အပစ္ရပ္စာခ်ဳပ္ကိုမလိုက္နာလို႔ တိုက္ပြဲျပန္ျဖစ္တာလို႔ RCSS ေျပာ

RCSS/SSA ရဲ႕ စစ္ေရးျပအခမ္းအနားတစ္ခု
(Zawgyi)⤵⤵
ဒီရက္ပိုင္း အစိုးရတပ္နဲ႔ တိုက္ပြဲျဖစ္ပြားတာဟာ ႏွစ္ဖက္လုံးက အပစ္ရပ္ခ်ဳပ္ NCA ပါအခ်က္ေတြကို မလိုက္နာလို႔ ျဖစ္တာလို႔ ရွမ္းျပည္ျပန္ လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA) က ဒုဗိုလ္မႉးႀကီး စိုင္းဦးက ဘီဘီစီကို ေျပာပါတယ္။

အပစ္ရပ္စာခ်ဳပ္မွာ ႏွစ္ဖက္တပ္ေတြ အသြားအလာလုပ္တဲ့အခါ ႀကိဳတင္အသိေပးအေၾကာင္းၾကားဖို႔ဆိုတဲ့အခ်က္ေတြ ပါပါတယ္။
ႏွစ္ဖက္မေက်လည္မႈေတြကို ႏိုဝင္ဘာလလယ္ကတင္ ေဆြးေႏြးညႇိႏႈိင္းႏိုင္ခဲ့တာ မၾကာေသး

ဒါေပမဲ့ နမၼတူမွာ လက္နက္ႀကီးက်လို႔ အရပ္သားအမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့တယ္ဆိုတဲ့ ႏိုဝင္ဘာ ၂၉ ရက္မွာ တိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႔ သူက ျငင္းဆိုပါတယ္။

"ႏိုဝင္ဘာ ၂၈ ရက္မွာ မန္ဝါ႐ြာနားမွာ တိုက္ပြဲျဖစ္တာ မွန္ပါတယ္။ ဒါကလည္း ႏွစ္ဖက္တပ္ေတြ သြားလာရင္း မေတာ္တဆ ထိေတြ႕တိုက္ပြဲျဖစ္တာပါ။ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ေလာက္ပဲ အျပန္အလွန္ပစ္တာပါ။ လူေသတယ္ဆိုတဲ့ ၂၉ ရက္မွာ ကြၽန္ေတာ္တို႔တပ္ေတြ အဲဒီ႐ြာနားမွာ မရွိပါဘူး" လို႔ သူကေျပာပါတယ္။

အခုလို တိုက္ပြဲျဖစ္ရတာက RCSS ဘက္က ရွမ္းေျမာက္မွာ တပ္စခန္းေတြတိုးခ်ဲ႕တာေၾကာင့္လို႔ တပ္မေတာ္က ေျပာပါတယ္။
 ၂၀၁၇ အတြင္းက ေနျပည္ေတာ္ေရာက္ RCSSကိုယ္စားလွယ္အဖြဲ႕

RCSS အေနနဲ႔ အဲဒီလိုတပ္စခန္းအခိုင္အမာ တည္ေဆာက္တာမ်ိဳး မလုပ္ဘူးလို႔ ဒုဗိုလ္မႉးႀကီး စိုင္းဦးက ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ လာမယ့္ေဆြးေႏြးပြဲေတြမွာ ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ေနျပည္ေတာ္လာမယ့္ လမ္းေၾကာင္းကို တပ္မေတာ္က တားျမစ္လို႔ ခရီးစဥ္ပ်က္သြားတဲ့အတြက္ ဒီအေပၚ ႏွစ္ဖက္ကိုယ္စားလွယ္ေတြ ညႇိႏႈိင္းေဆြးေႏြး ေျပလည္ခဲ့တာ ႏွစ္ပတ္ခန႔္အၾကာမွာ ခုလို တိုက္ပြဲျဖစ္တာျဖစ္ပါတယ္။

RCSS ဟာ အပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးထားတဲ့ေနာက္ တပ္မေတာ္နဲ႔ တိုက္ပြဲ ၅၈ ႀကိမ္ျဖစ္ပြားထားၿပီး တိုက္ပြဲအဓိကျဖစ္ပြားတဲ့အေၾကာင္းအရင္းထဲမွာ လက္နက္ကိုင္တပ္ေတြအတြက္ နယ္ေျမအတည္တက် သတ္မွတ္ထားမႈမရွိတဲ့အတြက္ ႏွစ္ဖက္တပ္ေတြ ထိေတြ႕မႈက အမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။

မေန႔က တိုက္ပြဲမွာ RCSS ဘက္က ေသနတ္တစ္လက္အပါအဝင္ လက္နက္ခဲယမ္းေတြသိမ္းဆည္းရရွိခဲ့တယ္လို႔ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ဒါေပမဲ့ RCSS ကေတာ့ အဲဒီလိုသူတို႔လက္နက္ေတြ ဆုံးရႈံးရမႈလည္း မရွိဘူးလို႔ ဘီဘီစီကိုေျပာပါတယ္။

ဒီရက္ပိုင္းအတြင္းမွာ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ မြန္ျပည္သစ္ပါတီနဲ႔လည္း တပ္မေတာ္ တိုက္ပြဲျဖစ္ပြားထားၿပီး ေဒသခံေတြ ထိုင္းဘက္ကို ေထာင္နဲ႔ခ်ီတိမ္းေရွာင္ခဲ့ရပါတယ္။

လာမယ့္ ဒီဇင္ဘာ ၃ ရက္ကေန ၅ ရက္အထိ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ အပစ္ရပ္လက္မွတ္ထိုးအဖြဲ႕ေခါင္းေဆာင္ေတြစုဖြဲ႕ထားတဲ့ ၿငိမ္းခ်မ္းေရးဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး က်င္းပဖို႔ရွိေနၿပီး ဒီအစည္းအေဝးေတြမွာ တိုက္ပြဲျဖစ္စဥ္ေတြေဆြးေႏြးဖို႔ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
---------------------
(Unicode)⤵⤵⤵
RCSS/SSA ရဲ့ စစ်ရေးပြအခမ်းအနားတစ်ခု
(၁) အပစ်ရပ်စာချုပ်ကိုမလိုက်နာလို့ တိုက်ပွဲပြန်ဖြစ်တာလို့ RCSS ပြော

ဒီရက်ပိုင်း အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာဟာ နှစ်ဖက်လုံးက အပစ်ရပ်ချုပ် NCA ပါအချက်တွေကို မလိုက်နာလို့ ဖြစ်တာလို့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဒုဗိုလ်မှူးကြီး စိုင်းဦးက ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်စာချုပ်မှာ နှစ်ဖက်တပ်တွေ အသွားအလာလုပ်တဲ့အခါ ကြိုတင်အသိပေးအကြောင်းကြားဖို့ဆိုတဲ့အချက်တွေ ပါပါတယ်။
ဓာတ်ပုံ မူပိုင် Tai Freedom
Image caption နှစ်ဖက်မကျေလည်မှုတွေကို နိုဝင်ဘာလလယ်ကတင် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တာ မကြာသေး

ဒါပေမဲ့ နမ္မတူမှာ လက်နက်ကြီးကျလို့ အရပ်သားအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ နိုဝင်ဘာ ၂၉ ရက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သူက ငြင်းဆိုပါတယ်။

"နိုဝင်ဘာ ၂၈ ရက်မှာ မန်ဝါရွာနားမှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ဒါကလည်း နှစ်ဖက်တပ်တွေ သွားလာရင်း မတော်တဆ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲ အပြန်အလှန်ပစ်တာပါ။ လူသေတယ်ဆိုတဲ့ ၂၉ ရက်မှာ ကျွန်တော်တို့တပ်တွေ အဲဒီရွာနားမှာ မရှိပါဘူး" လို့ သူကပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ရတာက RCSS ဘက်က ရှမ်းမြောက်မှာ တပ်စခန်းတွေတိုးချဲ့တာကြောင့်လို့ တပ်မတော်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် SAI LEARN
Image caption ၂၀၁၇ အတွင်းက နေပြည်တော်ရောက် RCSSကိုယ်စားလှယ်အဖွဲ့

RCSS အနေနဲ့ အဲဒီလိုတပ်စခန်းအခိုင်အမာ တည်ဆောက်တာမျိုး မလုပ်ဘူးလို့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လာမယ့်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်လာမယ့် လမ်းကြောင်းကို တပ်မတော်က တားမြစ်လို့ ခရီးစဉ်ပျက်သွားတဲ့အတွက် ဒီအပေါ် နှစ်ဖက်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေး ပြေလည်ခဲ့တာ နှစ်ပတ်ခန့်အကြာမှာ ခုလို တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။

RCSS ဟာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့နောက် တပ်မတော်နဲ့ တိုက်ပွဲ ၅၈ ကြိမ်ဖြစ်ပွားထားပြီး တိုက်ပွဲအဓိကဖြစ်ပွားတဲ့အကြောင်းအရင်းထဲမှာ လက်နက်ကိုင်တပ်တွေအတွက် နယ်မြေအတည်တကျ သတ်မှတ်ထားမှုမရှိတဲ့အတွက် နှစ်ဖက်တပ်တွေ ထိတွေ့မှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲမှာ RCSS ဘက်က သေနတ်တစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒါပေမဲ့ RCSS ကတော့ အဲဒီလိုသူတို့လက်နက်တွေ ဆုံးရှုံးရမှုလည်း မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့လည်း တပ်မတော် တိုက်ပွဲဖြစ်ပွားထားပြီး ဒေသခံတွေ ထိုင်းဘက်ကို ထောင်နဲ့ချီတိမ်းရှောင်ခဲ့ရပါတယ်။

လာမယ့် ဒီဇင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီအစည်းအဝေးတွေမှာ တိုက်ပွဲဖြစ်စဉ်တွေဆွေးနွေးဖို့ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
အပစ္ရပ္စာခ်ဳပ္ကိုမလိုက္နာလို႔ တိုက္ပြဲျပန္ျဖစ္တာလို႔ RCSS ေျပာ အပစ္ရပ္စာခ်ဳပ္ကိုမလိုက္နာလို႔ တိုက္ပြဲျပန္ျဖစ္တာလို႔ RCSS ေျပာ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.