ICJ အမႈ ဦးေဆာင္ေျဖရွင္းမယ့္ အတိုင္ပင္ခံကို တပ္မေတာ္ ပူးေပါင္းေဆာင္႐ြက္မည္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ (၂၀၁၈ ေအာက္တိုဘာလ)

(Zawgyi/Unicode)

႐ိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ ျမန္မာႏိုင္ငံဘက္က လူမ်ိဳးတုံးသတ္ျဖတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို ICJ မွာ တရားစြဲဆိုမႈအတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ကိုယ္တိုင္ဦးစီးေဆာင္႐ြက္သြားမယ္လို႔ မေန႔က ႏိုဝင္ဘာ ၂၀ရက္ေန႔မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးက ထုတ္ျပန္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အခုလို ဦးေဆာင္သြားမယ့္အေပၚ တပ္မေတာ္အေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ တာဝန္ရွိတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာထားပါတယ္။ ICJ အမႈအေပၚ လူ႔အခြင့္အေရးလႈပ္ရွားသူေတြနဲ႔ ဥပေဒပညာရွင္ေတြရဲ႕ အျမင္သေဘာထားေတြကို စုစည္းၿပီး ဗြီအိုေအသတင္းေထာက္ စုစုက သတင္းေပးပို႔ထားပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ တြင္ ျမန္မာႏိုင္ငံ၏အက်ိဳးစီးပြား ကာကြယ္ရန္အတြက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္ ဦးစီးေဆာင္႐ြက္မည္ဆိုၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးက မေန႔က ႏိုဝင္ဘာ ၂၀ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ဖို႔အတြက္ နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕ကိုေစလႊတ္မယ့္ အဖြဲ႕မွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျပည္ေထာင္စုဝန္ႀကီးအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သြားေရာက္မယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ဦးေဆာင္မႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“က်ေတာ္တို႔ဆီမွာရွိတဲ့ မ႑ိဳင္ႀကီးေတြမွာေတာ့ အုပ္ခ်ဳပ္ေရးမ႑ိဳင္ေပါ့။ အုပ္ခ်ဳပ္ေရးမ႑ိဳင္ဆိုတာမွာလည္း တပ္မေတာ္ဆိုတာ အစိုးရရဲ႕ႀကီးၾကပ္မႈေအာက္မွာ တပ္မေတာ္ကရွိရမယ္ေလ။ ဒီအစိုးရရဲ႕ ဒီဟာကိစၥနဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္မႈေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ ၿပီးရင္ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ တာဝန္ရွိတယ္လို႔ပဲ က်ေတာ္တို႔ခံယူပါတယ္။”

ဂမ္ဘီယာႏိုင္ငံရဲ႕ တရားစြဲဆိုမႈအေပၚ တုန႔္ျပန္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာက ကြၽမ္းက်င္တဲ့ ဥပေဒပညာရွင္ ေရွ႕ေနႀကီးေတြကို ငွားရမ္းထားတယ္လို႔လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ဒီအမႈကို ရင္ဆိုင္ဖို႔အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံအေနနဲ႔ ဦးေဆာင္လိုက္တာဟာ ထူးျခားမႈရွိမယ္လို႔ မထင္ေၾကာင္း ဥပေဒပညာရွင္ ေဒါက္တာ ဆလိုင္းငုံက်ဳံးလ်န္က ေျပာပါတယ္။

“က်ေတာ္တို႔အမ်ားစုထင္တာက ေဒၚေအာင္ဆန္းစုၾကည္က ၾသဇာတိကၠမႀကီးတဲ့ ပုဂၢိဳလ္ႀကီးျဖစ္တဲ့အတြက္ သူလုပ္လိုက္လို႔ရွိရင္ Pressure ေလွ်ာ့သြားမယ္ဆိုတဲ့ဟာ အဲဒါေတာ့ ႏိုင္ငံေရးအျမင္အရ စဥ္းစားတဲ့ဟာ ျဖစ္လိမ့္မယ္။ က်ေတာ့္အျမင္မွာေတာ့ ဥပေဒကိစၥေတာ့ ဥပေဒလိုပဲ သူကဆက္ၿပီးေတာ့ သြားမယ္လို႔ ထင္ပါတယ္။”

ျမန္မာႏိုင္ငံက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ ႐ိုဟင္ဂ်ာမြတ္စလင္ေတြကို ႏွိပ္စက္ညႇဥ္းပန္းၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၅၀ ေက်ာ္ပါဝင္တဲ့ OIC အစၥလာမ္မစ္ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား ဂမ္ဘီယာႏိုင္ငံက ကမကထျပဳၿပီး ICJ ႏိုင္ငံတကာတရား႐ုံးမွာ အမႈစြဲတင္လိုက္တာပါ။

အဲဒီအမႈကို လာမယ့္ ဒီဇင္ဘာ ၁၀ရက္ေန႔မွာ စတင္ၾကားနာစစ္ေဆးမွာ ျဖစ္တဲ့အေၾကာင္း ICJ က ထုတ္ျပန္ထားပါတယ္။ အဲဒီေန႔မွာ တရားလိုျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္လဲခ်က္တင္သြင္းမွာျဖစ္ၿပီး၊ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ ျမန္မာႏိုင္ငံက ICJ မွာ ေလွ်ာက္လဲခ်က္ တင္ရမွာျဖစ္ပါတယ္။

ဒီအမႈရင္ဆိုင္ဖို႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္လိုက္တာဟာ တပ္မေတာ္နဲ႔ အေပးအယူဘယ္လိုေတြ ရွိေနလဲဆိုတာ စဥ္းစားဖို႔လိုတယ္လို႔ လူ႔အခြင့္အေရးလႈပ္ရွားသူ ခ်ယ္ရီဇာေဟာင္က ေျပာပါတယ္။

“သူကိုယ္တိုင္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို လုပ္တာေတာ့ မဟုတ္ဘူးေလေနာ္။ ေသနတ္ကိုင္ၿပီးေတာ့ ဗုံးကိုင္ၿပီးေတာ့ သြားၿပီးေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ လုပ္ေနတဲ့အဖြဲ႕က ရွိတယ္ေလ။ ဆိုေတာ့ ဒီအဖြဲ႕ေတြကို သူဒီလိုမ်ိဳးကာကြယ္ျခင္းအားျဖင့္ အထူးသျဖင့္ တပ္မေတာ္ေပါ့။ တပ္မေတာ္နဲ႔ သူနဲ႔ၾကားထဲမွာ ဘာအေပးအယူေတြရွိလဲ။ ဒီေလာက္ ဂိတ္ဆုံးထိကို သူဒီလိုမ်ိဳး ကာကြယ္လိုက္ျခင္းအားျဖင့္ တပ္ဘက္ကဘာျပန္ေပးမွာလဲ သူ႔ကိုဆိုတဲ့ စဥ္းစားခ်က္ေတြရွိတာေပါ့။ ျမန္မာႏိုင္ငံ (သို႔မဟုတ္) ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဒီ ICJ Case ကို သူ႔အတြက္ Political Game တခုခုရွိႏိုင္မလားဆိုတဲ့ တြက္ဆခ်က္နဲ႔ သူသြားၿပီးေတာ့ ရင္ဆိုင္တာလည္း ျဖစ္ရင္ျဖစ္ႏို္င္တယ္ေပါ့။ က်မရဲ႕အျမင္ တခုေပါ့။”

ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ေနတယ္ ဆိုတဲ့ စြပ္စြဲခ်က္ေတြအေပၚ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးစီးေဆာင္႐ြက္သြားမယ့္အေပၚ အျမင္အမ်ိဳးမ်ိဳး ကြဲျပားေနပါတယ္။

ျမန္မာႏိုင္ငံက တိုင္းရင္းသားလူမ်ိဳးစုေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ေနသူေတြကို အေရးယူႏိုင္ဖို႔အတြက္ ဂမ္ဘီယာႏိုင္ငံရဲ႕ ႀကိဳးပမ္းမႈကို အျပည့္အဝေထာက္ခံၿပီး ကူညီသြားမယ္လို႔ ႏိုင္ငံတကာ ကခ်င္ကြန္ဂရက္ကလည္း မေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

.................

ICJ အမှု ဦးဆောင်ဖြေရှင်းမယ့် အတိုင်ပင်ခံကို တပ်မတော်ပူးပေါင်းဆောင်ရွက်မည်

(Unicode)

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာနိုင်ငံဘက်က လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးဆောင်ရွက်သွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၀ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဦးဆောင်သွားမယ့်အပေါ် တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။ ICJ အမှုအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေရဲ့ အမြင်သဘောထားတွေကို စုစည်းပြီး ဗွီအိုအေသတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့ကိုစေလွှတ်မယ့် အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ကျတော်တို့ဆီမှာရှိတဲ့ မဏ္ဍိုင်ကြီးတွေမှာတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ပေါ့။ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာမှာလည်း တပ်မတော်ဆိုတာ အစိုးရရဲ့ကြီးကြပ်မှုအောက်မှာ တပ်မတော်ကရှိရမယ်လေ။ ဒီအစိုးရရဲ့ ဒီဟာကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြီးရင် ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ပဲ ကျတော်တို့ခံယူပါတယ်။”

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုအပေါ် တုန့်ပြန်နိုင်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးတွေကို ငှားရမ်းထားတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအမှုကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဦးဆောင်လိုက်တာဟာ ထူးခြားမှုရှိမယ်လို့ မထင်ကြောင်း ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငုံကျုံးလျန်က ပြောပါတယ်။

“ကျတော်တို့အများစုထင်တာက ဒေါ်အောင်ဆန်းစုကြည်က သြဇာတိက္ကမကြီးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် သူလုပ်လိုက်လို့ရှိရင် Pressure လျှော့သွားမယ်ဆိုတဲ့ဟာ အဲဒါတော့ နိုင်ငံရေးအမြင်အရ စဉ်းစားတဲ့ဟာ ဖြစ်လိမ့်မယ်။ ကျတော့်အမြင်မှာတော့ ဥပဒေကိစ္စတော့ ဥပဒေလိုပဲ သူကဆက်ပြီးတော့ သွားမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ICJ နိုင်ငံတကာတရားရုံးမှာ အမှုစွဲတင်လိုက်တာပါ။

အဲဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့မှာ စတင်ကြားနာစစ်ဆေးမှာ ဖြစ်တဲ့အကြောင်း ICJ က ထုတ်ပြန်ထားပါတယ်။ အဲဒီနေ့မှာ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်တင်သွင်းမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ICJ မှာ လျှောက်လဲချက် တင်ရမှာဖြစ်ပါတယ်။

ဒီအမှုရင်ဆိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်လိုက်တာဟာ တပ်မတော်နဲ့ အပေးအယူဘယ်လိုတွေ ရှိနေလဲဆိုတာ စဉ်းစားဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ချယ်ရီဇာဟောင်က ပြောပါတယ်။

“သူကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်တာတော့ မဟုတ်ဘူးလေနော်။ သေနတ်ကိုင်ပြီးတော့ ဗုံးကိုင်ပြီးတော့ သွားပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့အဖွဲ့က ရှိတယ်လေ။ ဆိုတော့ ဒီအဖွဲ့တွေကို သူဒီလိုမျိုးကာကွယ်ခြင်းအားဖြင့် အထူးသဖြင့် တပ်မတော်ပေါ့။ တပ်မတော်နဲ့ သူနဲ့ကြားထဲမှာ ဘာအပေးအယူတွေရှိလဲ။ ဒီလောက် ဂိတ်ဆုံးထိကို သူဒီလိုမျိုး ကာကွယ်လိုက်ခြင်းအားဖြင့် တပ်ဘက်ကဘာပြန်ပေးမှာလဲ သူ့ကိုဆိုတဲ့ စဉ်းစားချက်တွေရှိတာပေါ့။ မြန်မာနိုင်ငံ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ ICJ Case ကို သူ့အတွက် Political Game တခုခုရှိနိုင်မလားဆိုတဲ့ တွက်ဆချက်နဲ့ သူသွားပြီးတော့ ရင်ဆိုင်တာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့။ ကျမရဲ့အမြင် တခုပေါ့။”

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ICJ နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်သွားမယ့်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေသူတွေကို အရေးယူနိုင်ဖို့အတွက် ဂမ်ဘီယာနိုင်ငံရဲ့ ကြိုးပမ်းမှုကို အပြည့်အဝထောက်ခံပြီး ကူညီသွားမယ်လို့ နိုင်ငံတကာ ကချင်ကွန်ဂရက်ကလည်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စုစု/ VOA Burmese
https://burmese.voanews.com
ICJ အမႈ ဦးေဆာင္ေျဖရွင္းမယ့္ အတိုင္ပင္ခံကို တပ္မေတာ္ ပူးေပါင္းေဆာင္႐ြက္မည္ ICJ အမႈ ဦးေဆာင္ေျဖရွင္းမယ့္ အတိုင္ပင္ခံကို တပ္မေတာ္ ပူးေပါင္းေဆာင္႐ြက္မည္ Reviewed by THITHTOOLWIN on 01:32 Rating: 5
Powered by Blogger.