KNUနဲ႔ အစိုးရ သီးျခားေတြ႕မည္

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႕ဝင္ေတြ ၂ဝ၁၉ ႏိုဝင္ဘာ ၂၂ ရက္ေန႔က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့စဥ္
(Zawgyi)⤵⤵⤵
ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆိုျပဳခ်က္ ေလးရပ္အေပၚ တိက်တဲ့ လုပ္ငန္းစဥ္ေတြ ခ်မွတ္ႏိုင္ဖို႔အတြက္ လာမယ့္ ဒီဇင္ဘာလမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU နဲ႔ အစိုးရ ေခါင္းေဆာင္ေတြ ေနျပည္ေတာ္မွာ သီးျခားထပ္ မံေတြ႕ဆုံေဆြးေႏြးဖို႔ ဒီေန႔ ခ်င္းမိုင္ အစည္းအေဝးမွာ ႏွစ္ဖက္ေခါင္းေဆာင္ေတြ သေဘာတူညီခဲ့ၾကပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ အတြင္းေရးမႉး အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး ေခါင္းေဆာင္တဲ့ အဖြဲ႕နဲ႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU အေထြေထြ အတြင္းေရးမႉး ပဒိုေစာတာဒိုမူး ေခါင္းေဆာင္တဲ့ အဖြဲ႕ဟာ ဒီကေန႔မနက္ ၁၀ နာရီက ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာပါ။

ဒီေန႔ေဆြးေႏြးပြဲမွာ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ NCA ေလးႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားအၿပီး KNU ေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္တို႔ ေတြ႕ဆုံၿပီးေနာက္ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆိုျပဳခ်က္ ေလးရပ္အေပၚ ျပန္လည္ျပင္ဆင္ ထားတဲ့ KNU ရဲ႕ အဆိုျပဳခ်က္ကို ေဆြးေႏြးခဲ့ရာမွာ သေဘာတူညီမႈေတြ ရရွိခဲ့တာပါ။

ဒီလိုသေဘာတူညီမႈေတြ ရရွိခဲ့ေပမယ့္ တိက်တဲ့လုပ္ငန္းစဥ္ေတြ ခ်မွတ္ႏိုင္ဖို႔ အစိုးရနဲ႔ ေနျပည္ေတာ္မွာ ထပ္မံေတြ႕ဆုံဖို႔ ႏွစ္ဖက္သေဘာတူခဲ့ၾကတာလို႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးေဇာ္ေဌးက ေျပာပါတယ္။

"အခု KNU နဲ႔လည္း က်ေနာ္တို႔ အတိုင္ပင္ခံနဲ႔ KNU ေခါင္းေဆာင္ေတြ ေတြ႕ဆုံပြဲမွာ သေဘာတူညီခဲ့တဲ့ သေဘာတူညီခ်က္ေတြ ရွိပါတယ္၊ အဲဒါေတြကို အေကာင္အထည္ေဖာ္ဖို႔ က်ေနာ္တို႔ ဘယ္လိုသြားၾကမလဲ၊ ဒီေဒး  ကြန႔္တန႔္ ေပါ့ေနာ္၊ ပါဝင္တဲ့ အစိတ္အပိုင္းေလးေတြ က်ေနာ္တို႔ ဒီေန႔ ေဆြးေႏြးျဖစ္တယ္၊ အဲအေပၚမွာလည္း အမ်ားအားျဖင့္ေတာ့ နီးစပ္မႈရွိတယ္ အဲအေပၚမွာလည္း အေသးစိတ္ ထပ္ၿပီးေတာ့ ေဆြးေႏြးဖို႔ရွိပါတယ္၊ အဲဒါကေတာ့ ဒီဇင္ဘာလအတြင္း အျမန္ဆုံး ေတြ႕ဆုံႏိုင္ဖို႔ရွိပါတယ္"

အစိုးရနဲ႔ ေတြ႕ဆုံမယ္လို႔သာ ေျပာတာျဖစ္ၿပီး ဘယ္သူေတြ ပါဝင္မယ္ဆိုတာကိုေတာ့ ႏွစ္ဖက္လုံးက ထုတ္ေဖာ္ေျပာဆိုတာ မရွိပါဘူး။

NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ကိစၥရပ္မ်ား၊ ၂၀၂၀ မတိုင္ခင္ႏွင့္ ၂၀၂၀ ၿပီးေနာက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကိစၥရပ္မ်ား၊ ဒီမိုကေရစီ ဖက္ဒရယ္အေျခခံမူ ေရးဆြဲေရးကိစၥရပ္မ်ားနဲ႔ NCA ထိုးၿပီးေနာက္ပိုင္း ၾကားကာလဆိုင္ရာ ကိစၥရပ္မ်ားဆိုတဲ့ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆိုျပဳခ်က္ ေလးခ်က္ကို ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၃ ရက္ေန႔က UPDJC အစည္းအေဝးမွာ တိုင္းရင္းသားေခါင္းေဆာင္ေတြကို ေပးအပ္ခဲ့တာပါ။

အဲဒီ အဆိုျပဳခ်က္ကို ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU အဖြဲ႕က ျပန္လည္ျပင္ဆင္လိုတဲ့ အခ်က္ေတြကို ျပင္ဆင္ၿပီး အစိုးရကို ျပန္ေပးအပ္ခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆိုျပဳခ်က္ေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းတဲ့ အေျဖတစ္စုံတစ္ရာ မရရွိေသးပါက တရားဝင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ KNU နဲ႔ အစိုးရၾကား အဆင္မေျပဘဲ ျဖစ္ေနခဲ့ၿပီး NCA ေလးႏွစ္ေျမာက္ အခမ္းအနားအၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႕ဆုံခဲ့ အၿပီးမွာေတာ့ သေဘာတူညီမႈေတြ ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမဲ့ လုပ္ငန္းစဥ္အဆင့္ဆင့္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ကိုေတာ့ တိက်ရွင္းလင္းဖို႔ လိုအပ္ေနေသး တယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး အေထြေထြအတြင္းေရးမႉး ပဒိုေစာတာဒိုမူးက ေျပာပါတယ္။

“အဓိကကေတာ့ က်ေနာ္တို႔ ဒီၾကားထဲမွာ ကယ္လီဖိုင္း လုပ္ရမည့္ ကိစၥေလးေတြ တခ်ိဳ႕ရွိတယ္ေလ၊ ပိုၿပီးေတာ့ ရွင္းလင္းေအာင္ က်ေနာ္တို႔ လုပ္ရမယ္၊ ႏွစ္ဖက္ျပန္ေဆြးေႏြးရမည့္ ကိစၥေလးေတြ တခ်ိဳ႕ရွိတယ္၊ ဒါေလးေတြ ပါပဲ၊ အဲအဆိုျပဳခ်က္ထဲက ပိုၿပီးေတာ့ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ၿပီးသြားၿပီေတာ့ သူ႔ဖက္စဥ္းစားမႈ ကိုယ့္ဖက္စဥ္စားမႈ အေသးစိတ္ ေဆြးေႏြးႏိုင္ေအာင္ေပါ့ေနာ္၊ အခုကေတာ့ က်ေနာ္တို႔ သိပ္ၿပီးေတာ့ ဒီအခ်ိန္ေလးက အကန႔္အသတ္ေလး နည္းနည္းရွိတာကိုး၊ ဆိုေတာ့ အခုဟာေတာ့ ဘယ္လိုပုံစံမ်ိဳး၊ အဲဒီေဆြးေႏြးပြဲကို ဘယ္လိုပုံစံမ်ိဳး ေဆြးေႏြးမယ္ဆိုတဲ့ အေျခခံမ်ိဳးကေနစတာ ေဆြးေႏြးၾကတာပါ၊ ဒါေပမဲ့ အဲအပိုင္းက်ေတာ့ နည္းနည္း ပိုၿပီးေတာ့ ဒီေတး အပိုင္းကိုသြားဖို႔ သေဘာေတာ့ ရွိပါတယ္ေနာ္”

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA စာခ်ဳပ္အရ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေကာင္အထည္ေဖာ္ရာမွာ လက္ရွိအေနအထားအရ နီးစပ္မႈပိုရွိလာေပမယ့္ အပစ္အခတ္ရပ္စဲေရးနဲ႔ ႏိုင္ငံေရး ေဆြးေႏြးပြဲ အပိုင္းႏွစ္ပိုင္းမွာ ႏိုင္ငံေရး ေဆြးေႏြးပြဲအပိုင္းသာ တိုးတက္မႈရွိတယ္လို႔ ပဒိုေစာတာဒိုမူးက ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ အမ်ားႀကီး နီးစပ္ပါတယ္၊ ၿပီးေတာ့ က်ေနာ္တို႔က ဒီပစ္ခတ္ရပ္စဲေရးနဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲ ဆိုၿပီးေတာ့ က်ေနာ္တို႔က NCA အဓိက အပိုင္း ႏွစ္ပိုင္းရွိတာကိုး၊ အဲအပိုင္း ႏွစ္ပိုင္းမွာ အခုကေတာ့ ႏိုင္ငံေရး ေဆြးေႏြးပြဲ အပိုင္းကို ပိုၿပီးေတာ့ အမ်ားႀကီး တိုးတက္မႈရွိတယ္၊ အမ်ားႀကီး နီးစပ္မႈရွိတယ္၊ ေနာက္၊ ၿပီးေတာ့တစ္ခါ အပစ္အခတ္ရပ္စဲေရး အပိုင္းလည္း က်ေနာ္တို႔ ဆက္ၿပီးေဆြးေႏြးဖို႔ ရွိေသးတာကိုး”

ဒီကေန႔ အစည္းအေဝးကို ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU အေထြေထြအတြင္းေရးမႉး ပဒိုေစာတာဒိုမူး အပါအဝင္ ဗိုလ္မႉး တူးတူးေလး၊ ပဒိုေစာေတာနီး၊ ပဒိုေစာဆဲလ္ေဂ၊ ပဒိုေစာတာမူလာ၊ ေနာ္ေမဦးတို႔ တက္ေရာက္ခဲ့ၿပီး အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕က အတြင္းေရးမႉး အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဴပ္ႀကီး ခင္ေဇာ္ဦး အပါအဝင္ ဦးေဇာ္ေဌး၊ ဦးလွေမာင္ေ႐ႊ၊ ဦးမိုးေဇာ္ဦး၊ ဦးေက်ာ္လင္းဦး တို႔ တက္ေရာက္ခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပါဝင္ေနတဲ့ အဓိက ေခါင္းေဆာင္ေတြအေနနဲ႔ NCA စာခ်ဳပ္ပါ အခ်က္ေတြနဲ႔ပတ္သက္ ၿပီး နားလည္မႈကြဲလြဲေနတာကို ေျဖရွင္းရမယ့္အစား နားလည္သလို အေကာင္အထည္ ေဖာ္ေနတဲ့အတြက္ ရႈပ္ေထြး မႈေတြ ျဖစ္ေနတာေၾကာင့္ တရားဝင္ေဆြးေႏြးပြဲေတြကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလဆန္းပိုင္းမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU အဖြဲ႕က တရားဝင္ေဆြးေႏြးပြဲေတြ ယာယီရပ္ဆိုင္းခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ရပ္တန႔္ခဲ့တာ ဒီေန႔အခ်ိန္ထိပဲ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
KNUနဲ့ အစိုးရ သီးခြားတွေ့မည်

ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေ ၂ဝ၁၉ နိုဝင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့စဉ်
Photo: Aung Moe Myint/RFA

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် လေးရပ်အပေါ် တိကျတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလမှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ ခေါင်းဆောင်တွေ နေပြည်တော်မှာ သီးခြားထပ် မံတွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချင်းမိုင် အစည်းအဝေးမှာ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့မနက် ၁၀ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီနေ့ဆွေးနွေးပွဲမှာ အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NCA လေးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအပြီး KNU ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံပြီးနောက် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် လေးရပ်အပေါ် ပြန်လည်ပြင်ဆင် ထားတဲ့ KNU ရဲ့ အဆိုပြုချက်ကို ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုတွေ ရရှိခဲ့တာပါ။

ဒီလိုသဘောတူညီမှုတွေ ရရှိခဲ့ပေမယ့် တိကျတဲ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့ အစိုးရနဲ့ နေပြည်တော်မှာ ထပ်မံတွေ့ဆုံဖို့ နှစ်ဖက်သဘောတူခဲ့ကြတာလို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဌေးက ပြောပါတယ်။

"အခု KNU နဲ့လည်း ကျနော်တို့ အတိုင်ပင်ခံနဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ သဘောတူညီခဲ့တဲ့ သဘောတူညီချက်တွေ ရှိပါတယ်၊ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ ဘယ်လိုသွားကြမလဲ၊ ဒီဒေး  ကွန့်တန့် ပေါ့နော်၊ ပါဝင်တဲ့ အစိတ်အပိုင်းလေးတွေ ကျနော်တို့ ဒီနေ့ ဆွေးနွေးဖြစ်တယ်၊ အဲအပေါ်မှာလည်း အများအားဖြင့်တော့ နီးစပ်မှုရှိတယ် အဲအပေါ်မှာလည်း အသေးစိတ် ထပ်ပြီးတော့ ဆွေးနွေးဖို့ရှိပါတယ်၊ အဲဒါကတော့ ဒီဇင်ဘာလအတွင်း အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ရှိပါတယ်"

အစိုးရနဲ့ တွေ့ဆုံမယ်လို့သာ ပြောတာဖြစ်ပြီး ဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုတော့ နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

NCA အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များ၊ ဒီမိုကရေစီ ဖက်ဒရယ်အခြေခံမူ ရေးဆွဲရေးကိစ္စရပ်များနဲ့ NCA ထိုးပြီးနောက်ပိုင်း ကြားကာလဆိုင်ရာ ကိစ္စရပ်များဆိုတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် လေးချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က UPDJC အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို ပေးအပ်ခဲ့တာပါ။

အဲဒီ အဆိုပြုချက်ကို ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က ပြန်လည်ပြင်ဆင်လိုတဲ့ အချက်တွေကို ပြင်ဆင်ပြီး အစိုးရကို ပြန်ပေးအပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အဖြေတစ်စုံတစ်ရာ မရရှိသေးပါက တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ KNU နဲ့ အစိုးရကြား အဆင်မပြေဘဲ ဖြစ်နေခဲ့ပြီး NCA လေးနှစ်မြောက် အခမ်းအနားအပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ အပြီးမှာတော့ သဘောတူညီမှုတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် အကောင်အထည်ဖော်နိုင်ဖို့အတွက်ကိုတော့ တိကျရှင်းလင်းဖို့ လိုအပ်နေသေး တယ်လို့ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီကြားထဲမှာ ကယ်လီဖိုင်း လုပ်ရမည့် ကိစ္စလေးတွေ တချို့ရှိတယ်လေ၊ ပိုပြီးတော့ ရှင်းလင်းအောင် ကျနော်တို့ လုပ်ရမယ်၊ နှစ်ဖက်ပြန်ဆွေးနွေးရမည့် ကိစ္စလေးတွေ တချို့ရှိတယ်၊ ဒါလေးတွေ ပါပဲ၊ အဲအဆိုပြုချက်ထဲက ပိုပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပြီးသွားပြီတော့ သူ့ဖက်စဉ်းစားမှု ကိုယ့်ဖက်စဉ်စားမှု အသေးစိတ် ဆွေးနွေးနိုင်အောင်ပေါ့နော်၊ အခုကတော့ ကျနော်တို့ သိပ်ပြီးတော့ ဒီအချိန်လေးက အကန့်အသတ်လေး နည်းနည်းရှိတာကိုး၊ ဆိုတော့ အခုဟာတော့ ဘယ်လိုပုံစံမျိုး၊ အဲဒီဆွေးနွေးပွဲကို ဘယ်လိုပုံစံမျိုး ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမျိုးကနေစတာ ဆွေးနွေးကြတာပါ၊ ဒါပေမဲ့ အဲအပိုင်းကျတော့ နည်းနည်း ပိုပြီးတော့ ဒီတေး အပိုင်းကိုသွားဖို့ သဘောတော့ ရှိပါတယ်နော်”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ်အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ လက်ရှိအနေအထားအရ နီးစပ်မှုပိုရှိလာပေမယ့် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အပိုင်းနှစ်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲအပိုင်းသာ တိုးတက်မှုရှိတယ်လို့ ပဒိုစောတာဒိုမူးက ဆက်ပြောပါတယ်။

“ကျနော်တို့ အများကြီး နီးစပ်ပါတယ်၊ ပြီးတော့ ကျနော်တို့က ဒီပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုပြီးတော့ ကျနော်တို့က NCA အဓိက အပိုင်း နှစ်ပိုင်းရှိတာကိုး၊ အဲအပိုင်း နှစ်ပိုင်းမှာ အခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲ အပိုင်းကို ပိုပြီးတော့ အများကြီး တိုးတက်မှုရှိတယ်၊ အများကြီး နီးစပ်မှုရှိတယ်၊ နောက်၊ ပြီးတော့တစ်ခါ အပစ်အခတ်ရပ်စဲရေး အပိုင်းလည်း ကျနော်တို့ ဆက်ပြီးဆွေးနွေးဖို့ ရှိသေးတာကိုး”

ဒီကနေ့ အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး အပါအဝင် ဗိုလ်မှူး တူးတူးလေး၊ ပဒိုစောတောနီး၊ ပဒိုစောဆဲလ်ဂေ၊ ပဒိုစောတာမူလာ၊ နော်မေဦးတို့ တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး အပါအဝင် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဓိက ခေါင်းဆောင်တွေအနေနဲ့ NCA စာချုပ်ပါ အချက်တွေနဲ့ပတ်သက် ပြီး နားလည်မှုကွဲလွဲနေတာကို ဖြေရှင်းရမယ့်အစား နားလည်သလို အကောင်အထည် ဖော်နေတဲ့အတွက် ရှုပ်ထွေး မှုတွေ ဖြစ်နေတာကြောင့် တရားဝင်ဆွေးနွေးပွဲတွေကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တရားဝင်ဆွေးနွေးပွဲတွေ ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်ခဲ့တာ ဒီနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
KNUနဲ႔ အစိုးရ သီးျခားေတြ႕မည္ KNUနဲ႔ အစိုးရ သီးျခားေတြ႕မည္ Reviewed by THITHTOOLWIN on 01:47 Rating: 5
Powered by Blogger.