IS ေခါင္းေဆာင္ေဟာင္းရဲ႕ အမျဖစ္သူ တူရကီ ဖမ္းဆီးရမိ

IS အစၥလာမ္မစ္ အစြန္းေရာက္အဖဲြ႔ေခါင္းေဆာင္ Abu Bakr al-Baghdadi ရဲ႕ အစ္မျဖစ္သူ Rasmiya Awad

(Zawgyi/Unicode)

ၿပီးခဲ့တဲ့လက အေမရိကန္စစ္ဆင္ေရးအတြင္း ေသဆုံးသြားတဲ့ IS အစၥလာမ္မစ္ အစြန္းေရာက္အဖဲြ႔ေခါင္းေဆာင္ Abu Bakr al-Baghdadi ရဲ႕ အစ္မျဖစ္သူကို ဆီးရီးယားႏုိင္ငံ အေနာက္ေျမာက္ပိုင္းမွာ တူရကီႏုိင္ငံဘက္က ဖမ္းဆီးလိုက္တယ္လို႔ တူရကီအာဏာပိုင္ေတြက ေျပာပါတယ္။

ဆီရီးယားႏုိင္ငံ အလယ္ပိုခ႐ုိင္က တူရကီေတြထိန္းခ်ဳပ္ထားတဲ့ Azaz ၿမိဳ႕နားမွာ မေန႔က လုပ္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း အသက္ ၆၅ ႏွစ္ရွိ ၿပီျဖစ္တဲ့ Rasmiya Awad ကို ရွာေဖြေတြ႔ရွိၿပီး ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ တူရကီအႀကီးတန္းတာ၀န္ရွိသူ တဦးကို ကိုးကားၿပီး ႐ုိက္တာနဲ႔ ေအပီ သတင္းဌာနက ေဖာ္ျပပါတယ္။

Awad ကို သူရဲ႕ခင္ပြန္း၊ ေခၽြးမ အပါအ၀င္ ကေလး ၅ ေယာက္ နဲ႔ အတူ ကားေနာက္တဲြယာဥ္တခုမွာ ဖမ္းဆီးမိခဲ့တာျဖစ္တယ္လို႔ အမည္မေဖာ္လိုတ့ဲ တာ၀န္ရွိသူ တဦးက ေျပာပါတယ္။

အခုလို IS ေခါင္းေဆာင္ေဟာင္းရဲ႕ အစ္မျဖစ္သူကို ဖမ္းဆီးႏုိင္လိုက္တာဟာ ေထာက္လွမ္းေရးအတြက္ေတာ့ တန္ဖိုးရွိတဲ့ သတင္းရင္းျမစ္ တခု ျဖစ္လာႏုိင္တယ္လို႔လည္း သူက ေျပာပါတယ္။

အခုလို သူမကို ဖမ္းဆီးမိတာဟာ တန္ျပန္ အၾကမ္းဖက္ႏွိမ္ႏွင္းေရးလုပ္ငန္းေတြ ေအာင္ျမင္မႈရဲ႕ ေနာက္ထပ္သာဓက တခုျဖစ္တယ္လို႔ တူရကီသမၼတ Recep Tayyip Erdogan ရဲ႕ ျပန္ၾကားေရးတာ၀န္ခံ Fahretting Altun က ေျပာပါတယ္။

IS ေခါင္းေဆာင္ေဟာင္း Badgdadi ဟာ ၿပီးခဲ့တဲ့လက ဆီးရီးယားႏုိင္ငံ Idlib မွာလုပ္တဲ့ အေမရိကန္ရဲ႕ စစ္ဆင္ေရးအတြင္း ေသဆုံးသြားခဲ့ၿပီး အဲဒီေနာက္မွာေတာ့ IS အဖဲြ႔က Abu Ibrahim al-Hashemi al-Qurayshi ကို ေခါင္းေဆာင္အျဖစ္နဲ႔ ေရြးခ်ယ္ခဲ့ပါတယ္။

[Unicode Version]

IS ခေါင်းဆောင်ဟောင်းရဲ့ အမဖြစ်သူ တူရကီ ဖမ်းဆီးရမိ

ပြီးခဲ့တဲ့လက အမေရိကန်စစ်ဆင်ရေးအတွင်း သေဆုံးသွားတဲ့ IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ အစ်မဖြစ်သူကို ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တူရကီနိုင်ငံဘက်က ဖမ်းဆီးလိုက်တယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။

ဆီရီးယားနိုင်ငံ အလယ်ပိုခရိုင်က တူရကီတွေထိန်းချုပ်ထားတဲ့ Azaz မြို့နားမှာ မနေ့က လုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အသက် ၆၅ နှစ်ရှိ ပြီဖြစ်တဲ့ Rasmiya Awad ကို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တူရကီအကြီးတန်းတာဝန်ရှိသူ တဦးကို ကိုးကားပြီး ရိုက်တာနဲ့ အေပီ သတင်းဌာနက ဖော်ပြပါတယ်။

Awad ကို သူရဲ့ခင်ပွန်း၊ ချွေးမ အပါအဝင် ကလေး ၅ ယောက် နဲ့ အတူ ကားနောက်တွဲယာဉ်တခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခုလို IS ခေါင်းဆောင်ဟောင်းရဲ့ အစ်မဖြစ်သူကို ဖမ်းဆီးနိုင်လိုက်တာဟာ ထောက်လှမ်းရေးအတွက်တော့ တန်ဖိုးရှိတဲ့ သတင်းရင်းမြစ် တခု ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

အခုလို သူမကို ဖမ်းဆီးမိတာဟာ တန်ပြန် အကြမ်းဖက်နှိမ်နှင်းရေးလုပ်ငန်းတွေ အောင်မြင်မှုရဲ့ နောက်ထပ်သာဓက တခုဖြစ်တယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ရဲ့ ပြန်ကြားရေးတာဝန်ခံ Fahretting Altun က ပြောပါတယ်။

IS ခေါင်းဆောင်ဟောင်း Badgdadi ဟာ ပြီးခဲ့တဲ့လက ဆီးရီးယားနိုင်ငံ Idlib မှာလုပ်တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း သေဆုံးသွားခဲ့ပြီး အဲဒီနောက်မှာတော့ IS အဖွဲ့က Abu Ibrahim al-Hashemi al-Qurayshi ကို ခေါင်းဆောင်အဖြစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
IS ေခါင္းေဆာင္ေဟာင္းရဲ႕ အမျဖစ္သူ တူရကီ ဖမ္းဆီးရမိ IS ေခါင္းေဆာင္ေဟာင္းရဲ႕ အမျဖစ္သူ တူရကီ ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.