ပ်က္ျပယ္ခဲ့တဲ့ YUPT ေရြးေကာက္ပြဲက မသမာသူေတြကို ေဖာ္ထုတ္အေရးယူမည္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ႏိုဝင္ဘာ ၁၀

ရွယ္ယာရွင္ေတြရဲ႕ ကန္႔ကြက္မႈေၾကာင့္ ပ်က္ျပယ္သြားခဲ့တဲ့ ရန္ကုန္ၿမိဳ႕ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမြဏီလီမိတက္ (YUPT) ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေရြးခ်ယ္ပြဲက မသမာမႈ ျပဳ လုပ္သူေတြကို စံုစမ္းစစ္ေဆး အေရးယူသြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာ ၃၀ ရက္ကျပဳလုပ္တဲ့ ႏွစ္ပတ္လည္ စံုညီအစည္းအေဝးနဲ႔ ဒါ႐ိုက္တာေရြးခ်ယ္ပြဲကို ရွယ္ ယာရွင္ေတြက ကန္႔ကြက္ခဲ့တာေၾကာင့္ ေရြးခ်ယ္ပြဲပ်က္သြားခဲ့တာပါ။

" ကၽြန္ေတာ္တို႔ ကန္႔ကြက္ရတဲ့ အဓိကအေၾကာင္းရင္းက လိမ္လို႔ပါ " လို႔ ရွယ္ယာရွင္တစ္ဦးျဖစ္သူ ဦးစိုးဝင္းက ဆိုပါတယ္။


အစည္းအေဝးနဲ႔ ေရြးေကာက္ပြဲျပဳလုပ္မယ္လို႔ ဖိတ္စာ၊ အစည္းအေဝး အစီအစဥ္စာရြက္မ်ားနဲ႔ တကြ ဖိတ္ ၾကားခဲ့ေပမယ့္ အစည္းအေဝးမွာေတာ့ ေရြးေကာက္ပြဲ မျပဳလုပ္ရေသးပဲ ဒါ႐ိုက္တာအဖြဲ႕ကို ေၾကညာဖို႔လုပ္ခဲ့ တာပါ။

" ကၽြန္ေတာ္တို႔ ဒီကိစၥမွာ ဘာႏိုင္ငံေရး အေသြးအေရာင္မွ မပါပါဘူး။ ေပၚတင္လိမ္လို႔ စိတ္တိုၾကတာပါ " လို႔ YUPT စတင္တည္ေထာင္သူျဖစ္ၿပီး ရွယ္ယာရွင္တစ္ဦးျဖစ္သူ ဦးထြန္းဦးက ေျပာသည္။

သူက “ ကၽြန္ေတာ္တို႔ကို ဝန္ႀကီး ေဒၚနီလာေက်ာ္က ေခၚေတြ႕ၿပီးေတာ့ ကၽြန္ေတာ္တို႔ တင္ျပတာေတြကို နား ေထာင္ၿပီးတဲ့အခါ ဒါဟာမလုပ္သင့္ဘူး ကၽြန္မလက္မခံဘူး စံုစမ္းစစ္ေဆးၿပီး အေရးယူပါ့မယ္လို႔ ေျပာပါတယ္ " လို႔ ဆိုပါတယ္။

လက္ရွိအမႈေဆာင္ ဒါ႐ိုက္တာမ်ားနဲ႔ ရွယ္ယာရွင္ ကိုယ္စားလွယ္မ်ားက ႏိုဝင္ဘာ ၇ ရက္မွာေတြ႕ဆံု ေဆြးေႏြးခဲ့ ၾကၿပီးေတာ့ လာမယ့္ ၁၈ ရက္ေန႔မွာ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာေတြကို စတင္ေကာက္ခံဖို႔၊ ၂၇ ရက္ ေန႔မွာ ေရြးေကာက္ပြဲျပဳလုပ္ဖို႔နဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္အျဖစ္ရွိမယ့္ သူေတြကို အတည္ျပဳခဲ့ၾကပါတယ္။

ရွယ္ယာရွင္ ၂၉၀ ဦးပါဝင္တဲ့ YUPT ကုမၸဏီမွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ရွယ္ယာ က်ပ္ ၃၅ ဘီလ်ံ ထည့္ဝင္ထားပါတယ္။ ကုမၸဏီကို ၂၀၁၇ ခုႏွစ္မွာ ယခင္မထသကားပိုင္ရွင္ေတြ စုစည္းတည္ေထာင္ခဲ့ၾကတာပါ။

ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵
ပျက်ပြယ်ခဲ့တဲ့ YUPT ရွေးကောက်ပွဲက မသမာသူတွေကို ဖော်ထုတ်အရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှယ်ယာရှင်တွေရဲ့ ကန့်ကွက်မှုကြောင့် ပျက်ပြယ်သွားခဲ့တဲ့ ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမွဏီလီမိတက် (YUPT) ရဲ့ အမှုဆောင်ဒါရိုက်တာ ရွေးချယ်ပွဲက မသမာမှု ပြု လုပ်သူတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ ရက်ကပြုလုပ်တဲ့ နှစ်ပတ်လည် စုံညီအစည်းအဝေးနဲ့ ဒါရိုက်တာရွေးချယ်ပွဲကို ရှယ် ယာရှင်တွေက ကန့်ကွက်ခဲ့တာကြောင့် ရွေးချယ်ပွဲပျက်သွားခဲ့တာပါ။

" ကျွန်တော်တို့ ကန့်ကွက်ရတဲ့ အဓိကအကြောင်းရင်းက လိမ်လို့ပါ " လို့ ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ဆိုပါတယ်။

အစည်းအဝေးနဲ့ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ဖိတ်စာ၊ အစည်းအဝေး အစီအစဉ်စာရွက်များနဲ့ တကွ ဖိတ် ကြားခဲ့ပေမယ့် အစည်းအဝေးမှာတော့ ရွေးကောက်ပွဲ မပြုလုပ်ရသေးပဲ ဒါရိုက်တာအဖွဲ့ကို ကြေညာဖို့လုပ်ခဲ့ တာပါ။

" ကျွန်တော်တို့ ဒီကိစ္စမှာ ဘာနိုင်ငံရေး အသွေးအရောင်မှ မပါပါဘူး။ ပေါ်တင်လိမ်လို့ စိတ်တိုကြတာပါ " လို့ YUPT စတင်တည်ထောင်သူဖြစ်ပြီး ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးထွန်းဦးက ပြောသည်။

သူက “ ကျွန်တော်တို့ကို ဝန်ကြီး ဒေါ်နီလာကျော်က ခေါ်တွေ့ပြီးတော့ ကျွန်တော်တို့ တင်ပြတာတွေကို နား ထောင်ပြီးတဲ့အခါ ဒါဟာမလုပ်သင့်ဘူး ကျွန်မလက်မခံဘူး စုံစမ်းစစ်ဆေးပြီး အရေးယူပါ့မယ်လို့ ပြောပါတယ် " လို့ ဆိုပါတယ်။

လက်ရှိအမှုဆောင် ဒါရိုက်တာများနဲ့ ရှယ်ယာရှင် ကိုယ်စားလှယ်များက နိုဝင်ဘာ ၇ ရက်မှာတွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီးတော့ လာမယ့် ၁၈ ရက်နေ့မှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို စတင်ကောက်ခံဖို့၊ ၂၇ ရက် နေ့မှာ ရွေးကောက်ပွဲပြုလုပ်ဖို့နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖြစ်ရှိမယ့် သူတွေကို အတည်ပြုခဲ့ကြပါတယ်။

ရှယ်ယာရှင် ၂၉၀ ဦးပါဝင်တဲ့ YUPT ကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရှယ်ယာ ကျပ် ၃၅ ဘီလျံ ထည့်ဝင်ထားပါတယ်။ ကုမ္ပဏီကို ၂၀၁၇ ခုနှစ်မှာ ယခင်မထသကားပိုင်ရှင်တွေ စုစည်းတည်ထောင်ခဲ့ကြတာပါ။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ပ်က္ျပယ္ခဲ့တဲ့ YUPT ေရြးေကာက္ပြဲက မသမာသူေတြကို ေဖာ္ထုတ္အေရးယူမည္ ပ်က္ျပယ္ခဲ့တဲ့ YUPT ေရြးေကာက္ပြဲက မသမာသူေတြကို ေဖာ္ထုတ္အေရးယူမည္ Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.