ကုလသမဂၢ ICJ မွာ တရားစြဲ ခံရမႈ ဘယ္လိုရင္ဆိုင္မလဲ၊ အစိုးရနဲ႔ တပ္ေခါင္းေဆာင္ေတြ ေဆြးေႏြး

Myanmar State Counsellor Office
(Zawgyi)⤵⤵⤵
ကုလသမဂၢ ရဲ႕ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ သြားေရာက္ ရင္ဆိုင္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ႏိုဝင္ဘာ ၂၃ ရက္ေန႔မွာ ႏိုင္ငံေတာ္ သမၼတ အိမ္ေတာ္မွာ အစိုးရ နဲ႔ တပ္မေတာ္ထိပ္တန္းေခါင္းေဆာင္ေတြ ေတြ႕ဆုံ ေဆြးေႏြး ခဲ့ပါတယ္။

ICJ မွာ သြားေရာက္ရင္ဆိုင္မယ့္ ကိစၥနဲ႔ ပတ္သက္လို႔ သမၼတအိမ္ေတာ္ ငုေ႐ႊဝါခန္းမမွာ က်င္းပခဲ့ၿပီး အစိုးရ အဖြဲ႕ေခါင္းေဆာင္ေတြ ၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ျပည္ထဲေရး ဝန္ႀကီးဌာန၊ ကာကြယ္ေရးနဲ႔နယ္စပ္ေရးရာ ဝန္ႀကီးတို႔ တက္ေရာက္ခဲ့ပါတယ္။

အဲဒီ အစည္းအေဝးကို မနက္ ၉ နာရီခြဲေလာက္မွာစတင္ခဲ့ၿပီး ႏိုင္ငံပိုင္မီဒီယာေတြကို သတင္းရယူခြင့္ေပးခဲ့ပါတယ္။

အစိုးရ အဖြဲ႕ က ဉီးေဆာင္ ရွင္းလင္း တဲ့ ပြဲမွာ အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ကICJ မွာ ရင္ဆိုင္ ေျဖရွင္းဖို႔ ျပင္ဆင္ထားတာေတြကိုရွင္းျပခဲ့တယ္လို႔ သိရ ပါတယ္။

 ICJ ကို သြားမယ့္အဖြဲ႕ ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိလ္ က အဖြဲ႕ေခါင္းေဆာင္ အျဖစ္ လိုက္ပါမယ္။
အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ က ေတာ့ အမိုင္းေၾကာင္းျဖစ္စဥ္နဲ႔ ရင္ဆိုင္ေျဖရွင္းဖို႔ ေဆာင္႐ြက္ ထားတဲ့အေသးစိတ္ကိုရွင္းျပခဲ့တယ္လို႔ ဒီပြဲ ကို တက္ေရာက္ ခဲ့တဲ့ ျပည္ေထာင္စု ဝန္ႀကီး က ဘီဘီစီ ကို ေျပာျပပါတယ္။

ဒါေပမယ့္ ဥပေဒ ေၾကာင္းအရ ဘယ္လို ရင္ဆိုင္ ေျဖရွင္းမွာလဲ ဆိုတဲ့ အေသးစိတ္ အခ်က္ အလက္ေတြကို အစိုးရ ဘက္ က ထုတ္ျပန္တာ မရွိေသးသလို၊ သမၼတ၊ ႏိုင္ငံေတာ္ အတိုင္ပင္ ပုဂၢိဳလ္ စတဲ့ အစိုးရ တာဝန္ ရွိသူေတြရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ထုတ္ျပန္တာ မေတြ႕ရေသးပါဘူး။

ICJ မွာ သြားေရာက္ရင္ဆိုင္မယ့္ အဖြဲ႕ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဖြဲ႕အေခါင္းေဆာင္ အျဖစ္ဦးေဆာင္ၿပီး အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္တင့္ေဆြက ဒုတိယ အဖြဲ႕ေခါင္းေဆာင္ အျဖစ္ေ႐ြးခ်ယ္ထားတဲ့ေၾကာင္း ဒီကေန႔မွာ လုပ္တဲ့ အခမ္းအနားမွာ တာဝန္ရွိသူေတြကရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ ဂ်ီႏိုဆိုက္လို႔ ေခၚတဲ့ လူမ်ိဳးတုံး သတ္ျဖတ္တဲ့အမႈ နဲ႔ပတ္သက္လို႔ ကမာၻေပၚမွာ ေရွ႕ေနလိုက္တဲ့ ေရွ႕ေန ၁၀ ဦးသာ ရွိၿပီး အဲဒီ ထဲကမွ ၅ ဦးက ထူးခြၽန္သူ မ်ားျဖစ္ေၾကာင္း အဲဒီ ၅ ဦးထဲက ၂ ဦးကို ျမန္မာဘက္ က ငွားရမ္းထားေၾကာင္း တာဝန္ ရွိသူ ေတြက ရွင္းျပခဲ့တယ္လို႔ အစည္းအေဝးကိုတက္ေရာက္ခဲ့တဲ့ ဝန္ႀကီး က ေျပာပါတယ္။

ဒီအမႈ ေတြမွာ ထူးခြၽန္တဲ့ ေရွ႕ ေန ၂ ဦးကို ျမန္မာႏိုင္ငံကို တရားစြဲ ဆိုတဲ့ ဂမ္ဘီယာ ႏိုင္ငံက ငွားရမ္းထားပါတယ္။
ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ စတင္ ၾကားနာမႈ လုပ္မယ္။

ဂမ္ဘီယာႏိုင္ငံက ဒီကိစၥကို ဦးေဆာင္ဖို႔ တာဝန္ေပးထားတဲ့ကိုယ္စားလွယ္ ဟာ ေရွ႕ေနခ်ဳပ္ တာဝန္ ယူခဲ့ ဖူးသလို႔တရားသူႀကီး လည္း လုပ္ခဲ့သူျဖစ္တဲ့အတြက္ဥပေဒေရးရာမွာ ကြၽမ္းက်င္သူ ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ရွင္းျပခဲ့ပါတယ္။

ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းလို႔ ေခၚတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈကို တားဆီး အျပစ္ေပးေရးဆိုင္ရာ ကုလသမဂၢ ပဋိညာဥ္ကို ျမန္မာက ေဖာက္ဖ်က္ တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာကို ICJ မွာ တရားစြဲဖို႔ အစၥလာမ္မစ္ ပူးေပါင္း ေဆာင္႐ြက္ေရး အဖြဲ႕ OIC က အဖြဲ႕ဝင္ ႏိုင္ငံ ဂမ္ဘီယာကို တာဝန္ ေပးခဲ့တဲ့ ေနာက္၊ ဂမ္ဘီယာက သူတို႔ရဲ႕ ဥပေဒေရးရာ အဖြဲ႕ကို ဦးေဆာင္ဖို႔ရာ ဖိုလီေဟာ့ဂ္ ေရွ႕ေနအဖြဲ႕ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အေမရိကန္ေရွ႕ေန အဖြဲ႕ ဖိုလီေဟာ့ဂ္ဟာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ပင္လယ္ျပင္ နယ္နိမိတ္ သတ္မွတ္ေရး ဆိုင္ရာ အျငင္းပြားမႈမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ႕ ေရွ႕ေနအဖြဲ႕ပဲ ျဖစ္ပါတယ္။

ျမန္မာ ႏိုင္ငံ အေနနဲ႔ ရခိုင္ျပည္နယ္ ကေန ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြ ျပန္လည္ လက္ခံေရး ကို ဘဂၤလားေဒ့ရွ္ အစိုးရ နဲ႔ လက္တြဲၿပီး ပူေပါင္း ေဆာင္႐ြက္ ေနေၾကာင္းကိုလည္း ဒီအခမ္းအနား မွာ ရွင္းျပ ခဲ့ပါတယ္။

ဒါ့အျပင္ OIC အေနနဲ႔ ကုလသမဂၢ စင္ျမင့္မွာ ျမန္မာကို အေရးယူဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုမႈေတြကိုလည္း ျမန္မာ ဘက္ က သိရွိလက္ခံၿပီး ဓမၼ ဓိဌာန္က်က် ျပန္လည္ တုံ႔ျပန္ဖို႔ စီစဥ္ ထားေၾကာင္း အစိုးရ တာဝန္ ရွိသူေတြ က ေျပာပါတယ္။

ေနာက္ၿပီး ICJ မွာ တရားစြဲ ဆိုတဲ့ကိစၥနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာမ်ာ ျမန္မာႏိုင္ငံရဲ႕ ပုံရိပ္က်ဆင္းတာေတြျဖစ္လာႏိုင္တယ္ ဆိုၿပီးေတာ့ ႏိုင္ငံေရး ေလ့လာ သူေတြက သုံးသပ္ ေနၾကပါတယ္။

ဒီကိစၥေၾကာင့္ အေနာက္ႏိုင္ငံေတြရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈေတြ ေလ်ာ့နည္း ထိခိုက္ လာႏိုင္အတြက္ အခုတည္းက ျပင္ဆင္ ထားဖို႔ကိုလည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ က ဒီပြဲမွာ ရွင္းလင္း ေျပာဆို ခဲ့ပါတယ္။

ႏိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ အစိုးရတာဝန္ရွိသူေတြရဲ႕ အိုင္စီေဂ် အေရးနဲ႔ ပတ္သက္လို႔ ရွင္းျပ ခ်က္ေတြကို ႏိုင္ငံပိုင္သတင္းစာေတြမွာထည့္သြင္းေဖာ္ျပသြားမယ္လို႔လဲ အစည္းအေဝးကို တက္ေရာက္ခဲ့သူ အခ်ိဳ႕ က ျပန္ေျပာ ၾကပါတယ္။

အစိုးရ အဖြဲ႕ ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံသားေတြ သိသင့္သိထိုက္တဲ့ အတြက္ ရွင္းျပဖို အခုပြဲ ကို က်င္းပ ခဲ့တာလို႔ တက္ေရာက္သူေတြက ဆိုပါတယ္။ ဒါေပမယ့္ ဘယ္လို ေရွ႕ေန အဖြဲ႕အစည္းလဲ။ ဘယ္ႏိုင္ငံက ေရွ႕ေနေတြကို ငွားရမ္း ထားတာလဲ ဆိုတဲ့ အခ်က္ေတြကိုေတာ့ ထုတ္ျပန္ခဲ့ျခင္း မရွိပါဘူး။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ကုလသမဂ္ဂ ICJ မှာ တရားစွဲ ခံရမှု ဘယ်လိုရင်ဆိုင်မလဲ၊ အစိုးရနဲ့ တပ်ခေါင်းဆောင်တွေ ဆွေးနွေး

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office

ကုလသမဂ္ဂ ရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ သွားရောက် ရင်ဆိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတ အိမ်တော်မှာ အစိုးရ နဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ICJ မှာ သွားရောက်ရင်ဆိုင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာ ကျင်းပခဲ့ပြီး အစိုးရ အဖွဲ့ခေါင်းဆောင်တွေ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို မနက် ၉ နာရီခွဲလောက်မှာစတင်ခဲ့ပြီး နိုင်ငံပိုင်မီဒီယာတွေကို သတင်းရယူခွင့်ပေးခဲ့ပါတယ်။

အစိုးရ အဖွဲ့ က ဉီးဆောင် ရှင်းလင်း တဲ့ ပွဲမှာ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကICJ မှာ ရင်ဆိုင် ဖြေရှင်းဖို့ ပြင်ဆင်ထားတာတွေကိုရှင်းပြခဲ့တယ်လို့ သိရ ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ICJ ကို သွားမယ့်အဖွဲ့ ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် က အဖွဲ့ခေါင်းဆောင် အဖြစ် လိုက်ပါမယ်။

အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က တော့ အမိုင်းကြောင်းဖြစ်စဉ်နဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ဆောင်ရွက် ထားတဲ့အသေးစိတ်ကိုရှင်းပြခဲ့တယ်လို့ ဒီပွဲ ကို တက်ရောက် ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမယ့် ဥပဒေ ကြောင်းအရ ဘယ်လို ရင်ဆိုင် ဖြေရှင်းမှာလဲ ဆိုတဲ့ အသေးစိတ် အချက် အလက်တွေကို အစိုးရ ဘက် က ထုတ်ပြန်တာ မရှိသေးသလို၊ သမ္မတ၊ နိုင်ငံတော် အတိုင်ပင် ပုဂ္ဂိုလ် စတဲ့ အစိုးရ တာဝန် ရှိသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ICJ မှာ သွားရောက်ရင်ဆိုင်မယ့် အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့အခေါင်းဆောင် အဖြစ်ဦးဆောင်ပြီး အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ဒုတိယ အဖွဲ့ခေါင်းဆောင် အဖြစ်ရွေးချယ်ထားတဲ့ကြောင်း ဒီကနေ့မှာ လုပ်တဲ့ အခမ်းအနားမှာ တာဝန်ရှိသူတွေကရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်တဲ့အမှု နဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ ရှေ့နေလိုက်တဲ့ ရှေ့နေ ၁၀ ဦးသာ ရှိပြီး အဲဒီ ထဲကမှ ၅ ဦးက ထူးချွန်သူ များဖြစ်ကြောင်း အဲဒီ ၅ ဦးထဲက ၂ ဦးကို မြန်မာဘက် က ငှားရမ်းထားကြောင်း တာဝန် ရှိသူ တွေက ရှင်းပြခဲ့တယ်လို့ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ဝန်ကြီး က ပြောပါတယ်။

ဒီအမှု တွေမှာ ထူးချွန်တဲ့ ရှေ့ နေ ၂ ဦးကို မြန်မာနိုင်ငံကို တရားစွဲ ဆိုတဲ့ ဂမ်ဘီယာ နိုင်ငံက ငှားရမ်းထားပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင် ကြားနာမှု လုပ်မယ်။

ဂမ်ဘီယာနိုင်ငံက ဒီကိစ္စကို ဦးဆောင်ဖို့ တာဝန်ပေးထားတဲ့ကိုယ်စားလှယ် ဟာ ရှေ့နေချုပ် တာဝန် ယူခဲ့ ဖူးသလို့တရားသူကြီး လည်း လုပ်ခဲ့သူဖြစ်တဲ့အတွက်ဥပဒေရေးရာမှာ ကျွမ်းကျင်သူ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီး အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို မြန်မာက ဖောက်ဖျက် တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာကို ICJ မှာ တရားစွဲဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC က အဖွဲ့ဝင် နိုင်ငံ ဂမ်ဘီယာကို တာဝန် ပေးခဲ့တဲ့ နောက်၊ ဂမ်ဘီယာက သူတို့ရဲ့ ဥပဒေရေးရာ အဖွဲ့ကို ဦးဆောင်ဖို့ရာ ဖိုလီဟော့ဂ် ရှေ့နေအဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမေရိကန်ရှေ့နေ အဖွဲ့ ဖိုလီဟော့ဂ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေး ဆိုင်ရာ အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရှေ့နေအဖွဲ့ပဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ် ကနေ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ကို ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ လက်တွဲပြီး ပူပေါင်း ဆောင်ရွက် နေကြောင်းကိုလည်း ဒီအခမ်းအနား မှာ ရှင်းပြ ခဲ့ပါတယ်။

ဒါ့အပြင် OIC အနေနဲ့ ကုလသမဂ္ဂ စင်မြင့်မှာ မြန်မာကို အရေးယူဖို့ အကြိမ်ကြိမ် တောင်းဆိုမှုတွေကိုလည်း မြန်မာ ဘက် က သိရှိလက်ခံပြီး ဓမ္မ ဓိဌာန်ကျကျ ပြန်လည် တုံ့ပြန်ဖို့ စီစဉ် ထားကြောင်း အစိုးရ တာဝန် ရှိသူတွေ က ပြောပါတယ်။

နောက်ပြီး ICJ မှာ တရားစွဲ ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာမျာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကျဆင်းတာတွေဖြစ်လာနိုင်တယ် ဆိုပြီးတော့ နိုင်ငံရေး လေ့လာ သူတွေက သုံးသပ် နေကြပါတယ်။

ဒီကိစ္စကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ လျော့နည်း ထိခိုက် လာနိုင်အတွက် အခုတည်းက ပြင်ဆင် ထားဖို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ဒီပွဲမှာ ရှင်းလင်း ပြောဆို ခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ အိုင်စီဂျေ အရေးနဲ့ ပတ်သက်လို့ ရှင်းပြ ချက်တွေကို နိုင်ငံပိုင်သတင်းစာတွေမှာထည့်သွင်းဖော်ပြသွားမယ်လို့လဲ အစည်းအဝေးကို တက်ရောက်ခဲ့သူ အချို့ က ပြန်ပြော ကြပါတယ်။

အစိုးရ အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံသားတွေ သိသင့်သိထိုက်တဲ့ အတွက် ရှင်းပြဖို အခုပွဲ ကို ကျင်းပ ခဲ့တာလို့ တက်ရောက်သူတွေက ဆိုပါတယ်။ ဒါပေမယ့် ဘယ်လို ရှေ့နေ အဖွဲ့အစည်းလဲ။ ဘယ်နိုင်ငံက ရှေ့နေတွေကို ငှားရမ်း ထားတာလဲ ဆိုတဲ့ အချက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

BBC Burmese
https://www.bbc.com
ကုလသမဂၢ ICJ မွာ တရားစြဲ ခံရမႈ ဘယ္လိုရင္ဆိုင္မလဲ၊ အစိုးရနဲ႔ တပ္ေခါင္းေဆာင္ေတြ ေဆြးေႏြး ကုလသမဂၢ ICJ မွာ တရားစြဲ ခံရမႈ ဘယ္လိုရင္ဆိုင္မလဲ၊ အစိုးရနဲ႔ တပ္ေခါင္းေဆာင္ေတြ ေဆြးေႏြး Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.