ဟဲဟိုးမွ က်ိဳင္းတုံကို ပ်ံသန္းလာတဲ့ MNAေလယာဥ္ ေလဆိပ္အဆင္းမွာ ဘီးေကြ႕မရမွုျဖစ္ပြား

ဓါတ္ပုံ-ကိုစိုင္းငယ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟဲဟိုးေလဆိပ္မွ ဒီကေန႔ နိုဝင္ဘာလ ၂၂ရက္၊ ေန႔လည္ပိုင္းအခ်ိန္က ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံေလဆိပ္ကို ပ်ံသန္းလာတဲ့ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း MNA ေလယာဥ္မွ ေလဆိပ္အဆင္းမွာ ဘီးေကြ႕မရမွု ျဖစ္ပြားခဲ့တယ္လို့ သိရပါတယ္။

ဓါတ္ပုံ-ကိုစိုင္းငယ္

အဆိုပါ UB213 MNAေလယာဥ္က ရန္ကုန္မွတဆင့္ ဟဲဟိုးေလဆိပ္ကို ဆင္းသက္ခဲ့ၿပီး ဟဲဟိုးေလဆိပ္မွ က်ိဳင္းတုံေလဆိပ္ကို ထပ္မံပ်ံသန္းလာခဲ့ျခင္းျဖစ္ၿပီး အခုလို ျဖစ္ပြားမွုေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိမွု မရွိဘူးလို့လည္း သိရပါတယ္။

ဓါတ္ပုံ-ကိုစိုင္းငယ္

"ေန႔လည္၁၂နာရီေလာက္က ျဖစ္သြားတာပါ။ ဆင္းတဲ့အခ်ိန္မွာ ျဖစ္တာမဟုတ္ပါဘူး။ ေလယာဥ္ဆင္းၿပီးေတာ့ ေျမျပင္ကေျပးလမ္းေပၚက ရပ္တန႔္မယ့္ေနရာကို သြားေနတဲ့အခ်ိန္မွာ ေရွ႕ဘီး ေကြ႕လို့မရတာပါ။ ကားလိုေျပာရင္ေတာ့ စီယာတိုင္ေကြ႕လို့မရတာေပါ့ဗ်ာ။ ‌ခရီးသည္ေတြကေတာ့ ထိခိုက္ဒဏ္ရာရတာမရွိပါဘူး"လို့ က်ိဳင္းတုံေလေၾကာင္း မီးသတ္တပ္ဖြဲ႕မွ အရာရွိတစ္ဦးက ေရႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီေလယာဥ္က ေျမျပင္ဆင္းသက္ၿပီး ရပ္တန႔္တဲ့ေနရာကို သြားေနတဲ့အခ်ိန္မွာ ေရွ႕ဘီးေကြးလို့ မရခဲ့တာျဖစ္ၿပီး ခရီးသည္ေတြစိုးရိမ္ရတဲ့အေျခအေနကေန လြတ္ေျမာက္သြားခဲ့ၿပီျဖစ္တယ္လို့လည္း အဆိုပါအရာရွိက ေျပာပါတယ္။

ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း MNAမွ ေလယာဥ္ေတြက က်ိဳင္းတုံေလဆိပ္မွာ အရင္က အခုလိုျဖစ္စဥ္ေတြ ျဖစ္ပြားဖူးျခင္းမရွိေသးဘဲ အခုလိုျဖစ္ပြားမွုက ပထမဆုံးအႀကိမ္ျဖစ္တယ္လို့လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေရႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
 ဟဲဟိုးမှ ကျိုင်းတုံကို ပျံသန်းလာတဲ့ MNAလေယာဉ် လေဆိပ်အဆင်းမှာ ဘီးကွေ့မရမှုဖြစ်ပွား

တောင်ကြီး၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးလေဆိပ်မှ ဒီကနေ့ နိုဝင်ဘာလ ၂၂ရက်၊ နေ့လည်ပိုင်းအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံလေဆိပ်ကို ပျံသန်းလာတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA လေယာဉ်မှ လေဆိပ်အဆင်းမှာ ဘီးကွေ့မရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ UB213 MNAလေယာဉ်က ရန်ကုန်မှတဆင့် ဟဲဟိုးလေဆိပ်ကို ဆင်းသက်ခဲ့ပြီး ဟဲဟိုးလေဆိပ်မှ ကျိုင်းတုံလေဆိပ်ကို ထပ်မံပျံသန်းလာခဲ့ခြင်းဖြစ်ပြီး အခုလို ဖြစ်ပွားမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း သိရပါတယ်။

"နေ့လည်၁၂နာရီလောက်က ဖြစ်သွားတာပါ။ ဆင်းတဲ့အချိန်မှာ ဖြစ်တာမဟုတ်ပါဘူး။ လေယာဉ်ဆင်းပြီးတော့ မြေပြင်ကပြေးလမ်းပေါ်က ရပ်တန့်မယ့်နေရာကို သွားနေတဲ့အချိန်မှာ ရှေ့ဘီး ကွေ့လို့မရတာပါ။ ကားလိုပြောရင်တော့ စီယာတိုင်ကွေ့လို့မရတာပေါ့ဗျာ။ ‌ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး"လို့ ကျိုင်းတုံလေကြောင်း မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလေယာဉ်က မြေပြင်ဆင်းသက်ပြီး ရပ်တန့်တဲ့နေရာကို သွားနေတဲ့အချိန်မှာ ရှေ့ဘီးကွေးလို့ မရခဲ့တာဖြစ်ပြီး ခရီးသည်တွေစိုးရိမ်ရတဲ့အခြေအနေကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်တယ်လို့လည်း အဆိုပါအရာရှိက ပြောပါတယ်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNAမှ လေယာဉ်တွေက ကျိုင်းတုံလေဆိပ်မှာ အရင်က အခုလိုဖြစ်စဉ်တွေ ဖြစ်ပွားဖူးခြင်းမရှိသေးဘဲ အခုလိုဖြစ်ပွားမှုက ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-ကိုစိုင်းငယ်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဟဲဟိုးမွ က်ိဳင္းတုံကို ပ်ံသန္းလာတဲ့ MNAေလယာဥ္ ေလဆိပ္အဆင္းမွာ ဘီးေကြ႕မရမွုျဖစ္ပြား ဟဲဟိုးမွ က်ိဳင္းတုံကို ပ်ံသန္းလာတဲ့ MNAေလယာဥ္ ေလဆိပ္အဆင္းမွာ ဘီးေကြ႕မရမွုျဖစ္ပြား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.