သိန္း ၂၆ဝ နဲ႔ ျပန္မေရြးႏုိင္လုိ႔ TNLA လက္မွာ ပန္ေဆးေဒသခံ တစ္ဦး ေသဆုံ

TNLA အဖြဲ႔က ဖမ္းဆီသြားၿပီး ေသဆုံးခဲ့တဲ့ နမ့္ခမ္းၿမိဳ႕ေဒသခံ ဦးေလာက္လူရဲ႕ ရုပ္အေလာင္းကို ၂ဝ၁၉ ေအာက္တိုဘာ ၃ဝ ရက္ေန႔က ေတြ႔ရစဥ္/ ဓာတ္ပံု - ပန္ေဆးျပန္ၾကားေရးအဖြဲ႔
(Zawgyi)⤵⤵⤵
တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔က ဖမ္းဆီသြားၿပီး ေသဆုံးခဲ့တဲ့ နမ့္ခမ္းၿမိဳ႕ေဒသခံ အေလာင္းကုိ မိသားစုက ေငြ ခုႏွစ္သိန္းေပးၿပီး ျပန္ေရြးယူခဲ့ရေၾကာင္း ေသဆုံးသြားသူေတြရဲ႕ မိသားစုက ေျပာပါတယ္။

တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ ့TNLAက ဖမ္းဆီးသြားတဲ နမ့္ခမ္းၿမိဳ႕နယ္ ေအာင္ေမတၱာ  ရပ္ကြက္မွာ ေနထိုင္တဲ့ ဦးေလာက္လူဆိုတ့ဲ အမ်ိဳးသားရဲ႕အေလာင္းကို ေအာက္တိုဘာ ၃၀ ရက္ေန႔ ညသန္ေခါင္အခ်ိန္မွာ မိသားစု၀င္ေတြထံ TNLA က ျပန္လည္ေပးအပ္ခဲ့တယ္လို႔ မိသားစု၀င္ေတြနဲ႔ နီးစပ္တဲ့ ခုိလုံလီေရွာ ပန္ေဆးေဒသ လူငယ္မ်ားအဖြဲ႔ ျပန္ၾကားေရးတာ၀န္ခံ မသိမ့္က ေျပာပါတယ္။

ဦးေလာက္လူကို ၂၀၁၉ ဧၿပီလမွာ TNLA အဖြဲ႔က နမ့္ခမ္းၿမိဳ႕ ေနအိမ္မွာလာေရာက္ ဖမ္းဆီးသြားတာျဖစ္ၿပီး ျပန္လည္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့အခါ၊ လက္နက္ကုိင္အဖြဲ႔က သိန္း ၇၀၀ နဲ႔ လာေရြးခုိင္းတာေၾကာင့္ ေငြေၾကးအခက္အခဲရွိလုိ႔ မေရြးႏုိင္ဘဲ ၾကန္႔ၾကာခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ဒါေပမဲ့ ၾကားေနညွိႏႈိင္းေပးသူရွိတာေၾကာင့္ ဦးေလာက္လူကုိ သိန္း ၂၆၀ နဲ႔ေရြးဖုိ႔ သေဘာတူထားတာရွိတယ္လုိ႔ မသိမ့္က ေျပာပါတယ္။ အသတ္မခံရခင္ ေလးရက္အလုိမွာ သူ႔ကုိအျမန္ဆုံးျပန္ေရြးေပးဖုိ႔ ဆက္သြယ္ခဲ့ေၾကာင္းနဲ႔ သိန္း ၂၆၀ မရွိတာေၾကာင့္ ျပန္မေရြးနုိင္ဘဲျဖစ္ေနခ်ိန္ ေအာက္တုိဘာ ၃၀ ရက္ေန႔မွာေတာ့ ဦးေလာက္လူ ေသဆုံးတဲ့အေၾကာင္းကုိ TNLA ဖက္က သတင္းေပးလာတယ္လုိ႔လည္း ဆုိပါတယ္။

အေလာင္းကုိ ေငြခုႏွစ္သိန္းေပး ေရြးခဲ့ရတယ္လုိ႔ ေျပာပါတယ္။ ဦးေလာက္လူကဲ့သုိ႔ TNLA ဖမ္းဆီးထားတဲ့ ခုိလုံ လီေရွာလူမ်ဳိး ဆယ္ဦးခန္႔ရွိၿပီးေတာ့၊ တရုတ္လူမ်ဳိးတခ်ဳိ႕လည္း ပါ၀င္တယ္လုိ႔ သူက ဆုိပါတယ္။ ဖမ္းဆီးထိန္းသိမ္း ထားတဲ့ေနရာဟာ ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာျဖစ္ၿပီး လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့ ေတာတြင္းပုိင္းေနရာျဖစ္တယ္ လုိ႔လည္း သိရပါတယ္။

ဖမ္းဆီးထားသူေတြကုိ အစာအနည္းငယ္သာ ေကြ်းတယ္လုိ႔ ဦးေလာက္လူ မေသခင္ မိသားစုကုိ ေျပာျပတာရွိတယ္ လုိ႔လည္း ဆုိပါတယ္။

TNLA ျပန္ၾကားေရးတာ၀န္ရွိသူေတြကို ဆက္သြယ္ေမးျမန္းတာမွာ နမ့္ခမ္းၿမိဳ႕နယ္ ပန္ေဆးေဒသမွာ ဖမ္းဆီးရမိတဲ့ သူေတြဟာ မူးယစ္ေဆး၀ါးနဲ ့ဆက္စပ္ေနတဲ့သူေတြျဖစ္ၿပီး အမည္ေတြကိုေတာ့ မသိေသးဘူးလို႔ ေၿပာပါတယ္။ သူတို႔အဖြဲ႔အေနနဲ႔ ဖမ္းဆီးထားသူေတြကို ေငြေတာင္းၿပီးေရြးခိုင္းတဲ့ မူ၀ါဒမရွိမရွိဘူးလို႔လည္း TNLA ေျပာခြင့္ရသူ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

ေဒသခံေတြကို ျပန္ေပးဆြဲတဲ့ျဖစ္စဥ္ အႀကိမ္ႏွစ္ဆယ္ေက်ာ္ေလာက္အထိရွိလာၿပီး ေနာက္ပိုင္းမွာ အရပ္သားေတြကုိ ပစ္မွတ္ထားလာတာ ေတြ႔ရတယ္လုိ႔ ပန္ေဆးေဒသျပန္ႀကားေရးတာ၀န္ခံ မသိမ့္က ေျပာပါတယ္။ RFA က ဒီအခ်က္လက္ေတြနဲ႔ ပတ္သက္ၿပီး သီးျခားအတည္ျပဳႏုိင္ျခင္း မရွိပါဘူး။

၂၀၁၉ မတ္လမွာ ကြတ္ခိုင္နဲ ့နမ့္ခမ္းၿမိဳ႕နယ္ေတြက ခိုလံုလီေရွာ လူငယ္ ၁၄ ေယာက္ေလာက္ကို TNLAက ဖမ္းဆီးခဲ့ၿပီး တစ္ဦးကို ေငြသိန္းသံုးဆယ္နဲ႔ ေရြးခိုင္းတာေၾကာင့္ ပန္ေဆးေဒသ ခိုလံုလီေရွာလူငယ္ေတြက ၂၀၁၉ မတ္လအတြင္း မႏၱေလးမီဒီယာစင္တာမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါေသးတယ္။

အဲဒီေနာက္မွာ TNLA က လူငယ္အခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒီလိုဖမ္းဆီးၿပီး ေငြေတာင္းတာဟာ သူလႈပ္ရွားရာေဒသမွာ မူးယစ္ေဆး၀ါးသံုးစြဲေနသူေတြျဖစ္လို႔ ဖမ္းဆီးတာျဖစ္ၿပီး ေငြေတာင္းတာဟာလည္း သူတို႔ကိုေဆးျဖတ္ေပးဖို႔နဲ႔ စားစရိတ္အတြက္ ေတာင္းတာျဖစ္တယ္လို႔ TNLA ဘက္က မီဒီယာေတြကို တုံ႔ျပန္ေျပာဆုိဖူးပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္ နမ့္ခမ္းၿမိဳ႕နဲ႔ နမ့္ဖတ္ကာၾကားေဒသေတြမွာ ခိုလံုလီေရွာ လူမ်ိဳးေတြ အမ်ားဆံုး ေနထုိင္ တဲ့ေဒသျဖစ္ၿပီးေတာ့၊ ပန္ေဆးျပည္သူ႔စစ္အဖြဲ႔ေတြ လႈပ္ရွားရာနယ္ေျမလည္း ျဖစ္ပါတယ္။ အဲဒီေဒသေတြမွာ ဘိန္းအဓိကစုိက္ပ်ဳိးၾကၿပီးေတာ့၊ ဘိန္းခင္းေတြကုိ လာေရာက္ဖ်က္ဆီးေလ့ရွိတဲ့ TNLA တပ္ဖြဲ႔နဲ႔ ပန္ေဆးျပည္သူ႔ စစ္ေတြၾကား၊ မၾကာခဏတုိက္ပြဲျဖစ္ပြားေလ့ရွိပါတယ္။

RFA Burmese
https://www.rfa.org
------------------
(Unicode)⤵⤵⤵
TNLA အဖွဲ့က ဖမ်းဆီသွားပြီး သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့ဒေသခံ ဦးလောက်လူရဲ့ ရုပ်အလောင်းကို ၂ဝ၁၉ အောက်တိုဘာ ၃ဝ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ပန်ဆေးပြန်ကြားရေးအဖွဲ့

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဖမ်းဆီသွားပြီး သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့ဒေသခံ အလောင်းကို မိသားစုက ငွေ ခုနှစ်သိန်းပေးပြီး ပြန်ရွေးယူခဲ့ရကြောင်း သေဆုံးသွားသူတွေရဲ့ မိသားစုက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLAက ဖမ်းဆီးသွားတဲ နမ့်ခမ်းမြို့နယ် အောင်မေတ္တာ  ရပ်ကွက်မှာ နေထိုင်တဲ့ ဦးလောက်လူဆိုတဲ့ အမျိုးသားရဲ့အလောင်းကို အောက်တိုဘာ ၃၀ ရက်နေ့ ညသန်ခေါင်အချိန်မှာ မိသားစုဝင်တွေထံ TNLA က ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ခိုလုံလီရှော ပန်ဆေးဒေသ လူငယ်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောပါတယ်။

ဦးလောက်လူကို ၂၀၁၉ ဧပြီလမှာ TNLA အဖွဲ့က နမ့်ခမ်းမြို့ နေအိမ်မှာလာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ လက်နက်ကိုင်အဖွဲ့က သိန်း ၇၀၀ နဲ့ လာရွေးခိုင်းတာကြောင့် ငွေကြေးအခက်အခဲရှိလို့ မရွေးနိုင်ဘဲ ကြန့်ကြာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကြားနေညှိနှိုင်းပေးသူရှိတာကြောင့် ဦးလောက်လူကို သိန်း ၂၆၀ နဲ့ရွေးဖို့ သဘောတူထားတာရှိတယ်လို့ မသိမ့်က ပြောပါတယ်။ အသတ်မခံရခင် လေးရက်အလိုမှာ သူ့ကိုအမြန်ဆုံးပြန်ရွေးပေးဖို့ ဆက်သွယ်ခဲ့ကြောင်းနဲ့ သိန်း ၂၆၀ မရှိတာကြောင့် ပြန်မရွေးနိုင်ဘဲဖြစ်နေချိန် အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ဦးလောက်လူ သေဆုံးတဲ့အကြောင်းကို TNLA ဖက်က သတင်းပေးလာတယ်လို့လည်း ဆိုပါတယ်။

အလောင်းကို ငွေခုနှစ်သိန်းပေး ရွေးခဲ့ရတယ်လို့ ပြောပါတယ်။ ဦးလောက်လူကဲ့သို့ TNLA ဖမ်းဆီးထားတဲ့ ခိုလုံ လီရှောလူမျိုး ဆယ်ဦးခန့်ရှိပြီးတော့၊ တရုတ်လူမျိုးတချို့လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်း ထားတဲ့နေရာဟာ ကွတ်ခိုင်မြို့နယ်ထဲမှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောတွင်းပိုင်းနေရာဖြစ်တယ် လို့လည်း သိရပါတယ်။

ဖမ်းဆီးထားသူတွေကို အစာအနည်းငယ်သာ ကျွေးတယ်လို့ ဦးလောက်လူ မသေခင် မိသားစုကို ပြောပြတာရှိတယ် လို့လည်း ဆိုပါတယ်။

TNLA ပြန်ကြားရေးတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတာမှာ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသမှာ ဖမ်းဆီးရမိတဲ့ သူတွေဟာ မူးယစ်ဆေးဝါးနဲ့ဆက်စပ်နေတဲ့သူတွေဖြစ်ပြီး အမည်တွေကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ ဖမ်းဆီးထားသူတွေကို ငွေတောင်းပြီးရွေးခိုင်းတဲ့ မူဝါဒမရှိမရှိဘူးလို့လည်း TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒေသခံတွေကို ပြန်ပေးဆွဲတဲ့ဖြစ်စဉ် အကြိမ်နှစ်ဆယ်ကျော်လောက်အထိရှိလာပြီး နောက်ပိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားလာတာ တွေ့ရတယ်လို့ ပန်ဆေးဒေသပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောပါတယ်။ RFA က ဒီအချက်လက်တွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

၂၀၁၉ မတ်လမှာ ကွတ်ခိုင်နဲ့နမ့်ခမ်းမြို့နယ်တွေက ခိုလုံလီရှော လူငယ် ၁၄ ယောက်လောက်ကို TNLAက ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ငွေသိန်းသုံးဆယ်နဲ့ ရွေးခိုင်းတာကြောင့် ပန်ဆေးဒေသ ခိုလုံလီရှောလူငယ်တွေက ၂၀၁၉ မတ်လအတွင်း မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီနောက်မှာ TNLA က လူငယ်အချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုဖမ်းဆီးပြီး ငွေတောင်းတာဟာ သူလှုပ်ရှားရာဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေဖြစ်လို့ ဖမ်းဆီးတာဖြစ်ပြီး ငွေတောင်းတာဟာလည်း သူတို့ကိုဆေးဖြတ်ပေးဖို့နဲ့ စားစရိတ်အတွက် တောင်းတာဖြစ်တယ်လို့ TNLA ဘက်က မီဒီယာတွေကို တုံ့ပြန်ပြောဆိုဖူးပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင် နမ့်ခမ်းမြို့နဲ့ နမ့်ဖတ်ကာကြားဒေသတွေမှာ ခိုလုံလီရှော လူမျိုးတွေ အများဆုံး နေထိုင် တဲ့ဒေသဖြစ်ပြီးတော့၊ ပန်ဆေးပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ဘိန်းအဓိကစိုက်ပျိုးကြပြီးတော့၊ ဘိန်းခင်းတွေကို လာရောက်ဖျက်ဆီးလေ့ရှိတဲ့ TNLA တပ်ဖွဲ့နဲ့ ပန်ဆေးပြည်သူ့ စစ်တွေကြား၊ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

RFA Burmese
https://www.rfa.org/burmese.html
သိန္း ၂၆ဝ နဲ႔ ျပန္မေရြးႏုိင္လုိ႔ TNLA လက္မွာ ပန္ေဆးေဒသခံ တစ္ဦး ေသဆုံ သိန္း ၂၆ဝ နဲ႔ ျပန္မေရြးႏုိင္လုိ႔ TNLA လက္မွာ ပန္ေဆးေဒသခံ တစ္ဦး ေသဆုံ Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.