ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုုင္ ICJ မွာရင္ဆိုင္မယ့္ဆံုးျဖတ္ခ်က္ မွန္ကန္မႈေပၚ အျမင္မတူၾက

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္

(Zawgyi/Unicode)

ICJ ႏိုင္ငံတကာတရား႐ုံးမွာ ရင္ဆိုင္ရမယ့္ အမႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္သြားေရာက္ ခုခံ ေခ်ပမယ့္ ဆုံးျဖတ္ခ်က္ မွန္ကန္ရဲ႕လားဆိုတဲ့အေပၚ သေဘာထားအျမင္ ကြဲျပားေနပါတယ္။

နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕က ICJ တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ သြားေရာက္ရင္ဆုိင္မယ့္ ဆုံးျဖတ္ခ်က္အေပၚ မတူကြဲျပားတဲ့အျမင္တခ်ဳိ႕ကို ကိုဥာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

ရခုိင္ျပည္နယ္က ေနရပ္စြန္႔ခြာသြားသူမ်ားအေရးနဲ႔ ပတ္သက္ၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ကုလသမဂၢသေဘာတူစာခ်ဳပ္ကို ျမန္မာအစိုးရက ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔၀င္ႏိုင္ငံမ်ားကိုယ္စား ICJ ႏိုင္ငံတကာ တရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲထားတာပါ။

ျမန္မာႏိုင္ငံရဲ႕အက်ဳိးစီးပြားကို ကာကြယ္ဖို႔အတြက္ နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕က ICJ တရား႐ုံးကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဦးေဆာင္သြားေရာက္မွာ ျဖစ္တယ္လို႔ ႏိုဝင္ဘာ(၂၀)ရက္ ေန႔စြဲနဲ႔ ႏိုင္ငံေတာ္အတုိင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ICJ မွာ သြားေရာက္ ရင္ဆိုင္မယ့္ဆုံးျဖတ္ခ်က္ဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လို႔ ျမင္သူကေတာ့ အေမရိကန္ အင္ဒီယားနားျပည္နယ္က ျမန္မာ့ႏိုင္ငံေရးအကဲခတ္ ေဒါက္တာ တင့္ေဆြျဖစ္ပါတယ္။

“ ဒီ ICJ အမႈက NLD အမႈလည္းမဟုတ္ဘူး၊ တပ္မေတာ္ အမႈလည္းမဟုတ္ဘူး၊ က်ေနာ္တို႔ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ရဲ႕ အမႈျဖစ္တယ္။ တနည္းအားျဖင့္ တရားခံဟာ ျမန္မာႏိုင္ငံျဖစ္တယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးေတာ့ အင္မတန္မွ အေရးႀကီးတဲ့ အေၾကာင္းကိစၥကို ခုခံကာကြယ္ဖို႔ ျမန္မာႏိုင္ငံသူ ၊ ႏိုင္ငံသားထဲက အသင့္ေတာ္ဆံုးပုဂၢိဳလ္ကလည္း က်ေနာ့္အျမင္က ေဒၚေအာင္ဆန္းစုၾကည္ပဲ ရွိတယ္လို႔ ျမင္တဲ့အတြက္ ဒီဆံုးျဖတ္ခ်က္ဟာ မွန္ကန္တယ္၊ ေနာက္တခါ ရဲရင့္ၿပီးေတာ့ သတၱိရွိတဲ့ ႏိုင္ငံေရးေခါင္းေဆာင္တေယာက္ရဲ႕ ဆံုးျဖတ္ခ်က္ျဖစ္တယ္လို႔ ျမင္ပါတယ္ခင္ဗ်။”

လာမယ့္ ဒီဇင္ဘာ(၁၀)ရက္ေန႔ ICJ တရား႐ုံး ၾကားနာမႈဟာ ဥပေဒပညာရွင္ေတြ လုပ္ကိုင္ရမယ့္ကိစၥေလာက္သာ ျဖစ္တာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ သြားေရာက္ဖို႔ မလုိေသးဘူးလို႔ ဂ်ာမနီႏိုင္ငံ ဘာလင္တကၠသိုလ္က အာရွေရးရာ အျငိမ္းစားကထိက ဦးခင္ေမာင္ေစာက ရႈျမင္ပါတယ္။

“ က်ေနာ္က အျပင္ကျမင္ရတဲ့ ၾကားလူအေနနဲ႔ ေျပာရရင္ေတာ့ သြားဖို႔နည္းနည္းမ်ား ေစာေသးတယ္လို႔ က်ေနာ္ထင္တယ္။ အခုဟာက တရားစြဲတဲ့ ကိစၥမဟုတ္ေသးဘူး ၊ ႏွစ္ဦးႏွစ္ဖက္ ရံုးတင္သင့္ မတင္သင့္၊ တရားစြဲသင့္ မသင့္ ဒါကိုပဲ အျပန္အလွန္ ေခ်ပၾကမွာ။ ဒါက ဥပေဒပညာရွင္ေတြက ေျပာရမယ့္ကိစၥ၊ ႏိုင္ငံေခါင္းေဆာင္၀င္ ပါစရာမလိုေသးဘူးလို႔ က်ေနာ္ထင္တယ္။ သူ႔အေနနဲ႔ သူက ႏိုင္ငံ႔ေခါင္းေဆာင္ျဖစ္ေနတဲ့ အေျခအေနဆိုေတာ့ သူ႔မွာတာ၀န္ရွိတယ္ ၊ သူကိုယ္တိုင္သြားၿပီးေျဖရွင္းမယ္ ဆိုတဲ့သေဘာမ်ိဳး အဲဒါျပခ်င္လို႔ သူသြားတယ္လို႔ က်ေနာ္ထင္ပါတယ္။”

ရခုိင္အေရးနဲ႔ ပတ္သက္လို႔ ICJ တရား႐ုံးမွာေရာ၊ ICC လို႔ေခၚတဲ့ ႏို္င္ငံတကာ ရာဇဝတ္ခုံရုံးမွာပါ ျမန္မာႏိုင္ငံကို တရားစြဲဖုိ႔ ႀကဳိးပမ္းေနၾက တာေၾကာင့္ ႏိုင္ငံတကာအလယ္မွာ ႀကီးမားတဲ့ျပႆနာတခုကို ရင္ဆိုင္ေနရတာျဖစ္တယ္လို႔ ေဒါက္တာ တင့္ေဆြက ေထာက္ျပပါတယ္။

“ေနာင္ဘာဆက္ျဖစ္မလဲ ဆိုတာေတြကို ေပါင္းစပ္ၿပီး ၾကည့္လိုက္မယ္ဆိုရင္ ဒီအမႈအခင္း ကိစၥႀကီးဟာ ျမန္မာႏိုင္ငံ သမိုင္းမွာ တခါမွ မၾကံဳဖူးတဲ့ အလြန္႔အလြန္ႀကီးမားတဲ့ အခက္အခဲျပႆနာႀကီးတခုလို႔ က်ေနာ္ျမင္ပါတယ္။ ဒီကိစၥက ၂၀၁၂ က စတယ္၊ ၂၀၁၂ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္ျဖစ္ပါတယ္။ သို႔ေသာ္လည္း အခု သိန္းနဲ႔ ခ်ီၿပီးေတာ့ ဒုကၡသည္ေတြ ထြက္ေျပးတဲ့ ကိစၥေတာ့ NLD အစိုးရ လက္ထက္မွာ ျဖစ္တယ္။ အဲဒီေတာ့ ျဖစ္ခဲ့သမွ်ေတြဟာ အစိုးရတိုင္းမွာ တာ၀န္ရွိတယ္။ အဲဒီ အစိုးရ ၂ ခုေနာက္မွာ ၂၀၀၈ ဖြဲ႔စည္းပံုအရ လုပ္ပိုင္ခြင့္ေတြ ခံစားေနတဲ့ တပ္မေတာ္ကေတာ့ ထပ္ဆံုးက တာ၀န္အရွိဆံုးလို႔ က်ေနာ္အဲလိုျမင္ပါတယ္။”

ICJ နဲ႔ ICC တရား႐ုံးေတြရဲ႕ အမႈကိုရင္ဆုိင္ေနရတဲ့ ျမန္မာႏိုင္ငံဟာ လာမယ့္အနာဂတ္ကာလမွာ မေကာင္းတဲ့ အက်ဳိးသက္ေရာက္မႈေတြ ရွိလာႏိုင္တယ္လို႔ ကထိက ဦးခင္ေမာင္ေစာက သုံးသပ္ပါတယ္။

“ ဒီအမႈေတြက သူတို႔စြပ္စြဲခ်က္ေတြကို ျပၿပီး သူတို႔ဘက္က ႏိုင္သြားရင္ေတာ့ ျမန္မာျပည္ေပၚကို မေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိမွာေပါ့ဗ်ာ။ စီးပြားေရးအရ ပိတ္ဆို႔တာတို႔၊ ႏိုင္ငံေရးအရ ပိတ္ဆို႔တာတို႔၊ အဲဒါမ်ိဳးေတြ ေပၚလာႏိုင္တယ္ေပါ့။ ဒါေပမယ့္ အဲဒီတရားရံုးေတြမွာ အနည္းဆံုးကေတာ့ ၃ ႏွစ္ ၊ ၄ ႏွစ္ေလာက္ ၾကာေနမွာပဲ ။ ဒီဇင္ဘာလဆန္းမွာ ေစာင့္ၾကည့္ပါဦး၊ စြဲခ်က္ တင္သင့္၊ မတင္သင့္ဆိုတာက ပထမအဆင့္။ အဲဒီမွာ စြဲခ်က္ မတင္သင့္ဘူးဆိုရင္ ၿပီးသြားၿပီပဲ။”

ဒီဇင္ဘာလက်ရင္ ICJ ႏိုင္ငံတကာ တရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံေရာ၊ ျမန္မာႏိုင္ငံကပါ ႏွစ္ဖက္စလုံးက ေလွ်ာက္လဲခ်က္ေတြ ေပးရမွာျဖစ္ ပါတယ္။ ဂမ္ဘီယာႏိုင္ငံဘက္က ငွားရမ္းထားတဲ့ ဝါရွင္တန္ဒီစီအေျခစိုက္ Foley Hoag ဥပေဒ အက်ဳိးေဆာင္အဖြဲ႔ကေတာ့ ျမန္မာဘက္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ က်ဳးလြန္ခဲ့တယ္ဆိုတဲ့ ခိုင္မာတဲ့ အေထာက္အထားေတြရွိေၾကာင္း ေျပာဆိုထား ပါတယ္။ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပယ္ခ်ထားတဲ့ ျမန္မာအစိုးရကေတာ့ ဒီအမႈကိုရင္ဆုိင္ဖို႔ ကၽြမ္းက်င္တဲ့ ႏိုင္ငံတကာဥပေဒ ပညာရွင္ေတြကို ငွားရမ္းထားတယ္လို႔ ေျပာဆိုထားပါတယ္။

...........................

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ICJ မှာရင်ဆိုင်မယ့်ဆုံးဖြတ်ချက် မှန်ကန်မှုပေါ် အမြင်မတူကြ

(Unicode)

ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ခုခံ ချေပမယ့် ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတဲ့အပေါ် သဘောထားအမြင် ကွဲပြားနေပါတယ်။ နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့် ဆုံးဖြတ်ချက်အပေါ် မတူကွဲပြားတဲ့အမြင်တချို့ကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများအရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာပါ။

မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားရောက်မှာ ဖြစ်တယ်လို့ နိုဝင်ဘာ(၂၀)ရက် နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ မှာ သွားရောက် ရင်ဆိုင်မယ့်ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ မြင်သူကတော့ အမေရိကန် အင်ဒီယားနားပြည်နယ်က မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။

“ ဒီ ICJ အမှုက NLD အမှုလည်းမဟုတ်ဘူး၊ တပ်မတော် အမှုလည်းမဟုတ်ဘူး၊ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အမှုဖြစ်တယ်။ တနည်းအားဖြင့် တရားခံဟာ မြန်မာနိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အင်မတန်မှ အရေးကြီးတဲ့ အကြောင်းကိစ္စကို ခုခံကာကွယ်ဖို့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားထဲက အသင့်တော်ဆုံးပုဂ္ဂိုလ်ကလည်း ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်လို့ မြင်တဲ့အတွက် ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်၊ နောက်တခါ ရဲရင့်ပြီးတော့ သတ္တိရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျ။”

လာမယ့် ဒီဇင်ဘာ(၁၀)ရက်နေ့ ICJ တရားရုံး ကြားနာမှုဟာ ဥပဒေပညာရှင်တွေ လုပ်ကိုင်ရမယ့်ကိစ္စလောက်သာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖို့ မလိုသေးဘူးလို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်က အာရှရေးရာ အငြိမ်းစားကထိက ဦးခင်မောင်စောက ရှုမြင်ပါတယ်။

“ ကျနော်က အပြင်ကမြင်ရတဲ့ ကြားလူအနေနဲ့ ပြောရရင်တော့ သွားဖို့နည်းနည်းများ စောသေးတယ်လို့ ကျနော်ထင်တယ်။ အခုဟာက တရားစွဲတဲ့ ကိစ္စမဟုတ်သေးဘူး ၊ နှစ်ဦးနှစ်ဖက် ရုံးတင်သင့် မတင်သင့်၊ တရားစွဲသင့် မသင့် ဒါကိုပဲ အပြန်အလှန် ချေပကြမှာ။ ဒါက ဥပဒေပညာရှင်တွေက ပြောရမယ့်ကိစ္စ၊ နိုင်ငံခေါင်းဆောင်ဝင် ပါစရာမလိုသေးဘူးလို့ ကျနော်ထင်တယ်။ သူ့အနေနဲ့ သူက နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတဲ့ အခြေအနေဆိုတော့ သူ့မှာတာဝန်ရှိတယ် ၊ သူကိုယ်တိုင်သွားပြီးဖြေရှင်းမယ် ဆိုတဲ့သဘောမျိုး အဲဒါပြချင်လို့ သူသွားတယ်လို့ ကျနော်ထင်ပါတယ်။”

ရခိုင်အရေးနဲ့ ပတ်သက်လို့ ICJ တရားရုံးမှာရော၊ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာပါ မြန်မာနိုင်ငံကို တရားစွဲဖို့ ကြိုးပမ်းနေကြ တာကြောင့် နိုင်ငံတကာအလယ်မှာ ကြီးမားတဲ့ပြဿနာတခုကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဒေါက်တာ တင့်ဆွေက ထောက်ပြပါတယ်။

“နောင်ဘာဆက်ဖြစ်မလဲ ဆိုတာတွေကို ပေါင်းစပ်ပြီး ကြည့်လိုက်မယ်ဆိုရင် ဒီအမှုအခင်း ကိစ္စကြီးဟာ မြန်မာနိုင်ငံ သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ အလွန့်အလွန်ကြီးမားတဲ့ အခက်အခဲပြဿနာကြီးတခုလို့ ကျနော်မြင်ပါတယ်။ ဒီကိစ္စက ၂၀၁၂ က စတယ်၊ ၂၀၁၂ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ဖြစ်ပါတယ်။ သို့သော်လည်း အခု သိန်းနဲ့ ချီပြီးတော့ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ ကိစ္စတော့ NLD အစိုးရ လက်ထက်မှာ ဖြစ်တယ်။ အဲဒီတော့ ဖြစ်ခဲ့သမျှတွေဟာ အစိုးရတိုင်းမှာ တာဝန်ရှိတယ်။ အဲဒီ အစိုးရ ၂ ခုနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်တွေ ခံစားနေတဲ့ တပ်မတော်ကတော့ ထပ်ဆုံးက တာဝန်အရှိဆုံးလို့ ကျနော်အဲလိုမြင်ပါတယ်။”

ICJ နဲ့ ICC တရားရုံးတွေရဲ့ အမှုကိုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ လာမယ့်အနာဂတ်ကာလမှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကထိက ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“ ဒီအမှုတွေက သူတို့စွပ်စွဲချက်တွေကို ပြပြီး သူတို့ဘက်က နိုင်သွားရင်တော့ မြန်မာပြည်ပေါ်ကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာပေါ့ဗျာ။ စီးပွားရေးအရ ပိတ်ဆို့တာတို့၊ နိုင်ငံရေးအရ ပိတ်ဆို့တာတို့၊ အဲဒါမျိုးတွေ ပေါ်လာနိုင်တယ်ပေါ့။ ဒါပေမယ့် အဲဒီတရားရုံးတွေမှာ အနည်းဆုံးကတော့ ၃ နှစ် ၊ ၄ နှစ်လောက် ကြာနေမှာပဲ ။ ဒီဇင်ဘာလဆန်းမှာ စောင့်ကြည့်ပါဦး၊ စွဲချက် တင်သင့်၊ မတင်သင့်ဆိုတာက ပထမအဆင့်။ အဲဒီမှာ စွဲချက် မတင်သင့်ဘူးဆိုရင် ပြီးသွားပြီပဲ။”

ဒီဇင်ဘာလကျရင် ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရော၊ မြန်မာနိုင်ငံကပါ နှစ်ဖက်စလုံးက လျှောက်လဲချက်တွေ ပေးရမှာဖြစ် ပါတယ်။ ဂမ်ဘီယာနိုင်ငံဘက်က ငှားရမ်းထားတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Foley Hoag ဥပဒေ အကျိုးဆောင်အဖွဲ့ကတော့ မြန်မာဘက်က ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေရှိကြောင်း ပြောဆိုထား ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားတဲ့ မြန်မာအစိုးရကတော့ ဒီအမှုကိုရင်ဆိုင်ဖို့ ကျွမ်းကျင်တဲ့ နိုင်ငံတကာဥပဒေ ပညာရှင်တွေကို ငှားရမ်းထားတယ်လို့ ပြောဆိုထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA Burmese
https://burmese.voanews.com
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုုင္ ICJ မွာရင္ဆိုင္မယ့္ဆံုးျဖတ္ခ်က္ မွန္ကန္မႈေပၚ အျမင္မတူၾက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုုင္ ICJ မွာရင္ဆိုင္မယ့္ဆံုးျဖတ္ခ်က္ မွန္ကန္မႈေပၚ အျမင္မတူၾက Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.