IORA ၀င္ဖို႔ ဘဂၤလားကန္႔ကြက္မႈ သေဘာထားေသးသိမ္ဟု ျမန္မာတုံ႔ျပန္

(ဓါတ္ပံု-Indian Ocean Rim Association - IORA)
(Zawgyi/Unicode)

အိႏၵိယသမုဒၵရာ ေဒသတြင္းႏုိင္ငံမ်ားအဖြဲ႕ (IORA) မွာ အဖြဲ႕ဝင္အျဖစ္ပါဝင္ဖို႔ ျမန္မာႏို္င္ငံရဲ႕ ေလွ်ာက္ထားခ်က္ကို ဘဂၤလားေဒ့ရွ္ႏုိင္ငံက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့တာဟာ ဘဂၤလားေဒ့ရွ္အစုိးရရဲ႕ ေသးသိမ္တဲ့သေဘာထားကုိျပသရာေရာက္ေၾကာင္း ျမန္မာႏုိင္ငံျခားေရးဌာနက တုံ႔ျပန္လုိက္ပါတယ္။

ႏုိဝင္ဘာလ ၅ ရက္ကေန ၆ ရက္ေန႔အထိ UAE အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုမွာ က်င္းပတဲ့ IORA ေကာင္စီရဲ႕ CSO အႀကီးတန္းအရာရွိမ်ား ၂၁ ႀကိမ္ေျမာက္ အစည္းအေဝးမွာ ျမန္မာက အဖြဲ႔ဝင္အျဖစ္ ဒုတိယအႀကိမ္ ထပ္မံေလွ်ာက္ထားတာကုိ ဘဂၤလားေဒ့ရွ္က ကန္႔ကြက္တဲ့အတြက္ ေလွ်ာက္လႊာ ပယ္ခ်ခံခဲ့ရတာပါ။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

အဖြဲ႕ဝင္ ၂၂ ႏုိင္ငံနဲ႔ ေဆြးေႏြးဖက္ႏုိင္ငံ ၉ ႏုိင္ငံပါဝင္တဲ့ အိႏၵိယသမုဒၵရာ ေဒသတြင္းႏုိင္ငံမ်ားအဖြဲ႕ (IORA) မွာ အဖြဲ႕ဝင္အျဖစ္ ျမန္မာႏုိင္ငံရဲ႕ ေလွ်ာက္ထားခ်က္ကို ဘဂၤလားေဒ့ရွ္ႏုိင္ငံက ကန္႔ကြက္ခဲ့ပါတယ္။ IORA ရဲ႕ စည္းမ်ဥ္းစည္းကမ္းအရ ျပႆနာအားလံုးအတြက္ တညီတညြတ္ထဲ ဆံုးျဖတ္ရမယ့္ ဥပေဒ ခ်မွတ္ထားတာေၾကာင့္ ႏိုင္ငံတခုတည္းက ကန္႔ကြက္ရင္ အဖြဲ႕ဝင္အျဖစ္ေလွ်ာက္ထားခ်က္က ပယ္ခ်ခံရတာပါ။

ျမန္မာႏုိင္ငံက ရုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈမရွိဘဲ IORA ေနာက္ဆံုးေဆြးေႏြးပြဲ က်င္းပခ်ိန္ကစၿပီး အခုခ်ိန္ထိ ဘာမွမေျပာင္းလဲေသးဘူးဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ျမန္မာႏုိင္ငံရဲ႕အဖြဲ႕ဝင္အျဖစ္ ထပ္မံေလွ်ာက္ထားခ်က္ကို ဘဂၤလားေဒ့ရွ္က ကန္႔ကြက္ခဲ့တာပါ။

အဲဒီလိုကန္႔ကြက္လိုက္တာဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံအေနနဲ႔ ႏွစ္ႏုိင္ငံဆက္ဆံေရးအေပၚ လုိလားမႈမရွိဘူးဆုိတာကို ျပလိုက္တာလို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္ျပည္ဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက ေျပာပါတယ္။

“က်ေတာ္တို႔ အဖြဲ႕ဝင္ျဖစ္ခ်င္တဲ့ဆႏၵနဲ႔ကေတာ့ ဆက္ၿပီးေတာ ့ေဆာင္ရြက္ေနတာေပါ့ေနာ္။ အဲေတာ့ သူတို႔ရဲ႕စည္းမ်ဥ္းစည္းကမ္းအရလည္း သူတုိ႔က အဲဒီထဲမွာ တူညီဆႏၵနဲ႔ဆံုးျဖတ္ရမယ္ဆုိေတာ့ က်န္တဲ့ႏုိင္ငံေတြက လက္ခံခ်င္ေပမယ့္လည္း တႏို္င္ငံထဲက ကန္႔ကြက္ထားတယ္။ ကန္႔ကြက္ထားတယ္ဆုိေတာ့ ခုနတုန္းက ျပႆနာနဲ႔ ဒီဟာနဲ႕က တကယ္တမ္းဆို ဘာမွသိပ္မဆုိင္ဘူး။ အဲေတာ့ ဒီဟာက သူတို႔ရဲ႕ေသးသိမ္တဲ့ သေဘာထားကို ထုတ္ျပလိုက္တဲ့သေဘာပဲေလ။”

ဒုကၡသည္ေတြေနရပ္ျပန္ေရးအတြက္ ျမန္မာႏုိင္ငံဟာ ပူးေပါင္းေဆာင္ရြက္ျခင္းမရွိဘူးဆိုတဲ့ ဘဂၤလားေဒ့ရွ္အစုိးရရဲ႕ ေျပာဆုိခ်က္ဟာ ဘယ္အခ်က္ကုိ အေျခခံေျပာလဲဆိုတာ မသိရေပမယ့္ သူတို႔ရဲ႕ တခ်ိဳ႕ေတာင္းဆုိခ်က္ေတြဟာ လက္ခံႏုိင္တဲ့အေျခအေနမွာ ရွိမေနဘူးလို႔ ဦးခ်မ္းေအးက ဆက္ေျပာပါတယ္။

“ဒီမွာလာၿပီးေတာ့ ေစာင့္ၾကည့္တဲ့အဖြဲ႕ေတြ လုပ္မယ္တုိ႔၊ ေနာက္ၿပီးရင္ Citizenship ကို ဦးစားေပး ေပးရမယ္တို႔၊ ေနာက္ Accountability ကို ဦးစားေပးရမယ္ ဆိုတာေတြက က်ေတာ္တုိ႔ဘာသာ က်ေတာ္တို႔ ေဆာင္ရြက္ေနတာေတြ ရွိတယ္။ ဆိုေတာ့ ဒီလုိဟာမ်ိဳးေတြကိုေတာ့ က်ေတာ္တုိ႔က လက္မခံႏုိင္ဘူး။ လက္ေတြ႕ေဆာင္ရြက္ထားတာေတြက က်ေတာ္တုိ႔က သက္ေသျပလို႔ရတယ္။ သက္ေသျပလုိ႔ရတယ္ဆုိတာ ဒီလူေတြကိုျပန္ၿပီးေတာ့ လက္ခံမယ္ဆုိတဲ့အခါမွာ ထြက္သြားတယ္ဆုိတဲ့ အေထာက္အထား တခုခုသာျပ။ ျပန္လက္ခံမယ္ဆုိတာ ေတာ္ေတာ္ေလးကုိ က်ေတာ္တို႔ ေလွ်ာ့ေပါ့ေပးထားတာ။ လက္မခံခ်င္တဲ့ လူသာဆုိလို႔ရွိရင္ အဲဒီေနရာမွာ အထစ္အေငါ့လုပ္ထားလို႔ ရတယ္။ ဒီျပင့္ ျခြင္းခ်က္ေတြ၊ ဒီျပင့္ ေတာင္းဆိုမႈေတြကေတာ့ က်ေတာ္တုိ႔က အခ်ဳပ္အခ်ာအာဏာပုိင္ ႏိုင္ငံတခုျဖစ္တဲ့အတြက္ အဲဒါေတြ က်ေတာ္တို႔က လုိက္ေလ်ာလို႔ရမွာ မဟုတ္ဘူး။”

ျမန္မာအစုိးရက ရုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံေပမယ့္ တဘက္ႏုိင္ငံကုိ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြ ျပန္လက္ခံေရးအတြက္ အစုိးရခ်င္း ပူးေပါင္း ေဆာင္ရြက္မႈေတြ ရွိေနပါတယ္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ျမန္မာ – ဘဂၤလားေဒ့ရွ္ တတိယအႀကိမ္ေျမာက္ ပူးတြဲလုပ္ငန္းအဖြဲ႕ အစည္းအေဝးမွာ ေနရပ္စြန႔္ခြာသူ ၂၂,၄၃၂ ဦးစာရင္းကို ျမန္မာကိုယ္စားလွယ္အဖြဲ႔ကုိ ေပးအပ္ခဲ့တာမွာ ၂၀,၉၆၃ ဦးကုိ ကနဦး စိစစ္ၿပီး၊ အဲဒီအထဲက ေနာက္တဆင့္အေနနဲ႔ ေက်း႐ြာအလိုက္ ျပန္လည္စာရင္းျပဳစုၿပီး အသုတ္အလိုက္ ေပးပို႔ေနတာမွာ သတၱမအသုတ္အျဖစ္ စိစစ္ၿပီးသူ ၃,၄၅၀ ဦးစာရင္းကုိ ဘဂၤလားေဒ့ရွ္ဘက္ကုိ မေန႔က ႏုိ၀င္ဘာ ၇ ရက္ေန႔က ေနာက္ဆုံး ေပးပုိ႔ထားခဲ့ေၾကာင္းျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ေနရပ္စြန္႔ခြာသူေတြ ကုိယ့္သေဘာနဲ႔ကိုယ္ ျမန္မာႏိုင္ငံထဲျပန္ဝင္လာတာ အခုခ်ိန္ထိ ၄၀၀ ေက်ာ္ရွိေနပါၿပီ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၃၀ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ဒုကၡသည္လက္တဆုပ္စာေလာက္ ျပန္တာဟာ ရခိုင္ျပည္နယ္ထဲမွာ အေျခအေနေတြ တုိးတက္မႈရွိလာၿပီလို႔ မေျပာႏုိင္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္အစုိးရရဲ႕ အဲဒီလိုေျပာဆိုမႈအေပၚ ဦးခ်မ္းေအးက

“ျပန္လာတဲ့လူေတြ လက္တဆုပ္စာ ဟုတ္၊ မဟုတ္ဆုိတာေတြကလည္း သူတုိ႔ အခက္အခဲၾကားထဲကေန ႀကိဳးစားၿပီးေတာ့ ျပန္လာၾကတာ။ ဆိုေတာ့ အဲဒါေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း မၾကာေသးခင္တုန္းက သူတို႔ အေကာင္းျမင္တဲ့ ပံုစံမရွိတဲ့ ေျပာဆိုမႈေတြ ရွိတယ္။ အဲေတာ့ က်ေတာ္တုိ႔ကုိယ္တုိင္ကုိကလည္း သံသယဝင္တာေပါ့။ ဒီလိုမ်ိဳး ႏွစ္ႏိုင္ငံ ဒီကိစၥကိုေျဖရွင္းဖို႔ အတြက္ကို လိုလိုလားလားမွ ရွိရဲ႕လားဆုိတာ။ အဓိကေတာ့ ႏွစ္ႏုိင္ငံၾကားထဲမွာရွိတဲ့ သေဘာတူညီခ်က္အတုိင္းကို အတိအက်ေဆာင္ရြက္ဖို႔ပဲလိုတယ္။”

ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံျခားေရးဆက္ဆံေရး မူဝါဒအရ ႏုိင္ငံတကာနဲ႔ အျပဳသေဘာ ပူးေပါင္းေဆာင္ရြက္သြားမယ္ဆုိတဲ့ အခ်က္အပါအဝင္၊ ျမန္မာႏုိင္ငံအေနနဲ႔ အိႏၵိယသမုဒၵရာရဲ႕ အေရးပါတဲ့ ႏုိင္ငံထဲမွာရွိေနၿပီး ႏုိင္ငံအတြက္ အက်ိဳးျဖစ္ထြန္းေစတာေၾကာင့္ IORA အဖြဲ႕ဝင္ ႏုိင္ငံျဖစ္ဖို႔ကို ေလွ်ာက္ထားရျခင္းျဖစ္ပါတယ္။

ဒါဟာ အခုလ ၅ရက္နဲ႔ ၆ရက္ေန႔ေတြမွာ ဒူဘိုင္းမွာက်င္းပတဲ့ IORA ေကာင္စီ CSO အႀကီးတန္းအရာရွိေတြရဲ႕ ၂၁ ႀကိမ္ေျမာက္အစည္းအေဝးမွာ ျမန္မာႏုိင္ငံက အဖြဲ႕ဝင္ျဖစ္ဖုိ႔အတြက္ ဒုတိယအႀကိမ္ ထပ္မံေလွ်ာက္ထားတာျဖစ္ပါတယ္။

၁၉ ႀကိမ္ေျမာက္ IORA ေကာင္စီ ဝန္ႀကီးမ်ားအဆင့္ေဆြးေႏြးပြဲကို အခုလ ၁၄ရက္ေန႔မွာ က်င္းပမွာျဖစ္ၿပီး၊ အဲဒီေန႔မွာပဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အလွည့္က် ဒုတိယသဘာပတိအျဖစ္ တရားဝင္လႊဲေျပာင္းေပးမွာ ျဖစ္ပါတယ္။

...................

IORA ဝင်ဖို့ ဘင်္ဂလားကန့်ကွက်မှု သဘောထားသေးသိမ်ဟု မြန်မာတုံ့ပြန်

(Unicode)

အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့ (IORA) မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သေးသိမ်တဲ့သဘောထားကိုပြသရာရောက်ကြောင်း မြန်မာနိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ ၅ ရက်ကနေ ၆ ရက်နေ့အထိ UAE အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ကျင်းပတဲ့ IORA ကောင်စီရဲ့ CSO အကြီးတန်းအရာရှိများ ၂၁ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာက အဖွဲ့ဝင်အဖြစ် ဒုတိယအကြိမ် ထပ်မံလျှောက်ထားတာကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်တဲ့အတွက် လျှောက်လွှာ ပယ်ချခံခဲ့ရတာပါ။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့ (IORA) မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ IORA ရဲ့ စည်းမျဉ်းစည်းကမ်းအရ ပြဿနာအားလုံးအတွက် တညီတညွတ်ထဲ ဆုံးဖြတ်ရမယ့် ဥပဒေ ချမှတ်ထားတာကြောင့် နိုင်ငံတခုတည်းက ကန့်ကွက်ရင် အဖွဲ့ဝင်အဖြစ်လျှောက်ထားချက်က ပယ်ချခံရတာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ IORA နောက်ဆုံးဆွေးနွေးပွဲ ကျင်းပချိန်ကစပြီး အခုချိန်ထိ ဘာမှမပြောင်းလဲသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံရဲ့အဖွဲ့ဝင်အဖြစ် ထပ်မံလျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ခဲ့တာပါ။

အဲဒီလိုကန့်ကွက်လိုက်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးအပေါ် လိုလားမှုမရှိဘူးဆိုတာကို ပြလိုက်တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

“ကျတော်တို့ အဖွဲ့ဝင်ဖြစ်ချင်တဲ့ဆန္ဒနဲ့ကတော့ ဆက်ပြီးတော့ဆောင်ရွက်နေတာပေါ့နော်။ အဲတော့ သူတို့ရဲ့စည်းမျဉ်းစည်းကမ်းအရလည်း သူတို့က အဲဒီထဲမှာ တူညီဆန္ဒနဲ့ဆုံးဖြတ်ရမယ်ဆိုတော့ ကျန်တဲ့နိုင်ငံတွေက လက်ခံချင်ပေမယ့်လည်း တနိုင်ငံထဲက ကန့်ကွက်ထားတယ်။ ကန့်ကွက်ထားတယ်ဆိုတော့ ခုနတုန်းက ပြဿနာနဲ့ ဒီဟာနဲ့က တကယ်တမ်းဆို ဘာမှသိပ်မဆိုင်ဘူး။ အဲတော့ ဒီဟာက သူတို့ရဲ့သေးသိမ်တဲ့ သဘောထားကို ထုတ်ပြလိုက်တဲ့သဘောပဲလေ။”

ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပြောဆိုချက်ဟာ ဘယ်အချက်ကို အခြေခံပြောလဲဆိုတာ မသိရပေမယ့် သူတို့ရဲ့ တချို့တောင်းဆိုချက်တွေဟာ လက်ခံနိုင်တဲ့အခြေအနေမှာ ရှိမနေဘူးလို့ ဦးချမ်းအေးက ဆက်ပြောပါတယ်။

“ဒီမှာလာပြီးတော့ စောင့်ကြည့်တဲ့အဖွဲ့တွေ လုပ်မယ်တို့၊ နောက်ပြီးရင် Citizenship ကို ဦးစားပေး ပေးရမယ်တို့၊ နောက် Accountability ကို ဦးစားပေးရမယ် ဆိုတာတွေက ကျတော်တို့ဘာသာ ကျတော်တို့ ဆောင်ရွက်နေတာတွေ ရှိတယ်။ ဆိုတော့ ဒီလိုဟာမျိုးတွေကိုတော့ ကျတော်တို့က လက်မခံနိုင်ဘူး။ လက်တွေ့ဆောင်ရွက်ထားတာတွေက ကျတော်တို့က သက်သေပြလို့ရတယ်။ သက်သေပြလို့ရတယ်ဆိုတာ ဒီလူတွေကိုပြန်ပြီးတော့ လက်ခံမယ်ဆိုတဲ့အခါမှာ ထွက်သွားတယ်ဆိုတဲ့ အထောက်အထား တခုခုသာပြ။ ပြန်လက်ခံမယ်ဆိုတာ တော်တော်လေးကို ကျတော်တို့ လျှော့ပေါ့ပေးထားတာ။ လက်မခံချင်တဲ့ လူသာဆိုလို့ရှိရင် အဲဒီနေရာမှာ အထစ်အငေါ့လုပ်ထားလို့ ရတယ်။ ဒီပြင့် ခြွင်းချက်တွေ၊ ဒီပြင့် တောင်းဆိုမှုတွေကတော့ ကျတော်တို့က အချုပ်အချာအာဏာပိုင် နိုင်ငံတခုဖြစ်တဲ့အတွက် အဲဒါတွေ ကျတော်တို့က လိုက်လျောလို့ရမှာ မဟုတ်ဘူး။”

မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် တဘက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ – ဘင်္ဂလားဒေ့ရှ် တတိယအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးစာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပေးအပ်ခဲ့တာမှာ ၂၀,၉၆၃ ဦးကို ကနဦး စိစစ်ပြီး၊ အဲဒီအထဲက နောက်တဆင့်အနေနဲ့ ကျေးရွာအလိုက် ပြန်လည်စာရင်းပြုစုပြီး အသုတ်အလိုက် ပေးပို့နေတာမှာ သတ္တမအသုတ်အဖြစ် စိစစ်ပြီးသူ ၃,၄၅၀ ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မနေ့က နိုဝင်ဘာ ၇ ရက်နေ့က နောက်ဆုံး ပေးပို့ထားခဲ့ကြောင်းမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နေရပ်စွန့်ခွာသူတွေ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံထဲပြန်ဝင်လာတာ အခုချိန်ထိ ၄၀၀ ကျော်ရှိနေပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒုက္ခသည်လက်တဆုပ်စာလောက် ပြန်တာဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဲဒီလိုပြောဆိုမှုအပေါ် ဦးချမ်းအေးက

“ပြန်လာတဲ့လူတွေ လက်တဆုပ်စာ ဟုတ်၊ မဟုတ်ဆိုတာတွေကလည်း သူတို့ အခက်အခဲကြားထဲကနေ ကြိုးစားပြီးတော့ ပြန်လာကြတာ။ ဆိုတော့ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း မကြာသေးခင်တုန်းက သူတို့ အကောင်းမြင်တဲ့ ပုံစံမရှိတဲ့ ပြောဆိုမှုတွေ ရှိတယ်။ အဲတော့ ကျတော်တို့ကိုယ်တိုင်ကိုကလည်း သံသယဝင်တာပေါ့။ ဒီလိုမျိုး နှစ်နိုင်ငံ ဒီကိစ္စကိုဖြေရှင်းဖို့ အတွက်ကို လိုလိုလားလားမှ ရှိရဲ့လားဆိုတာ။ အဓိကတော့ နှစ်နိုင်ငံကြားထဲမှာရှိတဲ့ သဘောတူညီချက်အတိုင်းကို အတိအကျဆောင်ရွက်ဖို့ပဲလိုတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဆက်ဆံရေး မူဝါဒအရ နိုင်ငံတကာနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်အပါအဝင်၊ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ အရေးပါတဲ့ နိုင်ငံထဲမှာရှိနေပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေတာကြောင့် IORA အဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ကို လျှောက်ထားရခြင်းဖြစ်ပါတယ်။

ဒါဟာ အခုလ ၅ရက်နဲ့ ၆ရက်နေ့တွေမှာ ဒူဘိုင်းမှာကျင်းပတဲ့ IORA ကောင်စီ CSO အကြီးတန်းအရာရှိတွေရဲ့ ၂၁ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ဖို့အတွက် ဒုတိယအကြိမ် ထပ်မံလျှောက်ထားတာဖြစ်ပါတယ်။

၁၉ ကြိမ်မြောက် IORA ကောင်စီ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို အခုလ ၁၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ အဲဒီနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလှည့်ကျ ဒုတိယသဘာပတိအဖြစ် တရားဝင်လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

စုစု/ VOA Burmese
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား