တပ္မေတာ္နဲ႔ RCSS က ႏိုဝင္ဘာ ၂၉ မွာ တိုက္ပြဲမျဖစ္ဟု ေျပာ၊ TNLA ကလည္း ျငင္းဆို

 ႏိုဝင္ဘာ ၂၉ မွာ တိုက္ပြဲမျဖစ္ဟု TNLA ကလည္း ျငင္းဆို
(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၂၉ ရက္ နံနက္ပိုင္းမွာ ရွမ္းျပည္ေျမာက္ပိုင္း နမၼတူၿမိဳ႕အနီး၊ မန္ဝါေက်း႐ြာထဲက ေျပာင္းဖူးခင္းထဲ လက္နက္ႀကီးက်ည္က်လို႔ ေျပာင္းခ်ိဳးေနတဲ့ ေတာင္သူအမ်ိဳးသမီး၅ ဦးအနက္ ၃ ဦး ဒဏ္ရာရၿပီး တစ္ဦးေသဆုံးသြားပါတယ္။

ဒီျဖစ္စဥ္မွာ ေဒသခံေတြက တပ္နဲ႔ RCSS နဲ႔ တိုက္ပြဲၾကား ထိခိုက္တာလို႔ ေျပာသလို တခ်ိဳ႕ကလည္း တပ္မေတာ္၊ RCSS နဲ႔ TNLA သုံးပြင့္ဆိုင္ျဖစ္ၾကတာလို႔ ဆိုပါတယ္။ ဒါေပမဲ့ တပ္မေတာ္နဲ႔ ရွမ္းျပည္ျပန္ လည္ထူေထာင္ေရးေကာင္စီ RCSS ကေတာ့ အဲဒီေန႔မွာ ႏွစ္ဖက္တိုက္ပြဲျဖစ္တာမရွိဘူးလို႔ ဘီဘီစီကို ေျပာပါတယ္။

အဲဒီလိုပဲ တအာန္းအဖြဲ႕ TNLA ကလည္း ႏိုဝင္ဘာ ၂၉ ရက္မွာ သူတို႔တပ္ေတြ အဲဒီတိုက္ပြဲျဖစ္တဲ့နားမွာ မရွိေၾကာင္းနဲ႔ တပ္မေတာ္က ခလရ (၃၄၄) ကေန လက္နက္ႀကီးနဲ႔ မန္ဝါ႐ြာကိုလွမ္းပစ္လို႔ လူေနအိမ္ေတြထိၿပီး အမ်ိဳးသမီးတစ္ဦးေသဆုံးရတယ္လို႔ အဲဒီအဖြဲ႕က ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က ဘီဘီစီကိုေျပာပါတယ္။

ႏိုဝင္ဘာ ၂၉ ရက္ေန႔က ရွမ္းျပည္နယ္ေျမာက္ပိုင္းနမၼတူမွာ တပ္မေတာ္နဲ႔ တအာန္းအဖြဲ႕ TNLA တို႔ တိုက္ပြဲျဖစ္ပြားရာက လက္နက္ႀကီးက်ည္ က်လို႔ ေျပာင္းခင္းထဲမွာ ေျပာင္းခ်ိဳးေနတဲ့ေတာင္သူအမ်ိဳးသမီး ငါးဦးအနက္ တစ္ဦး ေသဆုံးခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉး ခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ႏိုဝင္ဘာ ၃၀ ရက္မွာ ေျပာပါတယ္။

"မန္စံ႐ြာရဲ႕ေျမာက္ဘက္မွာ TNLA အင္အား၂၀ ေလာက္နဲ႔ ေတြ႕ဆုံတိုက္ပြဲျဖစ္တယ္။ သူတို႔ကေတာ့ အေရွ႕ဘက္ကို ဆုတ္ခြာသြားတယ္။ သူတို႔ေနတဲ့ေနရာကို သိမ္းဆည္းရမိတာရွိတယ္။ နမၼတူၿမိဳ႕ရဲ႕ မန္ဝါအေပၚေက်း႐ြာမွာ ေျပာင္းဖူးခ်ိဳးေနတဲ့အမ်ိဳးသမီး ငါးေယာက္အနက္မွာ သုံးေယာက္ဒဏ္ရာရတယ္။ မေမာက္ဆြဲရယ္၊ မအို႔အိမ္း ရယ္၊ မနန္းစံရယ္ ဒဏ္ရာရတယ္။ အဲဒီထဲက မေမာက္ဆြဲကေတာ့ ဆုံးသြားတယ္ဆိုတာ သိရပါတယ္" လို႔ သူက ဆိုပါတယ္။

ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးနဲ႔ပတ္သက္လို႔ ႏွစ္ဖက္တိုက္ပြဲျဖစ္ခ်ိန္မွာ တပ္မေတာ္ကလည္း TNLA ေၾကာင့္ လို႔ ေျပာမွာျဖစ္သလို TNLA ကလည္း တပ္မေတာ္ေၾကာင့္လို႔ ေျပာမွာ ျဖစ္တဲ့အတြက္ ဒီကိစၥေတြက ေျပာရတာ ခက္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

အခုလို ႏွစ္ဖက္တိုက္ပြဲအတြင္း အရပ္သားေတြ ထိခိုက္နစ္နာမႈမရွိေစဖို႔ လက္နက္ကိုင္ေတြအေနနနဲ႔ ႐ြာအနီးကေန ေခ်ာင္းေျမာင္းတိုက္ခိုက္တာ၊ မိုင္းေထာင္တာေတြမလုပ္ဖို႔လိုတယ္လို႔ သူက ဆက္ေျပာပါတယ္။

အဲဒီလိုလုပ္ေနရင္ ေဒသခံျပည္သူလူထုပဲနစ္နာတယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ႏိုဝင္ဘာ ၂၈ ရက္ကလည္း အပစ္ရပ္လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA)နဲ႔ နမၼတူၿမိဳ႕နယ္၊ မန္ဝါ႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ႏွစ္ဖက္အဖြဲ႕က ေျပာပါတယ္။

အခု တိုက္ပြဲျဖစ္တဲ့ နမၼတူနားမွာ တပ္မေတာ္၊ RCSS နဲ႔ TNLA တို႔လႈပ္ရွားတဲ့ေနရာေတြျဖစ္တယ္လို႔ေဒသခံေတြက ေျပာပါတယ္။

ဒါေပမဲ့ နမၼတူ၊ မန္ဝါ႐ြာအနီးမွာ လက္နက္ႀကီးက်လို႔ အရပ္သားအမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္ဆိုတဲ့ ႏိုဝင္ဘာ ၂၉ ရက္မွာ သူတို႔နဲ႔ အစိုးရတပ္နဲ႔ တိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႔ RCSS က ဒုဗိုလ္မႉးႀကီး စိုင္းဦးက ေျပာပါတယ္။

"ႏိုဝင္ဘာ ၂၈ ရက္မွာ မန္ဝါ႐ြာနားမွာ တိုက္ပြဲျဖစ္တာ မွန္ပါတယ္။ ဒါကလည္း ႏွစ္ဖက္တပ္ေတြ သြားလာ ရင္း မေတာ္တဆ ထိေတြ႕တိုက္ပြဲျဖစ္တာပါ။ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ေလာက္ပဲ အျပန္အလွန္ ပစ္တာပါ။ လူေသတယ္ဆိုတဲ့ ၂၉ ရက္မွာ ကြၽန္ေတာ္တို႔တပ္ေတြ အဲဒီ႐ြာနားမွာ မရွိပါဘူး" လို႔ သူကေျပာပါတယ္။

တပ္မေတာ္ကလည္း ႏိုဝင္ဘာ ၂၉ ရက္မွာ RCSS နဲ႔ တိုက္ပြဲျဖစ္တာမရွိခဲ့ဘဲ TNLA နဲ႔တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။ ဒါ့အျပင္ အဲဒီတိုက္ပြဲနဲ႔ အရပ္သားအမ်ိဳးသမီးေတြ ေသဆုံးဒဏ္ရာရတာကို သတင္းထုတ္ျပန္သြားဖို႔ လုပ္ေနတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့မေန႔က နမၼတူအနီးမွာျဖစ္တဲ့တိုက္ပြဲဟာ တပ္မေတာ္နဲ႔ RCSS တို႔ ျဖစ္တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာေနပါတယ္။။

ေဒသခံေတြဘက္ကေတာ့ အခုတိုက္ပြဲျဖစ္တဲ့ေနရာေတြဟာ တပ္မေတာ္၊ RCSS နဲ႔ TNLA သုံးဖြဲ႕လုံး သြားလာလႈပ္ရွားတဲ့ေနရာေတြျဖစ္တယ္လို႔ ဆိုပါတယ္။

"ေနာက္ဆုံးတိုက္ပြဲျဖစ္ထားတာ ႏိုဝင္ဘာ ၂၆ ရက္ေန႔က ေက်ာက္မဲနမ့္ဆမ္ဘက္မွာပဲ။ မေန႔ကေတာ့ တိုက္ပြဲျဖစ္တာမရွိဘူး။ အဲဒီေနာက္ပိုင္း ထိေတြ႕တိုက္ပြဲမျဖစ္ဘူး။ အခု တိုက္ပြဲျဖစ္တယ္ဆိုတဲ့ေနရာမွာ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြ သြားလာလႈပ္ရွားတာေတာ့ရွိတယ္။ ဒါေပမဲ့ ဒီတေလာက ကြၽန္ေတာ္တို႔အဖြဲ႕ေတြ အဲဒီဘက္မွာမရွိဘူး" လို႔ ဗိုလ္မႉးမိုင္းအိုက္ေက်ာ္ကေျပာပါတယ္။
 RCSS အေနနဲ႔ ရွမ္းေျမာက္မွာ တပ္က ေျပာသလို တပ္စခန္းအခိုင္အမာ တည္ေဆာက္တာမ်ိဳး မလုပ္ဘူး လို႔ဆို
အစိုးရတပ္နဲ႔ အခုလို တိုက္ပြဲျဖစ္ပြားတာဟာ ႏွစ္ဖက္လုံးက အပစ္ရပ္ခ်ဳပ္ NCA ပါအခ်က္ေတြကို မလိုက္နာ လို႔ ျဖစ္တာလို႔ က RCSS က ဒုဗိုလ္မႉးႀကီး စိုင္းဦးက ဘီဘီစီကို ေျပာပါတယ္။

အဲဒီလိုပဲ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကလည္း အလားတူ သေဘာထားမွတ္ခ်က္ေပးပါတယ္။

"NCA နဲ႔ပတ္သက္ၿပီးေတာ့ ပါလာတဲ့ ကတိကဝတ္ေတြကို ေစာင့္ထိန္းဖို႔လိုတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ နယ္ေျမေက်ာ္လြန္တာေတြ နယ္ေျမတိုးခ်ဲ႕တာေတြမလုပ္ဘူးဆိုရင္ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲျဖစ္တာလည္း ေလ်ာ့နည္းသြားမယ္။ RCSS နဲ႔ဆို တိုက္ပြဲမျဖစ္တာၾကာပါၿပီ။အခုျဖစ္တာကလည္း ရွမ္းေျမာက္မွာ နယ္ေျမတိုးခ်ဲ႕တည္ေဆာက္လာလို႔ ျဖစ္ခဲ့ရတာျဖစ္ပါတယ္" လို႔ ဆိုပါတယ္။

RCSS အေနနဲ႔ ရွမ္းေျမာက္မွာ တပ္က ေျပာသလို တပ္စခန္းအခိုင္အမာ တည္ေဆာက္တာမ်ိဳး မလုပ္ဘူး လို႔ ဒုဗိုလ္မႉးႀကီး စိုင္းဦးက ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ လာမယ့္ႏွစ္ဖက္ေဆြးေႏြးပြဲေတြမွာ ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

RCSS ဟာ အပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးထားတဲ့ေနာက္ တပ္မေတာ္နဲ႔ တိုက္ပြဲ ၅၈ ႀကိမ္ျဖစ္ပြားထားၿပီး တိုက္ပြဲအဓိကျဖစ္ပြားတဲ့အေၾကာင္းအရင္းထဲမွာ လက္နက္ကိုင္တပ္ေတြအတြက္ နယ္ေျမ အတည္တက် သတ္မွတ္ထားမႈမရွိတဲ့အတြက္ ႏွစ္ဖက္တပ္ေတြ ထိေတြ႕မႈက အမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီရက္ပိုင္းအတြင္းမွာ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ မြန္ျပည္သစ္ပါတီနဲ႔လည္း တပ္မေတာ္ တိုက္ပြဲျဖစ္ပြား ထားၿပီး ေဒသခံေတြ ထိုင္းဘက္ကို ေထာင္နဲ႔ခ်ီတိမ္းေရွာင္ခဲ့ရပါတယ္။

RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ေနျပည္ေတာ္လာမယ့္ လမ္းေၾကာင္းကို တပ္မေတာ္က တားျမစ္လို႔ ခရီးစဥ္ပ်က္သြားတဲ့အတြက္ ဒီအေပၚႏွစ္ဖက္ကိုယ္စားလွယ္ေတြ ညႇိႏႈိင္းေဆြးေႏြး ေျပလည္ခဲ့တာ ႏွစ္ပတ္ခန႔္အၾကာမွာ ခုလို တိုက္ပြဲျဖစ္တာျဖစ္ပါတယ္။

လာမယ့္ ဒီဇင္ဘာ ၃ ရက္ကေန ၅ ရက္အထိ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ အပစ္ရပ္လက္ မွတ္ထိုးအဖြဲ႕ေခါင္းေဆာင္ေတြစုဖြဲ႕ထားတဲ့ ၿငိမ္းခ်မ္းေရးဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး က်င္းပဖို႔ရွိေနၿပီး ဒီအစည္းအေဝးေတြမွာ တိုက္ပြဲျဖစ္စဥ္ေတြေဆြးေႏြးဖို႔ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵

တပ်မတော်နဲ့ RCSS က နိုဝင်ဘာ ၂၉ မှာ တိုက်ပွဲမဖြစ်ဟု ပြော၊ TNLA ကလည်း ငြင်းဆို

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုဝင်ဘာ ၂၉ မှာ တိုက်ပွဲမဖြစ်ဟု TNLA ကလည်း ငြင်းဆို

နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့အနီး၊ မန်ဝါကျေးရွာထဲက ပြောင်းဖူးခင်းထဲ လက်နက်ကြီးကျည်ကျလို့ ပြောင်းချိုးနေတဲ့ တောင်သူအမျိုးသမီး၅ ဦးအနက် ၃ ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးသွားပါတယ်။

ဒီဖြစ်စဉ်မှာ ဒေသခံတွေက တပ်နဲ့ RCSS နဲ့ တိုက်ပွဲကြား ထိခိုက်တာလို့ ပြောသလို တချို့ကလည်း တပ်မတော်၊ RCSS နဲ့ TNLA သုံးပွင့်ဆိုင်ဖြစ်ကြတာလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ကတော့ အဲဒီနေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုပဲ တအာန်းအဖွဲ့ TNLA ကလည်း နိုဝင်ဘာ ၂၉ ရက်မှာ သူတို့တပ်တွေ အဲဒီတိုက်ပွဲဖြစ်တဲ့နားမှာ မရှိကြောင်းနဲ့ တပ်မတော်က ခလရ (၃၄၄) ကနေ လက်နက်ကြီးနဲ့ မန်ဝါရွာကိုလှမ်းပစ်လို့ လူနေအိမ်တွေထိပြီး အမျိုးသမီးတစ်ဦးသေဆုံးရတယ်လို့ အဲဒီအဖွဲ့က ဗိုလ်မှူး မိုင်းအိုက်ကျော်က ဘီဘီစီကိုပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူမှာ တပ်မတော်နဲ့ တအာန်းအဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားရာက လက်နက်ကြီးကျည် ကျလို့ ပြောင်းခင်းထဲမှာ ပြောင်းချိုးနေတဲ့တောင်သူအမျိုးသမီး ငါးဦးအနက် တစ်ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို နိုဝင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

"မန်စံရွာရဲ့မြောက်ဘက်မှာ TNLA အင်အား၂၀ လောက်နဲ့ တွေ့ဆုံတိုက်ပွဲဖြစ်တယ်။ သူတို့ကတော့ အရှေ့ဘက်ကို ဆုတ်ခွာသွားတယ်။ သူတို့နေတဲ့နေရာကို သိမ်းဆည်းရမိတာရှိတယ်။ နမ္မတူမြို့ရဲ့ မန်ဝါအပေါ်ကျေးရွာမှာ ပြောင်းဖူးချိုးနေတဲ့အမျိုးသမီး ငါးယောက်အနက်မှာ သုံးယောက်ဒဏ်ရာရတယ်။ မမောက်ဆွဲရယ်၊ မအို့အိမ်း ရယ်၊ မနန်းစံရယ် ဒဏ်ရာရတယ်။ အဲဒီထဲက မမောက်ဆွဲကတော့ ဆုံးသွားတယ်ဆိုတာ သိရပါတယ်" လို့ သူက ဆိုပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနဲ့ပတ်သက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ချိန်မှာ တပ်မတော်ကလည်း TNLA ကြောင့် လို့ ပြောမှာဖြစ်သလို TNLA ကလည်း တပ်မတော်ကြောင့်လို့ ပြောမှာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေက ပြောရတာ ခက်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခုလို နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ လက်နက်ကိုင်တွေအနေနနဲ့ ရွာအနီးကနေ ချောင်းမြောင်းတိုက်ခိုက်တာ၊ မိုင်းထောင်တာတွေမလုပ်ဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလိုလုပ်နေရင် ဒေသခံပြည်သူလူထုပဲနစ်နာတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ နမ္မတူမြို့နယ်၊ မန်ဝါရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်အဖွဲ့က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/GETTY IMAGES
Image caption အခု တိုက်ပွဲဖြစ်တဲ့ နမ္မတူနားမှာ တပ်မတော်၊ RCSS နဲ့ TNLA တို့လှုပ်ရှားတဲ့နေရာတွေဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ နမ္မတူ၊ မန်ဝါရွာအနီးမှာ လက်နက်ကြီးကျလို့ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ နိုဝင်ဘာ ၂၉ ရက်မှာ သူတို့နဲ့ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ RCSS က ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

"နိုဝင်ဘာ ၂၈ ရက်မှာ မန်ဝါရွာနားမှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ဒါကလည်း နှစ်ဖက်တပ်တွေ သွားလာ ရင်း မတော်တဆ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲ အပြန်အလှန် ပစ်တာပါ။ လူသေတယ်ဆိုတဲ့ ၂၉ ရက်မှာ ကျွန်တော်တို့တပ်တွေ အဲဒီရွာနားမှာ မရှိပါဘူး" လို့ သူကပြောပါတယ်။

တပ်မတော်ကလည်း နိုဝင်ဘာ ၂၉ ရက်မှာ RCSS နဲ့ တိုက်ပွဲဖြစ်တာမရှိခဲ့ဘဲ TNLA နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲနဲ့ အရပ်သားအမျိုးသမီးတွေ သေဆုံးဒဏ်ရာရတာကို သတင်းထုတ်ပြန်သွားဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့မနေ့က နမ္မတူအနီးမှာဖြစ်တဲ့တိုက်ပွဲဟာ တပ်မတော်နဲ့ RCSS တို့ ဖြစ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောနေပါတယ်။။

ဒေသခံတွေဘက်ကတော့ အခုတိုက်ပွဲဖြစ်တဲ့နေရာတွေဟာ တပ်မတော်၊ RCSS နဲ့ TNLA သုံးဖွဲ့လုံး သွားလာလှုပ်ရှားတဲ့နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

"နောက်ဆုံးတိုက်ပွဲဖြစ်ထားတာ နိုဝင်ဘာ ၂၆ ရက်နေ့က ကျောက်မဲနမ့်ဆမ်ဘက်မှာပဲ။ မနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ အဲဒီနောက်ပိုင်း ထိတွေ့တိုက်ပွဲမဖြစ်ဘူး။ အခု တိုက်ပွဲဖြစ်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာတော့ရှိတယ်။ ဒါပေမဲ့ ဒီတလောက ကျွန်တော်တို့အဖွဲ့တွေ အဲဒီဘက်မှာမရှိဘူး" လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Tai Freedom
Image caption RCSS အနေနဲ့ ရှမ်းမြောက်မှာ တပ်က ပြောသလို တပ်စခန်းအခိုင်အမာ တည်ဆောက်တာမျိုး မလုပ်ဘူး လို့ဆို

အစိုးရတပ်နဲ့ အခုလို တိုက်ပွဲဖြစ်ပွားတာဟာ နှစ်ဖက်လုံးက အပစ်ရပ်ချုပ် NCA ပါအချက်တွေကို မလိုက်နာ လို့ ဖြစ်တာလို့ က RCSS က ဒုဗိုလ်မှူးကြီး စိုင်းဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုပဲ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း အလားတူ သဘောထားမှတ်ချက်ပေးပါတယ်။

"NCA နဲ့ပတ်သက်ပြီးတော့ ပါလာတဲ့ ကတိကဝတ်တွေကို စောင့်ထိန်းဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်။ နယ်မြေကျော်လွန်တာတွေ နယ်မြေတိုးချဲ့တာတွေမလုပ်ဘူးဆိုရင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာလည်း လျော့နည်းသွားမယ်။ RCSS နဲ့ဆို တိုက်ပွဲမဖြစ်တာကြာပါပြီ။အခုဖြစ်တာကလည်း ရှမ်းမြောက်မှာ နယ်မြေတိုးချဲ့တည်ဆောက်လာလို့ ဖြစ်ခဲ့ရတာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

RCSS အနေနဲ့ ရှမ်းမြောက်မှာ တပ်က ပြောသလို တပ်စခန်းအခိုင်အမာ တည်ဆောက်တာမျိုး မလုပ်ဘူး လို့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လာမယ့်နှစ်ဖက်ဆွေးနွေးပွဲတွေမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

RCSS ဟာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့နောက် တပ်မတော်နဲ့ တိုက်ပွဲ ၅၈ ကြိမ်ဖြစ်ပွားထားပြီး တိုက်ပွဲအဓိကဖြစ်ပွားတဲ့အကြောင်းအရင်းထဲမှာ လက်နက်ကိုင်တပ်တွေအတွက် နယ်မြေ အတည်တကျ သတ်မှတ်ထားမှုမရှိတဲ့အတွက် နှစ်ဖက်တပ်တွေ ထိတွေ့မှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့လည်း တပ်မတော် တိုက်ပွဲဖြစ်ပွား ထားပြီး ဒေသခံတွေ ထိုင်းဘက်ကို ထောင်နဲ့ချီတိမ်းရှောင်ခဲ့ရပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်လာမယ့် လမ်းကြောင်းကို တပ်မတော်က တားမြစ်လို့ ခရီးစဉ်ပျက်သွားတဲ့အတွက် ဒီအပေါ်နှစ်ဖက်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေး ပြေလည်ခဲ့တာ နှစ်ပတ်ခန့်အကြာမှာ ခုလို တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အပစ်ရပ်လက် မှတ်ထိုးအဖွဲ့ခေါင်းဆောင်တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီအစည်းအဝေးတွေမှာ တိုက်ပွဲဖြစ်စဉ်တွေဆွေးနွေးဖို့ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
တပ္မေတာ္နဲ႔ RCSS က ႏိုဝင္ဘာ ၂၉ မွာ တိုက္ပြဲမျဖစ္ဟု ေျပာ၊ TNLA ကလည္း ျငင္းဆို တပ္မေတာ္နဲ႔ RCSS က ႏိုဝင္ဘာ ၂၉ မွာ တိုက္ပြဲမျဖစ္ဟု ေျပာ၊ TNLA ကလည္း ျငင္းဆို Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.