတုန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၀၄ (က) နဲ့ အမှု့ဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဂျန်ကိုးလ်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

ျမန္မာ့လယ္ယာထြက္ကုန္ တန္ဖိုးျမင့္ေရး ဂ်ပန္ကူမည္

Farmers plant rice seedlings in a paddy field on the outskirts of Yangon
(Zawgyi)⤵⤵⤵
ျမန္မာႏုိင္ငံမွာ ကုန္ထုတ္စြမ္းအားျမႇင့္တင္ၿပီး ဆင္းရဲႏြမ္းပါးမႈပေပ်ာက္ေရးအတြက္ ရည္ရြယ္ၿပီး ဂ်ပန္ႏုိင္ငံက အေမရိကန္ေဒၚလာ ၃.၆ သန္းတန္ဖုိးရွိတဲ့ ဆည္ေျမာင္း စံနစ္ေကာင္းမြန္ဖုိ႔နဲ႔ စုိက္ပ်ဳိးေရးလုပ္ငန္းေတြ ေကာင္းမြန္စြာ စီမံခန္႔ခြဲႏုိင္ေရးဆုိင္ရာ စီမံကိန္းတခုကုိ လာမယ့္ ေမလမွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။

စုိက္ပ်ဳိးလုပ္ငန္းေတြ ျမႇင့္တင္ေပးၿပီး ဆန္နဲ႔ တျခားလယ္ယာထြက္ကုန္ပစၥည္းေတြ ေစ်းကြက္အတြင္း တန္ဖုိးျမင့္ ေရာင္းခ်ႏုိင္ေရးအတြက္ ကူညီေပးမယ့္ စီမံကိန္းကုိေတာ့ ျမန္မာႏုိင္ငံမွာ စပါးစုိက္ပ်ဳိးမႈအမ်ားဆုံးေဒသတခုျဖစ္တဲ့ ေရႊဘုိခ႐ုိင္အတြင္းက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္မွာ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္းအသစ္အတြက္ ဂ်ပန္ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ JICA နဲ႔ ျမန္မာအစုိးရတုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ေနျပည္ေတာ္မွာ သေဘာတူ လက္မွတ္ေရး ထုိးခဲ့ၾကတာပါ။

ဒီသေဘာတူညီခ်က္က လယ္သမားေတြအတြက္ ေရအရင္းအျမစ္ ပုံမွန္ရရွိေရးနဲ႔ ေရနဲ႔ပတ္သက္တဲ့ စီမံခန္႔ခြဲမႈေတြ ေကာင္းမြန္တုိးတက္ေစေရး အပါအ၀င္ ျမန္မာႏုိင္ငံက လူႀကိဳက္မ်ားၿပီး အရည္အေသြးေကာင္းမြန္တဲ့ ေရႊဘုိ ေပၚဆန္းေမႊးဆန္ကေန ပုိၿပီး အျမတ္အစြန္း ရရွိႏုိင္ေအာင္ လုပ္ေဆာင္ေပးဖုိ႔လည္း JICA နဲ႔ ျမန္မာအစုိးရတုိ႔က ရည္ရြယ္ထားပါတယ္။

၂၀၂၀ ခုႏွစ္ ေမလကေန ၂၀၂၄ ခုႏွစ္ ႏုိ၀င္ဘာလအၾကား ေဆာင္ရြက္မယ့္ ဒီစီမံကိန္းဟာ လယ္သမားေတြ ၀င္ေငြ ပုိမုိရရွိေစေရးနဲ႔ စီမံခန္႔ခြဲမႈ တုိးတက္ ေကာင္းမြန္လာေစေရးတုိ႔အတြက္လည္း ရည္ရြယ္ပါတယ္။

ျမန္မာႏုိင္ငံရဲ႕ လူဦးေရ ၆၀% ဟာ လယ္ယာစုိက္ပ်ဳိးေရးလုပ္ငန္းနဲ႔ အသက္ေမြး၀မ္းေက်ာင္းၾကတာျဖစ္ၿပီး တျခား သစ္ေတာနဲ႔ ေရထြက္လုပ္ငန္း နယ္ပယ္မွာေတာ့ ၃၀% ေလာက္ လုပ္ကုိင္ၾကတယ္လုိ႔ GDP ျပည္တြင္း အသားတင္ ကုန္ထုတ္လုပ္မႈစြမ္းအား အညြန္းကိန္းမွာ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း ျမန္မာႏုိင္ငံရဲ႕ လယ္ယာစုိက္ပ်ဳိးေရး လုပ္ငန္းနယ္ပယ္မွာ နည္းပညာ ဖြံြံ႔ၿဖိဳးတုိးတက္မႈ ေနာက္က်ေနေသးေတာေၾကာင့္ တဟက္တာကုိ စပါး ၅.၅၄ တန္ထြက္တဲ့ ဗီယက္နမ္၊ တဟက္တာကုိ စပါး ၅.၁၅ တန္တဲ့ ဘဂၤလားေဒ့ရွ္တုိ႔နဲ႔ ယွဥ္လုိက္ရင္ ျမန္မာႏုိင္ငံမွာေတာ့ တဟက္တာကုိ ၃.၅ တန္ဘဲ ထြက္တယ္လုိ႔ JICA အဖြဲ႔က ေျပာပါတယ္။

ေရႊဘုိခရုိင္အတြင္းမွာဘဲ ဆည္ေျမာင္းနဲ႔သက္ဆုိင္တဲ့ အေဆာက္အဦးေတြနဲ႔ တျခား လမ္းတံတားေတြ ျပင္ဆင္တဲ့ စီမံကိန္းေတြကုိ JICA က သီးျခား စီမံကိန္းတခုအေနနဲ႔ စတင္ အေကာင္အထည္ ေဖာ္ေနၿပီး ျဖစ္ပါတယ္။

Unicode

မြန်မာနိုင်ငံမှာ ကုန်ထုတ်စွမ်းအားမြှင့်တင်ပြီး ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၆ သန်းတန်ဖိုးရှိတဲ့ ဆည်မြောင်း စံနစ်ကောင်းမွန်ဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးဆိုင်ရာ စီမံကိန်းတခုကို လာမယ့် မေလမှာ စတင်တော့မှာ ဖြစ်ပါတယ်။

စိုက်ပျိုးလုပ်ငန်းတွေ မြှင့်တင်ပေးပြီး ဆန်နဲ့ တခြားလယ်ယာထွက်ကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း တန်ဖိုးမြင့် ရောင်းချနိုင်ရေးအတွက် ကူညီပေးမယ့် စီမံကိန်းကိုတော့ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးမှုအများဆုံးဒေသတခုဖြစ်တဲ့ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းအသစ်အတွက် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြတာပါ။

ဒီသဘောတူညီချက်က လယ်သမားတွေအတွက် ရေအရင်းအမြစ် ပုံမှန်ရရှိရေးနဲ့ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေ ကောင်းမွန်တိုးတက်စေရေး အပါအဝင် မြန်မာနိုင်ငံက လူကြိုက်များပြီး အရည်အသွေးကောင်းမွန်တဲ့ ရွှေဘို ပေါ်ဆန်းမွှေးဆန်ကနေ ပိုပြီး အမြတ်အစွန်း ရရှိနိုင်အောင် လုပ်ဆောင်ပေးဖို့လည်း JICA နဲ့ မြန်မာအစိုးရတို့က ရည်ရွယ်ထားပါတယ်။

၂၀၂၀ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအကြား ဆောင်ရွက်မယ့် ဒီစီမံကိန်းဟာ လယ်သမားတွေ ဝင်ငွေ ပိုမိုရရှိစေရေးနဲ့ စီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်လာစေရေးတို့အတွက်လည်း ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀% ဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းကြတာဖြစ်ပြီး တခြား သစ်တောနဲ့ ရေထွက်လုပ်ငန်း နယ်ပယ်မှာတော့ ၃၀% လောက် လုပ်ကိုင်ကြတယ်လို့ GDP ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုစွမ်းအား အညွန်းကိန်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်မှာ နည်းပညာ ဖွွံံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတောကြောင့် တဟက်တာကို စပါး ၅.၅၄ တန်ထွက်တဲ့ ဗီယက်နမ်၊ တဟက်တာကို စပါး ၅.၁၅ တန်တဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာတော့ တဟက်တာကို ၃.၅ တန်ဘဲ ထွက်တယ်လို့ JICA အဖွဲ့က ပြောပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာဘဲ ဆည်မြောင်းနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေနဲ့ တခြား လမ်းတံတားတွေ ပြင်ဆင်တဲ့ စီမံကိန်းတွေကို JICA က သီးခြား စီမံကိန်းတခုအနေနဲ့ စတင် အကောင်အထည် ဖော်နေပြီး ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com

ေက်ာက္ေတာ္ၿမိဳ႕တြင္း တုိက္ပဲြျဖစ္၊ အရပ္သားတခ်ဳိ႕ဒဏ္ရာရ

ရခိုင္ဒုကၡသည္မ်ား (သတင္းဓာတ္ပံု-Khine Murn Chun (Citizen Journalist))

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္က တပ္စြဲထားတဲ့ ေက်ာက္ေတာ္ၿမိဳ႕အတြင္း မေန႔ညက ပစ္ခတ္မႈ ျဖစ္ပြားၿပီး အမ်ိဳးသမီး ၂ ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ပစ္ခတ္မႈေတြေၾကာင့္ အပ်က္အစီးေတြ ရွိေနသလို ၿမိဳ႕ခံေတြလည္း ေၾကာက္လန္႔တၾကား ျဖစ္ေနၾကတာပါ။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗြီအိုေအသတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕တြင္း မွာ မေန႔က ည ၇နာရီေလာက္မွာ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္သံေတြ ထြက္ေပၚလာၿပီး ေက်ာင္းဆရာမ တဦးနဲ႔ အမ်ိဳးသမီး တဦး ဒဏ္ရာရရွိခဲ့ ေက်ာက္ေတာ္ေဒသခံ ကိုေက်ာ္လွျမင့္က ေျပာပါတယ္။

"က်ေနာ္တို႔ ေက်ာက္ေတာ္မွာ မေန႔က ဒီဇင္ဘာ ၃၀ ရက္ေန႔ ည ၇ နာရီေလာက္မွာ လက္နက္ငယ္ေတြ လက္နက္ႀကီးေတြ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီပစ္ခတ္မႈမွာ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ အမ်ိဳးသမီးႀကီး တဦးရယ္ ေနာက္ပညာေရး ဌာနက ေက်ာင္းဆရာမ တဦးရယ္။ ေပါင္မွာ တစ္ဦးဒဏ္ရာ ရပါတယ္။ ရင္ဘက္မွာ တစ္ဦးဒဏ္ရာရပါတယ္။ ေနာက္ၿပီးေတာ့ ပ်က္စီးဆံုးရံႈးမႈေတြ ရွိပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕ နယ္ ေကာ္မရွင္ရံုးမွာလည္း ပ်က္စီးဆံုးရႈံးမႈေတြ ရွိပါတယ္။ ဒဏ္ရာရတဲ့ အမ်ိဳးသမီးႏွစ္ဦး အေျခအေနကေတာ့ ေဆးရံုက ဆင္းၿပီး အိမ္မွာ အနားယူခိုင္းထားတယ္။ သက္ေတာ့ သက္သာပါတယ္ဗ်ာ။ လံုၿခံဳမႈကေတာ့ဗ်ာ က်ေနာ္တို႔မွာ ကေလးကအစ အိမ္ေအာက္မွာ ဆင္းၿပီးေတာ့ ဝေနၾကရတယ္။ မိုးလင္းတဲ့အထိ ေျမျပင္မွာ ေနရာယူၿပီးေတာ့ မိုးလင္းတဲ့အထိ အိမ္ေနၾကရပါတယ္ ခင္ဗ်ာ။"

မေန႔က ေက်ာ္ေတာ္ၿမိဳ႕တြင္းပစ္ခတ္မႈဟာ ရခိုက္လက္နက္ကိုင္ AA အဖြဲနဲ႔ တုိက္ပြဲ ျဖစ္တာ မဟုတ္ဘဲ တပ္မေတာ္ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ တစ္ဘက္ သတ္ပစ္ခတ္ေနတာ ျဖစ္တယ္လို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

"က်ေနာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာ လံုးဝမရွိဘူး။ ဗမာစစ္တပ္ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ရမ္းသမ္းပစ္ခတ္တာ ျဖစ္တယ္။ မေန႔ က ဘူးသီးေတာင္ဘက္မွာလည္း ရမ္းသမ္း ပစ္ခတ္မႈေတြ လုပ္တာရွိတယ္။ ၿပီးလို႔ရွိရင္ ရေသ့ေတာင္ဘက္မွာလည္း ရမ္းသမ္း ပစ္ခတ္တာေတြ ရွိတယ္။ မင္းျပားၿမိဳ႕နယ္ ဖက္မွာလည္း ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ ပစ္ခတ္မႈေတြ လုပ္တာရွိတယ္။ ဒါဟာ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ က်ေနာ္တို႔ရဲ႕ အျပစ္မယ့္ ျပည္သူေတြကို တမင္သက္သက္ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ပစ္ခတ္ေနတာ ရွိတယ္ဗ်ာ။"

ဒါ့အျပင္ တပ္မေတာ္က ဘူသီးေတာင္ ရေသ့ေတာင္ မင္းျပားၿမိဳ႕နယ္ေတြမွာလည္း တစ္ဖတ္သတ္ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ေက်ာက္ေတာ္ပစ္ခတ္မႈဟာ လံုၿခံဳေရးယူေနတဲ့ တပ္မေတာ္သားေတြကို AA ဘက္က လာေရာက္ပစ္ခတ္ တာျဖစ္လို႔ ေျပာပါတယ္။

"မေန႔က ၇ နာရီ ၅၀ ကေန ၈ နာရီအထိ ေလာက္မွာ ရာေမာင္တံတားကို AA အေယာက္ ၅၀ ေလာက္က တံတားလံုၿခံဳေရး ယူေနတဲ့ အဖြဲ႔ေတြကို လာေရာက္ပစ္ခတ္တာ ရွိတယ္။ ညပိုင္းမွာလည္း ၇ နာရီ ေက်ာ္ေက်ာ္ေလာက္က ေနၿပီးေတာ့ ေက်ာက္ေတာ္ ၿမိဳ႕မွာ လံုၿခံဳေရး ယူေနတဲ့ အဖြဲ႔ေတြကို AA အင္အား ၁၀၀ ေလာက္က လာေရာက္ ပစ္ခတ္တာေတြ ရွိတယ္။ ထိခိုက္က်ဆံုးမႈကေတာ့ မရွိပါဘူး။"

အခုလို တဘက္နဲ႔ တဘက္ အျပန္အလွန္ စြပ္စြဲ ေျပာဆိုရင္း တိုက္ခိုက္မႈေတြ ဆက္လက္ျဖစ္ပြားေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာေတာ့ တပ္မေတာ္က စာသင္ေက်ာင္းေတြနဲ႔ ဘာသာေရး အေဆာက္အဦးေတြမွာ အခုအခ်ိန္ထိ တပ္စြဲထားတယ္ လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးထြန္းဝင္းက ေျပာပါတယ္။

"တခ်ိဳ႕ ဘာသာေရး အေဆာက္အဦးေတြ ေနာက္ ကေလးေတြ စာသင္တဲ့ စာသင္ေက်ာင္းတို႔ တကယ့္ကို စစ္မက္နဲ႔ မဆက္စပ္တဲ့ေနရာေတြ ဒီလိုေနရာမ်ိဳးေတြမွာ လာေရာက္ ေနထိုင္တယ္ဆိုတာက ဘယ္မွကို က်ေနာ္တို႔ ဒါမျဖစ္သင့္တဲ့ အရာေတြေပါ့။ စစ္ဘက္ဆိုင္ရာေတြမွာလည္း သူ႔စည္းမ်ဥ္း စည္းကမ္းေတြ ရွိပါလိမ့္မယ္။ ၿမိဳ႕ထဲမွာေနတဲ့ ေက်ာင္းသားေတြကလည္း မေနရဲၾကေတာ့ပဲ ရြာျပန္ၾကတဲ့ အေျခအေနမ်ိဳးေတြရွိတယ္။"

ေက်ာက္ေတာ္မွာ ရွိတဲ့ စာသင္ေက်ာင္းေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြ ဟာ လံုၿခံဳေရး အတြက္ အခ်က္အခ်ာက်တာေၾကာင့္ တပ္ေတြ ခ်ထားတာ ျဖစ္ေၾကာင္းလည္း ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အဲဒီမွာ ဘုန္းႀကီးေက်ာင္း တခုရွိတယ္။ အဲဒီေနရာကလည္း က်ေနာ္တို႔ ၿမိဳ႕အဝင္အထြက္ အခ်က္အခ်ာ က်တာေၾကာင့္ အဲဒီမွာ လံုၿခံဳေရး ယူေနတာရွိတယ္။ အထက ေက်ာင္းရဲ႕ အနားမွာလည္း ေနရာ တေနရာ ရွိတယ္။ အဲဒီမွာလည္း လံုျခံဳေရး ယူေနတာရွိတယ္။ အဲဒီေနရာကို AA က ပစ္ခတ္တာျဖစ္ပါတယ္။ သူတို႔ ပစ္သတ္ၿပီးရင္ ေဒသခံအမည္ခံထားတဲ့ သူေတြနဲ႔ က်န္တဲ့ သူေတြကေတာ့ တပ္မေတာ္က ပစ္တယ္လို႔ ေျပာေနၾကတယ္။

အခုလို AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာဟာ ၿမိဳ႕ေပၚ ရပ္ကြက္ေတြအထိ က်ယ္ျပန္႔လာတာေၾကာင့္ ေဒသခံျပည္သူေတြရဲ႕ လံုၿခံဳေရးဟာ ဘယ္ေနရာမွာမွ မရွိေတာ့ဘူးလို႔လည္း ဦးထြန္းဝင္းကေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၈ ရက္ေန႔ကလည္း ၿမိဳ႕အတြင္းမွာ တပ္စြဲထားတဲ့ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ပစ္ခတ္မႈ ျဖစ္ပြားၿပီး အရပ္သား ၄ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ အခုလို ႏွစ္ဘက္တိုက္ပြဲေတြအတြင္းမွာ အရပ္သား ထိခိုက္ဒဏ္ရာရမႈေတြ ေသဆံုးသူေတြ ရွိလာတိုင္းမွာလည္း အစိုးရတပ္တို႔ တဘက္နဲ႔ တဘက္ အျပန္ အလွန္စြပ္စြဲေနၾကတာလည္း ျဖစ္ပါတယ္။

[Unicode Version]

ကျောက်တော်မြို့တွင်း တိုက်ပွဲဖြစ်၊ အရပ်သားတချို့ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က တပ်စွဲထားတဲ့ ကျောက်တော်မြို့အတွင်း မနေ့ညက ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် အပျက်အစီးတွေ ရှိနေသလို မြို့ခံတွေလည်း ကြောက်လန့်တကြား ဖြစ်နေကြတာပါ။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့တွင်း မှာ မနေ့က ည ၇နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး ကျောင်းဆရာမ တဦးနဲ့ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်က ပြောပါတယ်။

"ကျနော်တို့ ကျောက်တော်မှာ မနေ့က ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ငယ်တွေ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုမှာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသမီးကြီး တဦးရယ် နောက်ပညာရေး ဌာနက ကျောင်းဆရာမ တဦးရယ်။ ပေါင်မှာ တစ်ဦးဒဏ်ရာ ရပါတယ်။ ရင်ဘက်မှာ တစ်ဦးဒဏ်ရာရပါတယ်။ နောက်ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ ကျောက်တော်မြို့ နယ် ကော်မရှင်ရုံးမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးနှစ်ဦး အခြေအနေကတော့ ဆေးရုံက ဆင်းပြီး အိမ်မှာ အနားယူခိုင်းထားတယ်။ သက်တော့ သက်သာပါတယ်ဗျာ။ လုံခြုံမှုကတော့ဗျာ ကျနော်တို့မှာ ကလေးကအစ အိမ်အောက်မှာ ဆင်းပြီးတော့ ဝနေကြရတယ်။ မိုးလင်းတဲ့အထိ မြေပြင်မှာ နေရာယူပြီးတော့ မိုးလင်းတဲ့အထိ အိမ်နေကြရပါတယ် ခင်ဗျာ။"

မနေ့က ကျော်တော်မြို့တွင်းပစ်ခတ်မှုဟာ ရခိုက်လက်နက်ကိုင် AA အဖွဲနဲ့ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘဲ တပ်မတော်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တစ်ဘက် သတ်ပစ်ခတ်နေတာ ဖြစ်တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

"ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ ဗမာစစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ဖြစ်တယ်။ မနေ့ က ဘူးသီးတောင်ဘက်မှာလည်း ရမ်းသမ်း ပစ်ခတ်မှုတွေ လုပ်တာရှိတယ်။ ပြီးလို့ရှိရင် ရသေ့တောင်ဘက်မှာလည်း ရမ်းသမ်း ပစ်ခတ်တာတွေ ရှိတယ်။ မင်းပြားမြို့နယ် ဖက်မှာလည်း မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ပစ်ခတ်မှုတွေ လုပ်တာရှိတယ်။ ဒါဟာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ကျနော်တို့ရဲ့ အပြစ်မယ့် ပြည်သူတွေကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတာ ရှိတယ်ဗျာ။"

ဒါ့အပြင် တပ်မတော်က ဘူသီးတောင် ရသေ့တောင် မင်းပြားမြို့နယ်တွေမှာလည်း တစ်ဖတ်သတ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကျောက်တော်ပစ်ခတ်မှုဟာ လုံခြုံရေးယူနေတဲ့ တပ်မတော်သားတွေကို AA ဘက်က လာရောက်ပစ်ခတ် တာဖြစ်လို့ ပြောပါတယ်။

"မနေ့က ၇ နာရီ ၅၀ ကနေ ၈ နာရီအထိ လောက်မှာ ရာမောင်တံတားကို AA အယောက် ၅၀ လောက်က တံတားလုံခြုံရေး ယူနေတဲ့ အဖွဲ့တွေကို လာရောက်ပစ်ခတ်တာ ရှိတယ်။ ညပိုင်းမှာလည်း ၇ နာရီ ကျော်ကျော်လောက်က နေပြီးတော့ ကျောက်တော် မြို့မှာ လုံခြုံရေး ယူနေတဲ့ အဖွဲ့တွေကို AA အင်အား ၁၀၀ လောက်က လာရောက် ပစ်ခတ်တာတွေ ရှိတယ်။ ထိခိုက်ကျဆုံးမှုကတော့ မရှိပါဘူး။"

အခုလို တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုရင်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကျောက်တော်မြို့နယ်အတွင်းမှာတော့ တပ်မတော်က စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေမှာ အခုအချိန်ထိ တပ်စွဲထားတယ် လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းက ပြောပါတယ်။

"တချို့ ဘာသာရေး အဆောက်အဦးတွေ နောက် ကလေးတွေ စာသင်တဲ့ စာသင်ကျောင်းတို့ တကယ့်ကို စစ်မက်နဲ့ မဆက်စပ်တဲ့နေရာတွေ ဒီလိုနေရာမျိုးတွေမှာ လာရောက် နေထိုင်တယ်ဆိုတာက ဘယ်မှကို ကျနော်တို့ ဒါမဖြစ်သင့်တဲ့ အရာတွေပေါ့။ စစ်ဘက်ဆိုင်ရာတွေမှာလည်း သူ့စည်းမျဉ်း စည်းကမ်းတွေ ရှိပါလိမ့်မယ်။ မြို့ထဲမှာနေတဲ့ ကျောင်းသားတွေကလည်း မနေရဲကြတော့ပဲ ရွာပြန်ကြတဲ့ အခြေအနေမျိုးတွေရှိတယ်။"

ကျောက်တော်မှာ ရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ ဟာ လုံခြုံရေး အတွက် အချက်အချာကျတာကြောင့် တပ်တွေ ချထားတာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီမှာ ဘုန်းကြီးကျောင်း တခုရှိတယ်။ အဲဒီနေရာကလည်း ကျနော်တို့ မြို့အဝင်အထွက် အချက်အချာ ကျတာကြောင့် အဲဒီမှာ လုံခြုံရေး ယူနေတာရှိတယ်။ အထက ကျောင်းရဲ့ အနားမှာလည်း နေရာ တနေရာ ရှိတယ်။ အဲဒီမှာလည်း လုံခြုံရေး ယူနေတာရှိတယ်။ အဲဒီနေရာကို AA က ပစ်ခတ်တာဖြစ်ပါတယ်။ သူတို့ ပစ်သတ်ပြီးရင် ဒေသခံအမည်ခံထားတဲ့ သူတွေနဲ့ ကျန်တဲ့ သူတွေကတော့ တပ်မတော်က ပစ်တယ်လို့ ပြောနေကြတယ်။

အခုလို AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ မြို့ပေါ် ရပ်ကွက်တွေအထိ ကျယ်ပြန့်လာတာကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ ဘယ်နေရာမှာမှ မရှိတော့ဘူးလို့လည်း ဦးထွန်းဝင်းကပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း မြို့အတွင်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အခုလို နှစ်ဘက်တိုက်ပွဲတွေအတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ သေဆုံးသူတွေ ရှိလာတိုင်းမှာလည်း အစိုးရတပ်တို့ တဘက်နဲ့ တဘက် အပြန် အလှန်စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

သက္ႏိုင္/VOA Burmese
https://burmese.voanews.com

ျမစ္ႀကီးနား-တႏိုင္း ကားလမ္းရွိ ရွဒူးဇြတ္ေက်း႐ြာ ကိုယ္ထူကိုယ္ထေဈး မီးေလာင္၊ ဆိုင္ခန္းေပါင္း ၁၄၀ ခန္႔ႏွင့္ ေနအိမ္ ၁၁ လုံး မီးေလာင္ဆုံးရႈံး

(Zawgyi)⤵⤵⤵
ဖားကန္႔ ၃၁ ဒီဇင္ဘာ

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ျမစ္ႀကီးနား-တႏိုင္း ကားလမ္းရွိ ရွဒူးဇြတ္ေက်း႐ြာ၌ ဒီဇင္ဘာ ၃၀ ရက္ ညပိုင္းက ကိုယ္ထူကိုယ္ထေက်း႐ြာဖြံ႕ၿဖိဳးေရးေဈး မီးေလာင္မႈျဖစ္ပြားခဲ့၍ ဆိုင္ခန္းေပါင္း ၁၄၀ ခန္႔ႏွင့္ လူေနအိမ္ ၁၁ အိမ္ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၃၀ ရက္ ည ၁၁ နာရီ မိနစ္ ၂၀ ခန္႔က ေဈးအတြင္းရွိ ဆိုင္ခန္းတစ္ခန္းမွ မီးႂကြင္းမီးက်န္မွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး နယ္ေျမမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္တစ္စီး၊ ေက်း႐ြာအနီးရွိ ယုဇနကုမၸဏီမွ ေရသယ္ယာဥ္တစ္စီးႏွင့္ ေဒသခံျပည္သူမ်ား ဝိုင္းဝန္းျငႇိမ္းမႈေၾကာင့္ ယေန႔နံနက္ ၁ နာရီခြဲတြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့သည္။


မီးေလာင္ကြၽမ္းမႈေၾကာင့္ ေဈးဆိုင္အခန္းေပါင္း(၁၄၀)ခန္႔၊ သြပ္မိုး၊ ပ်ဥ္ခင္း၊ အုတ္ကာ ႏွစ္ထပ္ ေနအိမ္ေလးလုံး၊ သြပ္မိုး၊ ထရံကာ တစ္ထပ္ေနအိမ္ခုနစ္လုံး မီးေလာင္ကြၽမ္းခဲ့ကာ လူႏွင့္တိရစာၦန္ထိခိုက္မႈမရွိေၾကာင္း သိရသည္။


မီးေလာင္ကြၽမ္းရာေနရာသို႔ ကာမိုင္းၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးသန္းထိုက္၊ ကာမိုင္းနယ္ေျမရဲစခန္းမွ ရဲအုပ္သိန္းျမင့္ႏွင့္ တာဝန္ရွိသူမ်ားမွ သြားေရာက္ၾကည့္ရႈစစ္ေဆးကာ လိုအပ္သည္မ်ား စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


မီးေလာင္ကြၽမ္းမႈႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးကို ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့ "ဒီဇင္ဘာ ၃၀ ရက္ ည ၁၁ နာရီ ၂၀ မိနစ္ ပတ္ဝန္းက်င္ေလာက္က စေလာင္ခဲ့တာျဖစ္ၿပီး ဒီေန႔မနက္ ၁ နာရီေက်ာ္ေလာက္မွာ မီးၿငိမ္းသြားခဲ့တာပါ၊ မီးေလာင္တဲ့အခ်ိန္မွာ ေလကလည္းအရမ္းတိုက္ေနတယ္၊ ႐ြာက မီးသတ္ကားတစ္စီး၊ ႐ြာအနီးမွာရွိတဲ့ ယုဇနကုမၸဏီက ေရသယ္ယာဥ္တစ္စီးနဲ႔ ေဒသခံေတြ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့တာ ၁ နာရီေက်ာ္ေလာက္ၾကာေအာင္ ျငႇိမ္းသတ္ခဲ့ရပါတယ္၊ မီးေလာင္ကြၽမ္းမႈ ရပ္တန္႔သြားတာကေတာ့ မီးေလာင္ေနတဲ့ပတ္ဝန္းက်င္က မီးကူးႏိုင္တဲ့ေနရာေတြကို ဘူဒိုဇာယာဥ္နဲ႔ဖ်က္ၿပီး မီးတားႏိုင္ခဲ့တာေၾကာင့္လို႔" မ်က္ျမင္ေတြ႕ရွိခဲ့သူက ဖုန္းနဲ႔ေျဖၾကားခဲ့ပါတယ္။

ဝင္းႏိုင္(ကခ်င္ေျမ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ ရှဒူးဇွတ်ကျေးရွာ ကိုယ်ထူကိုယ်ထဈေး မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၄၀ ခန့်နှင့် နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံး

ဖားကန့် ၃၁ ဒီဇင်ဘာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း ကားလမ်းရှိ ရှဒူးဇွတ်ကျေးရွာ၌ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက ကိုယ်ထူကိုယ်ထကျေးရွာဖွံ့ဖြိုးရေးဈေး မီးလောင်မှုဖြစ်ပွားခဲ့၍ ဆိုင်ခန်းပေါင်း ၁၄၀ ခန့်နှင့် လူနေအိမ် ၁၁ အိမ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က ဈေးအတွင်းရှိ ဆိုင်ခန်းတစ်ခန်းမှ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီမှ ရေသယ်ယာဉ်တစ်စီးနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းမှုကြောင့် ယနေ့နံနက် ၁ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်အခန်းပေါင်း(၁၄၀)ခန့်၊ သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ကာ နှစ်ထပ် နေအိမ်လေးလုံး၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းရာနေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ ကာမိုင်းနယ်မြေရဲစခန်းမှ ရဲအုပ်သိန်းမြင့်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ "ဒီဇင်ဘာ ၃၀ ရက် ည ၁၁ နာရီ ၂၀ မိနစ် ပတ်ဝန်းကျင်လောက်က စလောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၁ နာရီကျော်လောက်မှာ မီးငြိမ်းသွားခဲ့တာပါ၊ မီးလောင်တဲ့အချိန်မှာ လေကလည်းအရမ်းတိုက်နေတယ်၊ ရွာက မီးသတ်ကားတစ်စီး၊ ရွာအနီးမှာရှိတဲ့ ယုဇနကုမ္ပဏီက ရေသယ်ယာဉ်တစ်စီးနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာ ၁ နာရီကျော်လောက်ကြာအောင် ငြှိမ်းသတ်ခဲ့ရပါတယ်၊ မီးလောင်ကျွမ်းမှု ရပ်တန့်သွားတာကတော့ မီးလောင်နေတဲ့ပတ်ဝန်းကျင်က မီးကူးနိုင်တဲ့နေရာတွေကို ဘူဒိုဇာယာဉ်နဲ့ဖျက်ပြီး မီးတားနိုင်ခဲ့တာကြောင့်လို့" မျက်မြင်တွေ့ရှိခဲ့သူက ဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။

ဝင်းနိုင်(ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဗ်တၱပန္းဆက္လမ္းတြင္ အမ်ိဳးသမီးႀကီးတစ္ဦးအား အိမ္စီးကားငယ္တစ္စီးမွ တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပး

(Zawgyi)⤵⤵⤵
ေက်ာက္ပန္းေတာင္း ၃၁ ဒီဇင္ဘာ

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားရဲစခန္းအပိုင္ ေညာင္ဦး-ပုပၸားသြား ဗ်တၱပန္းဆက္လမ္း ေဒါင္းလည္ေက်း႐ြာအနီး မိုင္တိုင္ ၁၀/၉ ႏွင့္ ၁၀/၈ အၾကားတြင္၊ ဒီဇင္ဘာ ၃၀ ရက္ ညေန ၅ နာရီခန႔္က အသက္(၅၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးအား အိမ္စီးကားငယ္တစ္စီးက ဝင္ေရာက္တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေညာင္ဦး-ပုပၸားသြား ဗ်တၱပန္းဆက္လမ္း၊ ေဒါင္းလည္ေက်း႐ြာအနီး မိုင္တိုင္ ၁၀/၉ ႏွင့္ ၁၀/၈ အၾကားတြင္ ေဒၚလွတင္(၅၈)ႏွစ္ ကုန္းေပၚနက္ေက်း႐ြာေနသူသည္ ခရီးသြားယာဥ္မ်ားမွ လမ္းေပၚသို႔ ပစ္ခ်စြန႔္ႀကဲခဲ့သည့္ေငြကို သြားေရာက္ေကာက္ယူစဥ္ ပုပၸားဘက္မွ ေညာင္ဦးဘက္သို႔ ယာဥ္နံပါတ္မမွတ္မိ၊ အေရာင္မမွတ္မိ၊ အိမ္စီးကားအေသးတစ္စီးမွ တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း တစ္႐ြာတည္းေန သိန္းထြန္း ကုန္းေပၚနက္ေက်း႐ြာေနသူမွ ေျပာျပသျဖင့္ သိရွိရေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ေဒၚလွတင္တြင္ ဦးေခါင္းေနာက္ေစ့ ေသြးထြက္ေပါက္ၿပဲဒဏ္ရာ (စိုးရိမ္ရ) ရရွိခဲ့သျဖင့္ ေက်ာက္ပန္းေတာင္း ျပည္သူ႔ေဆး႐ုံသို႔ရဲေဆးစာျဖင့္ ပို႔ေဆာင္ကုသလ်က္ရွိေၾကာင္းသိရၿပီး ေဒၚလွတင္၏ တူေတာ္သူ မင္းသူ ေတာင္သူ၊ ကုန္းေပၚနက္ေက်း႐ြာက တရားလိုအျဖစ္ အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ပုပၸားရဲကင္းစခန္းမွ အမႈဖြင့္လွစ္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေနေအာင္(ျပန္/ဆက္)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
ကျောက်ပန်းတောင်းမြို့နယ် ဗျတ္တပန်းဆက်လမ်းတွင် အမျိုးသမီးကြီးတစ်ဦးအား အိမ်စီးကားငယ်တစ်စီးမှ တိုက်မိပြီး မောင်းနှင်ထွက်ပြေး

ကျောက်ပန်းတောင်း ၃၁ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားရဲစခန်းအပိုင် ညောင်ဦး-ပုပ္ပားသွား ဗျတ္တပန်းဆက်လမ်း ဒေါင်းလည်ကျေးရွာအနီး မိုင်တိုင် ၁၀/၉ နှင့် ၁၀/၈ အကြားတွင်၊ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီခန့်က အသက်(၅၈)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား အိမ်စီးကားငယ်တစ်စီးက ဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်ဦး-ပုပ္ပားသွား ဗျတ္တပန်းဆက်လမ်း၊ ဒေါင်းလည်ကျေးရွာအနီး မိုင်တိုင် ၁၀/၉ နှင့် ၁၀/၈ အကြားတွင် ဒေါ်လှတင်(၅၈)နှစ် ကုန်းပေါ်နက်ကျေးရွာနေသူသည် ခရီးသွားယာဉ်များမှ လမ်းပေါ်သို့ ပစ်ချစွန့်ကြဲခဲ့သည့်ငွေကို သွားရောက်ကောက်ယူစဉ် ပုပ္ပားဘက်မှ ညောင်ဦးဘက်သို့ ယာဉ်နံပါတ်မမှတ်မိ၊ အရောင်မမှတ်မိ၊ အိမ်စီးကားအသေးတစ်စီးမှ တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း တစ်ရွာတည်းနေ သိန်းထွန်း ကုန်းပေါ်နက်ကျေးရွာနေသူမှ ပြောပြသဖြင့် သိရှိရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်လှတင်တွင် ဦးခေါင်းနောက်စေ့ သွေးထွက်ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့် ပို့ဆောင်ကုသလျက်ရှိကြောင်းသိရပြီး ဒေါ်လှတင်၏ တူတော်သူ မင်းသူ တောင်သူ၊ ကုန်းပေါ်နက်ကျေးရွာက တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ပုပ္ပားရဲကင်းစခန်းမှ အမှုဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/

ဦးေဝွ႔တင္းလြတ္ေျမာက္ေရး ၀ ဦးေဆာင္တဲ့ FPNCC ကို အကူအညီေတာင္း

လႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ေအေအ ဖမ္းဆီးထားတာ ၂လနီးပါးရွိလာ
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ (ေအေအ)ရဲ႕ဖမ္းဆီးထိန္းသိမ္းတာ ခံထားရတဲ့ NLDလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္း ျပန္လည္လြတ္ေျမာက္ေရးအတြက္ မိသားစုဝင္ေတြကေန ' ဝ'ဦးေဆာင္တဲ့ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ကိုစာေပးပို႔ အကူအညီေတာင္းထားတယ္လို႔ မိသားစုဝင္ေတြဆီကေန သိရပါတယ္။

၀ အဖြဲ႕ဦးေဆာင္တဲ့ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ FPNCC မွာ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔အတူ ရကၡိဳင့္တပ္ေတာ္ (ေအေအ)လည္း ပါဝင္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္တစ္ဦးလည္းျဖစ္ လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္တဲ့ ဦးေဝွ႔တင္းဟာ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ဖမ္းဆီးတာကို ခံထားရတာအခုဆို ၂လနီးပါးရွိလာၿပီ ျဖစ္ပါတယ္။

ဖမ္းဆီးခံထားရတာ လနဲ႔ခ်ီၾကာလာၿပီျဖစ္တဲ့ ဦးေဝွ႔တင္းျပန္လည္လြတ္ေျမာက္ေရးအတြက္ မိသားစုဝင္ေတြအေနနဲ႔ FPNCC ကိုလိပ္မူၿပီးအကူအညီေတာင္းတဲ့စာကို ဗဟိုဌာနခ်ဳပ္ကို ေပးပို႔ထားၿပီးျဖစ္တယ္လို႔ ၀ အဖြဲ႕ ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဦးညီရန္းက ဘီဘီစီကိုအတည္ျပဳ ေျပာဆိုပါတယ္။

ဒါေပမယ့္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးဖို႔ FPNCCအေနနဲ႔ ၾကားဝင္ညႇိႏႈိင္းေပးဖို႔ ရွိမရွိကိုေတာ့ အခုခ်ိန္ထိ မသိရေသးဘူးလို႔လည္း ဦးညီရန္းကေျပာပါတယ္။

'' အရင္ကေတာ့ TNLA ကဖမ္းထားတဲ့ နန္းမိုဟြမ္ကိုေတာ့ ၀ အဖြဲ႕ရဲ႕ ၾကားဝင္ဖ်န္ေျဖမႈနဲ႔ ျပန္လြတ္လာခဲ့တဲ့ ျဖစ္စဥ္ေတာ့ရွိခဲ့ဖူးတယ္။ အခုဦးေဝွ႔တင္းကိစၥမွာေတာ့ ဘယ္လိုရွိမလဲမသိေသးဘူး။ တစ္စုံတစ္ရာ ဌာနခ်ဳပ္ဘက္က ေျပာဆိုတာမ်ိဳးေတာ့မရွိေသးဘူး''လို႔လည္း ဦးညီရန္းကေျပာျပပါတယ္။

ဦးေဝွ႔တင္း ျပန္လည္လြတ္ေျမာက္ေရးအတြက္ မိသားစုဝင္ေတြအေနနဲ႔ FPNCCကို စာေပးပို႔အကူအညီ ေတာင္းထားတာဟာ တစ္လနီးပါးရွိသြားၿပီလည္းျဖစ္ပါတယ္။
 ေအေအက ဖမ္းဆီးထားတဲ့ NLD ပါတီဝင္ျဖစ္တဲ့ ဦးရဲသိန္းကို လက္နက္ႀကီးမွန္လို႔ ေသဆုံးသြားၿပီလို႔ ထုတ္ျပန္ခဲ့

ဦးေဝွ႔တင္းနည္းတူ ရကၡိဳင့္တပ္ေတာ္ ေအေအကဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ပါတီဥကၠဌျဖစ္သူ ဦးရဲသိန္းဟာ လက္နက္ႀကီးမွန္လို႔ ေသဆုံးသြားၿပီလို႔ ေအေအက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုအေျခအေနေတြၾကားမွာ ဦးေဝွ႔တင္းရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး မိသားစုဝင္ေတြ ဦးရဲသိန္းနည္းတူ ျဖစ္လာမွာကိုေတာ့ အေတာ္ေလးေၾကာက္မိတယ္လို႔ ဦးေဝွ႔တင္းရဲ႕ဇနီးျဖစ္သူ ေဒၚခင္အိဆင့္က ဘီဘီစီကို ေျပာပါတယ္။

ဒီလိုေၾကာက္႐ြံ႕မႈေတြရွိေနေပမယ့္လည္း ေအေအအေနနဲ႔ ဦးေဝွ႔တင္းကို ျပန္လြတ္ေပးမယ္လို႔ ယုံၾကည္ေနဆဲျဖစ္တယ္လို႔လည္း သူမက ဆိုပါတယ္။

ဦးေဝွ႔တင္းဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၃ရက္ေန႔က ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္းမွာ အိႏၵိယအစိုးရက လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ကုလားတန္ ဘက္စုံဖြံ႕ၿဖိဳးေရးစီမံကိန္းအတြက္ သြားေရာက္ရာက ေအေအရဲ႕ ဖမ္းဆီးမႈကိုခံခဲ့ရတာျဖစ္ပါတယ္။

လတ္တေလာမွာ ရကၡိဳင့္တပ္ေတာ္ ေအေအက ဖမ္းဆီးထားတဲ့ ဓားစာခံအခ်ိဳ႕ေသဆုံးတာေတြရွိလာခ်ိန္မွာပဲ ေအေအအေနနဲ႔ ဦးေဝွ႔တင္းရဲ႕လုံၿခဳံေရးအေပၚတတ္ႏိုင္သမွ်ကာကြယ္ေပးသြားမွာျဖစ္ေပမယ့္ စစ္ေျမျပင္ ျဖစ္တဲ့အတြက္ ဦးရဲသိန္းလိုမျဖစ္ဘူးလို႔ေတာ့ အာမခံခ်က္ မေပးႏိုင္ဘူးလို႔ ေအေအရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခက ထုတ္ေဖာ္ေျပာဆိုထားတာေတြလည္းရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဦးဝှေ့တင်းလွတ်မြောက်ရေး ၀ ဦးဆောင်တဲ့ FPNCC ကို အကူအညီတောင်း

ဓာတ်ပုံ မူပိုင် ပြည်ထောင်စုလွှတ်တော် FB
Image caption လွှတ်တော်အမတ် ဦးဝှေ့တင်းကို အေအေ ဖမ်းဆီးထားတာ ၂လနီးပါးရှိလာ

ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ NLDလွှတ်တော်အမတ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေကနေ ' ဝ'ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ကိုစာပေးပို့ အကူအညီတောင်းထားတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

၀ အဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် (အေအေ)လည်း ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ ဦးဝှေ့တင်းဟာ ရက္ခိုင့်တပ်တော် အေအေရဲ့ ဖမ်းဆီးတာကို ခံထားရတာအခုဆို ၂လနီးပါးရှိလာပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတာ လနဲ့ချီကြာလာပြီဖြစ်တဲ့ ဦးဝှေ့တင်းပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေအနေနဲ့ FPNCC ကိုလိပ်မူပြီးအကူအညီတောင်းတဲ့စာကို ဗဟိုဌာနချုပ်ကို ပေးပို့ထားပြီးဖြစ်တယ်လို့ ၀ အဖွဲ့ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက ဘီဘီစီကိုအတည်ပြု ပြောဆိုပါတယ်။

ဒါပေမယ့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ FPNCCအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ ရှိမရှိကိုတော့ အခုချိန်ထိ မသိရသေးဘူးလို့လည်း ဦးညီရန်းကပြောပါတယ်။

'' အရင်ကတော့ TNLA ကဖမ်းထားတဲ့ နန်းမိုဟွမ်ကိုတော့ ၀ အဖွဲ့ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ပြန်လွတ်လာခဲ့တဲ့ ဖြစ်စဉ်တော့ရှိခဲ့ဖူးတယ်။ အခုဦးဝှေ့တင်းကိစ္စမှာတော့ ဘယ်လိုရှိမလဲမသိသေးဘူး။ တစ်စုံတစ်ရာ ဌာနချုပ်ဘက်က ပြောဆိုတာမျိုးတော့မရှိသေးဘူး''လို့လည်း ဦးညီရန်းကပြောပြပါတယ်။

ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေအနေနဲ့ FPNCCကို စာပေးပို့အကူအညီ တောင်းထားတာဟာ တစ်လနီးပါးရှိသွားပြီလည်းဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် YE THEIN / FACEBOOK
Image caption အေအေက ဖမ်းဆီးထားတဲ့ NLD ပါတီဝင်ဖြစ်တဲ့ ဦးရဲသိန်းကို လက်နက်ကြီးမှန်လို့ သေဆုံးသွားပြီလို့ ထုတ်ပြန်ခဲ့

ဦးဝှေ့တင်းနည်းတူ ရက္ခိုင့်တပ်တော် အေအေကဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌဖြစ်သူ ဦးရဲသိန်းဟာ လက်နက်ကြီးမှန်လို့ သေဆုံးသွားပြီလို့ အေအေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ ဦးဝှေ့တင်းရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး မိသားစုဝင်တွေ ဦးရဲသိန်းနည်းတူ ဖြစ်လာမှာကိုတော့ အတော်လေးကြောက်မိတယ်လို့ ဦးဝှေ့တင်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုကြောက်ရွံ့မှုတွေရှိနေပေမယ့်လည်း အေအေအနေနဲ့ ဦးဝှေ့တင်းကို ပြန်လွတ်ပေးမယ်လို့ ယုံကြည်နေဆဲဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယအစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် သွားရောက်ရာက အေအေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

လတ်တလောမှာ ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထားတဲ့ ဓားစာခံအချို့သေဆုံးတာတွေရှိလာချိန်မှာပဲ အေအေအနေနဲ့ ဦးဝှေ့တင်းရဲ့လုံခြုံရေးအပေါ်တတ်နိုင်သမျှကာကွယ်ပေးသွားမှာဖြစ်ပေမယ့် စစ်မြေပြင် ဖြစ်တဲ့အတွက် ဦးရဲသိန်းလိုမဖြစ်ဘူးလို့တော့ အာမခံချက် မပေးနိုင်ဘူးလို့ အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ထုတ်ဖော်ပြောဆိုထားတာတွေလည်းရှိပါတယ်။

BBC Burmese
https://www.bbc.com

ေ႐ႊေဈးကြက္ကို ဥပေဒျပဳၿပီးအစိုးရက ထိန္းခ်ဳပ္ဖို႔ႀကိဳးစားေန

 ျမန္မာႏိုင္ငံမွာ ေ႐ႊကို စုတဲ့ သူေတြက အတုံးလိုက္ ဝယ္ၾကတာပါ။
(Zawgyi)⤵⤵⤵
ဗဟိုဘဏ္က အသစ္ျပန္လည္ ေရးဆြဲထားတဲ့ ႏိုင္ငံျခား သုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒၾကမ္းမွာ ေ႐ႊနဲ႔ လက္ဝတ္ ရတနာမ်ား ေရာင္းဝယ္ျခင္း အတြက္ ဗဟိုဘဏ္ ခြင့္ျပဳခ်က္ရယူဖို႔ သတ္မွတ္ခ်က္ေတြ ထည့္သြင္းထားပါတယ္။

အဲဒီဥပေဒဟာ ျပည္ေထာင္စုလႊတ္ေတာ္ကိုေရာက္ေနၿပီးေတာ့ေဈးကြက္ထဲမွာေရာင္းဝယ္ေနၾကတဲ့ စံခ်ိန္မီေ႐ႊ ေ႐ႊအရည္ေသြး ၉၉.၅ ရွိတဲ့ ေ႐ႊတုံးမ်ိဳးေတြပိုင္ဆိုင္ျခင္းကို ဗဟိုဘဏ္ရဲ႕ ခြင့္ျပဳခ်က္ရယူ မယ္ဆိုၿပီးအဆိုပါ ဥပေဒၾကမ္းမွာ ထည့္ထားတာပါ။

အသစ္ျပန္စမယ့္လႊတ္ေတာ္ အစည္းေဝးေတြမွာဒီဥပေဒၾကမ္းကိုေဆြးေႏြးဖို႔လည္း ရွိေနပါတယ္။

ဒါေပမယ့္ ဥပေဒၾကမ္းအဆင့္ပဲရွိေသးတာျဖစ္သလို လုပ္ထုံးလုပ္နည္း နဲ႔နည္းဥပေဒေတြထြက္လာရင္လည္း ေျပာင္းလာႏိုင္တာေၾကာင့္ စံခ်ိန္မီေ႐ႊ အားလုံးမဟုတ္ဘဲ နဲ႔ ပမာဏ တစ္ခု သတ္မွတ္ေကာင္း သတ္မွတ္ႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ဥကၠ႒ ဦေက်ာ္ဝင္းကေျပာပါတယ္။
အခုရက္ပိုင္း ေ႐ႊေစ်းတက္

စံခ်ိန္မီေ႐ႊကို ေ႐ႊသန႔္စင္မႈ ၉၉ ဒသမ ၅ ရာခိုင္ႏႈန္း နဲ႔ အထက္ရွိတဲ့ ေ႐ႊေခ်ာင္း၊ ေ႐ႊတုံးေတြ ျဖစ္ေၾကာင္း ဗဟိုဘဏ္ ဥပေဒၾကမ္း မွာ သတ္မွတ္ထားပါတယ္။

"စံခ်ိန္မီေ႐ႊ ကို ႏိုင္ငံျခားေငြလို႔ သတ္မွက္လိုက္တာပါ၊ အဲဒီလို သတ္မွက္လိုက္လို႔ ဗဟိုဘဏ္ ခြင့္ျပဳခ်က္လိုကို လို တယ္ျဖစ္တယ္ဆိုတဲ့သေဘာပါ"လို႔ ျမန္မာႏိုင္ငံ ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ဥကၠ႒ ဦေက်ာ္ဝင္းကေျပာပါတယ္။

အခုလက္ရွိမွာ ေတာ့ရန္ကုန္ၿမိဳ႕ေ႐ႊဘုံသာလမ္းနဲ႔ မႏၲေလးေ႐ႊလုပ္ငန္းရွင္ အသင္းတို႔မွာ စံခ်ိန္မွီ ေ႐ႊေတြကို ေန႔စဥ္ ပိသာနဲ႔ခ်ီၿပီးလြတ္လြတ္လပ္လပ္ေရာင္းဝယ္ေနၾကတာျဖစ္ပါတယ္။

စံခ်ိန္မီေ႐ႊကို ျပည္တြင္းမွာ ပမာဏအလိုက္ မခြဲျခားဖူးဆိုရင္ ေတာ့ ေ႐ႊကို ဝယ္ယူစုေဆာင္းတဲ့ သူေတြပါ ဗဟိုဘဏ္ကို ခြင့္ျပဳခ်က္ယူရ မယ့္သေဘာမ်ိဳးျဖစ္ေနပါတယ္လို႔ မႏၲေလးကေ႐ႊလုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။
မူဆယ္နယ္စပ္ကကိုးေလးလုံးေ႐ႊေတြ ျမန္မာျပည္ထဲကို ဝင္လာေန

ဒီ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒၾကမ္း မွာရွင္းရွင္းလင္းလင္း မကြဲျပားတာက ေ႐ႊဆိုင္မ်ားတြင္ လာေရာက္ ေရာင္းဝယ္ တာ ကို ခြင့္ျပဳခ်က္ လိုမလို ဆိုတာျဖစ္ပါတယ္ ။

"ျမန္မာ ကေ႐ႊႀကိဳက္ေတာ့ ေ႐ႊတုံးေလးတစ္က်ပ္ သားႏွစ္က်ပ္သားေလးဝယ္တာနဲ႔ ဗဟိုဘဏ္ လက္မွက္မပါရင္ ဒုကၡေရာက္မယ္ဆိုတာက ေတာ့ ျပည္သူျပည္သားအတြက္ ေတာ့ အခက္အခဲရွိမွာေပါ့ ဒီဥပေဒကို ထုတ္ရတဲ့ အဓိက ရည္႐ြယ္ခ်က္ က ဘာကို ရည္႐ြယ္တာလဲဆိုတာေပါ့မွာ မူတည္တာေပါ့ "လို႔ ေအာင္သမာဓိေ႐ႊဆိုင္ပိုင္ရွင္ ဦးေအာင္ ကေျပာပါတယ္။

အခု ဥပေဒၾကမ္းဟာ ျပည္တြင္း ေ႐ႊလုပ္ငန္း လုပ္ကိုင္ေနတဲ့ ရန္ကုန္၊ မႏၲေလး လုပ္ငန္းရွင္ ေတြ နဲ႔ အသင္းအဖြဲ႕ေတြကို ေဆြးေႏြး တိုင္ပင္ျခင္း မရွိဘဲ ေရးဆြဲထားတာေၾကာင့္ ေဈးကြက္ အေျခအေန ေတြနဲ႔ ကိုက္ညီမႈမရွိဘူးလို႔လည္း လုပ္ငန္းရွင္ ေတြကေျပာပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္ မွာ ဥပေဒၾကမ္းအဆင့္သာ ရွိေသးတာေၾကာင့္ ေ႐ႊေဈးကြက္အေပၚကို ႐ိုက္ခတ္ႏိုင္ေခ် မရွိေသးဘူးလို႔လည္းလုပ္ငန္းရွင္မ်ားက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရွှေဈေးကွက်ကို ဥပဒေပြုပြီးအစိုးရက ထိန်းချုပ်ဖို့ကြိုးစားနေ

ဓာတ်ပုံ မူပိုင် YGEA
Image caption မြန်မာနိုင်ငံမှာ ရွှေကို စုတဲ့ သူတွေက အတုံးလိုက် ဝယ်ကြတာပါ။

ဗဟိုဘဏ်က အသစ်ပြန်လည် ရေးဆွဲထားတဲ့ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်းမှာ ရွှေနဲ့ လက်ဝတ် ရတနာများ ရောင်းဝယ်ခြင်း အတွက် ဗဟိုဘဏ် ခွင့်ပြုချက်ရယူဖို့ သတ်မှတ်ချက်တွေ ထည့်သွင်းထားပါတယ်။

အဲဒီဥပဒေဟာ ပြည်ထောင်စုလွှတ်တော်ကိုရောက်နေပြီးတော့ဈေးကွက်ထဲမှာရောင်းဝယ်နေကြတဲ့ စံချိန်မီရွှေ ရွှေအရည်သွေး ၉၉.၅ ရှိတဲ့ ရွှေတုံးမျိုးတွေပိုင်ဆိုင်ခြင်းကို ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရယူ မယ်ဆိုပြီးအဆိုပါ ဥပဒေကြမ်းမှာ ထည့်ထားတာပါ။

အသစ်ပြန်စမယ့်လွှတ်တော် အစည်းဝေးတွေမှာဒီဥပဒေကြမ်းကိုဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ဒါပေမယ့် ဥပဒေကြမ်းအဆင့်ပဲရှိသေးတာဖြစ်သလို လုပ်ထုံးလုပ်နည်း နဲ့နည်းဥပဒေတွေထွက်လာရင်လည်း ပြောင်းလာနိုင်တာကြောင့် စံချိန်မီရွှေ အားလုံးမဟုတ်ဘဲ နဲ့ ပမာဏ တစ်ခု သတ်မှတ်ကောင်း သတ်မှတ်နိုင်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦကျော်ဝင်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Huw Evans picture agency
Image caption အခုရက်ပိုင်း ရွှေဈေးတက်

စံချိန်မီရွှေကို ရွှေသန့်စင်မှု ၉၉ ဒသမ ၅ ရာခိုင်နှုန်း နဲ့ အထက်ရှိတဲ့ ရွှေချောင်း၊ ရွှေတုံးတွေ ဖြစ်ကြောင်း ဗဟိုဘဏ် ဥပဒေကြမ်း မှာ သတ်မှတ်ထားပါတယ်။

"စံချိန်မီရွှေ ကို နိုင်ငံခြားငွေလို့ သတ်မှက်လိုက်တာပါ၊ အဲဒီလို သတ်မှက်လိုက်လို့ ဗဟိုဘဏ် ခွင့်ပြုချက်လိုကို လို တယ်ဖြစ်တယ်ဆိုတဲ့သဘောပါ"လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦကျော်ဝင်းကပြောပါတယ်။

အခုလက်ရှိမှာ တော့ရန်ကုန်မြို့ရွှေဘုံသာလမ်းနဲ့ မန္တလေးရွှေလုပ်ငန်းရှင် အသင်းတို့မှာ စံချိန်မှီ ရွှေတွေကို နေ့စဉ် ပိသာနဲ့ချီပြီးလွတ်လွတ်လပ်လပ်ရောင်းဝယ်နေကြတာဖြစ်ပါတယ်။

စံချိန်မီရွှေကို ပြည်တွင်းမှာ ပမာဏအလိုက် မခွဲခြားဖူးဆိုရင် တော့ ရွှေကို ဝယ်ယူစုဆောင်းတဲ့ သူတွေပါ ဗဟိုဘဏ်ကို ခွင့်ပြုချက်ယူရ မယ့်သဘောမျိုးဖြစ်နေပါတယ်လို့ မန္တလေးကရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မူဆယ်နယ်စပ်ကကိုးလေးလုံးရွှေတွေ မြန်မာပြည်ထဲကို ဝင်လာနေ

ဒီ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်း မှာရှင်းရှင်းလင်းလင်း မကွဲပြားတာက ရွှေဆိုင်များတွင် လာရောက် ရောင်းဝယ် တာ ကို ခွင့်ပြုချက် လိုမလို ဆိုတာဖြစ်ပါတယ် ။

"မြန်မာ ကရွှေကြိုက်တော့ ရွှေတုံးလေးတစ်ကျပ် သားနှစ်ကျပ်သားလေးဝယ်တာနဲ့ ဗဟိုဘဏ် လက်မှက်မပါရင် ဒုက္ခရောက်မယ်ဆိုတာက တော့ ပြည်သူပြည်သားအတွက် တော့ အခက်အခဲရှိမှာပေါ့ ဒီဥပဒေကို ထုတ်ရတဲ့ အဓိက ရည်ရွယ်ချက် က ဘာကို ရည်ရွယ်တာလဲဆိုတာပေါ့မှာ မူတည်တာပေါ့ "လို့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင် ကပြောပါတယ်။

အခု ဥပဒေကြမ်းဟာ ပြည်တွင်း ရွှေလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်၊ မန္တလေး လုပ်ငန်းရှင် တွေ နဲ့ အသင်းအဖွဲ့တွေကို ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ ရေးဆွဲထားတာကြောင့် ဈေးကွက် အခြေအနေ တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း လုပ်ငန်းရှင် တွေကပြောပါတယ်။

ဒါပေမယ့်လက်ရှိအချိန် မှာ ဥပဒေကြမ်းအဆင့်သာ ရှိသေးတာကြောင့် ရွှေဈေးကွက်အပေါ်ကို ရိုက်ခတ်နိုင်ချေ မရှိသေးဘူးလို့လည်းလုပ်ငန်းရှင်များက ပြောပါတယ်။

BBC Burmese
https://www.bbc.com

မင္းျပား ရာေမာင္တံတားလံုျခံဳေရးတပ္ကို AA ပစ္ခတ္

ရကၡိဳင့္တပ္မေတာ္ (သတင္းဓာတ္ပံု-သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားမွာ လုံျခံဳေရးယူေနတဲ့ ျမန္မာစစ္တပ္ကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဒီမနက္မွာ ပစ္ခတ္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ဒီေန႔တိုက္ပြဲျဖစ္စဥ္ကို မသိရွိေသးေပမဲ့ မေန႔က ဘူးသီးေတာင္ျမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္ဘက္က ေလယာဥ္နဲ႔ ပစ္ခတ္မႈ ရွိေနတယ္လို႔ AA တာ၀န္ရွိသူေတြက ဆိုပါတယ္။ ပစ္ခတ္မႈမွာ အရပ္သားေတြေနတဲ့ ရြာထဲလက္နက္ၾကီး က်ည္က်ခဲ့တယ္လို႔လည္း ေဒသခံေတြက ဆိုပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီးမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ဒီကေန႔မွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“မင္းျပားဘက္မွာ ဒီေန႔မနက္ က်ေနာ္တို႔ မင္းျပားရာေမာင္တံတားမွာ တံတားလုံျခံဳေရးလုပ္ေနတဲ့ လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြေတာ့ လာၿပီးေတာ့ ေႏွာက္ယွက္ပစ္ခတ္တာေတာ့ ရွိတယ္။ လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြကို ဘာရည္ရြယ္ခ်က္နဲ႔ လာပစ္လည္း မသိဘူးေနာ္။ အဲဒီတံတားကို ဒီေကာင္ေတြလာၿပီး ဖ်က္စီးပစ္ရင္ ေအာက္ဘက္ကို သြားတဲ့ လမ္းေတြ ဘာေတြအကုန္လုံး ျပတ္ေတာက္ကုန္မွာ။ အဲဒီအတြက္ လုံျခံဳေရးထားထားတာ။”

ဒီပစ္ခတ္မႈမွာ တပ္မေတာ္ဘက္က ထိခိုက္မႈမရွိဘူးလို႔ ဆိုပါတယ္။

မင္းျပားၿမိဳ႕ ရာေမာင္တံတားအနီးမွာ တိုက္ပြဲျဖစ္ပြားေၾကာင္း မင္းျပားေဒသခံ တဦးက ေျပာပါတယ္။

“၈ နာရီ ၄၀ ေလာက္က စျဖစ္တာ မိနစ္ ၂၀ ေလာက္ ႏွစ္ဘက္တိုက္ပြဲ ျဖစ္တယ္လို႔ေတာ့ ေျပာတယ္။ က်န္တာေတြက် သူတို႔ဘာသာ သူတို႔ပစ္တာေပါ့ေနာ္။ မင္းျပားရာေမာင္တံတားနဲ႔ မင္းတင္မရြာ သြားလမ္းေပါ့။”

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒီကေန႔ မင္းျပားျမိဳ႕နယ္ဘက္တ ိုက္ပြဲအေျခအေနကို မသိရွိေသးဘူးလို႔ ေျပာဆိုၿပီး မေန႔က ဘူးသီးေတာင္ျမိဳ႕နယ္ ေတာင္တန္းဘက္မွာ ျမန္မာစစ္တပ္ဘက္ကေ လေၾကာင္းနဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

“ဒီေန႔ေတာ့တ ိုက္ပြဲသတင္းေတြ က်ေနာ္ဆီေရာက္လာတာ မရွိေသးဘူးဗ်။ မေန႔က ဘူးသီးေတာင္ဘက္မွာေတာ့ ဗမာ စစ္တပ္ဘက္က လာၿပီးေတာ့ ဂ်က္ဖိုက္တာေတြနဲ႔ ဗုံးၾကဲတိုက္ခိုက္တဲ့ဟာေတြ လုပ္ခဲ့တာ ရွိတယ္။ အဲဒီ ဘူးသီးေတာင္ၿမိဳ႕နယ္ အုတ္ေတာင္ရြာရဲ႕အေရွ႕ဘက္ အေရွ႕ေျမာက္ အဲဒီဘက္မွာရွိတဲ့ ေတာင္တန္းေတြကို ဂ်က္ဖိုက္တာေတြနဲ႔ လာျပီး ဗုံးၾကဲတာ ရွိတယ္။ ေရာ့ကက္ေတြနဲ႔ ပစ္တာရွိတယ္။”

ဒီကေန႔ ေန႔လယ္ပိုင္းမွာလဲ မင္းျပားျမိဳ႕နယ္ အမ္းသားရြာနဲ႔ ေသကန္ရြာဘက္ကို ျမန္မာစစ္တပ္ကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ သဂၤဟကမ္းလက္ရကၡိတအဖြဲ႔ဥကၠ႒ ကိုအမ္းသားႀကီးက ေျပာပါတယ္။

“အခုေန႔ခင္းဘက္ တနာရီ ႏွစ္နာရီေလာက္မွာ မင္းျပားနဲ႔ ရာေမာင္တံတားထြက္သြားတဲ့ လမ္းမွာ ဆန္းမတင္ကုလားရြာ ရွိတယ္။ အဲဒီဆန္္းမတင္ကုလားရြာမွာ သူတို႔က ကင္းပုန္းေတြ ၀တ္ၿပီးေတာ့ ဒီလက္နက္ႀကီးနဲ႔ လွမ္းျပီးေန ပစ္တာရွိတယ္။ အဲဒီအမ္းသားရြာနဲ႔ ေသကန္နားကေန လက္နက္ႀကီးနဲ႔ ပစ္တာ။ ထိခိုက္မႈေတာ့ မရွိဘူးခင္ဗ်။ အေျခအေနကေတာ့ ဘယ္မွ မေျပးဘူးခင္ဗ် ဒီအတိုင္းပါပဲ။ အဲဒီမွာကားေတြက မသြားဘဲ ႏွစ္နာရီေလာက္ ပိတ္ေနတာ ရွိတယ္။”

ဒီပစ္ခတ္မႈမွာ ရြာသားေတြကို ထိခိုက္မႈမရွိေပမဲ့ စိုးရိမ္ထိတ္လန္႔မႈေတြ ရွိေနတယ္လို႔လည္း ဆိုပါတယ္။

အလားတူပုဏၰားကြ်န္းၿမိဳ႕နယ္ယိုးတရုတ္ေက်းရြာဘက္မွာလည္း ရြာအတြင္း လက္နက္ပစ္ခတ္မႈေၾကာင့္ စိုးရိမ္စိတ္နဲ႔ ရြာသားေထာင္ေက်ာ္ တိမ္းေရွာင္ေနရပါတယ္။

ဒီအေျခအေနကို ယိုးတရုတ္ရြာသား ကိုျမတ္ေရႊက အခုလိုေျပာပါတယ္။

“ရဲစခန္းမွာေတာ့ စစ္တပ္ေတြ ရွိတယ္။ စစ္တပ္က ၁၀၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီရြာကေနေသနတ္ေတြ ပစ္ေဖါက္တယ္။ ရြာသားေတြက ေၾကာက္တာေပါ့။ တခုခုျဖစ္မွာကို စိုးရိမ္တယ္။၁၀၀၀ ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိမယ္။ သူတို႔နီးစပ္တဲ့ ေက်းရြာေတြက ပုဏၰားကြ်န္းမွာ ဒုကၡသည္စခန္းေတြ ရွိတယ္။ အဲဒီစခန္းကို ေရာက္သြားတယ္လို႔ ေျပာတယ္။ သူတို႔က နီးစပ္တဲ့ေဆြမ်ိဳးေတြ ပတ္၀န္းက်င္ေက်းရြာက ေျပးတာေတာ့ ရွိမွာေပါ့။”

မင္းျပားၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ မၾကာခဏ ျဖစ္ပြားေနပါတယ္။

ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔အၾကား ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ တိုက္ပြဲ ျပင္းထန္ျဖစ္ပြားေနတာ တႏွစ္ၾကာျပီး ျဖစ္သလို တိုက္ပြဲစဥ္အတြင္း ရြာသား တသိန္းနီးပါး စစ္ေဘး တိမ္းေရွာင္ေနရပါတယ္။

ဒီပြင့္လင္းရာသီမွာ ျမန္မာစစ္တပ္ဘက္က တပ္အင္အားျဖည့္တင္းထားသလို တိုက္ပြဲေတြ ဆက္လက္ျပင္းထန္လာမယ့္ အေျခအေနရွိတယ္လို႔ AA ဘက္က ေျပာပါတယ္။

[Unicode Version]

မင်းပြား ရာမောင်တံတားလုံခြုံရေးတပ်ကို AA ပစ်ခတ်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားမှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်တပ်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီမနက်မှာ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်စဉ်ကို မသိရှိသေးပေမဲ့ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်ဘက်က လေယာဉ်နဲ့ ပစ်ခတ်မှု ရှိနေတယ်လို့ AA တာဝန်ရှိသူတွေက ဆိုပါတယ်။ ပစ်ခတ်မှုမှာ အရပ်သားတွေနေတဲ့ ရွာထဲလက်နက်ကြီး ကျည်ကျခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မင်းပြားဘက်မှာ ဒီနေ့မနက် ကျနော်တို့ မင်းပြားရာမောင်တံတားမှာ တံတားလုံခြုံရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတော့ လာပြီးတော့ နှောက်ယှက်ပစ်ခတ်တာတော့ ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘာရည်ရွယ်ချက်နဲ့ လာပစ်လည်း မသိဘူးနော်။ အဲဒီတံတားကို ဒီကောင်တွေလာပြီး ဖျက်စီးပစ်ရင် အောက်ဘက်ကို သွားတဲ့ လမ်းတွေ ဘာတွေအကုန်လုံး ပြတ်တောက်ကုန်မှာ။ အဲဒီအတွက် လုံခြုံရေးထားထားတာ။”

ဒီပစ်ခတ်မှုမှာ တပ်မတော်ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

မင်းပြားမြို့ ရာမောင်တံတားအနီးမှာ တိုက်ပွဲဖြစ်ပွားကြောင်း မင်းပြားဒေသခံ တဦးက ပြောပါတယ်။

“၈ နာရီ ၄၀ လောက်က စဖြစ်တာ မိနစ် ၂၀ လောက် နှစ်ဘက်တိုက်ပွဲ ဖြစ်တယ်လို့တော့ ပြောတယ်။ ကျန်တာတွေကျ သူတို့ဘာသာ သူတို့ပစ်တာပေါ့နော်။ မင်းပြားရာမောင်တံတားနဲ့ မင်းတင်မရွာ သွားလမ်းပေါ့။”

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ ဒီကနေ့ မင်းပြားမြို့နယ်ဘက်တ ိုက်ပွဲအခြေအနေကို မသိရှိသေးဘူးလို့ ပြောဆိုပြီး မနေ့က ဘူးသီးတောင်မြို့နယ် တောင်တန်းဘက်မှာ မြန်မာစစ်တပ်ဘက်ကေ လကြောင်းနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီနေ့တော့တ ိုက်ပွဲသတင်းတွေ ကျနော်ဆီရောက်လာတာ မရှိသေးဘူးဗျ။ မနေ့က ဘူးသီးတောင်ဘက်မှာတော့ ဗမာ စစ်တပ်ဘက်က လာပြီးတော့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဟာတွေ လုပ်ခဲ့တာ ရှိတယ်။ အဲဒီ ဘူးသီးတောင်မြို့နယ် အုတ်တောင်ရွာရဲ့အရှေ့ဘက် အရှေ့မြောက် အဲဒီဘက်မှာရှိတဲ့ တောင်တန်းတွေကို ဂျက်ဖိုက်တာတွေနဲ့ လာပြီး ဗုံးကြဲတာ ရှိတယ်။ ရော့ကက်တွေနဲ့ ပစ်တာရှိတယ်။”

ဒီကနေ့ နေ့လယ်ပိုင်းမှာလဲ မင်းပြားမြို့နယ် အမ်းသားရွာနဲ့ သေကန်ရွာဘက်ကို မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။

“အခုနေ့ခင်းဘက် တနာရီ နှစ်နာရီလောက်မှာ မင်းပြားနဲ့ ရာမောင်တံတားထွက်သွားတဲ့ လမ်းမှာ ဆန်းမတင်ကုလားရွာ ရှိတယ်။ အဲဒီဆန််းမတင်ကုလားရွာမှာ သူတို့က ကင်းပုန်းတွေ ဝတ်ပြီးတော့ ဒီလက်နက်ကြီးနဲ့ လှမ်းပြီးနေ ပစ်တာရှိတယ်။ အဲဒီအမ်းသားရွာနဲ့ သေကန်နားကနေ လက်နက်ကြီးနဲ့ ပစ်တာ။ ထိခိုက်မှုတော့ မရှိဘူးခင်ဗျ။ အခြေအနေကတော့ ဘယ်မှ မပြေးဘူးခင်ဗျ ဒီအတိုင်းပါပဲ။ အဲဒီမှာကားတွေက မသွားဘဲ နှစ်နာရီလောက် ပိတ်နေတာ ရှိတယ်။”

ဒီပစ်ခတ်မှုမှာ ရွာသားတွေကို ထိခိုက်မှုမရှိပေမဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အလားတူပုဏ္ဏားကျွန်းမြို့နယ်ယိုးတရုတ်ကျေးရွာဘက်မှာလည်း ရွာအတွင်း လက်နက်ပစ်ခတ်မှုကြောင့် စိုးရိမ်စိတ်နဲ့ ရွာသားထောင်ကျော် တိမ်းရှောင်နေရပါတယ်။

ဒီအခြေအနေကို ယိုးတရုတ်ရွာသား ကိုမြတ်ရွှေက အခုလိုပြောပါတယ်။

“ရဲစခန်းမှာတော့ စစ်တပ်တွေ ရှိတယ်။ စစ်တပ်က ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီရွာကနေသေနတ်တွေ ပစ်ဖေါက်တယ်။ ရွာသားတွေက ကြောက်တာပေါ့။ တခုခုဖြစ်မှာကို စိုးရိမ်တယ်။၁၀၀၀ ကျော်ကျော်လောက်တော့ ရှိမယ်။ သူတို့နီးစပ်တဲ့ ကျေးရွာတွေက ပုဏ္ဏားကျွန်းမှာ ဒုက္ခသည်စခန်းတွေ ရှိတယ်။ အဲဒီစခန်းကို ရောက်သွားတယ်လို့ ပြောတယ်။ သူတို့က နီးစပ်တဲ့ဆွေမျိုးတွေ ပတ်ဝန်းကျင်ကျေးရွာက ပြေးတာတော့ ရှိမှာပေါ့။”

မင်းပြားမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာ တနှစ်ကြာပြီး ဖြစ်သလို တိုက်ပွဲစဉ်အတွင်း ရွာသား တသိန်းနီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။

ဒီပွင့်လင်းရာသီမှာ မြန်မာစစ်တပ်ဘက်က တပ်အင်အားဖြည့်တင်းထားသလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ့် အခြေအနေရှိတယ်လို့ AA ဘက်က ပြောပါတယ်။

ကိုႏိုင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ