TNLA ႏွင့္ျမန္မာ့တပ္မေတာ္ တုိက္ပြဲ ဆက္တိုက္ျဖစ္ပြား ေဒသခံမ်ားစစ္ေဘးေရွာင္ေနရ

(Zawgyi)⤵⤵⤵
ႏုိဝင္ဘာလ ၂၀ ရက္ ၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္အတြင္း တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ TNLA ႏွင့္ ျမန္မာ့ တပ္မေတာ္တုိ႔တုိက္ပြဲမ်ားျဖစ္ပြါးရာ လက္နက္ၾကီးပစ္ခတ္မွဳ ရဟတ္ယာဥ္ျဖင့္ ၀ဲပ်ံမွုမ်ားရွိသျဖင့္ေဒသခံရြာသားမ်ားတိမ္းေရွာင္ေနရေၾကာင္းသတင္းရရွိသည္။

ႏုိဝင္ဘာ ၂၀ ရက္ ယေန႔ မနက္ ၈ နာရီအခ်ိန္ခန့္က ျမန္မာ့တပ္မေတာ္သည္ မိုင္းေငါ့ၿမိဳ႕နယ္ ဘက္မွ နမ့္ဆန္ၿမိဳ႕နယ္ စခန္းသာဘက္သို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ေန႔လည္ပိုင္းတြင္လည္း တပ္မေတာ္ဘက္မွ ရဟတ္ယာဥ္ ျဖင့္ လာေရာက္ ပ်ံဝဲေၾကာင္း TNLA မွ ေျပာေရး ဆုိခြင့္ရွိသူ ဗိုလ္မွဴးတားအုိက္ေက်ာ္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ တိုက္ပြဲ ေတာ့ မဟုတ္ဘူး။ ျမန္မာ့တပ္မေတာ္က က်ေနာ္တို႔ကိုလာပစ္တာ။ ရဟတ္ယာဥ္ေတြလာပ်ံတယ္။ တပ္က ရမ္းပစ္ေနတာ” ဟု တားအုိက္ေက်ာ္ က ဆုိသည္။

ရဟတ္ယာဥ္သည္ နိမ့္စြာ ၀ဲပ်ံသျဖင့္ မုိင္းေငါ့နွင့္ေက်ာက္မဲၾကား မန့္ေခါပ္ မန့္ကန္ရြာဘက္ရွိ လူေနအိမ္ သက္ကယ္ေခါင္မုိးမ်ား ထရံမ်ား လႊင့္စင္သည္အထိျဖစ္သျဖင့္ေဒသခံမ်ား ထိတ္လန့္ကာ ထြက္ေျပးၾကေၾကာင္းလည္း မုိင္းေငါ့ဘက္မွ ေဒသခံမ်ားကေျပာသည္။

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲ၊ နမ့္ဆန္တြင္ ႏုိဝင္ဘာ ၁၁ရက္ေန႔မွ ၁၇ ရက္ထိ တိုက္ပြဲမ်ား ဆက္တုိက္ျဖစ္ပြားခဲ့ၿပီး၊ ႏုိဝင္ဘာ ၁၈ ရက္ေန႔မွယေန႔တုိင္ ျမန္မာ့တပ္မေတာ္ မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈ ျပဳလုပ္ေနေၾကာင္း လည္း တားအိုက္ေက်ာ္ က ေျပာသည္။
“ အခု တပ္က ရမ္းပစ္ေတာ့ ျပည္သူေတြ ထြက္ေျပးေနရတယ္။ ျပည္သူေတြပဲ ဒုကၡေရာက္တယ္” ဟု တားအုိက္ေက်ာ္ က ဆုိသည္။

ယေန႔တုိက္ပြဲေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ ခံုငင္း ေက်းရြာ အတြင္း လက္နက္ႀကီးမ်ား က်ေၾကာင္း ၊ လက္ရွိအခ်ိန္အထိ ေဒသခံ ၈၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရၿပီး စားဝတ္ေနေရး ခက္ခဲေနေၾကာင္း အိုမ္တေမာဝ္လူမႈကူညီေရး အသင္းမွ အဘမ္း က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။

အဆုိပါ စစ္ေဘးေရွာင္မ်ားသည္ ေက်ာက္မဲၿမိဳ႕နယ္ ပန္နင္းေက်းရြာ၊ ေက်ာက္ျဖဴေလး ေက်းရြာ ႏွင့္ မန္ေခါက္ ေက်းရြာတြင္ တိမ္းေရွာင္ေနရေၾကာင္း အဘမ္း ကေျပာသည္။

“ အခု အစားအစာေတြ ေနစရာ အခင္း ေတြ လိုအပ္ေနတယ္။ အဲ့ဘက္ကို သြားဖုိ႔က ခက္ခဲတယ္။ ကူညီတဲ့သူေတြကလည္း မသြားရဲၾကဘူး။ တုိက္ပြဲျဖစ္ေတာ့ သြားရမွာ ေၾကာက္တယ္” ဟု အဘမ္း က ဆုိသည္။

တိုက္ပြဲေၾကာင့္ လူေနအိမ္မ်ား လက္နက္ႀကီး က်ကာ ပ်က္စီးမႈ ရွိေသာ္လည္း လူထိခိုက္မႈ မရွိေၾကာင္းသိရသည္။ သွ်မ္းေျမာက္တြင္ ေအာက္တိုဘာလႏွင့္ ႏိုဝင္ဘာလတြင္ တိုက္ပြဲေၾကာင့္ ေသဆံုးသူ ၅ဦး ႏွင့္ထိခုိက္ဒဏ္ရာရရွိသူ ၃၀ဦးတုိ႔ ရွိေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
(Unicode)⤵⤵⤵
TNLA နှင့်မြန်မာ့တပ်မတော် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား ဒေသခံများစစ်ဘေးရှောင်နေရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
နိုဝင်ဘာလ ၂၀ ရက် ၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့ တပ်မတော်တို့တိုက်ပွဲများဖြစ်ပွါးရာ လက်နက်ကြီးပစ်ခတ်မှု ရဟတ်ယာဉ်ဖြင့် ဝဲပျံမှုများရှိသဖြင့်ဒေသခံရွာသားများတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ ၂၀ ရက် ယနေ့ မနက် ၈ နာရီအချိန်ခန့်က မြန်မာ့တပ်မတော်သည် မိုင်းငေါ့မြို့နယ် ဘက်မှ နမ့်ဆန်မြို့နယ် စခန်းသာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင်လည်း တပ်မတော်ဘက်မှ ရဟတ်ယာဉ် ဖြင့် လာရောက် ပျံဝဲကြောင်း TNLA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တိုက်ပွဲ တော့ မဟုတ်ဘူး။ မြန်မာ့တပ်မတော်က ကျနော်တို့ကိုလာပစ်တာ။ ရဟတ်ယာဉ်တွေလာပျံတယ်။ တပ်က ရမ်းပစ်နေတာ” ဟု တားအိုက်ကျော် က ဆိုသည်။

ရဟတ်ယာဉ်သည် နိမ့်စွာ ဝဲပျံသဖြင့် မိုင်းငေါ့နှင့်ကျောက်မဲကြား မန့်ခေါပ် မန့်ကန်ရွာဘက်ရှိ လူနေအိမ် သက်ကယ်ခေါင်မိုးများ ထရံများ လွှင့်စင်သည်အထိဖြစ်သဖြင့်ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေးကြကြောင်းလည်း မိုင်းငေါ့ဘက်မှ ဒေသခံများကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်တွင် နိုဝင်ဘာ ၁၁ရက်နေ့မှ ၁၇ ရက်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၁၈ ရက်နေ့မှယနေ့တိုင် မြန်မာ့တပ်မတော် မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်နေကြောင်း လည်း တားအိုက်ကျော် က ပြောသည်။
“ အခု တပ်က ရမ်းပစ်တော့ ပြည်သူတွေ ထွက်ပြေးနေရတယ်။ ပြည်သူတွေပဲ ဒုက္ခရောက်တယ်” ဟု တားအိုက်ကျော် က ဆိုသည်။

ယနေ့တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ခုံငင်း ကျေးရွာ အတွင်း လက်နက်ကြီးများ ကျကြောင်း ၊ လက်ရှိအချိန်အထိ ဒေသခံ ၈၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း အိုမ်တမောဝ်လူမှုကူညီရေး အသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် ပန်နင်းကျေးရွာ၊ ကျောက်ဖြူလေး ကျေးရွာ နှင့် မန်ခေါက် ကျေးရွာတွင် တိမ်းရှောင်နေရကြောင်း အဘမ်း ကပြောသည်။

“ အခု အစားအစာတွေ နေစရာ အခင်း တွေ လိုအပ်နေတယ်။ အဲ့ဘက်ကို သွားဖို့က ခက်ခဲတယ်။ ကူညီတဲ့သူတွေကလည်း မသွားရဲကြဘူး။ တိုက်ပွဲဖြစ်တော့ သွားရမှာ ကြောက်တယ်” ဟု အဘမ်း က ဆိုသည်။

တိုက်ပွဲကြောင့် လူနေအိမ်များ လက်နက်ကြီး ကျကာ ပျက်စီးမှု ရှိသော်လည်း လူထိခိုက်မှု မရှိကြောင်းသိရသည်။ သျှမ်းမြောက်တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် တိုက်ပွဲကြောင့် သေဆုံးသူ ၅ဦး နှင့်ထိခိုက်ဒဏ်ရာရရှိသူ ၃၀ဦးတို့ ရှိကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
TNLA ႏွင့္ျမန္မာ့တပ္မေတာ္ တုိက္ပြဲ ဆက္တိုက္ျဖစ္ပြား ေဒသခံမ်ားစစ္ေဘးေရွာင္ေနရ TNLA ႏွင့္ျမန္မာ့တပ္မေတာ္ တုိက္ပြဲ ဆက္တိုက္ျဖစ္ပြား ေဒသခံမ်ားစစ္ေဘးေရွာင္ေနရ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.