အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးေဆြးေႏြးပြဲ ေကာင္းမြန္ေၾကာင္း သမၼတ Trump ေျပာ


(Zawgyi / Unicode)

အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား ကုန္သြယ္ေရးေဆြးေႏြးမႈေတြဟာ သိပ္ကိုေကာင္းမြန္ေနတယ္လို႔ အေမရိကန္သမၼတ Donald Trump က စေနေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒါေပမယ့္ အေမရိကန္ႏိုင္ငံအတြက္ မွန္ကန္တဲ့ သေဘာတူညီခ်က္မ်ိဳး ရမွသာ အလုပ္ျဖစ္မယ္လို႔လည္း ေျပာပါတယ္။

ေဆြးေႏြးမႈေတြဟာ သူျဖစ္ေစခ်င္တာထက္ ေႏွးေကြးေနေၾကာင္းနဲ႔ တ႐ုတ္ဘက္က သေဘာတူညီခ်က္အတြက္ သူေပးႏိုင္တာထက္ ပိုလိုခ်င္ေနတာ ေတြ႔ရတယ္လို႔ သမၼတ Trump က Alabama ျပည္နယ္ Tuscaloosa ကို မထြက္ခြာခင္ Andrew ေလတပ္အေျခစိုက္စခန္းမွာ သတင္းေထာက္ေတြကို ေျပာခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၅၇ ႏွစ္အတြင္း စီးပြားေရးအရ အဆိုးဝါးဆံုး အေျခအေနနဲ႔ ႀကံဳေနရၿပီး သေဘာတူညီမႈရေအာင္ လုပ္ခ်င္ေနတယ္လို႔လည္း ေျပာပါတယ္။

တ႐ုတ္အေပၚ ခ်မွတ္ထားတဲ့ အခြန္အခကို အေမရိကန္ဘက္က ေလွ်ာ့ေပးခ်င္ေနေၾကာင္း သတင္းေတြ ထြက္ေနတာဟာ မွားယြင္းေၾကာင္းနဲ႔ ဒါဟာ အေမရိကန္ျပည္ေထာင္စုအတြက္ ေဒၚလာ ဘီလီယံေပါင္းမ်ားစြာ တန္ေၾကးရွိေနေၾကာင္းလည္း ေျပာပါတယ္။

ၾကာသပေတးေန႔ကေတာ့ တ႐ုတ္နဲ႔ အေမရိကန္တို႔ၾကား ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ နစ္နာမႈရွိေနၾကတာေတြ အဆံုးသတ္ေစဖို႔အတြက္ ခ်မွတ္ထားတဲ့ အခြန္တိုးျမႇင့္မႈေတြကို ျပန္ေလွ်ာ့ခ်ဖို႔ သေဘာတူညီမႈရေၾကာင္း ႏွစ္ဖက္စလံုးက အရာရွိေတြက ေျပာခဲ့တာပါ။ ဒါေပမယ့္ Trump အစိုးရအဖြဲ႔တြင္းက တခ်ဳိ႕ကေတာ့ ဒါကို လက္မခံႏိုင္ဘဲ ျဖစ္ေနတာပါ။

ေသာၾကာေန႔ကေတာ့ သမၼတ Trump က အခြန္ေတြ ျပန္ေလွ်ာ့ေပးဖို႔ သူသေဘာမတူခဲ့သလို ဘာအတြက္မွ သေဘာတူထားတာလည္း မရွိေသးဘူးလို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

---------------------------------

(Unicode)

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ကောင်းမွန်ကြောင်း သမ္မတ Trump ပြော

အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေဟာ သိပ်ကိုကောင်းမွန်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံအတွက် မှန်ကန်တဲ့ သဘောတူညီချက်မျိုး ရမှသာ အလုပ်ဖြစ်မယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးမှုတွေဟာ သူဖြစ်စေချင်တာထက် နှေးကွေးနေကြောင်းနဲ့ တရုတ်ဘက်က သဘောတူညီချက်အတွက် သူပေးနိုင်တာထက် ပိုလိုချင်နေတာ တွေ့ရတယ်လို့ သမ္မတ Trump က Alabama ပြည်နယ် Tuscaloosa ကို မထွက်ခွာခင် Andrew လေတပ်အခြေစိုက်စခန်းမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၅၇ နှစ်အတွင်း စီးပွားရေးအရ အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံနေရပြီး သဘောတူညီမှုရအောင် လုပ်ချင်နေတယ်လို့လည်း ပြောပါတယ်။

တရုတ်အပေါ် ချမှတ်ထားတဲ့ အခွန်အခကို အမေရိကန်ဘက်က လျှော့ပေးချင်နေကြောင်း သတင်းတွေ ထွက်နေတာဟာ မှားယွင်းကြောင်းနဲ့ ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိနေကြောင်းလည်း ပြောပါတယ်။

ကြာသပတေးနေ့ကတော့ တရုတ်နဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် နစ်နာမှုရှိနေကြတာတွေ အဆုံးသတ်စေဖို့အတွက် ချမှတ်ထားတဲ့ အခွန်တိုးမြှင့်မှုတွေကို ပြန်လျှော့ချဖို့ သဘောတူညီမှုရကြောင်း နှစ်ဖက်စလုံးက အရာရှိတွေက ပြောခဲ့တာပါ။ ဒါပေမယ့် Trump အစိုးရအဖွဲ့တွင်းက တချို့ကတော့ ဒါကို လက်မခံနိုင်ဘဲ ဖြစ်နေတာပါ။

သောကြာနေ့ကတော့ သမ္မတ Trump က အခွန်တွေ ပြန်လျှော့ပေးဖို့ သူသဘောမတူခဲ့သလို ဘာအတွက်မှ သဘောတူထားတာလည်း မရှိသေးဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးေဆြးေႏြးပြဲ ေကာင္းမြန္ေၾကာင္း သမၼတ Trump ေျပာ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးေဆြးေႏြးပြဲ ေကာင္းမြန္ေၾကာင္း သမၼတ Trump ေျပာ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.