ICJ အမႈ တုံ႔ျပန္ေရး ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြ ေဆြးေႏြး

ICJ တြင္ အမႈရင္ဆုိင္ႏုိင္ေရး ရွင္းလင္းပြဲသုိ႔ တက္ေရာက္လာသည့္ အစုိးရႏွင့္ စစ္တပ္ ထိပ္တန္းေခါင္းေဆာင္မ်ား။ (ဓာတ္ပုံ - Myanmar State Counsellor Office, Nov 23, 2019)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံအေပၚ အျပည္ျပည္ဆုိင္ရာ တရား႐ုံး (ICJ) မွာ တရားစဲြထားတဲ့အမႈကုိ တုံ႔ျပန္မယ့္ အစီအစဥ္ေတြနဲ႔ ပတ္သက္လုိ႔ အစုိးရနဲ႔ စစ္တပ္ ထိပ္တန္းေခါင္းေဆာင္ေတြ အပါအ၀င္ တာ၀န္ရွိသူေတြကုိ ဒီကေန႔ ရွင္းလင္းခဲ့ပါတယ္။

ICJ တြင္ အမႈရင္ဆုိင္ႏုိင္ေရး ရွင္းလင္းပြဲသုိ႔ တက္ေရာက္လာသည့္ အစုိးရႏွင့္ စစ္တပ္ ထိပ္တန္းေခါင္းေဆာင္မ်ား။ (ဓာတ္ပုံ - Myanmar State Counsellor Office, ႏုိဝင္ဘာ ၂၃၊ ၂၀၁၉)

ICJ မွာ အမႈရင္ဆုိင္မယ့္အဖဲြ႔ကုိ ဦးေဆာင္ၿပီး ကုိယ္တုိင္သြားေရာက္မယ့္ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအ၀င္ ထိပ္တန္း ေခါင္းေဆာင္ေတြ တက္ေရာက္တဲ့ ေနျပည္ေတာ္က သမၼတအိမ္ေတာ္က ေတြ႔ဆုံမႈမွာ ရွင္းျပခဲ့တာျဖစ္ေၾကာင္း အစုိးရက သတင္းထုတ္ျပန္ခဲ့တာပါ။

ႏုိင္ငံတကာ ဥပေဒပညာရွင္ေတြ ပါ၀င္မယ့္အဖဲြ႔ကုိ ႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး ICJ တရား႐ုံးမွာ အမႈရင္ဆုိင္မယ့္အေၾကာင္း ဗုဒၶဟူးေန႔က ေၾကညာခ့ဲၿပီးေနာက္မွာပဲ အခုလုိ ထိပ္တန္းတာ၀န္ရွိသူေတြ ေတြ႔ဆုံခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ICJ တြင္ အမႈရင္ဆုိင္ေရး ရွင္းလင္းပြဲသုိ႔ တက္ေရာက္လာသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ဓာတ္ပုံ - Myanmar State Counsellor Office, ႏုိဝင္ဘာ ၂၃၊ ၂၀၁၉)
ရခုိင္ျပည္နယ္မွာ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္း စြပ္စဲြခ်က္ေတြနဲ႔အတူ ICJ အျပင္ အျပည္ျပည္ဆိုင္ရာ ျပစ္မႈဆိုင္ရာတရား႐ုံး (ICC) နဲ႔ အာဂ်င္တီးနားႏုိင္ငံက တရား႐ုံးေတြမွာ တရားစဲြဆုိ အေရးယူဖုိ႔ ႀကိဳးပမ္းမႈေတြလုိ မၾကာေသးခင္ကစလုိ႔ ဖိအားေတြ တုိးျမႇင့္လာေနတာေတြကုိလည္း ေနျပည္ေတာ္မွာ ထိပ္တန္းေခါင္းေဆာင္ေတြကုိ ရွင္းျပခဲ့တာပါ။

တခ်ိန္တည္းမွာပဲ ရခုိင္ျပည္နယ္က ျပႆနာေတြကုိ ေျဖရွင္းဖုိ႔ ႀကိဳးပမ္းေနတာေတြ၊ ျမန္မာအစုိးရနဲ႔ စစ္တပ္က လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ စုံစမ္းေနတာေတြ၊ စုံစမ္းေနဆဲ ကိစၥေတြကုိလည္း ေျပာဆုိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကုလသမဂၢအေနနဲ႔ ျပႆနာကုိ ေျဖရွင္းဖုိ႔ထက္ တာ၀န္ခံမႈ ကိစၥေတြအေပၚ ေငြကုန္ေၾကးက်ခံ သုံးစဲြေနတယ္လုိ႔လည္း ျပစ္တင္ေျပာဆုိထားၿပီး ျပႆနာကုိ ေျဖရွင္းရာမွာ လက္ေတြ႔က်ၿပီး မွ်တတဲ့ ခ်ဥ္းကပ္မႈတြနဲ႔ ကူညီမႈေတြကုိ လက္ခံမွာျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

ဒါေပမယ့္လည္း နယ္သာလန္ႏုိင္ငံ သဟိဂ္ၿမိဳ႕က ICJ တရား႐ုံးမွာ ေရွ႕လဆန္း အမႈရင္ဆုိင္တဲ့အခါ ဒီကေန႔ ရွင္းလင္းတင္ျပခဲ့တဲ့ အခ်က္ေတြကုိ အေျခခံၿပီး ခုခံေခ်ပမွာလား ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

---------------------------------------

(Unicode)

ICJ အမှု တုံ့ပြန်ရေး မြန်မာထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေး

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့အမှုကို တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။

ICJ မှာ အမှုရင်ဆိုင်မယ့်အဖွဲ့ကို ဦးဆောင်ပြီး ကိုယ်တိုင်သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်တဲ့ နေပြည်တော်က သမ္မတအိမ်တော်က တွေ့ဆုံမှုမှာ ရှင်းပြခဲ့တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတကာ ဥပဒေပညာရှင်တွေ ပါဝင်မယ့်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ICJ တရားရုံးမှာ အမှုရင်ဆိုင်မယ့်အကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီးနောက်မှာပဲ အခုလို ထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့အတူ ICJ အပြင် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) နဲ့ အာဂျင်တီးနားနိုင်ငံက တရားရုံးတွေမှာ တရားစွဲဆို အရေးယူဖို့ ကြိုးပမ်းမှုတွေလို မကြာသေးခင်ကစလို့ ဖိအားတွေ တိုးမြှင့်လာနေတာတွေကိုလည်း နေပြည်တော်မှာ ထိပ်တန်းခေါင်းဆောင်တွေကို ရှင်းပြခဲ့တာပါ။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာတွေ၊ မြန်မာအစိုးရနဲ့ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းနေတာတွေ၊ စုံစမ်းနေဆဲ ကိစ္စတွေကိုလည်း ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ ပြဿနာကို ဖြေရှင်းဖို့ထက် တာဝန်ခံမှု ကိစ္စတွေအပေါ် ငွေကုန်ကြေးကျခံ သုံးစွဲနေတယ်လို့လည်း ပြစ်တင်ပြောဆိုထားပြီး ပြဿနာကို ဖြေရှင်းရာမှာ လက်တွေ့ကျပြီး မျှတတဲ့ ချဉ်းကပ်မှုတွနဲ့ ကူညီမှုတွေကို လက်ခံမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ တရားရုံးမှာ ရှေ့လဆန်း အမှုရင်ဆိုင်တဲ့အခါ ဒီကနေ့ ရှင်းလင်းတင်ပြခဲ့တဲ့ အချက်တွေကို အခြေခံပြီး ခုခံချေပမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

VOA Burmese
https://burmese.voanews.com
ICJ အမႈ တုံ႔ျပန္ေရး ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြ ေဆြးေႏြး ICJ အမႈ တုံ႔ျပန္ေရး ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြ ေဆြးေႏြး Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.