ICRC ရိကၡာကူညီမႈ ဘူးသီးေတာင္မွာ ကန႔္သတ္ခံရ

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ စိန္ညင္းျပာေက်း႐ြာကို ၂၀၁၉၊ ေအာက္တိုဘာလထဲမွာ ICRC က စားနပ္ရိကၡာနဲ႔ သီးႏွံမ်ိဳးေစ့ေတြ လာေရာက္ေပးအပ္စဥ္
Photo: International Committee of the Red Cross Myanmar
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ စိုင္းဒင္ေခ်ာင္းေျမာက္ပိုင္းမွာရွိတဲ့ ေက်း႐ြာေပါင္း ၄၀ ခန႔္ကို ဧၿပီလဝန္းက်င္ကစၿပီး အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ(ICRC)က စားနပ္ရိကၡာအကူအညီေတြကို ေပးအပ္ေနတာပါ။

ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ အစိုးရတပ္မေတာ္တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ေဒသခံအမ်ားအျပား ထြက္ေျပးတိမ္းေရွာင္ၾကရၿပီး ICRC အဖြဲ႕က စိုင္းဒင္တံတားအနီး ကင္းေတာင္ေက်း႐ြာမွာ အေျချပဳၿပီး အထက္ပိုင္းေက်း႐ြာေတြကို ရိကၡာ ျဖန႔္ေဝေပးေနတာပါ။

အမွတ္- ၅၅၁ တပ္ရင္းက  ICRC ရဲ႕ ဆန္ကူညီမႈကို ကန႔္သတ္ေနတာ ငါးလခန႔္ ရွိၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

ျပင္ေခ်ာင္းေက်း႐ြာက ေဒၚမေစာသိန္းက ဆန္သယ္ယူခြင့္ ပိတ္ပင္ခံရတယ္လို႔  ေျပာပါတယ္။

“ဆန္ဆိုရင္ လုံးဝမသယ္နဲ႔လို႔ ေျပာတယ္။ ဆီ၊ ဆား၊ ပဲ စတာေတြကိုပဲ ယူခြင့္ျပဳပါတယ္။ ဒါနဲ႔ ခြဲတမ္းရတဲ့ ဆန္ေတြကို ကင္းေတာင္႐ြာမွာပဲ ထားခဲ့ရပါတယ္။ စားဝတ္ေနေရးက ေတာ္ေတာ္ေလး အခက္အခဲရွိေနပါတယ္” လို႔ သူက ရခိုင္ဘာသာစကားနဲ႔ ေျပာဆိုသြားတာပါ။

ေနာက္ထပ္ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံ႐ြာလူႀကီးတစ္ဦးကလည္း ဆန္ရိကၡာ ကန႔္သတ္မႈေၾကာင့္ ႐ြာေပါင္း ၄၀ နီးပါး အခက္အခဲျဖစ္ေနၿပီလို႔ ေျပာပါတယ္။

ေဒသခံေတြဟာ ICRC အဖြဲ႕ကေပးအပ္တဲ့ ဆန္ရိကၡာခြဲတမ္းေတြကို ကင္းေတာင္ေက်း႐ြာကို လာယူရတာျဖစ္ပါတယ္။

တခ်ိဳ႕ကေတာ့ ဆန္ တစ္ျပည္စ ႏွစ္ျပည္စ ယူေဆာင္ခြင့္ ရေနတယ္လို႔ဆိုပါတယ္။

စိုင္းဒင္ေခ်ာင္းအထက္ပိုင္း ေက်း႐ြာေတြဟာ သြားလာရခက္ခဲတာေၾကာင့္ ေဒသခံတခ်ိဳ႕ဟာ ခြဲတမ္းရရွိတဲ့ ဆန္ေတြကို ရသေလာက္ေဈးနဲ႔ ေရာင္းခ်ၿပီးမွ ျပန္ၾကရတယ္လို႔ သိရပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ျပင္ေခ်ာင္း၊ ၾသရမ၊ ကညင္ေခ်ာင္း စတဲ့ေက်း႐ြာေတြကို ICRC အဖြဲ႕က ျမန္မာႏိုင္ငံ ၾကက္ေျခနီ အသင္းနဲ႔အတူ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြကို ေပးေနတာပါ။

ICRC က ဘူးသီးေတာင္ၿမိဳ႕နယ္က ေဒသ ၂၆ ခုမွာ အကူအညီေပးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနၿပီး လူဦးေရ ၄၇၀၀၀ ကို စားနပ္ရိကၡာ လစဥ္ေပးေနပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ ကန႔္သတ္ပိတ္ပင္တယ္ ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ပယ္ခ်လိုက္ၿပီး အကူအညီေတြဟာ ေအေအ အဖြဲ႕ထံ ေရာက္ေနတတ္တာေၾကာင့္ စိစစ္ေနျခင္းသာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

စားနပ္ရိကၡာအကူအညီေတြ ကန႔္သတ္ခံေနရတာနဲ႔ပတ္သက္လို႔ ICRC အဖြဲ႕ကို RFA က အီးေမးလ္ကေန တစ္ဆင့္ ဆက္သြယ္ေမးျမန္းခဲ့ရာမွာ စိုင္းဒင္ေခ်ာင္းေဒသအတြက္ ေပးအပ္မယ့္ ဆန္ကို ကင္းေတာင္ ေက်း႐ြာမွာရွိတဲ့ လူမႈအဖြဲ႕အစည္းေတြက ဂိုေဒါင္မွာ ယာယီထိန္းသိမ္းထားၿပီး ျဖန႔္ေဝဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ အေၾကာင္းျပန္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ICRC နဲ႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းတို႔ရဲ႕ လုပ္ငန္းေတြဟာ အခုႏွစ္အတြင္း ပိုမိုခက္ခဲလာေနၿပီး အဓိက အခက္အခဲကေတာ့ လိုအပ္ေနတဲ့ ေဒသခံေတြဆီ သြားေရာက္ခြင့္ရရွိေရးျဖစ္တယ္လို႔ ICRC အဖြဲ႕က ေျပာပါတယ္။

နယ္ေျမလုံၿခဳံေရးအရ သြားလာမႈကန႔္သတ္ခ်က္ေတြေၾကာင့္ လစဥ္ လူဦးေရ ၈၀၀၀ ခန႔္ေလာက္ကိုသာ စားနပ္ရိကၡာသက္သက္ ေပးေဝေနရတယ္လို႔ဆိုပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ အေရအတြက္ဟာ ကိုးေသာင္းေက်ာ္ ရွိေနၿပီလို႔ စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး(REC)က ေျပာပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ICRC ရိက္ခာကူညီမှု ဘူးသီးတောင်မှာ ကန့်သတ်ခံရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိန်ညင်းပြာကျေးရွာကို ၂၀၁၉၊ အောက်တိုဘာလထဲမှာ ICRC က စားနပ်ရိက္ခာနဲ့ သီးနှံမျိုးစေ့တွေ လာရောက်ပေးအပ်စဉ်
Photo: International Committee of the Red Cross Myanmar

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ခန့်ကို ဧပြီလဝန်းကျင်ကစပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က စားနပ်ရိက္ခာအကူအညီတွေကို ပေးအပ်နေတာပါ။

ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ကြရပြီး ICRC အဖွဲ့က စိုင်းဒင်တံတားအနီး ကင်းတောင်ကျေးရွာမှာ အခြေပြုပြီး အထက်ပိုင်းကျေးရွာတွေကို ရိက္ခာ ဖြန့်ဝေပေးနေတာပါ။

အမှတ်- ၅၅၁ တပ်ရင်းက  ICRC ရဲ့ ဆန်ကူညီမှုကို ကန့်သတ်နေတာ ငါးလခန့် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြင်ချောင်းကျေးရွာက ဒေါ်မစောသိန်းက ဆန်သယ်ယူခွင့် ပိတ်ပင်ခံရတယ်လို့  ပြောပါတယ်။

“ဆန်ဆိုရင် လုံးဝမသယ်နဲ့လို့ ပြောတယ်။ ဆီ၊ ဆား၊ ပဲ စတာတွေကိုပဲ ယူခွင့်ပြုပါတယ်။ ဒါနဲ့ ခွဲတမ်းရတဲ့ ဆန်တွေကို ကင်းတောင်ရွာမှာပဲ ထားခဲ့ရပါတယ်။ စားဝတ်နေရေးက တော်တော်လေး အခက်အခဲရှိနေပါတယ်” လို့ သူက ရခိုင်ဘာသာစကားနဲ့ ပြောဆိုသွားတာပါ။

နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာလူကြီးတစ်ဦးကလည်း ဆန်ရိက္ခာ ကန့်သတ်မှုကြောင့် ရွာပေါင်း ၄၀ နီးပါး အခက်အခဲဖြစ်နေပြီလို့ ပြောပါတယ်။

ဒေသခံတွေဟာ ICRC အဖွဲ့ကပေးအပ်တဲ့ ဆန်ရိက္ခာခွဲတမ်းတွေကို ကင်းတောင်ကျေးရွာကို လာယူရတာဖြစ်ပါတယ်။

တချို့ကတော့ ဆန် တစ်ပြည်စ နှစ်ပြည်စ ယူဆောင်ခွင့် ရနေတယ်လို့ဆိုပါတယ်။

စိုင်းဒင်ချောင်းအထက်ပိုင်း ကျေးရွာတွေဟာ သွားလာရခက်ခဲတာကြောင့် ဒေသခံတချို့ဟာ ခွဲတမ်းရရှိတဲ့ ဆန်တွေကို ရသလောက်ဈေးနဲ့ ရောင်းချပြီးမှ ပြန်ကြရတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ပြင်ချောင်း၊ သြရမ၊ ကညင်ချောင်း စတဲ့ကျေးရွာတွေကို ICRC အဖွဲ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့အတူ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးနေတာပါ။

ICRC က ဘူးသီးတောင်မြို့နယ်က ဒေသ ၂၆ ခုမှာ အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လူဦးရေ ၄၇၀၀၀ ကို စားနပ်ရိက္ခာ လစဉ်ပေးနေပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ကန့်သတ်ပိတ်ပင်တယ် ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပြီး အကူအညီတွေဟာ အေအေ အဖွဲ့ထံ ရောက်နေတတ်တာကြောင့် စိစစ်နေခြင်းသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

စားနပ်ရိက္ခာအကူအညီတွေ ကန့်သတ်ခံနေရတာနဲ့ပတ်သက်လို့ ICRC အဖွဲ့ကို RFA က အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ စိုင်းဒင်ချောင်းဒေသအတွက် ပေးအပ်မယ့် ဆန်ကို ကင်းတောင် ကျေးရွာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ဂိုဒေါင်မှာ ယာယီထိန်းသိမ်းထားပြီး ဖြန့်ဝေဖို့ စောင့်ဆိုင်းနေတယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ရဲ့ လုပ်ငန်းတွေဟာ အခုနှစ်အတွင်း ပိုမိုခက်ခဲလာနေပြီး အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ ဒေသခံတွေဆီ သွားရောက်ခွင့်ရရှိရေးဖြစ်တယ်လို့ ICRC အဖွဲ့က ပြောပါတယ်။

နယ်မြေလုံခြုံရေးအရ သွားလာမှုကန့်သတ်ချက်တွေကြောင့် လစဉ် လူဦးရေ ၈၀၀၀ ခန့်လောက်ကိုသာ စားနပ်ရိက္ခာသက်သက် ပေးဝေနေရတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ကိုးသောင်းကျော် ရှိနေပြီလို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ပြောပါတယ်။

RFA Burmese
https://www.rfa.org
ICRC ရိကၡာကူညီမႈ ဘူးသီးေတာင္မွာ ကန႔္သတ္ခံရ ICRC ရိကၡာကူညီမႈ ဘူးသီးေတာင္မွာ ကန႔္သတ္ခံရ Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.