NLD ဒုကၠဌ မန္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာ ေဝဒနာခံစားေနရ

NLD ဒုကၠဌ မန္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္

(Zawgyi/Unicode)

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာေရာဂါအတြက္ ေဆးကုသမႈခံယူေနရတာေၾကာင့္ အစိုးရတာဝန္ေတြနဲ႔ ပါတီလုပ္ငန္းေတြကို ေခတၱရပ္နားထားေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေျပာခြင့္ရ တာဝန္ရွိသူက ေျပာလိုက္ပါတယ္။ မႏၲေလးတိုင္းအစိုးရရဲ႕ တာဝန္ေတြကိုေတာ့ ယာယီလႊဲအပ္ထားပါတယ္။ အေၾကာင္းစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာေရာဂါကို ခံစားေနရၿပီး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ႏွစ္ပတ္ၾကာ ေဆးကုသခံယူ ခဲ့ရပါတယ္။ ဒါေၾကာင့္ ဝန္ႀကီးခ်ဳပ္ဟာ မႏၲေလးတိုင္းအစိုးရရဲ႕ လက္ရွိ လုပ္ငန္းတာဝန္ေတြကေန ေခတၱအနားယူထားေၾကာင္း NLD ေျပာခြင့္ရ ေဒါက္တာ မ်ိဳးၫႊန႔္က ဗြီအိုေအကို ေျပာပါတယ္။

“ ဆရာကေတာ့ ေသြးကင္ဆာ ခံစားေနရတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။ အဲဒီအတြက္ ေဆးသြင္းတာေလး လုပ္ေနတယ္။ ေနာက္ၿပီး အခုအနားယူေနပါတယ္။ ေဆးသြင္းတာကလည္း ေအာင္ျမင္ပါတယ္။ က်န္းက်န္းမာမာရွိတယ္။ ဒါေပမဲ့ ဘယ္ေလာက္အထိ အနားယူဦးမယ္လို႔ေတာ့ ေျပာလို႔မရပါဘူး။ ျပန္ၿပီး နာလန္ထူ၊ က်န္းမာလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။”

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ထိုင္းႏိုင္ငံကို ေဆးကုသဖို႔သြားတဲ့ ေအာက္တိုဘာ ၂၅ရက္ကစၿပီး မႏၲေလးတိုင္းအစိုးရရဲ႕ လုပ္ငန္းအားလုံးကို လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္ကို တာဝန္ေပးခဲ့တာပါ။ လက္ရွိမွာ လုပ္ငန္းေတြကို ပုံမွန္အတိုင္း ဆက္ၿပီးေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာမ်ိဳးၫႊန႔္က ေျပာပါတယ္။

“ က်ေနာ္တို႔က အခုထိေတာ့ ဆရာေဇာ္ျမင့္ေမာင္ရဲ႕ တာဝန္ေတြကို ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္ဆရာ။ သူေဆးကုသမႈ မသြားခင္ကတည္းကိုက ဝန္ႀကီးတပါးကို တာဝန္ေတြ လႊဲအပ္ထားပါတယ္။ ဆရာရဲ႕ က်န္းမာေရးလည္း အျမန္ဆုံး ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဆရာခံစားရတာ ေသြးကင္ဆာ ဆိုေပမဲ့ လူႀကီးေတြမွာျဖစ္တဲ့ ေသြးကင္ဆာဟာ ကေလးေတြမွာျဖစ္သေလာက္ မျပင္းထန္ပါဘူး။”

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ရဲ႕ တာဝန္ေတြကို ယာယီလႊဲအပ္ခံထားရတဲ့ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။ ဝန္ႀကီးခ်ဳပ္ဟာ ႏိုင္ဝင္ဘာ ၈ရက္ေနာက္ပိုင္း အစိုးရတာဝန္ေတြ ျပန္လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ NLD တာဝန္ရွိသူေတြက ခန႔္မွန္းထားေပမဲ့၊ အခုက်န္းမာေရး အေျခအေနေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္ေနရာမွာ အစားထိုး တာဝန္ထမ္းေဆာင္ႏိုင္မယ့္သူအတြက္ စဥ္းစားစရာကိစၥတခုျဖစ္ေၾကာင္း အမည္မေဖာ္လိုတဲ့ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕က ေျပာပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ရဲ႕ ဒုတိယ ဥကၠ႒လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ၁၉၉၀ ေ႐ႊးေကာက္ပြဲမွာ NLD အေနနဲ႔ အႏိုင္ရခဲ့သလို ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၂ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာလည္း အႏိုင္ရရွိခဲ့တာပါ။ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ အမရပူရ မဲဆႏၵနယ္ကေန အႏိုင္ရရွိခဲ့ၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

..........................

NLD ဒုက္ကဌ မန်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာဝေဒနာခံစားနေရ

(Unicode)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူနေရတာကြောင့် အစိုးရတာဝန်တွေနဲ့ ပါတီလုပ်ငန်းတွေကို ခေတ္တရပ်နားထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ တာဝန်ရှိသူက ပြောလိုက်ပါတယ်။ မန္တလေးတိုင်းအစိုးရရဲ့ တာဝန်တွေကိုတော့ ယာယီလွှဲအပ်ထားပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကို ခံစားနေရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှစ်ပတ်ကြာ ဆေးကုသခံယူ ခဲ့ရပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟာ မန္တလေးတိုင်းအစိုးရရဲ့ လက်ရှိ လုပ်ငန်းတာဝန်တွေကနေ ခေတ္တအနားယူထားကြောင်း NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်က ဗွီအိုအေကို ပြောပါတယ်။

“ ဆရာကတော့ သွေးကင်ဆာ ခံစားနေရတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအတွက် ဆေးသွင်းတာလေး လုပ်နေတယ်။ နောက်ပြီး အခုအနားယူနေပါတယ်။ ဆေးသွင်းတာကလည်း အောင်မြင်ပါတယ်။ ကျန်းကျန်းမာမာရှိတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ အနားယူဦးမယ်လို့တော့ ပြောလို့မရပါဘူး။ ပြန်ပြီး နာလန်ထူ၊ ကျန်းမာလာမယ်လို့တော့ မျှော်လင့်ပါတယ်။”

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံကို ဆေးကုသဖို့သွားတဲ့ အောက်တိုဘာ ၂၅ရက်ကစပြီး မန္တလေးတိုင်းအစိုးရရဲ့ လုပ်ငန်းအားလုံးကို လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကို တာဝန်ပေးခဲ့တာပါ။ လက်ရှိမှာ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်ပြီးဆောင်ရွက်နေတယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“ ကျနော်တို့က အခုထိတော့ ဆရာဇော်မြင့်မောင်ရဲ့ တာဝန်တွေကို ချောချောမွေ့မွေ့ပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်နေပါတယ်ဆရာ။ သူဆေးကုသမှု မသွားခင်ကတည်းကိုက ဝန်ကြီးတပါးကို တာဝန်တွေ လွှဲအပ်ထားပါတယ်။ ဆရာရဲ့ ကျန်းမာရေးလည်း အမြန်ဆုံး ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဆရာခံစားရတာ သွေးကင်ဆာ ဆိုပေမဲ့ လူကြီးတွေမှာဖြစ်တဲ့ သွေးကင်ဆာဟာ ကလေးတွေမှာဖြစ်သလောက် မပြင်းထန်ပါဘူး။”

မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ တာဝန်တွေကို ယာယီလွှဲအပ်ခံထားရတဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ဝန်ကြီးချုပ်ဟာ နိုင်ဝင်ဘာ ၈ရက်နောက်ပိုင်း အစိုးရတာဝန်တွေ ပြန်လုပ်ဆောင်နိုင်လိမ့်မယ်လို့ NLD တာဝန်ရှိသူတွေက ခန့်မှန်းထားပေမဲ့၊ အခုကျန်းမာရေး အခြေအနေတွေကြောင့် ဝန်ကြီးချုပ်နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်နိုင်မယ့်သူအတွက် စဉ်းစားစရာကိစ္စတခုဖြစ်ကြောင်း အမည်မဖော်လိုတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ရွှေးကောက်ပွဲမှာ NLD အနေနဲ့ အနိုင်ရခဲ့သလို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့တာပါ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမရပူရ မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ေဇာ္ထက္/ VOA Burmese
https://burmese.voanews.com
NLD ဒုကၠဌ မန္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာ ေဝဒနာခံစားေနရ NLD ဒုကၠဌ မန္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ေသြးကင္ဆာ ေဝဒနာခံစားေနရ Reviewed by THITHTOOLWIN on 01:34 Rating: 5
Powered by Blogger.