ေဟာင္ေကာင္ဒီမုိကေရစီေရး အက္ဥပေဒ သမၼတ Trump လက္မွတ္ထုိးဖုိ႔ မေသခ်ာ

အေမရိကန္သမၼတ Donald Trump. (ႏုိဝင္ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

(ဟာင္ေကာင္ဒီမိုကေရစီအေရး ဆန္႔က်င္ဆႏၵျပေနသူေတြကို ေထာက္ခံတဲ့ အေမရိကန္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ဥပေဒမူၾကမ္းကို အေမရိကန္သမၼတ Trump လက္မွတ္ထိုးမယ္၊ မထိုးဘူးဆိုတာ အတိအက် မေျပာေသးပါဘူး။

ဒီကိစၥနဲ႔ပတ္သက္လို႔ "Fox and Friends” သတင္းဌာနနဲ႔ သမၼတ Trump မေန႔ ေသာၾကာေန႔မွာ တယ္လီဖုန္းဆက္ ေျပာဆိုခဲ့တာပါ။

အေမရိကန္က တ႐ုတ္ႏုိင္ငံနဲ႔ ကုန္သြယ္ေရးကိစၥ ေဆြးေႏြးေနတဲ့အတြက္ ကုန္သြယ္ေရး သေဘာတူညီမႈရဖို႔အေရးနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈကို ေထာက္ခံေရး ကိစၥႏွစ္ရပ္ၾကား ေ၀ခြဲရခက္တဲ့ အေနအထားကို ေရာက္ေနတာကို သမၼတ Trump ရဲ႕ ေျပာဆိုခ်က္ေတြမွာ ေတြ႔ရပါတယ္။

သူ႔အေနနဲ႔ ေဟာင္ေကာင္ကၽြန္းရဲ႕ လူ႔အခြင့္အေရးအတြက္ ရပ္တည္ရမွာျဖစ္သလို သမၼတ ရွိီက်င့္ဖ်င္ကလည္း သူ႔မိတ္ေဆြျဖစ္တဲ့အတြက္ သူ႔ဘက္ကလည္း ရပ္တည္ရလိမ့္မယ္လို႔ သမၼတ Trump က ေျပာဆိုခဲ့တာပါ။

ကမၻာ့စီးပြားေရးအင္အားႀကီး ႏွစ္ႏုိ္င္ငံျဖစ္တဲ့ တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရး ေဆြးေႏြးမႈေတြ က်င္းပေနတဲ့အတြက္ သေဘာတူညီမႈသာ ရခဲ့မယ္ဆိုရင္ သမုိင္းမွာ အႀကီးဆုံး ကုန္သြယ္မႈႀကီး ျဖစ္လာမယ္လုိ႔လည္း သမၼတ Trump က ေျပာဆုိခဲ့ပါတယ္။

အေမရိကန္လႊြတ္ေတာ္က ခုျပ႒ာန္းလိုက္တဲ့ ဥပေဒမူၾကမ္းမွာေတာ့ အေမရိကန္က ေပးထားတဲ့ ကုန္သြယ္ေရးဆုိင္ရာ အထူးအခြင့္အေရး ဆက္ၿပီးရေနဖို႔ ေဟာင္ေကာင္အေနနဲ႔ လုံေလာက္တဲ့ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရွိဖို႔ ပါ၀င္ပါတယ္။ ဒါ့အျပင္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္တဲ့ တ႐ုတ္နဲ႔ ေဟာင္ေကာင္ တာဝန္ရွိသူေတြအေပၚ အေမရိကန္ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ဖို႔လည္း အခြင့္အာဏာေပးထားတာ ျဖစ္ပါတယ္။

ဒီဥပေဒမူၾကမ္းေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ႀကီး တခုရဖို႔ အတားအဆီး ျဖစ္လာႏုိင္ေျခ ရွိတယ္လို႔ ကၽြမ္းက်င္သူေတြက ႐ႈျမင္ၾကပါတယ္။

-------------------------------

(Unicode)

ဟောင်ကောင်ဒီမိုကရေစီအရေး ဆန့်ကျင်ဆန္ဒပြနေသူတွေကို ထောက်ခံတဲ့ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Trump လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ အတိအကျ မပြောသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ "Fox and Friends” သတင်းဌာနနဲ့ သမ္မတ Trump မနေ့ သောကြာနေ့မှာ တယ်လီဖုန်းဆက် ပြောဆိုခဲ့တာပါ။

အမေရိကန်က တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးနေတဲ့အတွက် ကုန်သွယ်ရေး သဘောတူညီမှုရဖို့အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကို ထောက်ခံရေး ကိစ္စနှစ်ရပ်ကြား ဝေခွဲရခက်တဲ့ အနေအထားကို ရောက်နေတာကို သမ္မတ Trump ရဲ့ ပြောဆိုချက်တွေမှာ တွေ့ရပါတယ်။

သူ့အနေနဲ့ ဟောင်ကောင်ကျွန်းရဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်ရမှာဖြစ်သလို သမ္မတ ရှီကျင့်ဖျင်ကလည်း သူ့မိတ်ဆွေဖြစ်တဲ့အတွက် သူ့ဘက်ကလည်း ရပ်တည်ရလိမ့်မယ်လို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။

ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ကျင်းပနေတဲ့အတွက် သဘောတူညီမှုသာ ရခဲ့မယ်ဆိုရင် သမိုင်းမှာ အကြီးဆုံး ကုန်သွယ်မှုကြီး ဖြစ်လာမယ်လို့လည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။

အမေရိကန်လွှွတ်တော်က ခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမူကြမ်းမှာတော့ အမေရိကန်က ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ဆက်ပြီးရနေဖို့ ဟောင်ကောင်အနေနဲ့ လုံလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ တရုတ်နဲ့ ဟောင်ကောင် တာဝန်ရှိသူတွေအပေါ် အမေရိကန် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့လည်း အခွင့်အာဏာပေးထားတာ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကြောင့် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကြီး တခုရဖို့ အတားအဆီး ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ရှုမြင်ကြပါတယ်။

VOA Burmese
https://burmese.voanews.com
ေဟာင္ေကာင္ဒီမုိကေရစီေရး အက္ဥပေဒ သမၼတ Trump လက္မွတ္ထုိးဖုိ႔ မေသခ်ာ ေဟာင္ေကာင္ဒီမုိကေရစီေရး အက္ဥပေဒ သမၼတ Trump လက္မွတ္ထုိးဖုိ႔ မေသခ်ာ Reviewed by THITHTOOLWIN on 04:43 Rating: 5
Powered by Blogger.